



( အဖြူရောင်သံစဉ် ရေဒီယိုကနေပြီး မွေးနေ့သီချင်း တောင်းပြီး လက်ဆောင်ပေးတဲ့ မောင်ငယ်အဆိပ်ခွက်အတွက် စပယ်ရှယ် ငရုတ်သီးများများနဲ့ :)) )

မွေးနေ့ အထိမ်းအမှတ်လေးအဖြစ် မောင်နှမသူငယ်ချင်းတွေကို ကျွန်မ တစ်ခုခု ကိုယ်တိုင်လုပ်ကျွေးချင်တာနဲ့ ကျွန်မအကြိုက်ဆုံး အစားအစာကို ကိုယ်တိုင် လုပ်ကျွေးခဲ့တယ်။ ဒီအာလူးထမင်းနယ်ကို ကျွန်မအဖေ ခဏခဏ လုပ်ကျွေးပါတယ်။ ရှမ်းထမင်းနယ် ပါပဲ။ ဒါပေမဲ့ ကျွန်မက အာလူးထဲ့နယ်လိုက်လို့ပါ။ ရှမ်းထမင်း အစစ်ကျတော့ ထမင်းနဲ့ ခရမ်းချဉ်သီးအနှစ်သာ ထဲ့နယ်တာပါ။ အင်းသားများ လုပ်နည်းကတော့ ငါးကိုဆီသတ်ပြီး အပေါ်မှာ ဖြူးလိုက်ပါသေးတယ်။
လုပ်နည်းလေးက လွယ်လွယ်လေး...
ထမင်းခပ်ပျော့ပျော့လေးချက်ထားတယ် ( နယ်ရတာ လွယ်အောင်လို့ပါ)။ ပြီးတော့ အာလူးပြုတ် ၊ ခရမ်းချဉ်သီးကို အရောင်တင်မှုန့် ၊ ဆနွင်းတို့နဲ့ ဆီနည်းနည်းလေးပဲ ထဲ့ပြီး ရေနဲ့ပဲ ပြုတ်ပြီး အနှစ်ချက်လိုက်တယ်လေ။
အဲဒါတွေ အားလုံး အဆင်သင့်ဖြစ်တာနဲ့ အားလုံးကို ဆား ၊ ဟင်းချိုမှုန့် ၊ ကြက်သွန်ဖြု ဆီချက်တို့နဲ့ ရောသမနယ်လိုက်ပါတော့တယ်။ ခပ်နာနာလေး နယ်လိုက်ပါတော့တယ်။ လက်တော့ အတော်ညောင်းတယ်။ :)
26.11.2009 ည open beach မှာ လုပ်တဲ့ ပွဲလေးကို အမ်စီယူုပြီး လာပါဆိုတာ မလာနိုင်ခဲ့ကြတဲ့ (ဖုန်းနဲ့ပဲ သူများပျော်တာ ပျော်နိုင်တဲ့ )ကိုဖြိုး ( လင်းကြယ်ဖြူ) ၊ မောင်ဝေယံ ၊ ကိုပီတာ ၊ အဝေးရောက် သမီးပျို နဲ့ အိန်ဂျယ် တို့နဲ့ မွေးနေ့ အကျွေးအမွေးအဖြစ် ဘလော့ဂ်ဂါ မောင်နှမတွေကိုဧည့်ခံလိုက်တယ်နော်။ မနှင်း(နှင်းနဲ့မာယာ)ရဲ့ တို့ဟူးကြော်းလေးအတွက် ကျေးဇူးပါ။ မွေးနေ့ဆုတောင်းများအတွက် မောင်နှမများအားလုံး ကျေးဇူးတင်ပါတယ်။

