မပီဝိုးတ၀ါး လင်းရောင်အောက်ကြား
ငေးမောနေတဲ့ မျက်ဝန်းနက်တစ်စုံ
ချစ်ခြင်းဖြင့်သာ ထုံမွှမ်းခြုံသည်။
ကြယ်ရောင်အောက်မှ နေရောင်ရောက်ချိန်တိုင်
ဘေးရန်သီကွာ လုံခြုံခြင်းငှာ
မှေးစက်နေသော ချစ်သူ့မျက်နှာ ငေးကြည့်ရင်းသာ
အခမဲ့ပင် တာဝန်ယူသည်။
ဖြူစင်နေတဲ့ မျက်ဝန်းအိမ်ကြား နွမ်းနယ်လို့ပင်နေလေပြီ။
ဒီတနေ့လုံး အိပ်ဖန်စောင့်ငယ်နွမ်းနေရော့မယ်။

11 comments:

အရုပ်ကလေး said...

မောင့်အတွက် ထုံမွှမ်းခြင်းတွေအပြည့်
ချစ်ခြင်းတွေ အထပ်ထပ်ကို ပေးအပ်လို့
ဘ၀ရဲ့ မျက်နှာစာကြားမှာပဲ ပုံအပ်
မောင့်အတွက် ခွန်အားတစ်ဖက်ကို
ထာဝရ ဆောင်ကျဉ်းပေးမယ် .... မောင် ..
မောင်နဲ့ဝေးနေရခိုက် အသည်းလှိုက်ဖိုတိုးတဲ့
ဒီရင်ခုန်သံစည်းချက်မှာ
တစ်ချက်ကလေးမလပ်အောင် သတိရတာ
မောင့်တစ်ယောက်ထဲမို့
ဝေးနေရတဲ့ ချိန်ခါတွေတိုင်း
ကြိတ်မှိတ်လို့ မျိုသိပ်
တရိပ်ရိပ်နဲ့ တက်လာတဲ့စိတ်
မောင့်အနား အပြေးလေးလာချင်မိတယ် .. မောင် ..
ချိန်ခါတွေ ဖြတ်သန်း
ဘ၀လမ်းတွေ အတူတူလျှောက်လို့
နောင်အနာဂတ် တက်လှမ်းချီမဲ့ နှစ်ကိုယ်တူအချစ်
ခိုင်မြဲခြင်းတွေသာ ဖြစ်တည်မှာမို့
ခဏတာ ဝေးနေရတဲ့အဖြစ်တွေကြားမှာပဲ
မောင် ယဲ့ယဲ့လေး လွမ်းနေမလားပဲ ..။

ဟိဟိ .. တီငုံရေ .. လွမ်းနေတယ်မလား ..

သီချင်းလို အကြင်နာလို မနဲ့မောင်လိုလိုနဲ့
စပ်ကြား ကဗျာ စပ်သွားတယ် .. ဟဲဟဲ

ခင်မင်စွာ
idulize(အရုပ်ကလေး)

Angel Shaper said...

မကြီးငုံ...
တော်တော်လေးကို လွမ်းနေတယ်ပေါ့လေ။
ဆွေးဆွေးလေး လာဖတ်တယ်။ ဟိဟိ

kiki said...

အခမဲ့ပင် တာဝန်ယူသည် ။ ။ ။ ? ? ?
ဘာ တာဝန်ပါလိမ့် ..... ? ? ?

အိပ် ဖန် စောင့် တာလား ။
အကြံ အဖန် စောင့်အိပ် မလို့ လား ။

၁၅၀၀ တော့ ပေးပါ . နော် ။
ဈေးလျှော့ပေးထားပြီးသား တဲ့ ။ ဟေးဟေးဟေး

ကိုလူထွေး said...

ကွက်လပ်ဖြည့်ပါ

.................. သည် နှလုံးသားကို နူးညံ့စေ၍ အရာရာကို ကဗျာတပုဒ်လို ဖွဲ့နွဲ့ခွင့်ပေး၏။

"×××××"

ညီမလေးအဖြေ မှန်ပါတယ် ခင်ဗျား...

းဝ)

မြစ်ကျိုးအင်း said...

အဟမ်း အဟမ်းးး

အပျိုကြီးတော့ အခုမှပဲ အချစ်ကဗျာတွေ အလွမ်းကဗျာ တွေနဲ့ ကဗျာဆန်နေတာများ မနာလိုစရာတောင် ကောင်းပါ့

မြစ်ကျိုးအင်း said...

အချစ်က လူကို ပြောင်းလဲ စေတယ်နော်

ထူးဆန်းတယ် :)

ဒီလောက်ချစ်တတ်မှတော့ အနာဂတ်ကို သာသာယာယာ ပျော်ပျော်ရွှင်ရွှင် သွားရမှာပါ

Yu Ya said...

အိပ်ဖန်စောင့်လေးကို ဂုဏ်ပြုသွားတယ် မငုံရေ..

yu ya

လင်းကြယ်ဖြူ said...

အိပ်ဖန်စောင့်
အရိပ်တကြည့်ကြည့်
မျက်စိအောက်ကတောင် အပျောက်မခံ
အင်း..ဖောက်ပြန်ခြင်းကင်းတဲ့ လေးစားစရာ
ချစ်ခြင်းမေတ္တာတရားတွေ ပါလား....
ပျော်ပါစေ

မိုးစက်အိမ် said...

ကိုကျိုးပြောတာ အမှန်ဘဲ အမရေ . . . အငုံးစ်ကတော့
မရိုးတော့ဘူး တခုခုဘဲ . . . :D

မင်းအိမ်ဖြူ Minn Eain Phyu said...

တို့ အပျိုကြီးလည်း အင်း


မငုံရေ သီတင်းကျွတ်ပြိးလို့ တန်ဆောင်တွေတောင် မုန်း နေပြီ

ကျွတ်မုန်းဝင် လေ

ပျော်ရွှင်ပါစေ

တလနွန် said...

အချစ်ကဗျာလေးလှတယ်ဗျ။ အချစ်တွေကြောင့် ကဗျာလေးလှတယ်ထင်ပါတယ်။