ဒီပိုစ့်လေးကို မကြာခင် ကန္တာရမြေလေးမှ အပြီးထွက်ခွာတော့မဲ့ ညီမလေး AngleShaperအတွက်ပေါ့။ သူ့အတွက် နှုတ်ဆက်ပွဲနေ့မှာ ကိုပီတာဆီမှ ငှားလာတဲ့ မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီဥေယျဓမ္မာမိထေရ် ရဲ့ ဥာဏဒသနကထာ စာအုပ်လေးထဲက အမြှောက်အပင့်ဆိုတဲ့ တစ်ပုဒ်ကို ကြိုက်တယ်လို့ ပြောဖူးတယ်လေ။ Dim ရေ အိမ်အပြန်လက်ဆောင်လေး ပေးပါရစေနော်။

“ အမြှောက်သည် ပင့်တင်ပေးမှသာ မြောက်စေ၏။ ပင့်လျှင်လည်း မြှောက်ပြီးသား ဖြစ်နေတတ်၏။ ထိုမြှောက်ပင့်မှုသည် တွန်းပို့ခြင်းကို ဖြစ်စေတတ်ပြီး အတွန်းအပို့ ၊ အမြှောက်အပင့် အားကုန်လျှင်သော် ချတော့မည်မှာ သေချာပြီ “

ဟုတ်တယ်နော်။ လောကမှာ တစ်ယောက်ယောက်ကို မြှောက်ပင့်ပြောဆိုပြီး လုပ်ကိုင်ပေး ပြောပေးခြင်းသည် သူတို့အကျိုးစီးပွားရေးအတွက် ဖြစ်စေတယ်နော်။ တစ်ချို့ကျတော့ မြှောက်ပင့် ပြောပြီး ပေါင်းသင်ခြင်းမှာ မနာလိုပြီး ပေါင်းခြင်းဖြစ်တယ်နော်။ မြှောက်ပင့်ပေးပြီး အကျနာအောင် လုပ်တယ်လေ။ လူ့လောကမှာ အမြှောက်အပင့်ကြိုက်သူတိုင်းကို သူတို့အလိုကျ ပြောဆိုပေးလိုက်ပါက မြောက်ပေးလျှင် စဉ်းစားဥာဏ်မရှိ ၊ မသုံးတော့ပဲ ကိုယ့်ဘာသာကိုယ်အထင်ကြီးပြီး ငါမှငါ တကောကောကာ လွှတ်ထွက်သွားကြတော့တယ်။

ပြီးတော့ ဒီစာအုပ်လေးမှာ ဖော်ပြထားတာက ဆရာတော်ရဲ့ရေးသားထားတဲ့ ဥပမာလေးက သိပ်သဘာကျဖို့ကောင်းပါတယ်။

" ငါစွဲမကင်းသေးသော ပုထုစဉ်လူသားတိုင်းတို့၏ မ, စမှုသည် ငှင်းချဖို့ရန်အတွက်ချည်းပင် မဟုတ်လော " တဲ့။

နွားရှင်သည် ခိုင်းစားနွားကြီးတို့ကို အစာကျွေးနေပြီ။
ကြက်မွေးသမားက သူ့ကြက်တွေကို ကျကျနနထားသည်။
ဝက်မွေးသမားက သူ့ဝက်ကို စနစ်တကျ ကျွေးထားသည်။

အဲဒီဥပမာကိုကြည့်တာနဲ့တင် သူတို့ရဲ့ ရည်ရွယ်ချက် အသီးသီးကို ခေါက်ကြည့်က အမနဲ့ အချအကြောင်း ကောင်းကောင်းကြီး သိနိုင်တယ်
လို့ ရေးသားထားတယ်လေ။

နောက် မယားက သူ့လင်သား အလုပ်စိတ်ဓာတ်မကျရန် အားပေးသည်။
ဇာတ်ရုံပိုင်ရှင်က ဇာတ်မင်းသား အားမငယ်ရန် မြှောက်စားသည်။
စီးပွားရေးသမားက အလုပ်သမားများကို စိတ်ဓာတ်မြှင့်တင်ပေးသည်။
လောင်းကစားသမားက အားကစားသမားများကို လာဘ်ပေးနေသည်။

ဒီဥပမာကိုကြည့်ရင် အမြှောက်အပင့်အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိတတ်ရာ၏။

မြှောက်တိုင်း မမြောက်ပါနဲ့။ မြောက်တိုင်းအချခံရမှာသေချာပြီ။ အချဟူသော စကားသည် အမြှောက်မှ ကပ်ပါလာသော အဓိပ္ပာယ်ချည်း။ ဘယ်ကိစ္စမဆို မမြှောက်ပဲ ချလို့မရ ။ဒါပေမဲ့ မချပဲ မြှောက်လို့တယ်
တဲ့။

