Happy birthday ကိုရဲ

ဒီကန္တာရမိုးစက်လေးများကို စတင်ရွာသွန်းစေတဲ့ မောင်လေး ကိုရဲ ဒီနေ့ ၈.၁၀.၂၀၀၉ မှာကျရောက်တဲ့ မွေးနေ့မှစ နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေနော့။

ကိုရဲရေ..နင်နဲ့ ငါစတင် ခင်ခဲ့တာတွေကို ပြန်တွေးမိတော့ ရယ်စရာတွေချည်းပဲနော်။ စခင်ချိန်ကတည်းကနေ ဒီနေ့ချိန်ထိ မောင်နှမအရင်းသဖွယ် ခင်မင်ခွင့်ရကြတယ်။ နင်ပြောတဲ့အတိုင်းပေါ့။ ငါက နင့်ရဲ့တသက်လုံးအစ်မအရင်းတစ်ယောက်ပေါ့။ ဆက်ပြီးတော့ ရန်ဖြစ်ဆဲ ၊ တစ်ယောက် ၀မ်းနည်းမှု့ကို တစ်ယောက် မျှဝေပေးနေဆဲ ၊ ပျော်ရွှင်မှု့တွေ ခွဲဝေနေဆဲပဲပေါ့။ နင့်မွေးနေ့အကြိုရက်မှာ ငါနဲ့နင် ရန်ဖြစ်ကြတာကို ငါစိတ်မကောင်းပါဘူး။ အခု ပြန်ခေါ်ပြီနော်။

နင်ပေးခဲ့တဲ့ ဒီ"မငုံ "ဆိုတဲ့နာမည်လေးအတွက် ကျေးဇူးနော့။ နင်စာတွေ ပြန်ရေးသင့်တယ်။ နင် တည်ဆောက်ပေးခဲ့လို့ ဒီကန္တာရမိုးစက်များ ကဆက်လက်ရွာသွန်းနိုင်သလို နင့်ရဲ့ လေလွင့်သူတစ်ယောက်ရဲ့ ရောက်တတ်ရာရာအတွေးများဆိုတဲ့ ပိုစ့်ကောင်းလေးတွေ ဝေမျှတဲ့နေရာလေးကိုလဲ ငါမျှော်နေတယ်လေ။

အမှန်ဆို နင် ပါဝင်လှုပ်ရှားထားတဲ့ တောင်ပေါ်သားတို့ ဆုံဆည်းရာ (တောင်ပိုင်းရှမ်း) နဲ့ မော(၀်)ရှမ်းမြေတို့ ရှိသေးတယ်လေ။ ပြန်လာခဲ့ပါတော့။ ငါတ်ု့ မော(၀်) မောင်နှမတွေ စောင့်နေတယ်။

အခု မော(၀်)ရှမ်းမြေမှာတင်ထားတဲ့ ကဗျာလေးကို နင့်မွေးနေ့အမှတ်တရ အဖြစ် ငါ့အိမ်လေးမှာ ဝေမျှချင်တယ်။ မေမေကို လွမ်းနေတဲ့ နင့်အတွက် မွေးနေ့လေးမှာ ငါတို့လဲ မျှဝေခံစားလွမ်းပေးတယ်နော်။ နင်တစ်ယောက်တည်း မဟုတ်ဘူးလေ ကိုရဲ ရ။

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချက်ကျွေးခဲ့တဲ့ ဟင်းခွက်လေးတွေကိုပေါ့
မြို့ ပြမွမ်းကျပ်မှုတွေရဲ့ အလည်
အားငယ်စွာရုန်းကန်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ချုပ်ပေးခဲ့တဲ့ အင်္ကျိလေးတွေကိုပေါ့
ဆေးဆိုးပန်းရိုက်မျက်နှာတွေရဲ့ အလည်
နွမ်းလျှစွာပြန်လည်ပြုံးပြရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
မေမေ ပြောခဲ့ဖူးတဲ့ အားပေးစကားလေးတွေကိုပေါ့
ဟန်ဆောင်မုသားစကားတွေရဲ့ အလည်
တိုးဝှေ့လို့ကျော်ဖြတ်ရင်း
သားအရောက်ပြန်ခဲ့မယ် “မေမေ”

လွမ်းတရ် “မေမေ”
တစ်ချိန်က
နွေးထွေးတဲ့ မေမေရဲ့ အချစ်မေတ္တာတွေကိုပေါ့
မာယာတွေပြည့်နေတဲ့ အချစ်မေတ္တာတွေရဲ့ အလည်
ကြိုးစားလို့ရုန်းထွက်ရင်း
နွေးထွေးတဲ့ “အမေ့ရဲ့ အိမ်” လေးဆီကို သားအရောက်ပြန်လာခဲ့မယ် “မေမေ”

ဝေးတမြေမှ မေမေ့ကို အောက်မေ့လွမ်းဆွတ်လျှက် (ကိုရဲ)

17 comments:

Anonymous said...

