ကျွန်မရဲ့ ကန္တာရမိုးစက်များက နဂိုကတည်းက စာအရေးအသား မကျွမ်းကျင်မှု့ ၊ ဗဟုသုတ နည်းပါးနေမှု့တွေကြောင့် သူတစ်ပါးကို ပညာရသွားစေမဲ့ စာမျိုးမရေးတတ်တော့ ကျွန်မရဲ့ ဒိုင်ယာရီ မှတ်တမ်း၊ ကျွန်မရဲ့ စိတ်ခံစားမှု့ ရသမျှကိုသာ ရေးနေကျဆိုတော့ အခုလဲ ဖိအားဒဏ်ကို မခံနိုင်တော့လို့ ချရေးလိုက်ပြန်ပြီနော်။
အခုတစ်လော ကျွန်မတစ်ယောက် အလုပ်မှာ ဖိအားတွေများလွန်းလို့ ခေါင်းတွေပေါက်ထွက်မတတ် နာကျင်နေရတယ်။ ကမ္ဘာ့ စီးပွားရေးကျဆင်းမှု့ကြောင့် နိုင်ငံတိုင်း.ကုမ္ပဏီအချို့ ပိတ်သိမ်းခြင်း ၊ အလုပ်သမား လျော့ချခြင်းကြောင့် အလုပ်လက်မဲ့မှု့တွေ များလာခြင်း ရှိသလို၊ ကုမ္ပဏီကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းနေရ၊ကြိုးစားနေတာတွေ အများကြီးပါ။ ကုမ္ပဏီတိုင်း အနည်းအများ ထိခိုက်မှု့ ရှိကြတော့ ကျွန်မတို့ ကုမ္ပဏီကိုလည်း မယိုင်လဲအောင် အားလုံးတတ်အားစွမ်းသမျှနဲ့ ၊လူတိုင်း ဖိအားတွေနဲ့ ကြိုးစားနေကြပါတယ်။ အဲဒီတော့ ကျွန်မမှာ သူဌေးမကပေးတဲ့ ဖိအား၊ ကျန်ဝန်ထမ်းတွေ အပေါ် စီမံခန့်ခွဲရမှု့ အပြင် ရုံးအသုံးစရိတ်မျှတနေအောင်၊ ချွေတာရေးစီမံကိန်းကို ကိုယ်ဥာဏ်မှီသလောက်လေးနဲ့ ထိန်းနေရတဲ့ ဖိအားတွေ၊ အခြားအခြား.ဖိအားတွေ တအားများနေတယ်။ တစ်ခါတစ်လေများ စိတ်တောင်ပျက်မိတယ်။ အဲဒီချိန်ဆို အိမ်ကိုပိုလွမ်းမိတယ်။ကျွန်မဘ၀ ၂ရနှစ်ကျော်ကျော် ၂၈နှစ်အထိ ပညာသင်ကြားနေခြင်းနဲ့သာ အချိန်ကို အသုံးပြုနေခဲ့တော့ ဖိအားဆိုတာ စာမေးပွဲ ဖြေခါနီးလောက်မှသာရတဲ့ စာမေးပွဲ မဖြေနိုင်မှာ စိုးရိမ်တဲ့ ဖိအားသေးသေးလေးကို အကြီးကြီးထင်ပြီး သောင်းကျန်းနေခဲ့မိတယ်။ စာမရရင် အိမ်ကမိသားစုတွေကို မျက်နှာစူပုတ်ပုတ်နဲ့ ရစ်နေတတ်တဲ့ ကျွန်မ အခုတော့ တကယ့် ပြသာနာကြီးနဲ့ နဖူးတွေ့ ဒူးတွေ့မှ သေချင်စိတ်တောင်ပေါက်မိတယ်။ မိသားစုနဲ့ အဝေးမှာနေရတော့ပိုဆိုးတယ်။ မျက်ရည်ကျရုံကလွဲ ဘာမှမတတ်နိုင်ဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်းမို့ ကြိုးစား ဆက်လျှောက်ရပေဦးမယ်။
ဒီတော့ ဒီဖိအားဒဏ်ကို ဘယ်လိုလျော့နည်းအောင် လုပ်ရမလဲ ဆိုတာမသိတော့ဘူး။ ကိုယ်စိတ်ထဲရှိတာလေးကိုပဲ ပျော်အောင်ရှာကြံ လုပ်တော့တာပါပဲ။ အစည်းအဝေးပြီးမှ အိမ်ပြန်ရတဲ့နေ့တွေဆို အရင်က ပုံမှန် ၈နာရီမထိုးခင် အိမ်ရောက်တတ်တဲ့ အချိန်က ခုတေှာ့ ရုံးကထွက်လာရတဲ့ အချိန်လို ဖြစ်နေပြီ။ မွန်းကြပ်လွန်းလို့ အိမ်အပြန်လမ်းက ( လမ်းထိပ်က) ကလေးကစားကွင်းဆီ ၀င်ပြီး ဒန်းစီးနေလိုက်တယ်။ အိမ်ေ၇ာက်၇င် အွန်လိုင်းပေါ်တက်ပြီး သူငယ်ချင်းတစ်အုပ်နဲ့ စနောက်နေလိုက်နဲ့ပဲ ဒီ ဖိစီးနေတဲ့ ဖိအားဒဏ်ကို လျော့ချနေရတယ်။ သီချင်းနားထောင်လိုက်တယ။်၊ တရားနာလိုက်တာကတော့ အကောင်းဆုံးပါပဲ။ စိတ်ငြိမ်တာပေါ့။နောက်တစ်နေ့ မနက် ရုံးသွား၇မှာကို ကြောက်မိတဲ့ရက်တွေလဲ ရှိပါတယ်။ မလွယ်ဘူးနော်။ အားလုံးသော သူငယ်ချင်းတွေလဲ ခံစားနေရမယ်ဆိုတာ သဘောပေါက်တယ်။ ကိုယ်တိုင်ရွေးချယ်ထာြး့ပီးသား လမ်းဆိုတော့လဲ ဆက်လျှောက်ရပေဦးမှာပေါ့နော်။
ဒိလိုဖိအားတွေက တစ်စုံတစ်ယောက်ဆီသို့ ပေါက်ကွဲ အော်မိလိုက်ရင် မှားသလား...?
ချစ်သူများနေ့တဲ့ ။ ဟဟဟ ရယ်ချင်တယ် ကိုယ့် အတွက်ကတော့။ ဖေဖော်ဝါရီ ၁၄ရက်နေ့ကို ရောက်တဲ့ နာရီချိန်လေးမှာ ကျွန်မ အလေးထားရဆုံးသော သူတစ်ယောက်နဲ့ အပြီးခွဲရတယ်။ မျက်ရည်လွယ်တဲ့ ကျွန်မ ဘာလို့များ မျက်ရည်တစ်စက် ကျမလာတာလဲ မသိဘူး။ ထစ်ခနဲ ငိုဖို့ ၀န်မလေးတဲ့ မျက်ရည်ကျလွယ်တဲ့ ကျွန်မ ငိုလို့မရနေဘူး။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ မသိပေမဲ့၊ ပြန်အော်မိ၊ ပြန်ပြောဖို့ ၀န်မလေးလိုက်မိတာ အမှန်ပဲ။
တော်ပြီကွာ။။။။ချစ်သူများနေ့လေးမှာ ကိုယ့် သူငယ်ချင်းပေါင်းသင်းတွေ ပျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဖိအားတွေ လျော့ချနည်း ရှိရင်လည်း ဝေမျှပါဦး။။။။။။

