Challenges are what we live for တဲ့

Travis White ရဲ့စာသားနဲ့ ကြော်ငြာဆိုင်းဘုတ်လေးကို နေ့စဉ်တွေ့နေပေမဲ့ ရိုးမသွားပဲ ဖြတ်သွားတိုင်း မော့ကြည့်ဖတ်ဖြစ်နေဆဲပါ။ ဒီစာသားကို Challenges Quote မှာTravis White ဒီလိုရေးသားထားတာ ဖတ်ဖူးတယ်။ Dreams can often become challenging, but challenges are what we live for.

လူရယ်လို့ ဖြစ်လာတာနဲ့ စိန်ခေါ်မှု့တွေကြား ရှင်သန်နေရတယ်။ ရိုးရှင်းလှတယ်ဆိုတဲ့ဘ၀မှာတောင် စိန်ခေါ်မှု့က မလွတ်နေပါဘူး။ အောင်မြင်မှု့ကို ပိုလိုလား နှစ်သက်လေ စိန်ခေါ်မှု့က ပိုမြင့်လေပဲနော်။ စိန်ခေါ်မှု့ကြောင့် အရောင်အသွေး ပိုမိုတောက်ပလာတဲ့ ကြယ်ကလေးတွေ လင်းလက်ခဲ့သလို၊ စိန်ခေါ်မှု့ကြား ကျရှုံးသူများလဲ ရှိကြတယ်နော်။ ဘာဖြစ်ဖြစ် အနည်းဆုံးတော့ ဒီစိန်ခေါ်မှု့လေးကို ပြန်ခုခံခဲ့သေးတာပဲ။ ဘ၀ဆိုတဲ့ခရီးလျှောက်နေရသမျှတော့ မျှော်လင့်ထားလို့မရတဲ့ စိန်ခေါ်မှု့ပေါင်းစုံတွေကို ကြုံတွေ့နေရဦးမှာပါလား။ မှန်တယ်နော်။ ကိုယ်လိုချင်တာ တစ်ခုခုကို စိန်ခေါ်မှု့တစ်ခုနဲ့ မဖြတ်သန်းရပဲ အစမ်းသပ်မခံရပဲ မရရှိနိုင်ဘူးနော်။ ရောက်ရှိလာချိန်မှာလဲ ကိုယ့်ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်ချက်နဲ့ ပြန်တုံ့ပြန်ချေပဖို့ ရှိနေရမယ်။ ဒီလိုမဟုတ်ပဲ စိန်ခေါ်မှု့ကို လက်မခံရသေးဘူး။ မရောက်ရှိလာသေးဘူး။ ကြိုတွေးပြီး ကြောက်ရွံ့နေရင်တော့ တကယ့်နဖူးတွေ့ဒူးတွေ့လဲ တွေ့ရော ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ ဖြစ်တတ်တယ်နော်။ စိန်ခေါ်မှု့တိုင်းကို ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါ။ ကိုယ့်ရဲ့တိမ်မြှပ်နေတဲ့ အရည်အချင်းကို ဖော်ထုတ်ပေးနေတယ်လို့ သတ်မှတ်ပြီး ကြိုဆိုကြတာပေါ့။

ကျွန်မရဲ့အတွေးနဲ့ လုပ်နေတတ်တဲ့အရာလေးတစ်ခုရှိတယ်။ အကောင်းဆုံးသာလုပ်လိုက်ပါ။ ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ။

21 comments:

ကိုလူထွေး said...

မိုက်ရင် တယောက်ချင်း
ချဲလင်းဂ်ျ အင်သည် ဘောကွင်း...

(စိန်လာခေါ်သည်)

းဝ)

kaungkinpyar said...

ငုံ ခု ရဲရဲ ရင်ဆိုင်နေတာ ညီမလေး၊ လူက ယဲ့ယဲ့ပဲ ကျန်တော့တယ်၊

Beauty Studio USA Branded Store said...

စိန်ခေါ်သံတွေက အမြဲလက်တကမ်းမှာပါညီမရေ။
ရဲရဲသာရင်ဆိုင်လိုက်ဦးပေါ့။

မငုံ said...

>>ဦးလူထွေးကြီး စိန်ခေါ်တာလား။ရတယ်။ ချယ်လ်ဆီးပရိသတ်နော်။ မော်ရင်ဟိုလက်ထက်ကတည်းက ပညာအကုန်သင်ထားတာ :P

>> မကြီးကောင်းကင် Fighting !!! ကျန်းမာရေး ဂရုစိုက်ပါနော်။

>> ကိုချမ်း.ဟုတ်ကဲ့ ရင်ဆိုင်လိုက်ပါမယ်။လာမဲ့ ၂၆ရက်နေ့ တွေ့ဆုံပွဲလေးမှာ မွေးနေ့ရှင် စိတ်ချမ်းသာအောင် အ၀စားဖို့ ရင်ဆိုင်မှာပါ။

kiki said...

ကြိုက်တယ် ဒါမျိုး စိန်ခေါ်တယ်နော် ...ဟင့်

တုံး ဆို... တိုက်
ကျားဆို... ကိုက်
ဖါး ဆို... ရိုက် ။

ဒါပဲ ဒါပဲ နှစ်ခွန်း မပြောဘူးးးးးး

ရရင်ရ ... မရရင်ချ ...
ဒါပဲ ...ဒါ ပဲ ...

Sein Lyan Tun said...

ကြိုက်တယ်...


