ခေါင်းထဲကိုရောက်လာတဲ့ ခေါင်းစဉ်တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ သူများတွေအတွက်ဖြစ်ဖြစ် ပိုစ့်တစ်ပုဒ်အနေနဲ့ ချရေးဖို့ မြန်ဆန်ခဲ့ပေမဲ့ ဘာလို့များ ချစ်ရသူအတွက်ကျတော့ စာတစ်လုံးဆိုတာတောင် ထွက်မလာတာလဲ။ ရေးလိုက် ဖျက်လိုက်နဲ့ အချိန်ယူပြီး ရေးပေမဲ့လဲ စိတ်တိုင်းမကျနေဘူး။ ဘယ်လိုမှ မကြိုက်နေဘူး။ လိုအပ်နေတယ်။ အများကြီးလိုအပ်နေတယ်။ ချရေးလို့မရနေဘူး။ တစ်ခုခုကိုဆို ချရေးလိုက်ရင် ဖြောင့်နေတာပဲ။ လက်ကလဲ သွက်တယ်။ မောင့်နဲ့ ပက်သက်ပြီး ရေးမယ်ဆို ဘာတစ်ခုမှ ထွက်မလာဘူး။ အရင်ကတည်းက မောင့်အတွက် ရေးချင်တယ်။ ကိုယ့်ချစ်သူအတွက် ရေးပေးကြတဲ့ ပိုစ့်လေးတွေကို ဖတ်ကြည့်ပြီး သဘောကျရတယ်။ မောင့်အတွက်လဲ ရေးပေးချင်စိတ်တွေ တအားဖြစ်မိတယ်။

မောင့်ရဲ့ နေရာတကာ ပိယိင်း စိတ်ချမ်းသာဖို့ ၊ ပိယိင်းအတွက်ပဲ ဦးစားပေးနံပါတ်တစ်နေရာမှာ ထားတာတို့ ၊

ပိယိင်း ပျော်ရင် မောင်ပိုပျော်သွားပြီး ပိယိင်း စိတ်ဆိုးရင် နေလို့မရအောင် ပျာယာခတ်နေတာတို့ ၊

ပိယိင်း မျက်ရည်ကျရင် မောင် ထပ်တူ ခံစားပြီး မျက်ရည်ကျပေးခဲ့တဲ့ ဘယ်သူ့မှ နားမလည်နိုင်တဲ့ ဖြစ်ရပ်တွေတို့ ၊

တမင်ဂျီကျ ဂျစ်တိုက်ပြီး ကလေးချော့ကဗျာ ၊ ပုံပြင်တွေကို ပြောခိုင်း ၊ ရွတ်ခိုင်းတာတွေကို အလိုလိုက်ပြီး ရွတ်ခဲ့ ပြောပေးခဲ့တာတို့ ၊

ပိယိင်း မျက်နှာ ပြဲုံးနေတာပဲ လိုလားပြီး။ မျက်နှာတချက်အညှိုးမခံတဲ့ မောင့်အချစ်တွေ ၊

တခါတခါ လူကြီးတယောက်လို စိတ်ပူပြီး ဆူပူနေပေမဲ့ များသောအားဖြင့် ယုန်လေးလို တကယ့်ဖြူဖြူစင်စင်လေး နာခံနေတဲ့ မောင့်မျက်နှာ ၊

ပိယိင်း နေမကောင်းဖြစ်ရင် စိတ်ပူပြီး လူနာစောင့်သဖွယ် ၊ လိုအပ်ချိန်တိုင်း နေပေးခဲ့တာတွေ တခြားတခြား သေးသေးမွှားမွှားလေးတွေ အများကြီးရှိနေသေးတယ်။ မောင့်ချစ်ခဲ့ ဂရုစိုက်ခဲ့ အလိုလိုက်ခဲ့တာတွေကို စာလုံးစီပြီး ရေးပြချင်တယ်။ ရေးလို့မရနေဘူး။

