စက္ကန့်လေးတွေ တိုက်စားသွားတိုင်း
အလွမ်းတွေ ကိုယ်စားပြုသွားတယ်။
မျက်တောင်လေး တစ်ချက်ခတ်လိုက်တိုင်း
အလွမ်းတွေ ဆင့်သွားတယ်။
နှလုံးခုန်သံ တထိတ်ထိတ်ကြား
အလွမ်းတွေ ပိုသွားတယ်။
ငုံ့မိုးကြည့်နေတဲ့ မင်းမျက်ဝန်းအိမ်ကြား
ငါ့နှလုံးသားလေး အလွမ်းတွေ ဝေသွားတယ်။

16 comments:

နှင်းနဲ့မာယာ said...

လွမ်းတတ်လိုက်တာနော်...
အလွမ်းတွေစုပုံဆင့်ပြီး
အလွမ်း မိုးတွေသည်းနေတာများ...
မနာလိုချင်စရာကြီး...
နားလည်ပေးပါ ပရိတ်သတ်ကြီးရယ်...

နော်ခမ်းရေ ဒီတစ်ခါတော့
ကျုပ်က နံပါတ်တစ်ရတယ်နော်...

angleshapper said...

ဒီနံပါတ်နှစ်ကတော့
ချစ်ညီမလေး အိမ်ကျယ်အတွက်
ယူပေးထားတာနော်...
သူ့အိမ်မှာ နက်မရှိသေးလို့
သူ့ကိုယ်စား နေရာလာဦးပေးတာပါ...


သမီးကြီး အိန်ကျယ်ကိုယ်စား
နှင်း

နော်ခမ်း said...

နှလုံးခုန်သံတစ်ချက်ကြားလိုက်ရတိုင်း ချစ်သူကို လွမ်းတယ်... ချစ်သူကိုလွမ်းမိသွားရင်လည်း နှလုံးခုန်နှုန်းက ပိုမြန်သွားတယ်ဗျာ... အရမ်းလွမ်းနေမိတဲ့ အချိန်မှာဆိုရင် လေဟာနယ်တစ်ခုထဲကို လွင့်သွားသလိုပါပဲ... အဲလိုအရမ်းလွမ်းနေတဲ့ အချိန်ဆိုရင် ချစ်သူဆီက မက်ဆေ့ခ်ျလေးတွေလာတတ်တယ်လေ... အဲဒါအတွက် ချစ်သူကို အမြဲ ကျေးဇူးတင်နေမိမှာပါ.....

kiki said...

အေးပါ အေးပါ အေးပါ... (ပြောင်းပြန် ပြန်မဖတ်ကြေး နော်) ...
ချစ်လိုက်ကြ လွမ်းလိုက်ကြ
လွမ်းလိုက်ကြ ချစ်လိုက်ကြ နဲ့ ။။
မျက်စိမှိတ် ပြီး ယုံ လိုက် ကွယ် ..း))

မျက်စိတောင် ရှက်လို့
မျက်စိမှိတ်ပြီး ဖတ်သွားတယ် ။
မျက်စိမှတ်ပြီး ပြန်သွားတာ ....
လမ်းမှာ ခလုပ်တိုက်မိလို့ လျော်ကြေးတောင်းရမယ် ။
ဟဲ ဟဲ ။။

ဂျပန်ကောင်လေး said...

အီးးးးးးးးးးးးးးးးးး. ..... ကြည့်ပါဦး..လွမ်းတတ်လိုက်တာ.. ဥနေတာပဲ..း).. ဖတ်ရင်းနဲ့ ကြည်နူးမိတယ်ဗျာ.. တကယ်ပါ....

ကိုလူထွေး said...

အလွမ်းတွေ...ပို
အလွမ်းတွေ...ဆင့်
အလွမ်းတွေ...ဝေ

သြော်... အလွမ်း ၆၀ ကျော်သွားပါပြီကော...

းဝ)

လင်းကြယ်ဖြူ said...

မငုံ ရဲ့ အလွမ်းကဗျာလေးကို ဖတ်သွားပါတယ်ခင်ဗျာ..
ပျော်ပါစေ ...

မင်းအိမ်ဖြူ Minn Eain Phyu said...

ဦးတို့က အသက်ကြိးပြီကွယ် သိပ်လွမ်းလို့ မကောင်း တော့ဘူး ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ


အလွမ်းတွေ ကိုယ်စားပြုသွားတယ်။

အလွမ်းတွေ ဆင့်သွားတယ်။

အလွမ်းတွေ ပိုသွားတယ်။

အလွမ်းတွေ ဝေသွားတယ်။

မလွမ်းတက်တော့လို့ အလွမ်းတွေ တွေ သွားတယ်....

တလနွန် said...

အလွမ်းမိုးတွေ ရွာနေကျတာလေး ဖတ်သွားပါ၏ :D

မိုးစက်အိမ် said...

ဒီအလွမ်းမိုးတွေ သည်းတုန်းပေါ့ စာနာနားလည်နိုင်သူ
ရှိပါစေဗျာ :)

Anonymous said...

မမငုံရဲကဗျာကတော်တော်ကောင်းတယ်ဗျာ...
တော်တော်လွမ်းတတ် တယ်နော်....

Khyl said...

ငါလဲ... လွမ်းလိုက်ရမလား.... ဟွမ်း... စိတ်ကြီးဒယ်နော်....
လွမ်းဒယ်... လွမ်းဒယ်....( အော်... တခြားတော့ မဟုတ်ပါဘူး... အမိမြန်မာပြည်ကြီးကိုပါ... ဟဲဟဲ)

တောင်ပေါ်သား said...

ဖြစ်ရပြန်ပြီ ဂျီးဒေါ် အလွမ်းတွေ ဝေနေပြန်ပြီပေါ့လေ
အလွမ်းတွေ အမြန်ပျောက်လို့ ပျော်ရွှင်မူတွေ ရပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား

Angel Shaper said...

အားးးးးးးးပါးးးးးးးးးး
လွမ်းလိုက်တိုက် အဂျစ်ရေ..... ဟိဟိ
လွမ်းစရာကြီး တီငုံ..တော်တော်
တစ် နေတယ်နော်။ ရိုမန်းပြောတာ။
အပျိုကြီးးးးးးးးးး ရိုမန်းတစ်နေတယ်
ဗျိုးးးးးးးးးးးးးး

မြစ်ကျိုးအင်း said...

တအားလွမ်းတတ်တာပဲ

ငါတောင် လွမ်းပြီး ပြန်သွားရပြီ

အပျိုကြီးတော်တော် ဆိုး :)

ခင်ခင်မင်မင် စနောက်သွားပါတယ် စိတ်မဆိုးကြေး

သုဒြေ္န said...

ကျန်နေတဲ့အကြွေး ရှင်းမှအေးဆိုသလို မဖတ်ရသေးတဲ့ ပို့ စ် တွေကြိုးစားပြီးဖတ်သွားတယ်ညီမလေး အရေးသားတွေတိုးတက်လာသလို အတွေးခေါ်တွေပိုရင့် ကျက်လာတယ်လို့မြင်မိတယ် အကျိုးပြုရသစာပေတွေများများရေးပါဦး ဗဟုသုတရစရာလေးတွေလဲပါစေချင်တယ် နေကောင်း ကျမ္မာစိတ်ချမ်းသာပါစေလို့ဆုတောင်းပေးနေတယ် ယောက်ဖတော်လဲပါတယ်လို့ ပြောပေးဦးသိလား ခင်တဲ့ ကိုကြီး သုဒြေ္န