ဒီနေ့ နိုဝင်ဘာ ၁၈ရက်နေ့ဟာ ကျွန်မချစ်တဲ့ မေ့မွေးနေ့ပါပဲ။ မေ့ ရဲ့ မွေးနေ့လေးအတွက် အဝေးကနေ ကုသိုလ်ကောင်းမှု့ပြုပြီး ဆုတောင်းပေးပါတယ်။ မေ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ သာသနာအကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေနော်။ အဓိက ကျန်းမာရေးကို ဂရုစိုက်ပါနော်။ အခုတလော အမေ့ ကျန်းမာရေး မကောင်းဘူးလို့ ကြားနေရတယ်လေ။

မေ့ရေ...ပြီးတော့လေ သားသမီးတွေကို တအားစိတ်ပူတတ်တာလေး လျော့ပေးပါနော်။ သူ့ကံနဲ့သူ ၊ ဖြစ်ချိန်တန်ဖြစ်လာမှာပါ။ မေ့ အမြဲပြောတတ်တဲ့စကားလေးက အမေ့သားသမီးတွေကို ယုံတယ်တဲ့။ အဲဒီစကားတစ်ခွန်းကြောင့် ကျွန်မတို့ မောင်နှမတတွေ အမေ့နောက်ကွယ်မှာ အမေ့ယုံကြည်မှု့ကို အလွဲသုံးစားမလုပ်ရဲဘူး။ ကိုယ့်ကို အမေ က ယုံနေတယ်လေ။

အမြဲထူးဆန်းတာလေးက ကျွန်မတို့မောင်နှမတွေ အဝေးရောက်နေပြီး အိမ်ကိုလွမ်းဆွတ်လို့ ၊ အဆင်မပြေကြုံလို့ တအားဝမ်းနည်းခံစားရချိန်တွေမှာ အမေ့ အိမ်မက်မက်တတ်တယ်လေ။ အဲဒီခါဆို အမေ့မှာ ဘယ်လောက် စိုးရိမ်ပူပန်ရတယ်ဆိုတာ သိရက်နဲ့ အခုချိန်ထိ ကိုယ့်အတ္တအတွက် ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ရွက်လွှင့်နေတယ်။

မိသားစုအတွက် မွေးနေ့အမှတ်တရပိုစ့်လေးကို ရေးမယ်လို့ စိတ်ကူးခဲ့တာ ဒီဘလော့ဂ်အိမ်လေး စတည်ကတည်းကပေါ့။ မိခင်မေတ္တာနဲ့ပက်သက်ပြီး ရေးပြလို့ မကုန်နိုင်တာတွေ အများကြီးပေါ့။ စိတ်ထဲမှာ ရေးချင်တာ များပေမဲ့ စကားလုံးတွေက ထွက်မလာဘူးလေ။ ကျွန်မရဲ့အစ်ကို ကိုနေလင်း( ချယ်ရီလန်း) က တောင်ပေါ်သားတို့ဆုံဆည်းရာ ( တောင်ပိုင်းရှမ်း)မှာ ရေးတဲ့ ပိုစ့်လေးတပုဒ်ကို တအားသဘောကျခဲ့တယ်။ မနိုင်းနိုင်းစနေရဲ့ ဘလော့ဂ်မှ ရရှိကြောင်း သိရပါတယ်။ အဲဒီကတည်းက ကျွန်မ ကိုကြီးကို အမေ့မွေးနေ့ကျရင် ဒီစာသားလေး ဝေမျှခွင့်၊ မွေးနေ့အမှတ်တရပေးခွင့် တောင်းခဲ့ပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ ကိုကြီးနေလင်းကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီစာပုဒ်လေးကို ကြိုက်လွန်းလို့ ခဏခဏဖတ်ဖြစ်နေတယ်လေ။ အခုလဲ ဒီပိုစ့်မရေးခင် တစ်ခေါက်သွားဖတ်ပြီး ကောမန့်ထပ်ရေးခဲ့သေးတယ်။ ကိုကြီးရဲ့ ပိုစ့်မှာ ရေးထားတာလေးက...

အမေ…..“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်မ ဒီပိုစ့်ကို ဖတ်ချိန်မှာ မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ဒါပေမယ့် ကျွန်မ မျက်ရည်ကျခဲ့ပါတယ်….

အမေတွေရဲ့အသက်အရွယ်ကြီးလာတဲ့အခါ သားသမီးအပေါ်ကနေ လိုချင်တာ ဒီအချက်လေးတွေပါ။ ကျွန်မလဲ ဒီအချက်လေးတွေကို ထပ်တူနားလည်ပေးနိုင်တဲ့ သမီးဖြစ်လာပါ့မလား အမေ..

24 comments:

နော်ခမ်း said...

ကြီးမားလှတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကို ကုန်အောင်ဆပ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေကို ဖြစ်အောင်ဖြည့်ဆည်းပေးရင်းနဲ့ တတ်နိုင်သလောက်ကျေးဇူးဆပ်ကြတာပေါ့နော်...
မေ့ ရဲ့ မွေးနေ့ကစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ရှိပါစေ........