ဒီလိုပဲ မောင် ချစ်မှန်း အလိုလိုက်မှန်း အလျော့ပေးမှန်း သိလို့ ကန်းတက်ပြီး အနိုင်ယူခဲ့ ၊ ခဏခဏ စိတ်ကောက်၊ မရမက ဂျီတိုက်၊ ပြဿနာအမျိုးမျိုးရှာ ၊ စိတ်မကောင်းဖြစ်အောင် လုပ် ၊ မျက်ရည်ကျအောင် လုပ်ခဲ့တာတွေ ပြန်တောင်းပန်ချင်တယ်။ ဘယ်လိုစကားလုံးမျိုးတွေနဲ့ စိတ်မကောင်းဖြစ်ရတယ်ဆိုတာ ပြောမပြတတ်နေဘူး။

မောင့်ရဲ့ ဂရုစိုက်မှု့အောင် စိတ်ပူမှု့အောက်မှာ နေသားကျနေလို့ မောင်မရှိရင် မလုပ်တတ်၊ မနေတတ်သလိုဖြစ်နေတာတွေ ပြောပြချင်နေတယ်။ မနက်ဆိုလဲ မောင် မနိုးရင် အိပ်ရာက မထတတ်သလို၊ နေ့လည်ဆိုလဲ အလုပ်တွေ များနေတာကို သိရက်နဲ့ စိတ်ကောက်ချင်တာက မောင့်ကိုလွမ်းလို့ ၊ ညရောက်တော့လဲ စာဖတ်နေတာကို ရအောင်နှောက်ယှက်ပြီး ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးအောင် လုပ်မိနေတာတွေက မောင့်ကို ချစ်လို့ ဆိုတာတွေ သိအောင် ဘယ်လိုပြောရမလဲ။ စကားလုံးလှလှ သုံးပြီး မောင့်အတွက် အမှတ်တရလေးတစ်ခု ဖြစ်အောင် ပြောပြချင်တယ်။ ရေးလို့မရတော့ မောင့်အတွက် ပိယိင်းတို့ ဖြစ်နေတာတွေနဲ့ ထပ်တုကျနေတဲ့ ဒီသိချင်းလေးကို နားထောင်ပြီး ပိယိင်းပြောချင်တာလေးကို နားလည်ပေးပါနော်။

24 comments:

Sein Lyan Tun said...

သြော် အပျိုကြီးဆိုပြီး မစွံဘူးလို့ ထင်နေတာ

ခုတော့

တမောင်မောင်နဲ့ မောင် နေလိုက်တာများး)

အားကျမနာလိုဖြစ်ရပါတယ်ကွယ်... မောင်ရယ်.. ချစ်လိုက်တာ... အဟီးး


အားကျလိုက်တာကွယ်...

ကိုယ်တွေကို အဲလိုချစ်မယ့်သူလုံးဝ လုံးဝ ကိုမရှိခဲ့ဘူး

နေပါအုံး

ဒါနဲ့ ငယ်ချစ်ကြီး ကိုးကိုး ဆိုတာရော

ဘယ်ရောက်သွားလဲ

ဟဲဟဲ

အချွန်ကြီးကြီးနဲ့ မသွားပါတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

(နုတယ်နော် မငုံက ... အချစ်နဲ့ ပတ်သက်ရင်ပြောတာပါ) လူကတော့ ကျနော့်လောက်မနု မလှ မဖြူ မချော ပါဘူး ဟိဟိ

Angel Shaper said...