အချမခံလိုလျှင် အမြှောက်မခံပါလေနှင့်။
အမြှောက်မခံလိုလျှင်မပင့်မခံပါလေနှင့်။


အကြိမ်တဆယ်တရာ မြောက်ပင် မြှောက်ငြားသော်လည်း မိမိဘက်မှ မမြောက်ပါက အချမခံရပါ။ ကိုယ်မမြှောက်သရွေ့ သူတို့နှဲ့နေကြမယ်။ ပသနေကြမယ်။ သူမြှောက်တိုင်း တခါမြောက်ပါက အဲဒီမှာတင် အချခံရမည်လို့ ဆရာတော်က ဆုံးမရေးသားထားပါတယ်။

ဒီပိုစ့်လေး ဖြစ်လာအောင် စာအုပ်ပေးငှားတဲ့ ကိုပီတာ (ကိုပီတာရဲ့အတွေးပုံရိပ်များ)နဲ့ ဒီစာစုလေးကို ကြိုက်တယ်ဆိုတဲ့ ညီမလေး Dimတို့ကိုကျေးဇူးတင်ပါတယ်။ ဆရာတော်ရဲ့အရေးအသားများ မပျက်အောင် ကြိုးစားရေးပေးထားပါတယ်။ အမှားပါသွားရင် ဒါဟာ ကျွန်မရဲ့ အားနည်းချက်ပါ။ မူရင်းစာမှ အမှားများ မဟုတ်ပါဘူးလို့ ပြောပါရစေရှင့်။

16 comments:

မိုးစက်အိမ် said...

ဆရာတော်ပြောတဲ့ ဗဟုသုတလေး လာဖတ်သွားတယ်
မငုံရေ . . . ဘော်ဒါကြီး Angleshaper ပြန်တော့မယ်ဆို
တာသိရတော့ စိတ်မကောင်းဘူးဗျာ ခင်တဲ့ သူငယ်ချင်း
တစ်ယောက်လျော့သွားပြီဗျာ :(

Angel Shaper said...

နှစ် ယူတယ်ဗျိုးးးးးးးးးးးး
ဟိဟိ... မိုးစက် က တစ်ယူသွားတာကိုးလို့။ ဟင့်

Angel Shaper said...

ချစ်မကြီးရေ...
သမီး ကျေးဇူးတင်လိုက်တာ။
အရမ်းဖတ်ချင်တဲ့ စာအုပ်လေးကို ကိုင်ခွင့်တောင်မပေးတဲ့ ဦးပီတာာာာာာာာာာာ
ခင်ဗျား ဘာတတ်နိုင်သေးလဲ။ ဟမ်...
တွေ့ လား သာမီး မမတွေက သာမီးကို ချစ်တယ်။
မထင်မှတ်ပဲ ဖတ်မိလိုက်တဲ့ အပုဒ်ကို ကြိုက်တယ်လို့ ပြောလိုက်တာနဲ့ တင်ပေးတယ် သိပြီဟုတ်။
ဟင်းးးးဟင်းးးးးးးးးးးးး

Angel Shaper said...

မကြီးငုံ.... မြှောက်တိုင်း မြှောက်မသွားချင်တာ။
ဘယ်သူ့ ကိုမှလဲ အားအားနေ မမြှောက်တတ်သလို။ မြှောက်ပင့်တာကိုလဲ မုန်းတယ်။
အဲဒါကြောင့်လဲ နှုတ်ဆက်ပွဲနေ့က မဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီဥေယျဓမ္မာမိထေရ် ရဲ့ ဥာဏဒသနကထာ စာအုပ်လေးထဲက ဒီအပုဒ်လေး ဖတ်မိလိုက်လို့ သမီး ပြောခဲ့မိတယ်နော်။
တန်ဖိုးအရှိဆုံး အိမ်ပြန်လက်ဆောင်လေး အတွက် ကျေးဇူးကြီးကြီးတင်သလို အမြဲတမ်း မှတ်သား လိုက်နာနေပါ့မယ်လို့.....
မငုံရေ.... အာဘွားးးးးးးနော်။

မြစ်ကျိုးအင်း said...

အရမ်းကို မှန်လွန်းတယ် အကျိုးမရှိဘဲ မမြှောက်တတ်ကြတာ အမှန်ပဲ....။

မြှောက်တာကို မက်သွားရင် အသုံးချ ခံသွားရတာပေါ့

တကယ်ကောင်းတဲ့ အမှန်တရား ဒဿန လေးပါပဲ။

မျှဝေပေးတာ ကျေးဇူးပါဗျာ

(အိန်ဂျယ်ကြီးကိုလည်း မပြန်ခင် ဘလော့တွေမှာ မွှေနှောက်ခွင့်ပေးထားတယ် ...။မြန်မာပြည်ပြန်ရောက် ရင် အဲလို လုပ်ရဘို့က မလွယ်ဘူးလေ)

နှင်းနဲ့မာယာ said...

