ကဲ တဂ်ကြွေးများကို စတင်ဆပ်ပါတော့မယ်။ အခုစစချင်းတော့ နှင်းနဲ့မာယာပေါ့။ ကလေးဘ၀က အော်ခဲ့တာလေးကို ပြန်ပြောခိုင်းနေတယ်။ မနှင်းရယ် ကလေးဘ၀တုန်းက ပါးစပ်ထဲတွေကရာ အော်ခဲ့တာလေးကို အမှန်အတိုင်းပြောရရင် မေ့နေတယ်။ များများစားစားလဲ မရှိဘူးနော်။ မှတ်မိသလောက်လေးဆိုရင်တော့…

ကုလားစကားကနေ စတာပဲ။ :)
“ ကုလားကုလား အာချာဟဲ ကုလားဆိုမှ အာချာဟဲ "လို့ အော်ခဲ့တာ ဘာအဓိပ္ပာယ်မှန်း မသိပါဘူး။ အခု ကုလားပြည်ရောက်မှပဲ သိလိုက်တာက “ အာချာ့ “ ဆိုတာ လာတယ် လို့အဓိပ္ပာယ်ရတယ်တဲ့။

နောက်ပြီး အော်ခဲ့သေးတယ်။
“ သုံးဘီးကားကြီး ချာချာလည် ……..ရည်းစားပါလာတယ်။
သုံးဘီးကားကြီး ဘီးပေါက် …..ရည်းစား စိတ်ကောက် “
တဲ့ ။ ……..ဆိုတဲ့နေရာလေးမှာ နာမည်လေးတွေ ထဲ့ထဲ့အော်တာပေါ့။

နောက် မငုံတို့မြို့မှာ ဘုရားမီးလှုံပွဲလုပ်ရင် ရှားစည်းထမ်းပြီးဆိုတဲ့ သီချင်းလေးပေါ့။
“တီးဒိုတီး..”.ဒါလေးကို မောင်မောင်ဇော်လတ်က သီချင်းပြန်လုပ်ဆိုထားတာ ကြားဖူးတယ်။
“တောင်ကုန်းပေါ်မှာ ဘုရားတစ်ဆူ ၊ ဆူသည် ဆူကာသီး” ဆိုတာလေ။ မဆိုပြတော့ဘူးနော်။

နောက်ပြီး လျှာခလုတ်တိုက်တာလေးတွေ ရွတ်ကြသေးတာပေါ့။
“ တောင်ပေါ်က ရှမ်းကလေး လျှော်ထမ်းလို့ပြေး ၊ ရှည်တဲ့လျှော်က ရှည်၊ တိုတဲ့လျှောက်တို “

“ ရွံ့ပေါ်ရှဉ်ပြေး၊ ရှဉ်မွှေးရွံ့မလူး “ ဒါက ကလေးတုန်းက အော်ခဲ့တာ ။

ပြီးခဲ့တဲ့ အပတ်ကမှ သူငယ်ချင်းလေးတစ်ယောက် အစဖော်နေလို့ မကြီးမငယ်နဲ့ အော်ခဲ့တာရှိသေးတယ်။

“ ဘီလူးဂတုံးနှစ်ကောင် ဒူးနှစ်လုံးထောင် ၊ ဒူးနှစ်လုံးထောင် ဘီလူးဂတုံးနှစ်ကောင်”


“ထုတ်ပေါ်ခွက်တင် ခွက်ဖင်ကြွက်တိုး ကြွက်တိုးခွက်လဲ ခွက်လည်းလဲကြွက်လည်းလဲ”

ဒါတွေကို လျှာခလုတ်မတိုက်အောင် အေိာမိပါသေးတယ်။

ကဲ.မနှင်းရေ စဉ်းစားမိသမျှတော့ ဒါလေးပဲ။ ကျေနပ်တယ်မလား???

25 comments:

Beauty Studio USA Branded Store said...

ကဗျာတွေဖတ်ရင်း လျာခလုတ်တိုက်သွားပါတယ်။
အတော်ကောင်းတယ်။မငုံက အတော်မှတ်မိငေးတာပဲ။ ဥာဏ်ကောင်းတယ်နော်။

နှင်းနဲ့မာယာ said...

ချစ်သူငယ်ချင်းလေး တော်တယ်။။
အသစ်ဖတ်ရပီနော်...
ရှမ်းပြည်က ရှမ်းကလေးတွေ အော်တာပေါ့နော်။
ရှမ်းမလေး မငုံကိုတွေ့ရင် ထပ်အော်ခိုင်းမယ်...

ကျေးဇူးနော်
ငုံက အကြွေးကို ချက်ချင်းဆပ်တော့ အတိုးမရလိုက်ဘူး...
စိတ်မကောင်းဘူး...

ကိုလူထွေး said...

ကိုလူထွေး အာချာဟဲတယ်...

ဖူးဖူးနဲ့ ကဗျာတွေ အတူလာရွတ်တယ်...

နောက်ဆိုရင် "ကုလား" ဆိုတဲ့ အသုံးကို မသုံးနဲ့နော်...

ခင်တဲ့
ကိုလူထွေး

kaungkinpyar said...

ဟုတ်တယ် ငုံလေးက တော်တော် မှတ်မိတယ်၊ မမ တော့ တော်တော် စဉ်းစားလိုက်ရတယ်

kiki said...

