(မီးပုံလေးကို သူငယ်ချင်းတစ်ယောက် ပေးပို့ရမှ ယူသုံးထားပါသည်။)

သီတင်းကျွတ်အခါကို ရောက်လို့လာပြီ။ ဒီလိုနေ့ထူးနေ့မြတ်မှာ မောင်နှမအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပြီး ဘာသာ ၊ သာသနာအကျိုးကို ပိုဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးတယ်နော့။ ဒီလို သီတင်းကျွတ်ပြီဆိုရင် ကျွန်မရဲ့ မွေးရပ်မြေလေးမှာ သီတင်းကျွတ်ကာလ ဖြတ်သန်းရပုံလေးကို သတိရမိတယ်။ ကျွန်မတို့ မြို့လေးရဲ့ ဓလေ့အတိုင်း သီတင်းကျွတ်လပြည့်မတိုင်ခင် အဖိတ်နေ့ညမှာ ဘိုးဘွားမိဘဆရာသမား လူကြီးသူမများကို သွားရောက်ကန်တော့ ကြပါတယ်။ အဲဒီလို ကန်တော့ရောက်လာကြသူများကို အိမ်ရှင်များမှ ဟင်းထုတ်များ ၊ အကြော်များ ၊ ဖျော်ရည် နဲ့ တခြား ဧည့်ခံစရာများနဲ့ ဧည့်ခံကြပါတယ်။

သီတင်းကျွတ်အဖိတ်ညကတည်းက တာဝတိံမှ ပတ္တမြားစောင်းတန်း ၊ ရွှေစောင်းတန်း ၊ ငွေစောင်းတန်းမှ ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်းစူးပြီး ဘုရားကျောင်းဆောင်ပုံလေးများကို ရှမ်းစကူဖြင့် ပြုလုပ်ပြီးရောင်းချထားတာကို ၀ယ်ယူပြီး သစ်သီးပန်းမန်များဖြင့် အိမ်လေသာတံခါးကို ဖွင့်ကာ ဆီမီးထွန်းပြီး ကြိုဆိုကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ မြို့ရှိ ဘုန်းကြီးကျောင်းများသို့ တစ်မြို့နယ်လုံးမှ သွားရောက် အတူတူကန်တော့ ကြပါတယ်။ အဲဒီနေ့မနက်မှာ ဘုရားရှင်ကို ဆွမ်းသစ်သီးပန်းမန်များဖြင့် ပူဇော်ကန်တော့သလို အိမ်ရှိ ထောင့်တိုင်းတွင်လည်းကောင်း ၊ ရေတွင်းများ ၊ ရေကန်များ ၊ လှေကားများ ၊တံခါးများ စသည်ဖြင့် နေရာများတွင် ငှက်ပျောအူတိုင်ဖြင့် ဖက်ခွက်လုပ်ပြီး ငှက်ပျော်ရွက်ခင်းကာ ထမင်းသစ်သီးများနဲ့အတူ စကူအလံတိုင်ငယ်လေး စိုက်ပြီး အိမ်စောင့်နတ်များ ၊ မမြင်ရတဲ့ နတ်များကို ကျွေးမွေးကြပါတယ်။ ညနေပိုင်းမှာတော့ ကလေးများကတော့ ဗျောက်အိုးများ ၊ မီးရှူးမီးပန်းများ ဖောက်ပြီး ကစားကြသလို လူကြီးလူငယ်များမှလဲ အိမ်ကို ဆီးမီးများ ထိန်ထိန်ညီးအောင် ထွန်းညှိပူဇော်ကြတယ်လေ။ နေ့လည်က ငှက်ပျောဖက်ခွက်ထားခဲ့တဲ့ နေရာများမှာလဲ ဆီးမီးထွန်းကာ အမျှဝေပေးပါတယ်။