ငုံရေ
အမြှောက်အပင့်လေး လာဖတ်တယ်နော်..
ကိုပီတာဆီက စာအုပ်ငှားအုံးမှပဲ...
ချစ်ညီမအတွက် လက်ဆောင်ပေးရအုံးမယ်...

နှင်း

ဂျပန်ကောင်လေး said...

မငုံ.. သူက ဘယ်သွားမှာလဲ..

Anonymous said...

မငုံရေ ..
ဖတ်ပြီး မှတ်သွားပါတယ် ..း))
ခြောက်တိုင်းလည်း မကြောက်နဲ့ မြှောက်တိုင်းလည်း မမြောက်အောင် နေမှပါ ..း))

မိုးခါး

တလနွန် said...

အမှန်တရားတွေ လာဖတ်သွားပါတယ် မငုံရေ။

kiki said...

အမြှောက် အပင့် နဲ့  အကျ သဘောတွေ မှတ်သားစရာတွေ ပြန်လည် ဝေမျှပေးလို့  ကျေးဇူးတင်တယ် ငုံလေးရေ ...


( ဒါကလည်း ပင့်ပေးတဲ့ သဘော တခု ဖြစ်နေမယ် ..း) ) ။ သတိထား ပါ ။ အသားလို လို အသားတောင်းတာ .. အဟွတ် ။
စကားမစပ် ...တိုးတိုးတိတ်တိတ် မေးပါရစေ ..
ငုံ့  မောင် ဆိုတာ က .. အမြှောက်တပ် က လားဟင်.. ရှူးတိုး တိုး ပြန် ဖြေ နော် ....

သမီးကြီး အိန်ကျယ်လေး တယောက် ...ပြည်တော်ပြန် မှာ ပွင့်ပါစေ .... ကံဇာတာ ၊ စန်း နဲ့ လာဘ် ကို ဆိုလိုသည် ။
ဟိုရောက်ရင်လည်း လမ်းတွေ ပွင့်ပါစေ ။ အုတ်လမ်း ပွင့်ရန် ရည်ရွယ်ပါသည် ။ ဒါမှ ဘလောဂင်း ဆက်လက်လုပ်နိုင်ပါမည် ။

Anonymous said...

မငုံရေ....

ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေပြန်လည်
ပူဇော်ပြီးတင်ပေးတာကျေးဇူးပါဗျာ...

ကျွန်တော်က အဲဒီလိုအချက်ကျကျပြန်မရေးတတ်ဘူး
လေ...

ရိုသေစွာဖတ်ပြီး ၊ ဥာဏ်ထဲရောက်အောင်မှတ်တဲ့ အ
တွက်လည်းလေးစားချီးကျူးပါတယ်...

ညီမလေးအိန်ဂျယ်ရေ....အစ်ကိုက ဆရာတော်ဘု
ရားကြီးရဲ့ စာတွေက အရမ်းလေးနက်လို့  ညီမအတွက်
ပျင်းစရာကြီးဖြစ်နေမှာစိုးလို့ ပါဗျာ...

ညီမလေးလည်းစိတ်ဝင်စားတယ်ဆိုလို့ ဝမ်းသာရ
တယ်...နောင်ဒူဘိုင်းပြန်လာယင် မငုံဆီကနေယူဖတ်
နော်...
စိတ်မဆိုးနဲ့ လို့ ပြေရာပြေကြောင်းတောင်းပန်အပ်
ပါတယ်...

ကိုရဲ said...

ဟုတ်ပါတရ်ရှင့် ကျမ အမှားပါပဲရှင့် ။ ကျမက အမြဲမှားနေတာကိုးရှင့် ။ ငါ့ကိုသေချာရှင်းပြဦး နားလည်သေးဝူး ။ ဒါဖဲ ဒါဖဲ ။

(အရူး)

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
မြှောက်တာပင့်တာ
အနှိမ်ခံရတာ ကဲ့ရဲ့ခံရတာ စတာစတာတွေက
တကယ်တော့ တူညီတဲ့ လောကဒဏ် တရားတွေပဲ..
ပျော်ပါစေ မငုံရေ
(PC က သိပ်ပြီးကျန်းမာရေးမကောင်းလို့ မတွေ့တာတောင် နဲနဲကြာသွားတယ်...း-)

emayarKhin said...

တကယ့်ကိုအမှတ်တရနဲ့
အကောင်းဆုံးလက်ဆောင်လေးနော်..

Anonymous said...

အခုလိုမျှဝေပေးတာ ကျေးဇူးပါဗျား..။

ဇော် said...

အင်း ...
ပုထုဇဉ်ဖြစ်နေသ၍ကတော့ အဲ့ဒါတွေကို သတိထားဖို့အတော်ကို ကြိုးစားရမှာပါပဲ ..


အလဲ့ .. အိမ်အသစ်တွေ ဘာတွေနဲ့ အဗျိုဂျီးက ဟုတ်နေတာပဲ .. ဟီး ..

ဒါနဲ့ တူယေးရော နေကန်းရားဟင် ... ခိ ..