အားးးးးးးးပါးးးးးးးးးးးးးး
နော်ခမ်း အရင် တစ်ဦးအောင် အပြေးလာတာ
ဘကြီးစိန် ဦးသွားသိကိုးးးးးးးဗျ။။ ဟွန်းးးးးးးးးး
အောင်မလေးဗျ.... အပျိုကြီးတွေများ ချစ်ပြနေလိုက်ကြတာ ကလေးရှက်တယ်။ အဟီးးးးးးးးးးးး
နော်ခမ်း... ရှက်လို့မလာသေးတာဖြစ်မယ်။ အဟိ
နော်ခမ်းထက်ဦးတယ်နော်။
နှစ် နှစ် နှစ်။။ ဟဟဟားးးးးးးးးး ဘယ်ရမလဲ ရတဲ့နေရာ ယူရတာပဲပေါ့။

Angel Shaper said...

ပိယင်းရေ... မောင်..မောင် မောင်...နော်ခမ်းအတွက် သီချင်းလေးလဲ ခံစားသွားတယ်။ အဟဲ...

နော်ခမ်း said...

ဒီနေ့ က မောင်နဲ့ ပိယိင်းနဲ့ ချစ်သူဖြစ်တာ တစ်လပြည့်တဲ့နေ့ လေးနော် အခုလို မောင့်အတွက် ပိုစ့်လေးရေးပေးတာ မောင် အရမ်းပျော်တယ်.... မောင်ပျော်နေသလို ပိယိင်းလည်း အရမ်းပျော်နေမယ်ဆိုတာ မောင်သိတယ်... မောင်နဲ့  ပိယိင်းတို့ ရဲ့ ခံစားချက်တွေက အမြဲတမ်း ထပ်တူကျနေခဲ့တယ်နော်... ပိယိင်း မောင့်ကို သိပ်ချစ်သလို့ မောင်လည်း ပိယိင်းကို အရမ်းချစ်တယ်... ပိယိင်းအပေါ်မှာထားတဲ့ မောင့်ရဲ့အချစ်စိတ်တွေက ဒီပိုစ့်လေးထဲကအတိုင်းပဲ မပြောင်းလဲတမ်းရှိနေမယ်... မောင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင် သစ္စာတရားတွေနဲ့ ဖုံးအုပ်ကာရံထားတယ်လေ... မောင်နဲ့ပိယိင်း ပြောနေကျစကားလေးအတိုင်းပဲပေါ့... မခွဲကြေး... တသက်လုံးအတွက်... ပိယိင်းကို အရမ်းချစ်တယ်...

အိုက် ချီ ခန့် said...

အမလေးလေး.. ငါ့နယိင်းဖူးက.. အဲ့ရလိုလား..
အဟတ်.. အဟတ်.. ဘယ်နေ့လဲ... အဟဲ.. ချားချင်နေဖီ...
အဟီး.. အနော်တော့.. အမေ့အတွက် ပိုစ့်တခု တင်ထားတယ်ယေ..။ အဟဲ... နယိင်းဖူး.. နခွေ နော်ခမ်းနဲ့ မိတ်ဆက်ပေး.. နော်... အဟဲ...။
မဟုတ်ရင်တော့လား.. ဟွန့်.. သိတယ်ဟုတ်...။

တောင်ပေါ်သား said...

အမယ်လေး ဖြစ်နေကြတား) ဘလော့ပေါ်မှာ သူများတွေက ဖဲ့တာ ခံရဦးမယ် ပိယိင်း ရေး) သတိထားဝေး အဟီးဟီးးးးးးးးး)

ချစ်တဲ့သူတိုင်း တဘ၀လုံး ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေ။ ကလေးတွေ အများကြီးနဲ့ ပျော်ရွှင်ပါစေ အဟေးဟေးးး


လေးစားလျက်
တောင်ပေါ်သား

Khyl said...

ဟေးဟေး...ပျော်ဂျာလေးအေ.... ပိယိင်းနဲ့နော်ခမ်းတို့ သက်ဆုံးတိုင် ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ....

Mogok Thar said...

