နိုဝင်ဘာ ၂၄ရက် စနေနေ့ ညနေစောင်းမှာ ကောင်မလေးတယောက် လောကထဲရောက်လာတယ်။ အတော်ဂျီကျတတ်တဲ့ ၊ ကြံဖန်ဆိုးတတ်တဲ့သူ တစ်ယောက်အဖြစ်နဲ့ပေါ့။ ငယ်ငယ်တုန်းက ဆိုးလိုက်တာများ ညဆိုရင် ကောင်းကောင်းမအိပ်ရဘူး။ ဘယ်လိုမှ ချော့သိပ်လို့မရဘူးးတဲ့။ အိမ်ပေါ်ထပ်မှာ ရှိနေရင် အောက်ထပ်ဆင်းမယ် အောက်ထပ်ဆင်းမယ်နဲ့ အော်နေ ၊ အောက်ထပ်ရောက်တော့ အိမ်ပေါ်တက်မယ် အိမ်ပေါ်တက်မယ်နဲ့ သောင်းကျန်း၊ ညကြီးအချိန်မတော် ထမင်းစားမယ် ထအော်တယ်။ ဒီသမီးအကျင့်ဆိုးကို သိတဲ့ မိဘကလဲ နောက်နေ့ညတွေမှာလဲ နားပူနာဆာ လုပ်ဦးမယ်ဆိုတာ သိတော့ ကြိုတင်ပြီး အိပ်ရာဘေးချထားပေမဲ့ တကယ်လဲ တောင်းရော မီးဖိုခန်းက ထမင်းမှတဲ့။ ရိုက်သာရိုက်ပစ်လိုက်ဖို့ ကောင်းတယ် ။

ကျောင်းနေရမဲ့ အရွယ် လေးနှစ်ကျော် ငါးနှစ်အရောက်မှာလဲ ကျောင်းမသွားချင်ဘူး။ ပေတီးလုပ်လိုက်တာ ခြောက်နှစ်ကျော်မှ သူငယ်တန်း စတက်တယ်လေ။ ချော့တခါ ခြောက်တလှည့်နဲ့ အားလုံးရဲ့ ၀ိုင်းဝန်းကြီးကြပ်မှု့ကြောင့်သာ စာတော်တယ်ပေါ့။ စာသာတော်တယ်။ အူကြောင်ကြောင်ပါ။ ကျောင်းပြေးတယ်ဆိုတာ ဘာမှန်းမသိ။ ဆရာ ဆရာမတွေ ပြောပြောနေတဲ့ ကျောင်းပြေးတယ်ဆိုတဲ့ စကားလုံးကို သဘောကျပြီး ကျောင်းပြေးတယ်လေ။ ဘယ်လိုပြေးတာလဲဆိုတော့ အိမ်ကနေ ကျောင်းသွားချိန်ရောက်တော့ အမတွေက လွယ်အိတ်ယူပြီး သွားမယ်လုပ်တော့ ပေကပ်ကပ်နဲ့ထိုင်နေတယ်။ ဘာဖြစ်တာလဲလို့ စိတ်ပူပြီးမေးတော့ ကျောင်းပြေးပါမယ်ဆို ကျောင်းပြေးမယ်ဆို အော်အော်ပြီး ပတ်ပြေးနေတာလေ။ အဲ ကျောင်းတက်ချင်တော့လဲ သူ့လောက် တက်ချင်တဲ့သူမရှိဘူး. ကျောင်းသွားချင် လွန်တာများ လွယ်အိတ်မယူ ဘာမယူနဲ့ ကျောင်းဝတ်စုံလဲပြီး ကျောင်းကို မော့ကော့ပြီးထွက်သွားလိုက်တာ နောက်က လိုက်ပို့ရတဲ့အထိပဲပေါ့။

အရွယ်လေး နည်းနည်းပိုရောက်လာလေ ပေကပ်ကပ် ပိုလုပ်လာလေပဲ။ မျက်စိပါဝါအားက ပုလင်းဖင်လောက်ရှိနေပြီ။ မျက်မှန်မတပ်ပဲ ပေတေနေတယ်။ ဘယ်သူမှ ပြောမရတဲ့အဆုံး အားလုံးလက်လျော့ထားလိုက်ရတာများ ကျောင်အုပ်ဆရာမကြီအးပါအ၀င်ပေါ့။