လမ်းတိုင်း အိမ်တိုင်းတွင် လျပ်စစ်မီးများဖြင့် အလှဆင်ခြင်း ၊ ဖယောင်းတိုင်များနဲ့ အလှဆင်ခြင်းများ ပြုလုပ်ထားကြလို့ အတော်လှပ အေးချမ်းတဲ့ညလေးတညပေါ့။ ထို့အပြင် မြို့ရဲ့အမြင့်ဆုံးတောင် တစ်ခုဖြစ်တဲ့ ဂျူးတောင်ပေါ်သို့ ပအိုဝ့်တိုင်းရင်းသားများမှ မြင့်မိုရ်ပွဲအဖြစ် ဆီးမီးတိုင်များ ကိုင်ဆောင်ကာ သွားရောက်ပူဇော်ကြသလို ၊ မြို့လယ်ဘုရားသို့လဲ ဆီးမီးဖြင့် စီတန်းလှည့်လည်ပြီး သွားရောက်ပူဇော်ပါတာ်။ ဂျူးတောင်ထိပ်သို့ တရွေ့ရွေ့ စီတန်းသွားလာနေတဲ့ မြင်ကွင်းလေးကို ငေးကြည့်ရတာ သိပ်လှတာပဲ။ ကျွန်မတို့မြို့ရဲ့ မြို့လယ်ဘုရားကြီးမှာလဲ အသံမစဲပဌာန်းရွတ်ခြင်းကို သီတင်းကျွတ်မတိုင်မီ ခုနှစ်ရက်ကတည်းက ရွတ်ဖတ်နေပါတယ်။ ကျွန်မတို့ မြို့လေးမှာတော့ သီတင်းကျွတ်ဆိုရင် မိုးတအားရွာကောင်းနေဆဲပါပဲ။ မိုးစိမ့်စိမ့်နဲ့ အေးနေပေမဲ့ လူကြီးမိဘအိမ်များကို လှည့်လည် ကန်တော့ကြတဲ့အမှု့ကတော့ မပျက်ကြပါဘူး။

နောက်နေ့များမှာလဲ မြို့နီးစပ်မှ ရွာများမှ ဘုန်းကြီးကျောင်းများ ၊ တောင်ပေါ်ရှိ ဘုရားများသို့ သွားရောက် အုပ်စုဖွဲ့ကန်တော့ကြပါတယ်။ ကျွန်မတို့မြို့ရဲ့ သီတင်းကျွတ်ပွဲတော်ကတော့ ခုနှစ်ရက်ခုနှစ်လီလို ဆိုလိုလို့ရပါတယ်။ ဘုန်းကြီးကျောင်းများ ၊ တခြားဆွေမျိုးလူကြီးများဆီ ကန်တော့လို့မပြီးနိုင်ပါဘူး။ ပအိုဝ့်လူမျိုးများလှတဲ့ ကျွန်မတို့နယ်လေးမှာတော့ လယ်ယာခွင်နားက တစ်လလုံးနီးပါး တစ်ရွာဝင်တစ်ရွာထွက် ကန်တော့သွားကြပါတယ်။

ဒါလေးကတော့ ကျွန်မတို့မြို့လေးရဲ့ သီတင်းကျွတ်ရိုးရာလေးပါ။

17 comments:

နော်ခမ်း said...

ဒီလို မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ရိုးရာဓလေ့လေးကို ဖတ်ရတာ ကြည်နူးဝမ်းသာစရာကောင်းသလို ပူဇော်ကန်တော့ထိုက်သူ မိဘ ဆရာသမား လူကြီးသူမများ အားလုံးကို အဝေးတစ်နေရာကနေပြီး စိတ်ထဲကပဲ ကန်တော့လိုက်ပါတယ်...ဒီပိုစ့်လေးကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အင်း..၀ါတော့ကျွတ်သွားတယ်ဗျာ.........

Anonymous said...

ဟဲဟဲ မမ
ပုံတွေ ခိုးသွားတယ်......

kiki said...

ငယ်ဘဝမှာ ပျော်စရာပေါ့.....
ကြီးလာတော့ ပိုပျော်စရာပေါ့ ....
ခုဆို.... ခုဆို.... အပျော်ဆုံးပေါ့.........

ဂျီးဒေါ်ငုံ... ဘယ်တော့ ကျွတ်မလည်းးးးးး
ရှင်းရှင်းပြော..............
(မြေးလေးက ဝါပိုရင့်သွားလို့ 
ဂျီးဒေါ် ၊ရာထူးတိုးပေးလိုက်ပါသည် ...
ပုံ/ ဖွားကိ )

တောင်ပေါ်သား said...

ဘာလိုလိုနဲ့ သီတင်းကျွတ်လာပြီ တောင်ပေါ်ပွဲတွေ လာတော့မယ်း( သတိရတယ်ဗျာ

လေးစားလျက်
တောင်ပေါ်သား

Khyl said...