ပီယိင်း နဲ့ နော်ခမ်း.. ချစ်သက်တမ်း တစ်လပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သက်ဆုံးထိတိုင် ချစ်ခင်ယုံကြည်ကြင်နာစွာ၊ လေးစားမြတ်နိုးယုက ကာ မေတ္တာခရီးလမ်းကို အတူတကွ လျှောက်လှမ်းနိုင်ကြပါစေဗျာ။

kiki said...

အဟမ်းးးး အဟမ်းးးး
နေ့ တိုင်း ညတိုင်း အချိန်တိုင်း ..မ စိန် ကြာ ။ ဂျီ တောက် ။ဗီ ဇက် အို တို့  နဲ့ တောင် အားမရကြသေးပဲ ကိုးးးး

ပြော ကို ... မပြောချင် တော့ ဘူး .. ..ဟွန်းးးး
နားရှက်စရာ ။။ မျက်စိ ရှက် စရာတွေ ...

(ဘယ်တော့ စားရ မလဲ ... ပြော .... ခုတည်းက လက်ဖွဲ့  ဖို့  စုထားရမယ် ဟေးးးးး )

ရေတမာ said...

အိမ်းးးးး

Welcome said...

အဟမ်း အဟမ်း
ပျိုပျိုကြီးတွေ စိတ်ကူးယဉ်တယ်ဆိုတာ ဂလိုကိုး။
မှတ်သားစရာပါပဲ။
သီချင်းလေးနဲ့ ပြောပြလိုက်တော့ ဘယ်လိုလဲ ..
သိချင်သေးတယ် အဟမ်း အဟမ်း

ကိုလူထွေး said...

အဟမ်း... အဟမ်း...
လူကြီးတွေရှေ့မှာနော်...
ဒီကလေးတွေ...

းဝ)

နှင်းနဲ့မာယာ said...

ငုံက အချစ်တွေ့တော့ သူငယ်ချင်းတွေကို မေ့လိုက်တာကိုးးးးးး
ခုမှ သဘောပေါက်တော့တယ်.....
ချစ်နိုင်ကြပါစေတော်...
မျက်စိ စပါးမွေးစူးလောက်အောင် ချစ်နိုင်ကြပါစေ....
သူများချောင်းရိုက်ချင်လောက်အောင် ချစ်နိုင်ကြပါစေ....
မနာလိုစရာကောင်းလောက်အောင် ချစ်နိုင်ကြပါစေ...

(ဒါနဲ့စကားမစပ် ငုံက အချစ်နဲ့တွေ့မှ ပိုလှလာသလိုပဲ...
ဟိုနေ့က မပြောလိုက်ရလို့းးး))))

နှင်း

Unknown said...

အင်း.. ကြားရတာ မလိုနာဘူးဝေ့...

ဝမ်းသာပါတယ်ဗျာ...

ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေလို့ဆုတောင်းပေးပါတယ်ဗျာ...

ထပ်တူကျတဲ့ သီချင်းလေးကိုလည်း နားထောင်သွားပါတယ်...

တို့လည်း ထပ်တူကျချင်တယ်ဗျာ...

ခင်မင်စွာဖြင့်

ပြည့်စုံ (ဝေါသားလေး)

emayarKhin said...

ချစ်စရာကောင်းတဲ့ပို့စ်လေးကို
ကြည်နူးစွာဖတ်သွားပါတယ်...
အမရာက ချစ်သူတိုင်းကိုပျော်စေချင်သူပါ....

Anonymous said...

ယောင်္ကျားတစ်ယောက်ကို ကိုယ့်အနားမှာအမြဲရှိနေဖို့ဘယ်
လိုဆွဲဆောင်ထားရမလဲ......

ယောင်္ကျားတွေကိုဆွဲဆောင်ထားနိုင်ဖို့ အတွက်ခြေခံအချက်တစ်ချက်ပဲလိုအပ်ပါတယ်...။

အဲဒါသူတို့ရဲ့အတ္တကိုဖွံ့ ဖြိုးစည်ပင်လာအောင်ပြုစုပျိုးထောင်ပေးခြင်းပဲ။

ပြုစုပျိုးထောင်ပေးရမယ့်နည်းလမ်းအဖြာဖြာကတော့...............