ပျော်ရွင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ အရဲ ရယ်။

တောင်ပေါ်သား said...

အရူးလေးရေ ညီရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ လိုအပ်ချက်တွေအားလုံးပြည့်စုံပြီ ချစ်သော မိသားစု၊ ဘ၀တခုကို ပိုင်ဆိုင်နိုင်ပါစေလို့ တိုင်းပြည်အတွက် တကယ့်ကိုလေးစားအားကျဖွယ် လူတော်လူကောင်းတယောက် ဖြစ်ပါစေလို့ ကျနော် ရင်ထဲကနေ ဆုတောင်းပေးပါတယ် အစစအရာရာ ပြည့်စုံပြီ သာယာပျော်ရွှင်ပါစေ.


လေးစားလျက်
တောင်ပေါ်သား

ကိုရဲ said...

အစ်မရေ ငါလည်း အခုပဲအိပ်ယာနိုးတာဟ ။ နင် offline msg ပို့ထားလို့ ငါတန်းရောက်လာတာပါ ။ နောက်တောင်ကျနေပြီ ။ ကျေးဇူးတင်တရ် အစ်မရာ ။ ငါ့မွေးနေ့ကို နင့်ဘလော့ပေါ်မှာ အသိအမှတ်ပြုတင်ပေးလို့ပေါ့ ။ ငါ့ဘလော့ကိုတော့ ပြန်မဖွင့်တော့ပါဘူးဟာ ။ ငါ့ဘာသာပဲ နေပါရစေတော့ ။ တင်ချင်စိတ်လေးတွေရှိရင် ငါမောဝ်မှာ လာတင်မှာပဲလေ ။ ငါစတင်ပေးခဲ့တဲ့ "မငုံ" ဆိုတဲ့ ဒီနာမည်လေးနဲ့ ငါ့တည်ဆောက်ပေးမှု(နည်းနည်းလေး)ပါတဲ့ ဒီဘလော့လေး ဆက်လည်တည်တံ့နိုင်ပါစေလို့ ။


(ကိုရဲ)

ကိုရဲ said...

မွေးနေ့ဆုတောင်း အတွက် ကျေးဇူး ကိုတောင်ပေါ်နဲ့မကြီးရေ ။း)

(ကိုရဲ)

မိုးခါး said...

ကိုရဲရေ
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ
စာတွေပြန်ရေးမယ် (ရေးချင်စိတ်ရှိသေးမယ်ဆို မျှော်နေပါတယ် ..)
သာယာပျော်ရွှင်တဲ့ အောင်မြင်တဲ့ ဘ၀တစ်ခု ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ..း)

မေလေး said...

ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ ကိုရဲ
မမြင်ဖူးပေမဲ့
သူငယ်ချင်းတွေပြောပြောနေလို့
စိတ်ထဲရင်းနှီးနေပါတယ်.

kiki said...

ပျော်ရွှင်ချမ်းမြေ့ ဖွယ်ရာ မွေးနေ့ မင်္ဂလာ လေးဖြစ်ပါစေ ကိုရဲရေ ....

ရှေ့ ဆက်ပြီးတော့လည်း ကျန်းမာရွှင်လန်းစွာနဲ့  သားကောင်းတယောက် အဖြစ် ဆက်လက် တည်တံ့ နိုင်ပါစေ နော် ။

ကိုရဲတယောက် မောင်နှမတွေ ဆီကို ပြန်ရောက်ပြီး ဘလောဂ်လေးတွေ ပြန်ရေးမဲ့  ရက်ကို စောင့်မျှော်နေပါတယ် ။

ခင်မင်တဲ့  မကိ

( မဖူး ... မငုံ.... မပွင့် အဆင့်ဆင့်ပြောင်းသွားတဲ့  ကန္တာရ မိုးရေစက် ကလေး လည်း စက်လက်.. စက်လက် နဲ့  .. ဆက်လက် ပျော်နိုင်ပါစေ .. တခါတည်း ရောပြီး ပြောပေးလိုက်တယ် )...