Sein Lyan Tun said...

အမေ့ကို လွမ်းနေတဲ့အချိန် ဖတ်ရတော့ ငိုမိသွားတယ်...

အမေချစ်တဲ့ သားမို့ အမေချစ်တဲ့သမီးအတွက်
ရင်ထဲကနေ ဆုတောင်းပေးသွားတယ်...

မငုံမေမေ...အသက်ရှည် အနာမဲ့လို့ သားမသီး များနဲ့ အိုးမကွာ အိမ်မကွာ ကျမ်းမာပျော်ရွင်စွာ နေရပါစေလို့...

သမီးလုပ်စာကိုလဲ စားရပါစေလို့

ဆုမွန်ကောင်းတောင်းပေခဲ့ပါတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

khin oo may said...

kom: happy birthday ပါမေမေ.

ကိုရဲ said...

sorry ငါနောက်ကျသွားတရ် ။ ငါ ဘာမှတော့ မပြောချင်ပါဘူးဟာ ။ နင်နားလည်မှာပါ ။ အတူတူပဲပေါ့း) ။ မွေးနေ့မှာပျော်ရွှင်ပါစေ မေမေ ။

(ငရဲ)

လင်းကြယ်ဖြူ said...

မိခင်မေတ္တာကို ဖော်ကြူးသိတတ်တဲ့ အစ်မရော
မွေးနေ့ရှင် အစ်မ မေမေ ရော..နောက်
တစ်မိသားစုလုံး ကျန်းမာ လို့
ပျော်ပါစေ
*.*.*

kaungkinpyar said...

အမေ့ရဲ့ သမီး တယောက်ပါ ငုံလေး၊ ပျော်ရွှင် ကျမ်းမာ သော မွေးနေ့လေး ဖြစ်ပါစေ မေမေ..

တောင်ပေါ်သား said...

ကြီးဒေါ်ရဲ့အမေ ကျနော်အဖွား နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ဘ၀ကို ဖြတ်သန်းနိုင်ပါစေဗျာ.. မိဘကျေးဇူးဆိုတာကို အဝေးရောက်မှ ပိုသိတတ်ကြတာက သားသမီးတွေတိုင်းပါပဲ အမရေ.. အမြန်ဆုံး ချစ်သော မိသားစုနဲ့ ဆုံစည်းနိုင်ပါစေ ပျော်ရွှင်တဲ့ ဘ၀တခုကိုလဲ တည်ထောင်နိုင်ပါစေလို့ ရင်ထဲက ဆုတောင်းပေးလိုက်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

မငုံမေမေ နောက်နှစ်ပေါင်းများစွာတိုင် မိသားစုနဲ့ အတူ ပျော်ရွှင် ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေ ..း))

kiki said...

မငုံ မေမေ အတွက် ကျန်းမာ ရွှင်လန်းပါစေ လို့  မွေးနေ့ မှာ ဆုတောင်းပေး လိုက်ပါတယ် ။

မိဘကျေးဇူးသိတတ်တဲ့ သမီးကောင်းတယောက် ဖြစ်ဖို့  ကြိုစား နော် ငါ့ မြေး ငုံရေ ...
(အွန် .. မြေးရဲ့ မေမေ ဆိုတော့  ဖွား ရဲ့ သမီးဖြစ်နေပါရော့ လား .. ဟီးး . ကန်တော့ နော် အန်တီ .... )

နှင်းနဲ့မာယာ said...

ငုံရဲ့ မေမေ အသက်ရာကျော်ရှည်ပါစေ...
မေမေ့ချစ်သမီးငုံလဲ မိဘကို သိတတ်တဲ့ သမီး အလိမ္မာလေးဖြစ်ပါစေ...
သားအမိနှစ်ယောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ....

မနှင်း

Anonymous said...

ရေးထားတာဖတ်ပြီး ကိုယ့် အမေကိုတောင်ကိုယ်သတိ
ရသွားတယ်...

စိုင်းစိုင်းလားရှိုး said...

မငုံ၏ မေမေ ဟတ်ယူလီ ကျင်ဝွမ် ဆေကမ်းခ...

သုခုမလေဒီ said...

မေမေ့ဘေးက မငုံလေးလား ?? မငုံမေမေ ကျန်းမာပျော် ရွှင်ပါစေ။ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်ထိ မငုံတို့ နဲ့ အတူတကွ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။

Beauty Studio USA Branded Store said...

ကျွန်တော်လဲ မနိုင်းနိုင်းစနေရဲ့ပိုစ်ကလေးကို အရင်ထဲက ဖတ်ဖူးပြီးသဘောကျနေခဲ့တာ။ အခုလဲ ထပ်ဖတ်မိရင်း အမေ့ကိုတောင် လွမ်းမိသွားသေးတယ်။ မငုံရဲ့ အမေ ကျန်းမာပျော်ရွှင်ပါစေလို့ မွေးနေ့ဆုတောင်းပေးပါတယ်ဗျာ။

မိုးစက်အိမ် said...