( မောင်နှမများရဲ့ မွေးနေ့လက်ဆောင်လေးတွေပေါ့ )
15 comments:
တွေ့ တာနဲ့ ထမင်းနယ် လုပ်ကျွေးဖို့သာ ပြင်ပေတော့ ပိယိင်းရေ
လွတ်သွားပါတယ်..သို့သော်..စိမရှိပါ..
မကျေပွဲ နွှဲရန် အပြင်းအထန် ပြင်ဆင်နေပါတယ်...
နောက်တစ်ခါ နယ် ဖို့သာကြိုးစားထားပါလေခင်ဗျားး....
မြင်ရတာ စားချင်လိုက်တာ..
ပြီးတော့ ဟိုလူတွေကို မနာလိုဘူးဗျာ....
နောက်တစ်ပွဲလုပ်ပေး....း )
ပျော်ပါစေ
လေးစားစွာ
ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု ဂလု
အာလူးထမင်းနယ်လေး ကြိုက်တယ်။ ဟဲဟိုး အားလူးနဲ့ ခရမ်းချဉ်သီးနဲ့ဆို အကောင်းဆုံးပဲ။
လှပတဲ့ ဒီဇင်ဘာနေ့တွေ ပိုင်ဆိုင်နိုင်ပါစေ
ခင်မင်စွာနဲ့
စားချင်လိုက်တာ .. အင်းထဲက ငါးထမင်းနယ် နဲ့ ဂျူးမြစ် နဲ့ ကြက်သွန်ဖြူ နဲ့ .. တိုဖူး နှစ်ပြန်ကြော် နဲ့  ၊ ရေနွေးကြမ်း နဲ့ ..... အားးးးး ကယ်တော်မူကြပါ ...
ရှမ်းထမင်းချဉ်... ကျနော် သိပ်ကြိုက်...
လုပ်စားအုံးမှပဲ။
ကျနော်တို့ဆီက လုပ်နည်း ကတော့ ခရမ်းချဉ်သီး ပြုတ်၊ အာလူး ပြုတ်ပြီး အခွံနွှာထား။ ပီးရင် ဆားကို လိုသလောက်ထည့်ပြီး ထမင်းနဲ့ အဲတာတွေကို ရောနယ်။ နောက်တော့ ပဲပုပ် နဲ့ ပြေမဲဆံကို ချက်၊ ကြက်သွန်ဖြူ/ကြက်သွန်နီ ဆီချက်လေးဆမ်း..။
ဂျူးမြစ်လေးဓ ငရုပ်သီး အပွခြောက်ကြော်လေး အတောင့်လိုက်နဲ့ တွဲစား။
ပြောရင်းတောင် သွားရည်ကျလာဘီဗျာ။
မွေးနေ့ကို နောက်ကျပီးမှ ရောက်လာရတာ စိတ်မကောင်းဘူး မငုံရေ။
ဒါနဲ့ ကျန်သမျှ အကုန်စားသွားပီး ပြန်ပြီဗျို့။
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။
ကျွန်တော်တို့ က နတ်မဖြစ်သေးဘူးဗျာ....
ဒီတော့ ပုံလေးတွေနဲ့ တင်တော့ မကျွေးပါနဲ့ ဗျို့ ....
ဟဲဟဲ....
ကြိုက်တယ်.. ကြိုက်မှကြိုက် အမေ ခဏခဏ လုပ်ကျွေးတာ.. ခုတောင် ပြောရင်း စားချင်လာပြိး..... တကယ် စားချင်တာနော်.... စိတ်မနည်းထိန်းထားရတာဟွန့်ဟွန့်... မွေးနေ့မှ စပြီ.. ပျော်ရွှင်ပါစေနော်...း)
မောင်ငယ်
အဆိပ်ခွက်
ခရမ်းချဉ်သီးအနှစ်နဲ့ ထမင်းချဉ်တော့ကြိုက်တယ်...
အာလူးနဲ့နယ်တာတော့ အခုမှကြားဖူးတာ...
း)
အမေရေ.......... တူရက်စက်တယ်ဗျ..... ဂလု...
စားလို့တော့ကောင်းတယ်...
ဒါပေမယ့် စားရတာ မဝသလိုပဲ....
နောက်တစ်ခါ ထပ်လုပ်ကျွေးပါ..
နှင်း
အင်းလေးဖောင်တော်ဦးမှာတော့ ငါးထမင်း စားဖူးတယ်။ မစားဖူးလို့မှာလိုက်တာ ပထမဆုံး တလုတ်ကို စစားဖို့အားယူလိုက်ရသေးတယ်။
အာလူးနဲ့ဆိုလည်း နယ်ရတာ လက်တော်တော် ညောင်းနိင်တယ်နော်။ထမင်းသုတ်တော့ ကြိုက်တယ်း)
တကယ်စားကောင်းတဲ့ ရှမ်းအာလူးထမင်းနယ်ဗျာ။ မမေ့နိုင်စရာနေ့လေးပါ။ =)
ထမင်းလည်းစားမယ် အရုပ်တွေလည်းလုသွားတယ်။း))
ဒါပဲး))ကျေနပ်ရင်လာအော်တော့
စားချင်လိုက်ထှာ.. တောက်..တော်တော်စားလို့ ကောင်းမဲ့ပုံပဲနော်.. တခါတခေါက်တော့ အဲဒီလာလည်ဦးမှပဲ .... မငုံလက်ရာ ဘယ်လိုနေလဲ စားကြည့်ချင်လို့...ထမင်းဟင်းပြောတာနော်၊ တကယ်လက်ရာ မဟုတ်ဘူး။
Post a Comment