ကုလားကုလား အာချာဟဲ ကုလားဆိုမှ အာချာဟဲ//
ဘာတွေ ဟဲ တာလဲ အေ ..
ရှိသမျှ အကုန် မဟဲ နေနဲ့နော်..

နောက်လူ ဟဲဖို့ ချန်ထားအုံး

ဟဲဟဲဟဲ

ရေတမာ said...

ရှမ်းလေးတွေ ဂလိုအော်သကိုး

Sein Lyan Tun said...

“ ကုလားကုလား အာချာဟဲ ကုလားဆိုမှ အာချာဟဲ ”


သေချာတယ် အပျိုကြီး ငယ်ငယ်တုန်းက

ခဏခဏ အော်မယ်

မကြာမကြာအော်မယ်

အမြဲအော်မယ်ဆိုတာ သိတာနေတယ်

ဒါကြောင့် ခုလဲ ဟဲချင်လို့ နေနေတယ်မလား

ဟားးဟားးး


ချစ်ခင်စွာဖြင့်

ဖိုးစိန်

kyalkalay said...

“ သုံးဘီးကားကြီး ချာချာလည် …မငုံ…..ရည်းစားပါလာတယ်။
သုံးဘီးကားကြီး ဘီးပေါက် …မငုံ..ရည်းစား စိတ်ကောက် “

ဒီလိုလား

Anonymous said...

မမရဲ့ Post အသစ်ကိုလာဖတ်တာ လျှာခလုပ်တိုက် သွားတယ်ဗျာ.....

Anonymous said...

ka lar ka lar... pig chee sar...haha

လင်းကြယ်ဖြူ said...

အာချား..အာချား....
ကောင်းတယ်ဗျား...
ဖတ်လို့မှတ်လို့သ္ဂား.....

စိတ်စမ်းရေ said...

တီးဒိုဒီးလေး ဆိုပြပါလား... နားထောင်ချင်လို့..

ဂျပန်ကောင်လေး said...

း)... ပြုံးသွားရတယ်..ဆိုတဲ့ ကဗျာတွေက...

မေဇင် said...

ဟဟဟဟ...ပိငုံ.... အပေါ်က ကြယ်ကလေး ပြောတာ သဘောကျတယ်... ဟိဟိ... ပိငုံ ရေးထားတာတွေ ဖတ်ကြည့်ပြီး လျှာခလုတ်တိုက်ပြီး လဲနေပြီ... ဟိဟိ

တလနွန် said...

ကလေးတုန်းက ရွတ်တဲ့ကဗျာကို အခုထိမှတ်မိနေသေးတယ် ဆိုတော့ မငုံ ခဏခဏ အော်ဟဲ နေတယ်ထင်ပါ့

Anonymous said...

မငုံလေးက တော်လိုက်တာ မကြီးဆို သိတော့ဘူး။ ကဗျာလေးတွေ ပြန်ကျက်သွားတယ်။ :)

naylin said...

တနင်္ဂနွေ တနင်္လာ..... ငပျင်းအဖေ ထမင်းဆာ
အင်္ဂါ ဗုဒဟူး........ ဖင်မှာ ဒုတ်စူး
ကြာသပတေး သောကြာ...... အနာကလေး ပေါက်လာ
စနေ တစ်ခုထဲ......ငတေ..........
အဲ ....ဆက်ဆိုလို့ မကောင်းတော့ဘူး။ ဆင်ဆာ ဖြစ်သွားတယ်။ ငယ်ငယ် က အော်ခဲ့တဲ့ ပေါက်ကရ လေးတွေ။ လွမ်းပ

Libratun said...

i like arr char hal and mouse.. :)

မင်းအိမ်ဖြူ Minn Eain Phyu said...

တောင်ပေါ်က ရှမ်းကလေးလျှောထမ်းလို့ပြေး..
ဘာမှလည်းဆိုင်ဘူးနော် အဟိ
သိဘူးဗျ ရတာဝင်ပြောတာ

မိုးစက်အိမ် said...

မကြီးတို.က အကုန်တွေ လျောက်ရေးတော.
အနော် ရေးစရာ ဘာမှ ရှိတော.ဘူးဗျာ :(

Anonymous said...

ကလေးဘ၀တုန်းက ဟာလေးတွေ ပြန်ပြီး သတိရသွားမိပါတယ်ဗျာ
အဆင်ပြေပျော်ရွှင်ပါစေ အမရေ

သီဟသစ် said...

မငုံရေ

ကဗျာတွေ လာရွတ်တယ် ပျော်စရာကြီး

ခင်မင်စွာဖြင့်
သီဟသစ်

ဇော် said...

ဟားဟား
ရယ်ရတယ်။ ဒေါ်လေးငုံက မထင်ရဘူးနော်။
ကိုချမ်းပြောသလိုပဲ ကျနော်လဲ လျှာခလုတ်တိုက်သွားတယ်။ အဟီး။

Angel Shaper said...

တီတီငုံက တယ်နောက်သကိုးးးးးးးးးးး
ရှမ်းမကြီးနဲ့တွေ့ရင် အဲဂလိုပြန်အော်ခိုင်းမယ် ဒါပဲ။

ပုံ
ချစ်စရာချင်းမလေး
အဟီးးးးးးးး

Anonymous said...

ပေါက်ကရလျှောက်အော်မနေနဲ့ တော်ကြာ တကိုယ်တော် ဆန္ဒပြနေတယ်ဆိုပြီး လာဖမ်းဦးမယ်။