"၀ဋ္ဋ်မှာအမြဲ ငရဲမှာအပ" တဲ့။ သိပ်မှန်တာပဲ။ ၀ဋ္ဋ်များလည်တာ နောက်ဘ၀တောင်မကူးဘူး။ ချက်ချင်းလည်တယ်။ဒီရက်ပိုင်း အတွင်း ကွန်ပျူတာပျက်လိုက် ကောင်းလိုက်နဲ့ ဆိုတော့ ဘလော့ဂ်လဲ မရေးနိုင်ဘူး။ သူငယ်ချင်းတွေနဲ့လဲ မတွေ့ဆိုတော့ ၊ တော်တော်ပျော်နေကြမှာပဲ :( ။ ကျွန်မရဲ့ဘက်ဘက်မျက်လုံးကလဲ မျက်အိတ်ရောင်နေတယ်လေ။ ကျွန်မကပါဝါသမားလေ ။ ဒါပေမဲ့ မျက်ကပ်မှန်ထဲ့ထားတော့ ဒီဒူဘိုင်းရာသီဥတုနဲ့ကျတော့ သိပ်မကိုက်လှဘူး ။ ပူတာကော၊ နောက် လေတိုက်လိုက်ရင် သဲမှုန့်တွေ မျက်စိထဲဝင်တာ နဲ့တင် မျက်လုံးကမခံနိုင်အောင် နာပြီ။ တော်တော်ဂရုစိုက်ရတယ် ။ ကျွန်မ မျက်လုံးနာတိုင်း ၀ဋ္ဋ်လည်တာများလားလို့ အမြဲ့တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့.....
ကျွန်မတို့မိသားစုတွေက ကြောင်ကိုကြောက်ကြ ၊ မုန်းကြပေမဲ့ ခွေးကလေးတွေကိုတော့ တော်တော်ချစ်ကြတယ်။ ကျွန်မလဲ ချစ်ပါတယ် ။ ဒါပေမဲ့ လာပြီး ပွတ်သပ်နေရင် မကြိုက်ဘူး။ ( အသဲယားတယ်။)။ အဲဒါကြောင့် ထင်ပါရဲ့။ အိမ်ကခွေးလေးတွေက ကျွန်မနား သိပ်မကပ်ကြသလို ကြောက်လဲကြောက်ကြတယ်။ အဲဒါနဲ့ တစ်နေ့ ကျွန်မစာကျက်နေတုန်း ခွေးပေါက်စနလေးက လာပြီး ကျွန်မခြေကို လာလာပြီး သူ့ခေါင်းနဲ့ ထိနေတယ်။ အစကတော့ "ဟေ့ကောင်" လို့ပဲအော်ပြီးနေတာ။ နောက်တစ်ကြိမ်မှာတော့ လာလဲထိရော ကျွန်မက " မင်းနော်.ငါရိုက်ထဲ့လိုက်ရ" လို့ ပါးစပ်ကတော့ ပြောလိုက်တာပဲ ၊ လက်ကအရင် စာအုပ်နဲ့ လှမ်းရိုက်ပြီးသား ဖြစ်သွားတယ်။ ခွေးက ပေါက်စနလေး ၊ ကျွန်မကျောင်းစာအုပ်က အထူကြီးဆိုတော့ ရိုက်ထဲ့မိလိုက်တာ မျက်နှာကိုသွားထိပုံပေါ်တယ် ။ သတိမထားလိုက်မိဘူး ။ နောက်ရက်မှာ အိမ်ကလူကြီးတွေက ခွေးကလေးမျက်လုံးတစ်ဘက် ရောင်နေတယ်လို့ ပြောတော့မှ 'ဟာ.