ဒီကြားထဲ မရဏဖွားပီသစွာနဲ့ သေရင်မြေကြီး ရှင်ရင်ရွှေထီး လုပ်လိုက်သေးတယ်။ သေတော့ မသေခဲ့ဘူး။ ရွှေထီးလဲ မဆောင်းရသေးပါဘူး။( ဘယ်တော့ ဆောင်းရမယ်မသိ)။ သေလုမတတ်ဖြစ်နေတာကို ဆရာဝန်က အရည်လေးပဲ သောက်စေချင်တာကို ထမင်းမှထမင်း တခြားအချိန်ကျတော့ ထမင်းစားဆို မုန့်စားတယ်။ အခုလို ကျတော့ ထမင်းတဲ့။ ထမင်းမစားရရင်ပဲ မဖြစ်မဲ့ပုံအသွင်နဲ့ ကောက်တော်မူနေလိုက်တာ အဖေ့ခမျာ သနားလွန်းလို့ ချစ်လွန်းလို့ ထမင်းလေး နည်းနည်းကျွေးလိုက်မိတယ်။ ဆေးရုံကို တန်းပြေးရတော့တာပဲ။ အဲဒီကိစ္စက မပြီးပြတ်တာများ. မိဘနှစ်ပါးကို ရန်တိုက်ပေးသလိုဖြစ်သွားတယ်။

ဘ၀အတွက် အရေးကြီးတဲ့ အဆုံးအဖြတ် ဆယ်တန်းကျောင်းသူဘ၀မှာလဲ ငါတကောကော လိုက်တာများ.ကံကောင်းလို့ အောင်လာတာပေါ့။ အဲဒီနောက်ပိုင်းမှာ နည်းနည်း အကြောက်တရားပိုသွားပြီး ခင်းပေးတဲ့လမ်းကို အသာမျောပြီး လျှောက်လာလိုက်တာ ၂၅နှစ်ပြည့်အထိပဲ။ အဲဒီနောက်ပိုင်းကနေ အခုချိန်ထိ အများအမြင်မှာ သိပ်လိမ္မာတယ် ထင်ရ ၊ ပြောခံရပြီး အမှန်က လုပ်ချင်ရာစွတ်လုပ်နေဆဲ စိတ်ပူအောင်လုပ်နေဆဲပဲ။

ဒီလိုမွေးနေ့ရောက်တိုင်း လက်အုပ်ချီ ကန်တော့တာ ပိုကြာနေတတ်တယ်။ အပြစ်တွေ များလွန်းနေတယ်လေ။ ဘယ်တော့ခါမှများ ရင့်ကျပ်လာလေမလဲ ၊ စိတ်ပူတာလျော့မလဲလို့ မိဘနဲ့ အဘွား တွေးနေမလဲနာ်။ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေပြီး ပြက္ခဒိန်ကြည့်မှ မြန်မာမွေးနေ့ရက်လေးကို ကြည့်မိလို့ ဒါကြောင့် ညက မိသားစုဝင်တွေ အားလုံးကို အိပ်မက်မက်တာကိုးဆိုပြီး ကိုယ့်မွေးနေ့ကို အမှတ်ရနေတဲ့ အဝေးက မိသာစုကိုတော့ တအားလွမ်းမိသွားတယ်။ ပြီးတော့ အခုအသက်အရွယ်အထိ ဘာလုပ်ပြီးပြီးလဲ ။ ဘာအကျိုးကိစ္စဆောင်ရွက်ပေးဖူးလဲ။ အသက်သာ တနှစ်ကြီးသွားတယ်။ ဒီအချိုးတွေ မပြောင်းသေးပါလား။။ ဒီနှစ်လဲ ကိုယ်ဘာသာကိုယ်ဆန်းစစ်ပြီး ထုံးစံအတိုင်း SWOT Analysis လေး ချရေးပြီး တလွဲလုပ်ဦးမယ်ထင်တယ်။