၁။ အားကိုး တကြီးအကြည့်ကလေးတွေနဲ့ ကြည့်တတ်ရမယ်။

၂။ အရာရာကိုသိနားလည်ပေးမယ့် ဘာမှမသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ်။

၃။ ကိုယ်ကဦးဆောင်နိုင်တဲ့ ကိစ္စတွေမှာလဲ...သူတို့ကိုရှေ့တန်းတင်တတ်ရမယ်။

၎။ သူတို့ကိုသွားပြီး ဆ၇ာကြီးမလုပ်ပါနဲ့...အမြင်ကတ်ခံရလိမ့် မယ်။

၅။ သူ တို့ကဆ၇ာကြီးလုပ်နေတာကိုလည်း...." သိသားပဲ " စတိုင်လ်သွားမဖမ်းနဲ့။
မသိချင်ဟန်ဆောင်ပြီး
" ဟင်....ဟုတ်လား "၊ ဟယ်...ဒီလိုလား " ၊ အို....အစကလုံးဝမသိဘူးဆိုတာမျိုး
ဖော်လိုလေးတွေ
လိုက်ပေးရင်းသူတို့အတ္တကိုရေလောင်းပေးနိုင်ရမယ်။

၆။ ကိုယ်လုပ်တတ်တဲ့ကိစ္စလေးတွေကို မလုပ်တတ်ဘူးပြောပြီးမကြာခဏ ခိုင်းခိုင်းပေးပါ။

၇။ ကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်နိုင်တဲ့ကိစ္စလေးတွေကို
သူတို့နဲ့မကြာခဏတိုင်ပင်အကြံတောင်းတတ်၇မယ်။

၈။ အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်ကတော့ကိုယ့်ဘဝမှာသူမရှိလို့
လုံးဝမဖြစ်ဘူးဆိုတာကိုသူတို့ဦးနှောက်ထဲ
အသည်းထဲ စွဲနစ်နေအောင် တဖွဖွပြောနေဖို့ပါပဲ။
ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ဘဝမှာသူမရှိလို့မဖြစ်ဘူး
သူသာလျှင်အားကိုးရာဆိုတဲ့အသိကို သူတို့ 

ရင်ဘက်ထဲ စိုက်ဝင် စွဲမြဲနေအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်။

ဒါယောင်္ကျားဆိုတဲ့မျိုးစားတွေကို ဆွဲဆောင်ထားနိုင်မဲ့နည်းလမ်းတွေပါ


:P

တလနွန် said...

ချစ်သက်တမ်း တစ်လပြည့်မှသည် နောက်လအလီလီ နှစ်အထပ်ထပ်တိုင်အောင် ချစ်ခင်ပျော်ရွှင်ပါစေ မငုံရေ။


ခင်မင်ခြင်းများနှင့်
တလနွန်

မငုံ said...

>>>>

:) သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးကြလို့ အများကြီး ၀မ်းသာပါတယ်နော့။ Anonymous ရေ..ကျေးဇူးအထူးတင်တယ်နော့ :P မှတ်သားထားပြီး အသုံးချပလိုက်မယ်။

မေလေး said...

မမငုံ ပညာလာယူတယ်နော်.
အဟီးးး

DREAM said...

တီတီငုံနော်...တမောင်ထဲမောင်နေလို့

ဒီမှာ တမှောင်ထဲ မှောင်နေတာကိုးးးး .... ဟိဟိ

မိုးရွာခါနီးမို့လို့ဖြစ်မယ်...

အာဝါးးးးးးးးးးးးး ချစ်လို့ နောက်တာ..

အလွမ်းတွေ ပြေပျောက်ပါစေ

Anonymous said...

