ဆေးကျောင်းဆင်းခါစ ဆရာဝန်ပေါက်စကလေး တစ်ယောက် သူရဲ့ first posting တာဝန်ကျရာ ဆေးရုံလေးသို့ ရောက်ရှိတဲ့နေ့မှာပဲ ချက်ချင်းဆိုသလို လူနာတစ်ယောက်ကို ဆေးကုသခွင့်ရတော့တာပါပဲ။ လူနာကတော့ စက်ရုံမှာ အလုပ်လုပ်ရင်း စက်ညှပ်မိတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ နာလွန်းလို့ ငိုနေတဲ့ ကောင်မလေးခမျာ သနားစရာလေးပဲ။ လက်ကျိုးမကျိုးဆိုတာကလဲ ကြည့်ရုံနဲ့ မသိနိုင်၊ စမ်းကြည့်ဖို့ လုပ်တော့ တအားနာနေတာမို့ အထိမခံနိုင်ဘူး ဖြစ်နေလေတော့ အရင်ဆုံး အနာသက်သာအောင် analgesic တစ်မျိုး ဆေးထိုးပေးဖို့ လုပ်တော့တာပါပဲ။ ဆေးထိုးမယ်လဲ ကြားရော ကောင်မလေးက ပိုလို့တောင် ငိုပါလေရောတဲ့။ ဆေးထိုးခံရမှာ ကြောက်တဲ့သူလေးပေါ့။ ဆရာဝန်လေးက ချော့မော့ပြီး ပြောဆိုတော့ ကောင်မလေးကလဲ နောက်ဆုံး ဆေးထိုးဖို့ လက်ခံလိုက်ပါရော။ ဒီလိုနဲ့ အားလုံးပြင်ဆင်ပြီးချိန် ဆေးထိုးမယ်လဲ လုပ်ရော ကောင်မလေး ဘာမပြော ညာမပြောနဲ့ ကုတင်ပေါ်ကနေ ဆင်းပြေးသွားတာ လှည့်တောင်မကြည့်ဘူး။ ဆရာဝန် အသစ်စက်စက်ကလေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အခုမှ ရောက်ခါစလေးဆိုတော့ ဆေးထိုးအပ်ကိုင်လျက် ကြောင်တောင်တောင်လေး ကျန်နေခဲ့တော့တယ်။

14 comments:

လင်းကြယ်ဖြူ said...

ဖြစ်မှဖြစ်ရလေခြင်း..
ဆရာမက အသစ်ကလေးမို့လို့...၀ါရင့် သူနာပြုကြီးတ္ဂေဆိုရင်နှုတ်ချိုချိုနဲ့ တစ်ခါတည်း ကိုင်ထည့်လိုက်ရင်..ငြိမ်ကျသ္ဂားမှာနော်...
ကျွန်တော့်သူငယ်ချင်းတစ်ယောက်တုန်းကလိုပေါ့
သူနာပြုဆရာမကြီးက ဟဲ့အကောင်+-x ##!!^^ ငြိမ်ငြိမ်နေတဲ့ မငြိမ်ရင်မျက်လုံးတ္ဂေထိုးဖောက်ပစ်မယ်လဲဆိုရော..ခေါင်းက္ဂဲတဲ့ငနဲ တစ်ခါတည်း ငြိမ်သ္ဂားတာပဲ...ဟဲ..ဟဲ..
ပျော်ပါစေခင်ဗျာ...

ရေတမာ said...

အဟမ်း..အဟမ်း... ဂလိုလည်းရှိသလား..
ချော့တာတော့ မဟုတ်ပါဘူးနော်..
အနော်တိတယ်.. ဖုန်းဆက်လိုက်ရမလား...

မင်းအိမ်ဖြူ said...

သိနေသလိုပဲ...

ဒီ လိုလည်း ရှိတယ်ပေါ့

အသစ်စက်စက် ဟာသဇာတ်လမ်း

လန်းပါတယ်

ဂျပန်ကောင်လေး said...

:)... အင်း..အဲလောက်ကြောက်တော့လည်း ခက်သားနော်...း)

kiki said...

အို...... မြေးလေးငုံရယ်
အဲဒါကြောင့် ဘွား အမြဲ သတိပေးနေတာပေါ့ ။
အလုပ်လုပ်ရင် သတိထားပါလို့ ။။
ခု ဘယ်လိုနေသေးလည်း ။စက်ညှပ်တဲ့ဒါဏ်ရာ သက်သာပြီလား ။
မြေးကလည်း ဂလောက်တောင် ကြောက်ရလားအေ .
ဆေးထိုးတာများ .. နောက်ဆို ဒီလာခဲ့ ..အပ်ကြီးကြီး ရှိတယ် ။

တလနွန် said...

ဟားဟား ဖြစ်မှဖြစ်တတ်ပါပေ့... မငုံရော အဲဒီလိုပဲ ဆင်းပြေးသလား :)

Lin said...

အဲဒီ ဆြာဝန်လေးက ချောလားဟင် :P

သမီးပျို said...

မငုံရေ.... ..သမီးပျိုသာအဲဒီဆရာဝန်ပေါက်စ ဆိုလို့ကတော့ လိုက်ဖမ်းမှာဗျ ။ ပထမဆုံးကုသခွင့်ရတဲ့လူနာကို အလွတ်ခံလို့ဘယ်ဖြစ်ပါ့မလဲနော့် ။ မရ ရတဲ့နည်းနဲ့ကို လိုက်ဖမ်းမှာ ။မိကာမှ မှတ်လောက်သားလောက်အောင်ကို ကုပစ် လိုက်မယ် ။ တခါတည်း နာမည်ကြီးသွားမယ် ။ဟဲဟဲ ။

Anonymous said...

ဆရာဝန်ပေါက်စက ရုပ်ဆိုးတယ်ထင်တယ်.....

မြစ်ကျိုးအင်း said...

ဈေးဦး လန်သွားတာပေါ့...ကျွန်တော်လည်း ဆေးထိုးရမယ်ဆို အခုထိကြောက်တတ်တာ...။
ဓါးရှပဲခံမယ် ဆေးထိုးတော့ မခံဘူး...
ဘာကြောင့်မှန်းကို မသိဘူး ကြောက်တာ....

kyalkalay said...

သိပ်သဘောမပေါက်ဘူး

ရီတော.ရီသွားတယ် သူများရီတာတွေ. လို့

ကိုလူထွေး said...

စက်ညှပ်တာ တော်တော် နာသွားလား...

းဝ)

Sein Lyan Tun said...

ဆရာဝန်ချောချောလေးက ဆေးထိုးအပ် ကိုင်တာရော ဟုတ်ရဲ့လား

ကောင်မလေးက ဆေးထိုးဖို့လက်ခံပြီးမှ ထပြေးတယ်ဆိုတော့ ဟင်းးးးး

ဆရာဝန်အသစ်စက်စက်လေးက ဘာလုပ်လိုက်လဲမသိဖူးနော်းးး

အဟီးးး

အဲကောင်မလေးက မငုံလားဟင်



ချစ်ခင်စွာဖြင့်

ဖိုးစိန်

JulyDream said...

သြော်...ညီမလေးက ဆေးထိုးတာကို ကြောက်တယ်ကွဲ့လား လို့.... ဆရာဝန်လေး ရွတ်နေမှာကို မြင်ယောင်မိတယ်။

အရှေ့က လူတွေ အတော်ဆိုးပုံပဲ။ ဘယ်လို ဆေးထိုးခဲ့လဲ မသိဘူးနော်။