မွေးနေ့လေးမှာ ကျေးဇူးတင်စကားလေးလဲ ပြောချင်တယ်။ ကိုးလလွယ် ဆယ်လဖွားပြီး ဒီနေ့အချိန်ထိ ကြီးပြင်းလာအောင် မွေးပေးတဲ့ မိဘနှစ်ပါး ၊ အမကြီးအမိအရာတွေ ပီသကြတဲ့ အမနှစ်ယောက် ၊ တစ်ဦးတည်းသော မောင်လေး ၊ မြေးတွေထဲမှာ အချစ်ဆုံးအဖြစ် ရွေးခဲ့တဲ့ ဘွား ၊ တူမဆိုပေမဲ့ သမီးအကြီးဆုံးတယောက်လို ယနေ့ထက်ထိ အချစ်ပိုပေးတဲ့ ပါးပါးနဲ့ မိုးမိုး ၊ နောက် စုစုစည်းစည်းနဲ့ ဘာဖြစ်ဖြစ် ၊ ဘယ်သွားသွား ၊ ဘာလုပ်လုပ် တအုပ်တမကြီး သွားကြ သိပ်ပြီး စည်းရုံးစရာမလိုတဲ့ ချစ်ရတဲ့ မောင်နှမတွေ ၊ စိတ်ကောက်တဲ့ ဆိုးနွဲ့တဲ့ဒဏ်တွေကို အများကြီး ခံပေးတဲ့ သူငယ်ချင်းတွေ ၊ အမြဲနားလည်ပေးတဲ့ ချစ်သူ ကိုစိုင်းနော်ခမ်း၊ နောက် ကျွန်မရဲ့ မိသားစုဝင်တွေရဲ့ မွေးနေ့ရက်လေးတွေမှာ တင်တဲ့ပိုစ့်တွေကို လာရောက်ပြီး ဆုတောင်းပေးကြတဲ့ ဘလော့ဂ်မောင်နှမများ ၊ ကြိုးစားပြီး ရေးသားဆဲ ပိုစ့်များကို လာရောက်ပြီးဖတ်ပေး၊ အိမ်လေးကို လာလည်ပေးကြတဲ့ မောင်နှမများ အားလုံး အားလုံး (ကျန်ခဲ့တာ ရှိရင် ခွင့်လွှတ်နော်) ကျေးဇူး တအားတင်ပါတယ်။ မွေးနေ့လေးမှာ ဘာနဲ့မှလဲ ဧည့်မခံရဘူး။ ကျွန်မရဲ့ ပြောင်မြောက်လှတဲ့ ငယ်ရုပ်ဘ၀ကို လာရောက် အားပေးကြတဲ့ မောင်နှမများကို ဧည့်ခံချင်သေးတယ်။ ဒီတော့ ပိတ်ရက်လေးမှာ မွေးနေ့အတွက် ပြင်ဆင်ပြီး မောင်နှမတွေကို ဧည့်ခံပါဦးမယ်။

34 comments:

နော်ခမ်း said...

ပိယိင်းရေ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ... မွေးနေ့ကစပြီး စိတ်ချမ်းသာမှုလေးတွေနဲ့ အမြဲတမ်း ပြုံးရယ်နိုင်ပါစေဗျာ...

thandar said...

တစ်ကွ..........ရပီ

thandar said...

ရေးဘူးသူ့မောင်ကိုအစအဆုံးထိုင်စောင့်ပီးမှတင်တာ မတရာလို့ရေဘူး

သန္တာ said...

အေး...ဘ၀နဲ့ ဆန္ဒတစ်ထပ်တည်းကျပါစေ...ဟွန်းမွေးနေ့မို့ချော့လိုက်တာ ဒါပဲ အစကတစ်ရရင်တော့ အများကြီးတောင်းပေးမို့ပဲ ခုတော့ဒါပဲ...:P

Sein Lyan Tun said...

နှလုံးသား အလိုကျ
ဘဝရဲ့ တစ်သက်တာမှာ
အိပ်မက်လေးတစ်ခု
လှပစွာ ထုဆစ်ခွင့်ရခဲ့သောအခါ....


