အိုးးးးးးးးးကမ္ဘာကြီးပျက်တော့မယ်ဆိုပါလား..ဘယ်တော့လဲ ကြည့်လိုက်တော့ ၂၀၁၂တဲ့။ ကမ္ဘာပျက်ရင် မငုံ တစ်ယောက် ဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်တဲ့ မနှင်း နဲ့ မသီတာတို့ရေ..

ဘယ်သူတွေနဲ့ရှိနေချင်သလဲ
မိသားစုနဲ့ ..သိပ်ချစ်တဲ့ မိသားစုနဲ့ နော်ခမ်းအပါအ၀င်ပေါ့။ ဒါပေမဲ့ နော်ခမ်းကိုခေါ်ထားလိုက်ရင် တရားမျှတပါ့မလား။ သူချစ်တဲ့ မိသားစုလေးနား နေချင်ရှာမှာမို့ သဘောပါ။ ဒါပေမဲ့ မေးကြည့်လိုက်ဦးမယ်နော့.

ဘာတွေခံစားနေရမလဲ
ဒီမိသားစုလေးနဲ့ အပြီးခွဲရတော့မယ်ဆိုတဲ့အတွေးကြောင့် နင့်နေအောင်ခံစားရလိမ့်မယ်။

ဘာတွေပြင်ဆင်ထားသလဲ
သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတော့ အကောင်းဆုံးက မိသားစုတွေနဲ့အတူ မြတ်စွာဘုရားရဲ့တရားကိုနှလုံးသွင်းရင်းနေမယ်။

ဝမ်းနည်းမိမှာက
ဘာတစ်ခုမှ သေသေချာချာ မလုပ်ရသေးပဲ လောကကြီးကနေ ထွက်သွားရတော့မှာမို့

ကြောက်လန့်မိတာက
ကမ္ဘာပျက်ချိန်မှာ ကြုံတွေ့ရမဲ့ နာကျင်မှု့

ဆောင်ထားချင်တာက
သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ သတ္တိလေးတစ်ခု

ဘာတွေရေးမိမလဲ
စိတ်ထဲမှာ ရှိသမျှခံစားချက်တွေ ကာရန်ညီညီ မညီညီ ချရေးမယ်။

တွေးမိတွေးရာ အတွေး
နော်ခမ်းရော ဘယ်လိုနေမလဲ။ ( မငုံအနားမှာသာ သူမရှိနေရင်ပေါ့)

ဂုဏ်ယူချင်တာက
မိဘအတွက် သမီးအလိမ္မာတယောက် မဟုတ်ခဲ့ပေမဲ့ မဆိုးခဲ့ဘူးလို့ ကြံဖန်ဂုဏ်ယူမယ်။

ရှာကြံဖြေသိမ့်တတ်တာ
ငါတစ်ယောက်တည်းမဟုတ်ဘူးလေ။

ကျူးရင့်ချင်တဲ့ဥဒါန်း
အသင်လောက..အခုတော့ သင်ပြောသမျှဖြစ်နေပါပြီ။ ( စိတ်ထဲရှိသလို အော်လိုက်မှာလေ)

12 comments:

နော်ခမ်း said...

အခုလို ကမ္ဘာကြီးပျက်မယ်ဆိုရင်ပေါ့ ကျတော် အဖြစ်ချင်ဆုံးကတော့ ကျတော်သိပ်ချစ်တဲ့ချစ်သူ့လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင် အားပေးရင်း နှစ်ဖက်မိသားစုနဲ့အတူ နောက်ဆုံးအချိန်ကို ဖြတ်ကျော်မှာပေါ့...

မိုးစက်အိမ် said...

မှန်တယ် အငုံးစ်ပြောတာ ကမ္ဘာပျက်ရင် ကိုတစ်ယောက်တည်းမဟုတ်ဘူး အကုန်ပျက်မှာ :P

kiki said...