3 comments:

နေလင်း said...

ဒီလောက်အလုပ်များနေတာ ချစ်သူများနေ့ကို ပျော်ချင်သေးတယ်လား..
ချစ်သူရှိရင် အချိန်မပေးနိုင်လို့ စိတ်ညစ်နေရအုံးမယ်...
ဒီထက်ပိုပြီး အိမ်ထောင်ကျရင် ပိုလို့တောင် ဖိစီးမှုများအုံးမယ်..ဟီး
ပြောသာပြောရတာ..အဲဒီပင်ပန်းတဲ့ စိတ်တွေက ချစ်သူဆီက အကြင်နာစကားတစ်ခွန်းကြားလိုက်ရင် ပြေတယ်သိလားကွ..ကိုယ်တွေ့..:D
ဖိအားလျော့ချနည်းတော့ ဒီလိုလုပ်ရင်ပြေမယ်လို့ အတိအကျမသိဘူး..ဖတ်ဖူးထားတာကတော့ အလုပ်ချိန်ပဲ အလုပ်လုပ်ပေါ့..အလုပ်ချိန်ပြင်ပမှာ အားလုံးကို မေ့ထားပြီး ဘ၀သစ်နဲ့နေပေါ့..ကိုယ်ရွေးတဲ့လမ်းပဲမလား..ကိုယ်လုပ်ချင်တာ လုပ်နေရတာပဲ..အများကြီးတော်ပါသေးတယ်..ဟဲဟဲ
လောဘမကြီးနဲ့လေ..လောဘလျော့ပါ...
အဓိကကတော့ အလေးအထားရဆုံးသူဆိုတာနဲ့ အပြီးခွဲနေရလို့ ပေါက်ထွက်လာတာလို့ပဲထင်ပါတယ်..ဟဲဟဲ မှန်တယ်မလား..
ပျော်ရွှင်ပါစေ

နေလင်း( တောင်ကြီးချယ်ရီ)

Unknown said...

မရေ
ဖိအားများတဲ့...။ကောင်းလိုက်တဲ့ခေါင်းစဉ်လေး။အရမ်းသဘောကျတယ်...ကိုယ်နဲ့
လည်းတိုက်ဆိုင်နေတယ်။ လူတိုင်းခံစားနေရတာပါ မတစ်ယောက်တည်းလို့ မထင်စေချင်ဘူး။ ဘယ်နေရာပဲရောက်ရောက် ဖိအားကရှိနေမယ်လို့ထင်ပါတယ်။အော်မိတ်ဆက်ဖို့မေ့နေတယ် လမင်းပါ ဆုံဆည်းရာကပါ။အားတင်းထားနော် အဆင်ပြေသွားမှာပါ။ ပျော်ရွှင်ပါစေ။
လမင်းး)

Unknown said...

ဟုတ်တယ်နော်
မေတောင် ကျောင်းကပေးတဲ့ဖိအားသေးသေးလေးနဲ့တောင်
စိတ်အတော်ညစ်တာ။
မေbro ကလည်းစလုံးမှာ အခုဖိအားများလို့
ပြန်ဖို့စဉ်းစားနေတယ်။homesick လည်းဖြစ်နေတယ်လို့ပြောတော့
သူ့အစားငိုတောင်ငိုချင်သွားတယ်။
်မိသားစုနဲ့လဲဝေးနေ၊ဖိအားတွေလဲများဆိုတော့
နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေကို မေစဉ်းစားကြည့်ယုံနဲ့ခံစားလို့ရပါတယ်။
ကြိုးစားပါအမရယ်။
ဒါကလွဲပြီးဘာပြောရမှန်းလဲမသိဘူး
ခုလည်းစိတ်ညစ်ညစ်နဲ့report ကိုဘေးချပြီး
ဒီရောက်လာတာ။
အမတို့ဆိုပိုဆိုးမှာပေါ့။
အခက်ခဲတွေကျော်လွှားနိုင်ပါစေ အမ