နှလုံးသားအလိုကျ
ဘဝရဲ့ တစ်သက်တာမှာ
ခိုလှုံရာနေရာလေးတစ်ခုဟာ
ချစ်သူ့ ရင်ခွင် ဖြစ်လာတဲ့အခါ...

နှလုံးသားအလိုကျ
ဘဝရဲ့တစ်သက်တာမှာ
အလိုဆန္ဒရှိတဲ့အတိုင်း
အရာရာကို အနုပညာမြောက်စွာ
စီရင် ဖန်တီးနိုင်သောအခါ...

နှလုံးသားအလိုကျ
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမှာ
ကန္တာရ မှာ မိုးရေစက်တွေ
မဆုံးတမ်း ရွာသွန်းစေခဲ့သောအခါ...

မွေးနေ့ရှင် အလိုကျ
သူ့ဘဝ သူ့ စိတ်အလှကို
အရောင်တင် နှလုံးသွေးနဲ့
ဆေးခြယ်သခွင့် ရခဲ့သောအခါ....

အရာရာဟာ မွေးနေ့ရှင်အတွက်တော့
အမြဲတမ်း.....
ပီတိ ဖြစ်ရပေါ့...



မငုံရေ... ကျန်းမာပျော်ရွင် စိတ်ချမ်းသာစွာနဲ့ချစ်တဲ့သူနဲ့ တစ်သက်လုံး မခွဲမခွာ နေနိုင်ပါစေ..
မွေးနေ့မှာ ပျော်ရွင်ပါစေ..

ရင်ထဲက ဆုတောင်းပေးခဲ့ပါတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

Wish You Many Happy Return Of The Day
ဒီလို အစ်မ ရဲ့ နေ့ထူးနေ့မြတ်လေးက နေစလို့ နောက် ရာက်လာကြမယ့် နေ့သစ်တွေတိုင်းမှာ
သာယာအေးမြကြည်လင်သော စိတ်နှလုံးကို ရရှိပိုင်ဆိုင်နိုင်
ပြီး ကျန်းမာရွှင်လန်း စွာ ချစ်ရသောသူများနဲ့
ပျော်ပါစေ ခင်ဗျာ..
အလွန်ပျော်စရာကောင်းတဲ့ မွေးနေ့လေးပါပဲ ...

(ဘာအစီအစဉ်ရှိပါသလဲ ခင်ဗျာ ..မျှော် နေပါ တယ်နော.း-)

ကိုရဲ said...

SORRY အစ်မ ။ ငါတောင်းပန်ပါတရ်ဟာ ။ ငါနင့်မွေးနေ့ ပို့စ်တင်မယ်မှန်း မသိလိုက်ဘူး ။ ငါထင်တာက ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နင်ပြောတဲ့ ဓါတ်ပုံတွေနဲ့ ပို့စ်တင်မယ်မှတ်လို့ နင့်ကိုမေးလိုက်တာ ။ နင်ကခဏနေမှတင်မယ်ဆိုလို့ ငါလည်း ညကျမှလာမလို့ဟ ။ ဒီနေ့ ကျောင်းမှာလည်း အဆူခံထိလာတရ်လေ ။ အဲဒါနဲ့ စာအုပ်ပြန်ရှာပြီး စာလုပ်နေတာ ။ နင့်မွေးနေ့ကို အသိအမှတ်မပြုတာမှမဟုတ်ပဲ ။ နင့်မွေးနေ့မှန်းသိရင် နောက်မှလုပ်မှာပေါ့ ။ အရင်လာမှာပေါ့ ။ စိတ်မဆိုးပါနဲ့ဟာ ။နော်....။

Happy Birthday အစ်မ ။ ယနေ့ကျရောက်တဲ့ နင့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ ။ လိုအင်ဆန္ဒပြည့်ဝပါစေ ။ နင်ချစ်တဲ့ မောင်(ကိုနော်ခမ်း)နဲ့လည်း ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော် ။ ငါဆုတောင်းပေးနေပါတရ် ။

