မာဂဏ္ဍီ ဆိုတာ ပုဏ္ဏားမျိုးရိုး ဖြစ်ပြီး ကောသမ္ဗီပြည်နန်းတွင်း ပုရောဟိတ်ကြီးရဲ့ တူမဖြစ်ပါတယ်။ သိပ်ချောသိပ်လှတာ အထူးသဖြင့် မျက်လုံးလေးတွေ သိပ်လှသတဲ့။ ဒီတော့ သိပ်အလှမာန်တက်တဲ့ မိန်းမပျိုလေးပေါ့။ တော်ရုံမင်းညီမင်းသား သူဌေးသား သာမာန်ယောက်ျားများကို မစဉ်းစားဘူး။ အဲဒီလိုပဲ မိဘများလဲ သမီးအတွက် အကောင်းဆုံးကို ရွေးချယ်တာပေါ့။
ဒီလိုနဲ့ တစ်နေ့မှာ ဂေါတမမြတ်စွာဘုရား ဆွမ်းခံထွက်ချိန်မှာတော့ မာဂဏ္ဍဖခင် ပုဏ္ဏားကြီးက မြတ်ဘုရားရဲ့ ခြေရာတော်ကို ကြည့်ပြီး သူ့မိန်းမနဲ့ သမီးကို အပြေးခေါ်ကာ သမီးဖြစ်သူနဲ့ ထိုက်တန်တဲ့ ယောကျာ်းမြတ်ကို ရှာတွေ့ပြီဆိုပြီး နောက်ကလိုက်သွားတော့တာပေါ့။ ဒီလိုနဲ့ မြတ်ဘုရားနဲ့လဲ ဆုံတွေ့ရော ပုဏ္ဏားကြီးက သမီးဖြစ်သူကို လက်ထပ်ဖို့ ပြောဆိုတော့ ကျွန်မတို့ မြတ်ဘုရားက ငြင်းပယ်ပြီး သံသရာလွတ်ကြောင်း တရားဟောတော်မူတဲ့အခါမှာတော့ ပုဏ္ဏားကြီးနဲ့ ပုဏ္ဏားမတို့က တရားအသိရကာ လူ့ဘောင်ကို စွန့်ခွာသွားကြပါတော့တယ်။

အဲဒီမှာ မာဂဏ္ဍီ မိုက်တွင်းနက်ချက်ကတော့ မြတ်ဘုရားရဲ့တရားတော်ကို မခံယူတတ်တဲ့အပြင် သူမရဲ့အလှတရားကို ရှုံ့ချတော်မူတယ်လို့ မြင်ပြီ်း မိဘတွေ တောထွက်သွားတော့ မြတ်ဘုရားကို အမုန်းကြီးမုန်း သွားပါတော့တယ်။ မိဘတွေ မရှိတော့ ဦးလေးဖြစ်သူ ပုရောဟိတ်ကြီး ကပဲ ဆက်လက်စောင့်ရှောက်ဖို့ တာဝန်ရှိလာတယ်လေ။ ပုရောဟိတ်ကြီးက တူမဖြစ်တဲ့ မာဂဏ္ဍကို ဥတေနဘုရင်ထံသို့ ဆက်သလိုက်လို့ မာဂဏ္ဍီဟာ ဥတေနဘုရင်ရဲ့ ဒုတိယမိဖုရားကြီး ဖြစ်လာပါတော့တယ်။။။

10 comments:

သက်တော်မစောင့် said...

အော် ဒါကြောင့်မို့ မငုံ လမ်းလျောက်ရင် ခေါင်းကြီးငုံပြီးလျောက်နေတာကိုး

Anonymous said...

မာဂဏ္ဍီ က နိစ္စသဘောမသိသေးတာကိုး။ူုမြတ်စွာဘုရားကိုတောင် မုန်းသွားသေးတယ်။
အင်း နောက်အပိုင်း ဆက်မျှော်နေ၏

ခင်မင်ခြင်းနှင့်
တလနွန်

သုဒြေ္န said...

ရေးအားကောင်း......အရေးသားကောင်းတဲ့ ...............ညီမလေးရေးတဲ့ စာ...အားပါးတရဖတ်သွားတယ်.........ဖတ်လို့ ကောင်းအောင်...ရေးထားလို့ ကျေးဇူးတင်၏.....ထာဝစဉ်..ပျော်ရွှင်..ချမ်းမြေ့ ပါစေနော်...ဆုတောင်းပေးနေတယ်သိလား...ခင်တဲ့ ....................ကိုကြီး.....သုဒြေ္န

အိုက်ခီလောက် said...

တရားဟောနေတာလား
အမား နင့် တောထွက်နေချင်တာလား
ငါ့ခေါင်းတုံးတုံးပေးမယ် ထွက်ချင်တယ်ဆိုရင်
နင့်မောင့် အကောင်းစားလေး သိတယ်မလား
ဖြစ်အောင်ကိုလုပ်ပေးမယ်

ကိုလူထွေး said...

ခေါင်းကြီးငုံ့ လမ်းလျှောက်ရုံတင် ဘယ်ကမလဲ ပါးစပ်ကလဲ တတွတ်တွတ် ရွတ်နေသေးတာ...

လက်ကလဲ ခါးနောက်ပစ်လို့... လက်ချောင်း လေးတွေကလဲ လှုပ်နေသေးတယ်...

းဝ)

လင်းကြယ်ဖြူ said...

သိပ်ကောင်းတယ်။မှတ်သားသ္ဂားတယ်နော..

kiki said...

ဥတေန က ဘယ်နှစ်ယောက်တောင် ယူအုံး မှာလဲ ..ဗျိုးးး

ပုံတပုံ မှာ တယောက် ယူ နေတာလား

ဆက်ရေးနေရင်တော့ ရှိသမျှ မိန်းမတွေ ကုန်တော့ မှာဘဲ ။

မိုးစက်အိမ် said...

ငါ.အမရေ တရားတွေ ပေါက်ကုန်ပြီလားဗျ
လုပ်ရဘူးနော် ... နာ.အမ သီလရှင်တော.
မ၀တ်နဲ. အုံးနော် အနော် နှိပ်စက်လိုမရဖြစ်
အောင်တော. လုပ်နဲ.နော် ... ပုံပြင်ကတန်း
လန်းကြီး ဆက်အုံးလေ...

Dream said...

အင်မတန်ကောင်းမွန်တဲ့ပို့စ်လေးပါ။ နောက်လဲ များများဆက်ရေးပေးပါ တီတီငုံ...

အဲလိုလေးတွေဖတ်ချင်တယ်။ အာဝါးးးးးးးးးးးးးးးးးးးးးးးးးး
း)

နေဒေးသစ် said...

မိန်းမများလည်း ခက်ပေတယ်ကွယ် :D

နေဒေးသစ်။