နားလည်ပေးပါတယ်ဗျာ.... အဟီ.. မသိရင်... ဟီး..။

သုခုမလေဒီ said...

Ohh.. ဘယ်လိုဖြစ်ကုန်ပြီတုန်း။ pc virus ကိုက်သွားလို့  မရောက်ဖြစ်တဲ့အချိန်အတွင်းကို အိမ်တွေလည်းအရောင်
ပြောင်း လူလည်းအရောင်ပြောင်းးး အဲလေ... ပြောင်းလဲ ကုန်ကြပါလား ။
ဒါကြောင့်သူလည်း အလည်မလာဖြစ်တာကိုးးး
မနာလိုပါဘူး။ အဟုတ်ပြောတာ အိမ်ကိုတောင်မလာတော့လို့ .. ဟွန်း
မငုံကြီး နောက်နှစ်ဆိုပွင့်တော့မလားပဲ။း))

အရုပ်ကလေး said...

တီငုံရေ .. အချစ်သက်သက်တွေကြားမှာပဲ အပြစ်မဖက်တဲ့ စုံတွဲလေး ဖြစ်ပါစေဗျာ ..။

အချစ်နဲ့ ပတ်သက်ကြီး ကျွန်တော် တွေးမိလို့ရေးထားဖူးတဲ့
ပို့စ် နှစ်ပုဒ် လင့်ခ် ချန်ခဲ့တယ် .. တီငုံ ..။

အချစ်ဆိုတာ ....
http://idulize.myanmarbloggers.org/2009/03/blog-post.html

အချစ်ဆိုသည်မှာ
http://idulize.myanmarbloggers.org/2008/10/tag_11.html

အဲဒီနှစ်ပုဒ်မှာ ရေးထားတဲ့ အကြောင်းအရာလေးတွေမှာပဲ အချစ်ဆိုတာ အခြေခံတယ်လို့ သုံးသပ်မိသလို
အိမ်ထောင်ရေးအတွက်လည်း ကျွန်တော်ကတော့ အဲလိုပဲ ကျင့်သုံးမယ်လို့ ဆုံးဖြတ်ထားတယ် ...။
မျှဝေသွားတာ .. ဟီး ..။

မောင်နဲ့ကျွန်မ ..
အချစ်ရဲ့ အစွန်းထွက် .. ဗျာများခြင်းတွေကွယ်ပျောက်
တည်ငြိမ်တဲ့မေတ္တာတရားတွေ ထုံမွှမ်းလို့
ဟိုး .... မလှမ်းမကမ်းက အနာဂတ်မှာ
အချစ်အက္ခရာစာတွေနဲ့
အပြစ်မဖွဲ့သာဒီချစ်ခြင်းကို
ကြေငြာမောင်းခတ်လို့ ဆော်သြမယ်ဆို
ကျွန်မရင်ထဲက ချစ်ခြင်း
မောင့်အတွက်သာ တစ်သက်မယွင်းပေါ့ ...။

တီငုံရေ .....
ပျော်ရွှင်သောနေ့ရက်များစွာနဲ့
အစဉ်ချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ..။

Unknown said...

အိုးအိုး မငုံတို့ တော့ သတင်းပဲကြားလိုက်တာရှိသေး အဲဒီလိုတွေ တောင်ဖြစ်ကုန်ပါရော့လားးးး
လုံးလုံးလျားလျားကြီးကိုပြောင်းလဲသွားပါရော့လားး
အင်းမငုံ ချစ်သူ၂ယောက် တွဲလက်မဖြုတ်တမ်းဘ၀တသက်လုံးလက်တွဲသွားနိုင်ပါစေနော်......
ဆုတောင်းနောက်ကျသွားပေမဲ့ 
ဆန္ဒရှိနေခဲ့ တာကြာပါပီ......ပြောဖို့ နဲနအြပျင်းထူနေခဲ့ လို့ ပါ....
ငပျင်း