အကို့နားငါမေးကြည့်ပြီးပြီ ။ နင်ငါ့ကိုတင်းပြီး အိပ်သွားတရ်လို့ပြောတရ် ။ ဆောရီးဟာ ။ နော် ငါတစ်ကယ်တောင်းပန်တရ် ။ စိတ်မဆိုးနဲ့နော် အမ ။ ဘာလည်း ငါ့မွေးနေ့တုန်းက နင်နဲ့ငါ ရန်ဖြစ်ခဲ့လို့ နင့်မွေးနေ့မှာ ကောက်တာလား :D ။ ချောတီးချောတီး လူဂျီးဆိုတာ စိတ်ဆိုး စိတ်ကောက်ရဘူးတဲ့ ။ ရုပ်ဆိုးပြီး ကုလားကြီးနဲ့ညားတတ်တရ် ။ မွေးနေ့မှာ စိတ်ဆိုးကောင်းဘူး ။ နော် ပျော်ပျော်နေ ။

HAPPY BIRTHDAY အစ်မ

(ငရဲ)

ကျောပိုးအိတ် said...

မွေးနေ့ မှာ ပျော်ရွှင်ပါစေအမရေ။
း)

ဂျပန်ကောင်လေး said...

ံဟက်ပီးဘဒ်ဒေးးးးးးးးးးးးးးးးးးးးးး... အခုတော့ မဆိုးတော့ဘူးမလား...း)... ဟိုင့်ယူလီဆေကမ်းခု

ရေတမာ said...

ပျော်ရွင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ မကြီးငုံရေ

mosquito said...

ငုံကြီးရေ..... ဟတ်ပီးဘသ်ဒေး... အလုပ်မပြေးခင်လေးတွေ့လို့ဝင်လာတာ... ဘာလက်ဆောင်ပေးရမလဲ ငုံကြီးလေးရေ.....

ညမှ ပြန်လာဖတ်အူးမယ်ကွ...

အိုက်ခီလောက် said...

အမေ ပျှော်ရွှင်ပါစေနော်
ချစ်တဲ့လူနဲ့ လည်း အတူပေါင်းဖက်ပြီးဆုံစည်းနိုင်ပါစေ
မိသားစုတွေ နဲ့ ပြုံးပျှော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်
မွေးနေ့ မှ စပြီး အလုပ်အကိုင် အဆင်ပြေ ကြီးပွားတိုးတက်ပါစေနော်
ဟက်ပီးဘတ်ဒေးပါ အမ

ကောင်းကင်ပြာ said...

Happy Birthday ငုံလေးးးး မွေးနေ့မှ စ နောင်နှစ်၁၀၀ ပျော်ရွှင်သာယာ သော ဘ၀လေး ပိုင်ဆိုင်ပါစေနော်...း)

တောင်ပေါ်သား said...

ပျော်ရွှင်ဖွယ် မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ချစ်သော မိသားစု၊ ချစ်သူ နဲ့ တသက်လုံး ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဘ၀မှာလိုတိုင်းရပြီး သာယာမူတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်အမရေ

လေးစားလျက်
တောင်ပေါ်သား

naylin said...

မွေးနေ့မှာပျော်ရွှင်ပါစေ၊

kiki said...

ပျော်စရာ မွေးနေ့ လေးဖြစ်ပါစေ မြေးလေး ငုံရေ ။
နောင်လာမဲ့  နှစ်ပေါင်းများစွာ မှာလည်း ချစ်တဲ့ သူတွေနဲ့  ဘဝကို ပျော်ရွှင်ချမ်းမြေ့ စွာ ဖြတ်သန်းနိုင်ပါစေ ။

နှင်းနဲ့မာယာ said...

ဒီတစ်ခါတော့ အီစဖေကို နောက်ကျတွားပီ...
စိတ်မကော်းလိုက်ထှာ
ကောမန့်လဲ နောက်ကျ
Birthday Wish ကလဲ နောက်ကျ...
ဒါပေမယ့်
မွေးနေ့ကျရင် စောစောလာပြီး
ရှမ်းတို့ဟူးကျိုပေးပါ့မယ် ကတိ....

ချစ်သောငုံ မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
ချစ်သောသူနဲ့ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေနော်...