မကြီးငုံမေမေ မွေးနေ့ မှာ စိတ်ချမ်းသာကိုယ်ကျန်းမာ
နဲ့  လိုရာဆန္ဒတွေပြည့်စုံပြီး သက်တော်ရာကျော်ရှည်ပါ
စေသော်လို့ ဆုမွန်ခြွေပါတယ် . . . မကြီးငုံ ငယ်ငယ်က
ချစ်ဖို့ ကောင်းသားဗျ နော် ခုကျမှသာ :D :P ချတာ စိတ်
ချိုးနေနဲ့ နော် . . . :)

ကိုလူထွေး said...

အမေကို ချစ်တဲ့သမီး သတိတရနဲ့ မွေးနေ့ ကျင်းပပေးတာကို အမေသိရင် ဝမ်းသာပီတိဖြစ်မှာပါ...

အဝေးကအမေလည်း ကျန်းမာအေးချမ်းပါစေ လို့ ဆုတောင်းပေးပါတယ်... ဖူးဖူးရေ...

Dream said...

တီငုံအမေ မွေးနေ့မှစ၍ ရာသက်ပန် ကျန်းမာချမ်းသာစွာနဲ့ ဘာသာသာသနာ အလုပ်တွေကို အားထုတ်နိုင်ပါစေ....လို့ ဆုတောင်းပေးပါတယ် တီတီရေ...

အမေချစ်တဲ့ သမီးတီတီငုံလဲ ပျော်ရွှင်ချမ်းမြေ့ပါစေ...

အာဝါးးးးးးးးးးးးးးး

ညီမလေး said...

အမေဆိုတာကိုကြားတာနဲ့ ကွန်မန်းတစ်ခုရေးပေးခဲ့ချင်တယ်...ဒါပေမယ့် ကိုယ့်ရင်ထဲကဆန္ဒတွေကိုဖော်ကျူးပြဖို့စကားလုံးမရှိဘူး..အမေကို အရမ်းလွမ်းတယ်....မပူးမေးမေရော ညီမလေးမေးမေရော အသတ်ရာကျော်ရှည်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်...မပူး အမေ့ကို တကယ် နားလည်နိုင်တဲ့ သမီးတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးတယ်နော်...သားသမီးတစ်ယောက်ရဲ့ ပထမဆုံးငိုကြွေးသံကို ကြားရတာဟာ အမေတစ်ရောက်အတွက် တဘ၀တာခွန်အားပါ... မေလဲ အဲလိုပဲခံစားခဲ့ ရမှာပါ...

မြစ်ကျိုးအင်း said...

လင့်တွေပျောက်သွားလို့ ရောက်တာနောက်ကျ ပေမယ့် မငုံရဲ့ မေမေကို ကျန်းမာ ပြီး စိတ်ချမ်းသာပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်ဗျာ...။

ချစ်တဲ့သားသမီးတွေနဲ့ မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင် နိင်မှာပါဗျာ..။

ရတဲ့အချိန် မိဘဆီကို ပြန်ပေါ့နော်

ဂျေဂျူဝိုင် said...

မငုံရဲ့ အမေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာစွာသာသနာ ပြုနိုင်ပါစေ။ အမြန်လည်း ကျန်းမာရေး ကောင်းပါစေကြောင်း

သီဟသစ် said...

မငုံရေ..

မငုံရဲ့မေမေ နှင့် တကွ မငုံတို့ တစ်မိသားစုလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ
လို့ ဆုတောင်းပေးသွားပါတယ်

စကားမစပ် မငုံရဲ့ မျက်နှာပုံက ရုပ်သိပ်မပြောင်းပါလားဗျ..
:)



ခင်မင်စွာဖြင့်
သီဟသစ်

မင်းအိမ်ဖြူ Minn Eain Phyu said...

မငုံရေ နောက်ကျသွားတဲ့ မွေးနေ့ဆုတောင်းကို ခွင်လွတ်

ပျော်ရွှင်စွာဖြင့် မိသားစု အတူတကွ သက်ကျော်ရာကျော် ရှည်ပါစေဗျာ

မငုံ မေမေ ကျန်းမာပါစေ

မင်းအိမ်ဖြူ

yehtutnaung said...

မိဘကို သိတတ်တဲ့ သမီး အလိမ္မာလေးမို့ 

ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို အမြဲတမ်း ပိုင်ဆိုင်နေမှာပါဗျာ။

နေညိုရင့်
(ခေတ္တပေါ်တော်မူ)

မငူံ said...

မငုံ>>>> မငုံရဲ့ မေ့ မွေးနေ့လေးကို လာရောက်ပြီး ဆုတောင်းပေးကြတဲ့ မောင်နှမများအားလုံးကို တအားကျေးဇူးတင်တယ်။ တအားလဲ ၀မ်းသာတာပဲ။ မငုံရဲ့ ငယ်ရုပ်ပုံကို ကြည့်ပြီး ချစ်စရာကောင်းတယ်လို့ ပြောပေးကြလို့ ကျေးဇူးနော့ :)) ဟုတ်တယ် ကိုသီဟသစ်ရေ..မငုံက ငယ်ရုပ်လုံးဝမပျောက်ဘူး။