လုပ်နေတတ်တဲ့အရာလေးတစ်ခုရှိတယ်။ အကောင်းဆုံးသာလုပ်လိုက်ပါ။ ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ။


မှန်တယ်

ကျနော်လဲ လက်တွေ့ကျင့်သုံးနေတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

kyalkalay said...

အရာရာအကောင်းဆုံးဖြစ်အောင် ကျိုးစားပါ့ မည်

ရေတမာ said...

မကြီး ၂၆နေ့မှာ ရင်ဆိုင်မယ့် ရင်ဆိုင်မှုမျိုးတော့ အနော်လည်းလိုချင်တယ် :P

အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ခွန်အားတွေရတယ်။
အသိတွေရတယ်။ ကျေးဇူးတင်ပါတယ် အမ။

တလနွန် said...

အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်...ကျရှုံးခဲ့ရင်တောင် ဝမ်းမနည်းဘူး ဆိုတဲ့ စကားသဘောကျမိတယ်

ဂျပန်ကောင်လေး said...

မငုံရေ.. စိန်ခေါ်မှုတွေ များလွန်းတဲ့ ဒီခောတ်မှာ အသက်ရှင်ရတာ သေမတတ်ပဲ....

Sonata Cantata said...

မငုံရေ..ဒီကတော့ လက်မြှောက် အရှုံးပေးမှုတွေ များနေလို့ ဒီပို့စ်လေးက အားဆေးတခွက်လိုပါပဲ

Anonymous said...

ညမှဘဲဖတ်တော့မယ်...

မြစ်ကျိုးအင်း said...

စိန်ခေါ်တယ်နော် ကျွန်တော်က မန်ယူ ပရိသတ် တွေ့ကြ
ပြီပေါ့ ချာရတီ ဖလားမှာ ...။

အကောင်းဆုံးလုပ်ခဲ့ရဲ့နဲ့ ကျရှုံးရင်တောင် ကျေနပ်ရမယ်
ဆိုတာသိပ်မှန်တဲ့စကားပဲ ရလဒ်ကို မကြည့်ဘူး ကိုယ့်လုပ်ရက်ကို ပဲကြည့်မယ် ...အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာသေချာရင် ဘာပဲဖြစ် ဖြစ် ၀မ်းမနည်းဘူး...။

စိတ်ခွန်အားပေးတဲ့ စာစုလေးပါ တန်ဖိုးရှိပါတယ်

Anonymous said...

မမရဲ့ အတွေးကတော့ တော်တော်ကောင်းတယ်ဗျာ...

( စိန်ခေါ်မှု့တိုင်းကို အကောင်းဆုံးဆောင်ရွက်ပြီး ရဲရဲကြီးသာ ရင်ဆိုင်လိုက်ပါ။ ကျရှုံးသွားရင်တောင် ဝမ်းမနည်းဘူး... ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ... )

မှန်တယ်ဗျာ...

Unknown said...

နောက်ဆုံးစာသားလေးတွေကို သဘောကျပါတယ်...။
စိတ်ခွန်အားကို ဖြစ်စေလို့......။

Angel Shaper said...

အကောင်းဆုံးဆောင်ရွက်ခဲ့လို့ မအောင်မြင်ရင်တောင် ၀မ်းမနည်းဘူး ဆိုတဲ့ စာသားလေး အရမ်းကြိုက်တယ်။ ကျေးဇူးမရေ..အောင်မြင်ပျော်ရွှင်ပါစေ။

ကြယ်ပြာ said...

အကောင်းဆုံးသာလုပ်လိုက်ပါ။ ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ။

ဒီစာသားလေးကြိုက်တယ် ... ဒါပေမယ့် ခု ခံစားနေရတယ် မငုံရေ ... အကောင်းဆုံးလုပ်ခဲ့တာပဲ ... လုပ်လဲ လုပ်နေတာပဲ ... စိတ်ကျေနပ်မှုလဲမရဘူး .... လေတယ် ...

လင်းကြယ်ဖြူ said...

စိန်ခေါ်သံများကြား က မငုံ
ဘယ်တော့မှ ဒူးမထောက်ဘူးကွ...
အကောင်းဆုံး ကြိုးစားတော့ အဆုံးအထိ ကောင်းနေမှာပေါ့ဗျာ..
ပျော်ပါစေ....

Anonymous said...

ရဲရဲသာ ရင်ဆိုင်လိုက်ပါ မငုံလေးရေ။ အကောင်းဆုံးတွေ ဖြစ်လာမှာပါနော်

ခင်တဲ့ မကြီး

Mogok Thar said...

မငုံရေ
စိတ်ခွန်အားပေးတဲ့ စာစုလေး ကို သိပ်ကြိုက်တယ်ဗျာ။

စိန်ခေါ်မှုတွေ မှန်သမျှ အမြဲကျော်လွှားနိုင်ဖို့ အောင်မြင်မှုပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ဖို့
အခက်အခဲ အတားအဆီးတွေကို စိန်ခေါ်လိုက်ကြပါစို့ဗျာ။

မိုးစက်အိမ် said...

ကောင်းဆုံးသာလုပ်လိုက်ပါ။ ကျရှုံးသွားရင်တောင် ၀မ်းမနည်းဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးဆောင်ရွက်ခဲ့လို့ပဲ။
မှန်တာပေါ.မကြီးရာ နောက်တခု အနော်ဖတ်ထားတာ
share ခဲ.အုံးမယ် ... " တစ်ချို.တွေက အခက်အခဲ
ကို အကြောင်းပြုပြီး ဦးကျိုးသွားတယ် ... တစ်ချို.တွေက
စံချိန်ချိုးတယ် " တဲ.အမရေ...အားပေးလျက်ပါဗျာ