နှင်း

Beauty Studio USA Branded Store said...

ဟို......ဟိုးးးးးးးးးးးးးHappy Birthdayပါ မငုံရေ။စားရကံတော့ ကြုံဦးမပေါ့။ ရွှေထီးလက်ဆောင်လေးပါးလိုက်ဦးမယ်ဗျာ။

မြစ်ကျိုးအင်း said...

အသက်ရှည်ပြီး အနာမဲ့ပါစေ

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိင်ပါစေ ဗျာ

ချစ်တဲ့သူနဲ့ ဘ၀သက်ဆုံးတိုင် ပေါင်းရပြီး ချစ်တဲ့ မိသားစု နဲ့ အတူတကွ ပျော်ရွှင်နိင်ပါစေဗျာ

ခင်မင်စွာ ဆုတောင်းပေးပါတယ်

Anonymous said...

ရှမ်းမလေးတွေ ပေါတယ်၊ ချောတယ် ဆိုတဲ့ 
မောမြေမြင့် မှ မိတ်ဆွေရေ....
ပျော်ရွှင်ကြည်နူးဖွယ်မွေးနေ့ လေးပေါင်း မြောက်မြားစွာ
ပိုင်ဆိုင်နိုင်ပါစေ...



May you be fulfilled with all your noble desires.

ရွှင်လန်းချမ်းမြေ့ ပါစေ...

ခီခန့် said...

နယိင်းဖူးရေ... ပျော်ရွင်သော.. မွေးနေ့ဖြစ်ပါစေနော့...
ပီအိုက်နော်ခမ်းနဲ့.. ပျော်ရွင်သော... ဘ၀ကို အမြန်တည်ဆောက်နိုင်ကြပါစေ..။ မဆုတောင်းတတ်လို့.. ဒီလောက်လေးပဲဆုတောင်းပေးလိုက်မယ်နော့...။

Yu Ya said...

မွေးနေ့မှာ လိုရာဆုတွေ အားလုံးပြည့်ပါစေဗျာ။

yu ya

Ree Noe Mann said...

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေဗျာ။

ခင်တဲ့ ရီနို

မောင်သီဟ said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေဗျာ
ကိုချမ်းလင်းနေဆီက မွေးနေ့ဆုတောင်းလေးတွေ့ပြီး
လိုက်လာတာပါ
ထာဝရပျော်ရွှင်မှု့အပေါင်းကိုပိုင်ဆိုင်ပါစေဗျာ
း)

မိုးစက်အိမ် said...

မကြီးငုံရေ ပျော်ရွှင်သောမွေးနေ့ ရက်မြတ်လေးဖြစ်ပါ
စေဗျာ . . . ခုမှလာတာနောက်တောင်ကျနေလားမသိ
ဘူး အနော်လည်းခုမှ သိလို့ ပါ . . . လက်ဆောင်က
Europe လောက်အထိ သွားဝယ်မလို့  လေယာဉ် အချိန်မမှီတော့လို့ လက်ချည်းဘဲလာလိုက်တော့တယ် :P Happy Birthday ပါနော် . . .

နေဒေးသစ် said...

မငုံ မွေးနေ့ ...
အသက် တစ်နှစ်ကြီးပြီ ..
တစ်နှစ်ကထက် ပိုပြီး ရင့်ကျက်လာပြီ ..
အရင်ကထက် အပေါင်းအသင်း အသိမိတ်ဆွေ ချစ်သူ ခင်သူ ပေါများလာခဲ့ပြီ ..

အသက် တစ်နှစ် ကြီးတိုင်း ၊ မွေးနေ့ တစ်ရက်ရောက်တိုင်း .. ရင့်ကျက်ပြည့်စုံမှု အကုန် ၊ ခမ်းနားထည်ဝါမှု အစုံနဲ့ အနာဂတ်နေ့ရက်သစ်တိုင်း ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းရပ်တည်နိုင်ပါစေ ..

နေဒေးသစ်။

သီဟသစ် said...

မငုံရေ

Happy Birthday ပါဗျာ

:)

အောင်မြင်ပျော်ရွှင်ပါစေဗျာ



ခင်မင်စွာဖြင့်
သီဟသစ်

သမီးပျို said...