သတိရသွားပြီဟယ်...ငုံကြီး၇ယ်

Sonata Cantata said...

့မြတ်နိုး တန်ဖိုးထားစရာကောင်းလှတဲ့ ရိုးရာ အစဉ်အလာကောင်းတွေပါ။

အဆိပ်ခွက် said...

မရီးရယ်.. သတိတောင်ရလာပြီး.. မရီး ညီမလေး နဲ့ သီတင်းကျွတ်အတူတူလည်ခဲ့တာတွေလေ...
ပြန်မြင်ယောင်မိတယ်.. မရီးရယ်...
မရီးညီမလေး(နို) လေးရောနေကောင်းလား.

ခင်မင်လျှက်
အဆိပ်ခွက်

Anonymous said...

သတိရမိပါတယ်ဗျာ..... အဝေးတနေရာမှာဆိုတော့ လွမ်းတဲ့ စိတ်ပဲ ရှိပါတယ်..။ တနေ့တော့ ပါဝင်ဆင်နွှဲနိုင်မယ်လို့ ......... အခုတော့.....ဘဝခါးခါးတွေ ကြားထဲ ရုန်းလိုက်ဦးမယ်ဗျာ...။

Beauty Studio USA Branded Store said...

မြန်မာလူမျိုး ရှမ်းတိုင်းရင်းသားတွေရဲ့ ချစ်စရာတောင်ပေါ်ဓလေ့တစ်ခုအဖြစ် မှတ်သားသွားပါတယ် မငုံရေ။သီတင်းကျွတ်ဓလေ့ပေါ့နော်။

သုခုမလေဒီ said...

ရိုးရာဓလေ့လေးတွေတိုင်းက ကြည်နူးစရာပါ။ သီတင်းကျွတ်ကို မီးပူဇော်အုံးနော်။ လျှောက်လည်နေလားမသိဘူး။ အပျော်ကျူးမနေနဲ့ အုံး။း)) အဲဒီကတော့ပိတ်ရက်မဟုတ်ဖူးထင်တယ်နော်။

မြစ်ကျိုးအင်း said...

မြေပြန့်တောင်ပေါ်မကွဲဘဲ မိဘဆရာ သမားတွေ အရို အသေပေးတာ အလေးအနက်ထားတာ အတူတူပါပဲ
ချစ်စရာဓလေ့တွေပါပဲ...။

ကျနော်တို့လည်း တနေ့နေ့ ပါဝင်ဆင်နွှဲ ခွင့်ရှိမှာပါ။

ကိုယ့်ကို လာကန်တော့ကြမယ့် အရွယ်များ ဖြစ်သွား မလားတော့ မသိဘူးနော် :)

Mogok Thar said...

လွမ်းနေပါတယ် ဆိုမှ
တားတားးး ကို အိမ် ပိုပြန်ချင်အောင် လာလုပ်တယ်။
စိတ်မီးပုံးလေးထွန်းပီး မျက်ရည်စက်လက်နဲ့ ပြန်သွားဘီ။

ကိုလူထွေး said...

ပျော်စရာ... ချစ်စရာနဲ့... လွမ်းမောစရာ ဓလေ့စရိုက်လေးတွေပါပဲ မငုံရယ်...

းဝ)

စိတ်၏ဖြေရာ said...

သီတင်းကျွတ်အိမ်ပြန်ချင်မိတယ်မငုံရေ။

မိုးစက်အိမ် said...

အမစာလေးတွေ ဖတ်ရတော. သီတင်းကျွတ်ပိုလွမ်းတာပေါ. အမရာ ... စီဘောက်မှာလာ
ဆုတောင်းပေးသွားတာ ကျေးဇူးနော် မကြီး အငုံးစ် :D :P

Angel Shaper said...

အောင်မယ်။။။
နော်ခမ်းတစ်ယောက် ၀ါကျွတ်တော့ ဘာဖစ်လဲဟ။
ဟမ်...သိတယ်နော်။ အဟဲဟဲ
ဘာကျွတ်ချင်လဲ သိတယ်။
ဟဟ....
Snake to snake, see the legs..ဟီးးးးးးး

Anonymous said...

အခုမှ သီတင်းလာကျွတ်မိတယ်

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