သြော် .. ခုတော့  ဂလို ပဲ ပြောနေကြတာပေါ့နော် ။။

ဟေးဟေး ။ဖွားကိကတော့ ....
စောင့်ကြည့် ချင်သေးရဲ့  အဲ့ဒီ အချိန်ကိုလေ..

ပြောထားကြတဲ့ အတိုင်း ဘယ်နှစ်ယောက်များ လုပ်ဖို့  သတိရကြမလဲ လို့ အေ ....

ကလူထွေးရဲ့ စိမ်းရွှေရွှေ အနံ့ ကြီး မရ လိုက်ကြသေးလို့  ထင်ရဲ့ နော် ...ငုံလေးရေ ..
ကြည့်ကျက်လုပ် .....
ခိခိ

နှင်းနဲ့မာယာ said...

ငုံရေ
နော်ခမ်းနဲ့ အတူတူဆိုတော့
ပျော်နေမှာပေါ့....မနာလိုဘူးဟေ့..

ရေးပေးတာကျေးဇူးနော်...

နှင်း

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
လောကကြီး ကို အုပ်စိုးချင်တဲ့ သူတွေ..
လောကကြီး ကို တကယ် အံတုလို့ရပါ့မလား???
ကဲ..အချိန်တွေ ဆွဲမနေနဲ့တော့ နောက်ထပ် ၀ါမကျွတ်ခင်.. ...ဟဲ..ဟဲ..း - )

ပျော်ပါစေခင်ဗျာ..

sonata-cantata said...

ကမ္ဘာမပျက်ခင် မြန်မြန်လာဖတ်တယ်နော်
မငုံရေ ရေးပေးလို့ ကျေးဇူး...
ကမ္ဘာကြီး ပျက်ရင် တို့နဲ့အတူ ပါသွားမှာက ကျေးဇူးတရားတွေပဲလေနော့

အော်..နော်ခမ်းတဲ့လား မငုံနဲ့ တွဲပြီး မှတ်ထားလိုက်မယ်နော်း)

Khyl said...

အရေးကြီးဆုံးက ကမ္ဘာပျက်တာ ဟုတ်မဟုတ်... အရင် အနံ့ခံကြည့်ရမယ်လေ... ငုံကြီးရဲ့... ဟားဟား..

မြစ်ကျိုးအင်း said...

ဟင်းးးးးးး

ခက်တာပဲ.....။

မေလေး said...

နော်ခမ်းဆိုတာ အဒူလေးလဲ မမငုံရ
သေမယ်ဆိုတော့လဲ ပျော်ပျော်ပေါ့မမရာ
၂၀၁၂ ထိအသက်ရှင်နေသေးမယ်ဆိုတာ ကံကောင်းတာပေါ့
ပီးတော့ ကမ္ဘာပျက်တာနဲ့ကြုံမယ်ဆိုတာ နည်းတဲ့အခွင့်အရေးမဟုတ်းP

ကိုရဲ said...

အင်း နှင်းဆီပန်းချစ်တဲ့ကောင်မလေးပြောတာ ကောင်းတရ် ။ ဒီအခွင့်အရေးက တော်ရုံတန်ယုံလူ ကြုံရတာမဟုတ်ဘူး ကံထူးလို့ကြုံရတာ ။ ဟီးးးး ။ ဒါပေမဲ့ဟာ နင်စဉ်းစားကြည့် ဘာတုန်း နော်ခမ်းနော်ခမ်းနဲ့ ငါသိတာတော့ နော်ခမ်းက ဆည်ကြီးလားလို့ ဟီးးးး

(ငရဲ)

ကိုလူထွေး said...

မိုးပြိုအများမို့ ကြံဖန်ဖြေသိမ့်လို့ ရနေတယ်လား...

တနေ့တော့ အားလုံးသေကြရမှာပဲလေ...

Angel Shaper said...

အောင်မယ်.......
ကမ္ဘာပျက်မှာတောင် သူတို့က လက်တွဲပြီး ကြည်နူးကြသေးတယ်ပေါ့။ ဟိဟိ
ပျော်စရာကြီးနော်.....