သူ့ဘဲဘဲက တစ်တဲ့ ။ ပီယင်းဆိုတာ ဘာအဓိပ္ပယ်တော့ မသိ ။ ချစ်လို့စတာ မငုံရေ.....

ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မငုံချစ်တဲ့ နော်စိုင်းခမ်းနဲ့ ပျော်ရွှင်စွာ အတူတကွ စိတ်အေးချမ်းသာ စွာ ပေါင်းသင်းပျော်ရွင်နိုင်ပါစေနော်..
မငုံဆန္ဒတွေလည်း အားလုံးပြည့်ဝလို့ အေးချမ်းတဲ့မိသားစုနဲ့ နေနိုင်ပါစေနော် မငုံ...

ကိုလူထွေး said...

မွေးနေ့မှာသည် နောင်နှစ်ပေါင်းရာကျော်တိုင် ပျော်ရွှင်အေးမြမှုတွေကို ဆွတ်ခူး ပိုင်ဆိုင်နိုင်ပါစေ ဖူးဖူးမငုံရေ...


းဝ)

ဇော် said...

ဟီး .. တူ့မောင်က ၁ဆို ကျနော်က ဘိတ်ကနေ ၁ယူမှာကွ .. ဘယ်ရမလဲ .. ငဇော်တဲ့ .. ၂ဇော်ရှိရင် ထိုင်ရှိခိုးပြီး တောင်းပန်မှာချို .. ငှဲငှဲ ..
ဟေ့လူ .. ကိုနော်ခမ်း .. ခညားက မငုံကို တစ်ရင် ကျနော်ကလဲ တစ်ပါတယ်ဗျ .. ဘိတ်ဆုံးကနေ .. ခိခိ ..
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျိုးးး ..
ကျနော်အရင်နမ်းပြီးမှ ကိုနော်ခမ်းကြီးနမ်းရပါစေ ..
သက်တော်ရာကျော်ရှည်ပြီး ကလေးတစ်ဒါဇင်ကို ပြုစုပျိုးထောင်နိုင်ပါစေ ..
ဒီစုံတွဲလဲ အိုအောင်မင်းအောင် ကျနော့်ကို ပိုက်ဆံချေးနိုင်ပါစေ .. ခိခိ

အလကားချစ်ရို့ချယာ .. ချိတ်ချိုးရ၀ူးနော် .. ငယ်ဘ၀ဆိုးတယ်ဆိုတာတွေကို ယုံဝူးဂျ .. မငုံက အားကြီးစကားများတာရယ် .. သူ့အသံချည်းပဲ .. ဟွင်း ..
တော်ပြီ .. မောနင်းဒျူတီဂျ .. မွေးနေ့အတွက် အာဘွား .. ရှလွတ် .. ပြွတ်စ် ...

ကြယ်ပြာ said...

မငုံလေးရေ ....

ခုမှရောက်တယ် ... တစ်ရက်တော့နောက်ကျသွားပြီနော ...
မငုံရဲ့ အဆိုးလေးတွေဖတ်ပြီး ပြုံးမိတယ် ...
မငုံရေ ... အခက်အခဲတွေ့တိုင်း စိတ်ဓာတ်မကျပဲအောင်မြင်စွာကျော်ဖြတ်နိုင်ပါစေ ...ချစ်သူနဲ့လည်း အမြန်ဆုံးနီးပါစေလို့ဆုတောင်းပေးပါတယ် ....

ချစ်တဲ့
ကြယ်ပြာ

ဗျတ်ဇ said...

မငုံ ရေ .. ဟတ်ပီးဘတ်ဒေး ပါနော်။ အခုပဲ ဂျူမဲရား ဘိခ်ျ ကိုလာမလို.။

မင်းအိမ်ဖြူ Minn Eain Phyu said...

မငုံရေ

နောက်ကျတဲ့ မွေးနေ့ဆုတောင်းအတွက် ခွင့်လွှတ်ဗျာ

ပျော်ရွှင်စရာ ဘ၀တစ်ခုကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ၊၊

မင်းအိမ်ဖြူ