Angel Shaper said...

ကိုရဲ ဆိုသူ ဟက်ပီဘတ်ဒေးပါနော်။
အောင်မြင်ပျော်ရွှင်မှုတွေ နေ့ရက်တိုင်း မနက်ဖြန်တိုင်းမှာ ရရှိပိုင်ဆိုင်ပါစေနော်။

Ree Noe Mann said...

ညီလေ ကိုရဲရေ

အကိုလည်း ခုမှ အလုပ်ကပြန်ရောက်လို့ ခုမှပဲ ရောက်တာပါ။

မနက်ထဲက သတိရတယ်။ မကြီးဆီတောင် လှမ်းပြီ ဖုန်းနဲ့ မက်ဆေ့ ပို့ပြီ ပြောခိုင်းထားသေးတယ်။

ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ ညီလေး ကိုရဲရေ။
ဘဝမှာ လိုအပ်တာထက် လိုချင်တာလေးတွေနဲ့ပဲ အမြဲတမ်း ပိုင်ဆိုင်ရပါစေကွာ။

ခင်တဲ့ ကိုရီနို

Sein Lyan Tun said...

လပ်ဖ်လီးဘရားသားလေးးးးး



ချစ်တဲ့ ညီလေးးးး


ပျော်ရွင်စရာမွေးနေ့ဖြစ်ပါစေ



အိမ်မှာလဲလာအားပေးကြအုံး


ချစ်တဲ့

ဖိုးစိန်

Beauty Studio USA Branded Store said...

ကိုရဲရေ
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပိုင်ရှင်လေးတစ်ယောက် ဖြစ်ပါစေဗျာ။
အရင်စာအဟောင်းတွေလဲ အခွင့်ရရင်ဖတ်ချင်သေးတယ်။လွမ်းတရ်မေမေ ကဗျာလေးတော့ ကြိုက်လို့ ကူးသိမ်းသွားပါရစေဗျာ။ဘလောခ်လေးပြန်ဖွင်တဲ့နေ့ကိုမျှော်နေမယ်။

မိုးစက်အိမ် said...

ကဗျာလေးက အဓိပာယ် ပြည်.၀လိုက်တာဗျာ ... မွေးနေ.ရှင်လည်း ပျော်ရွှင်ပါစေဗျာ ... ဘော.စနီးယား
ဟာစီဂိုးဘီးနား အငုံးစ် က သူ.ကိုယ်သူ မငုံတဲ. ဘာလည်း
အငုံးစ်ဆို အငုံးစ်ပေါ. ဟီးးးးးးးး ရန်စသွားတာ :D :P

ကြယ်ပြာ said...

မောင်လေးရေ ...

မနေ့ကတော့ မွေးနေ့ဆုတောင်းပေးပြီးသွားပေမယ့် ဒီနေ့ထပ်ဆုတောင်းပေးတယ်နော် ... ဆန္ဒနဲ့ဘ၀တထပ်တည်းကျနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ... ကျန်းမာရေးလဲ ဂရုစိုက်ဦးနော့ ...

မငုံရေ ... ငါလာတယ်နော် .... ခုမှ မေးလ်စစ်ရလို့လေ ....

သုခုမလေဒီ said...

ကိုရဲတစ်ယောက်မွေးနေ့ မှာပျော်ရွှင်ပါစေ။ ပိုစ့်တင်ပြီးဆုတောင်းပေးတဲ့ မငုံတစ်ယောက်လည်း အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော
စာရေးသူရော
ပျော်ပါစေ ခင်ဗျာ...

Anonymous said...

့HAPPY BIRTHDAY ကိုရဲရေ လူချင်းမမြင်ဖူးပေမယ့် နာမည်တော့ ကြားဖူးနေတာကြာပါပြီ ဒီနေ့ မဖူးက သူ့မောင်လေးမွေးနေ့ကို ဆုတောင်းပေးပါဆိုလို့ သူက မွေးနေ့ အမှတ်တရ hotpot လိုက်ကျွေးနေလို့ မွေးနေ့ရှင်ရဲ့ အစ်မ စိတ်မကောင်းမှာဆိုးလို့ အားနာနာနဲ့လိုက်စားနေတော့ မွေးနေ့ဆုတောင်းကနည်းနည်းနောက်ကျသွားတယ် ဟိဟိ ဆန္ဒနဲ့ ဘ၀တစ်ထပ်တည်းကျပါစေမောင်လေး

နေးတစ် said...

Happy Birthday.ကိုရဲ။