မောင်ရေ… နွယ်ပင်လိုပဲ တစ်ရစ်ပြီး တစ်ရစ် တိုးလို့ နှောင်ဖွဲ့လာလိုက်တာ ဒီကြိုးလေး ဖြတ်မရတော့ဘူးနော်။ ကံကောင်းခြင်းတွေ စုဝေးခြင်း ခံရလို့ ဒီကြိုးမျှင်လေးကို ဖြတ်မဲ့သူ မပေါ်လာဘူး။ ပျော်ရွှင်ခြင်းအတိ ပြီးမြောက်စေဖို့ ပေးလိုက်တဲ့ ကံကောင်းခြင်းတွေကို ကျေးဇူးတင်ရမယ်နော်။
မောင်ရေ… ပိယိင်းတို့နှစ်ယောက် ဘယ်လောက်ပဲ စိတ်အခန့်မသင့် စိတ်ဆိုးစိတ်ကောက်ပစေဦးတော့ အမြဲပြောနေကျ စကားလေးအတိုင်းပဲနော်။
Hao Har Saung Kaw Am Phat Kan Kwa Naw, Hak Kwa Taw Soe Taw Pan
( မခွဲကြေး .. ရာသက်ပန်ချစ်မယ်နော့)
(vedio လေးကို googleမှ ရှာဖွေတင်ပြထားပါသည်။)
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
13 comments:
ခဟတ်ကွာပိယိင်းကော့လျိုတော်စို့တော်ပန်
ငုံက ပွင့်သွားပြီးပေါ့....
ချစ်တတ်လိုက်တာငုံရယ်... ခွိခွိ...
စာလေးဖတ်ရတော့ လွမ်းလိုက်တာ.. ဘယ်သူ့ကိုလွမ်းမိမှန်းကိုမသိဘူး.. စကားလုံးတွေက လဲ နူးညံ့ညံ့နဲ့ အလွမ်းဓာတ်ခံရှိတော့ မျက်ရည်တောင်ဝဲတယ်..
မငုံအတွက်လဲ ပီတိဖြစ်ရပါတယ်လေ...
အမြဲတမ်း ပျော်ရွင်ငြိမ်းချမ်းတဲ့ချစ်ချင်းတွေ နဲ့ တည်ဆောက်နိုင်ပါစေလို့
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မငုံ လွမ်းလှချည်းလား
မင်းအိမ်ဖြူ
မငုံ လွမ်းလှချည်းလား
မင်းအိမ်ဖြူ
အားပါးပါး...
လို့ပဲ အော်သွားပါရစေခင်ဗျာ..
ပြီးတော့
ပျော်ကြပါစေ ရာသက်ပန်ပေါ့နော..း -)
မငုံနော် စာဖတ်နေတဲ့သူတွေကို သမာဓိ ယိုင်အောင် မလုပ်နဲ့နော်။
ချစ်နိင်သူတွေဆိုတော့ ချစ်ကြပါဗျား)
ထာဝရ ပျော်ရွှင်စွာ လက်တွဲသွားနိင်ပါစေဗျာ
ဟောင်းဟားဆွန်ကော့ အမ်ဖတ်ကန်ကွာနော်.... ဟတ်ကွာတော်ကျိုတော်ပန်.....း) နုလိုက်ကြတာဝေး......
ဖူးရာမှ ငုံ..
ငုံရာမှ ပွင့်...
ပွင့်ရာမှ .. .. ဟမ်...
ဘာဆက်ရေးရမှန်းတောင် သိတော့ပူး ...
ဟိဟိ ..
( ပျော်စရာကြီး ပါလားး.. ကောင်းလေစွ.. ကောင်းလေစွ ၊
မစားရ အညှော်ခံ နေရတာ ..ကိုယ့်ကိုယ်ကို တောင် သနားသွားပြီ ဟေးးး )
တစ်ကွ ....
အဲဟုတ်ပါဘူး.....
သိဘူးလေသူကတစ်ပေးမယ်ပြောပြီးလိမ်သွားတာကို သူများကို....သမီးလေးအရင်မွေးပါစေလို့ဆုတောင်းပေးတယ်နော်..မပူး....သန္တာသားလေးမွေးပီးစောင့်နေမယ်ဟိဟိ......
ချစ်တယ်....နော် ...ဘယ်တော့မှမခွဲဘူး....တကယ်ပြောတာ ...အမြဲ သတိရနေမယ်...
အငုံးစ် က တော့ ခုမှ အမုန်းကို စွတ်ချစ်နေတာ့တာဘဲ
အတိုးရော အရင်းရော ပေါင်းချစ်နေလားမသိဘူး :)
အမလေး လှေကားတွေဘယ်နှစ်ဆင့်တက်ကုန်ပြီလဲ မသိဘူး၊ သူများမရှိတုန်းကို..။း))
သူများကိုတော့ နေမကောင်းတာ လာမေးဖော်မရဘူး။ မငုံ ချစ်ဖို့ မကောင်းတော့ဘူး။း))
ဟေး... ဒီသီချင်းလေးလား.... သေကောင်ပေါင်းလဲ ကြိုက်တယ်ဝေး..... အဲဒီထဲက အတိုင်းဖြစ်ကြပါစေအေ....
ချစ်သူနှစ်ဦး... တနေ့ကျရင်.....
" အဘိုးကြီး ငါ့ကို... အဘွားကြီး မင်းက မှောင်တွေဘာတွေခေါ်ပါအု......" ဆိုတဲ့ သီချင်းလေးပြောင်းဆိုကြနော်... တိလား....
ဟဲဟဲဟဲ နင့်မောင်မလုပ်ပဲ နင့်သားမက်လုပ်ရင်ကောင်းမလား ။ ငါစောင့်ပေးပါ့မယ် ။ အနစ်နာခံပြီးတော့ပေါ့နော် ဟေဟေ့ :P
ပျော်ရွှင်ပါစေ အကိုနဲ့အစ်မရေး) ။ စိတ်တော့ ခဏခဏမကောက်ကြနဲ့ဟာ ။ နင်တို့ဘာသာစိတ်ကောက် ပြီးရင် ငါ့ပဲ နင့်အကိုကဘယ်လို ညီ့အမက ဘယ်လိုနဲ့ ငါနားပူတရ်း(
(ငရဲ)
Post a Comment