ငါရိုက်ထဲ့လိုက်လို့လား မသိဘူး" လို့ တွေးမိပြီး စိတ်မကောင်းဖြစ်သွားတယ်။ စိတ်မကောင်းပါဘူး ဆိုနေမှ အဲဒီခွေးကလေးလေး သိပ်မကြာခင်မှာ သေသွားတယ်။ နေမကောင်း ဖြစ်ပြီး သေပေမဲ့ ဘာပြောပြော ကျွန်မ အပြစ်မကင်းတာတွေ ပါမှာပဲနော်။ သူသေတဲ့ အထိ မျက်လုံးကရောင်နေဆဲလေ။ နောက်ပိုင်း ကျွန်မလေ ပါးစပ်ထက် လက်ကမြန်တာကို တော်တော် သတိထားရတယ်။ မျက်အိတ်ရောင်တိုင်း ခွေးကလေးကို သတိရတယ်။ ၀ဋ္ဋ်လည်တာနေမှာနော်။ ကျွန်မ တစ်ခါတစ်လေ မျက်အိတ်ရောင်ရင် စိတ်ညစ်တယ်။ ငိုရတယ်။ အဲဒီခါကျ တွေးမိတာက လူဆိုတာက နာရင် ပြောလို့ရသေးတယ်။ အဲဒီခွေးကလေးဆို နာတာကို ဘယ်လိုပြောမလဲနော်။ သနားပါတယ်။
ဒါကြောငိ့ ဒီပိုစ့်လေးဖတ်ပြီး စိတ်မြန်စွာနဲ့ ပြုမူတာတွေ လျော့ကြရအောင်နော်။ သူတစ်ပါး ထိခိုက်နာကျင်မှု့ရပြီး ခံစားရတာမျိုး မဖြစ်အောင်ရှောင်ကြတာပေါ့။ ကျွန်မတော့ တော်တော်လေး လန့်သွားပြီ။ လူဆိုတာမျိုးက မကောင်းမှု့မှာ ပိုမိုမွေ့လျော်ကြတော့ ၀ဋ္ဋ်လည်မဲ့ ကိစ္စလဲ မရှောင်နိုင်တော့ဘူး လုပ်နေကြတာပဲနော်။ ၀ဋ္ဋ်ဆိုတာ ချက်ချင်းလည် တတ်တယ်ဆိုတာ ယုံပါလို့ြေ့ပာချင်ပါတယ်။ သိသိမသိသိ လုပ်လိုက်မိရင်ပဲ ၀ဋ္ဋ်ဆိုတာက မသိလို့ပါဆိုတာကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် တတ်နိုင်စွမ်းသလောက်လေးမှ သတိထား လုပ်ဆောင် ကြရအောင်လားနော်.
(မှတ်ချက်။ ။ ကျွန်မ ၀ဋ္ဋ်နဲ့ပက်သက်ပြီး သိပ်မလေ့လာပဲ ကျွန်မစိတ်ထဲ ရှိတာလေး၊ နားလည်ထားလေးကိုရေးသားထားတာပါ။ အကယ်လို့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးပါလို့။ )

1 comments:

Anonymous said...

ဝဋ်လည်တာကို ယုံတယ် ..
ကြောက်လည်း ကြောက်တယ် ...
ကျွန်တော်လည်း ငယ်ငယ်က အဲလိုပဲ ခွေးလေးတွေ ကြောင်လေးတွေ ခြေထောက်နားပွတ်သီးပွတ်သပ် လာလုပ်ရင် သိပ် အသည်းယားတာ .. ပိတ်ပိတ် ကန်ပစ်တာ ... ခုနောက်ပိုင်းတော့ မလုပ်ဖြစ်အောင် ထိန်းပါတယ် ... အနားမှာ မရှိတာလည်း ပါတော့ မကန်ဖြစ်ဘူးပေါ့ :D
နောက်လည်း မကန်ဖြစ်အောင်ထိန်းပါ့မယ် ....
ပါးစပ်ထက် လက်မြန်သူတွေ ကြောက်တယ် ...
အိမ်လာလည်ရဲတော့ဘူး ... :D
နေဒေးသစ်။