:( ခေါင်းစဉ်ကို စရေးကတည်းက စိတ်ထဲအီလည်လည် ဖြစ်သွားတယ်။ Tagထားတာကို သွားဖတ်တော့ ဒါလေးများတဲ့။ အခုတော့ ဘယ်ကနေ.စရေးရမယ် မသိ။ ကိုရဲ..ကိုရဲ.ဒုက္ခနဲ့လှလှပေးသွားတယ်။ မရေးမနေရေးရမယ်တဲ့။
အင်း......ဘယ်လိုပြောရမလဲ။ သေချာရေရာမသိဘူးနော်။ အခုလက်ရှိ စိတ်ထဲမှာ ခံစားမိတာကိုရေးမှာ။( အဟဲ..အငှားရည်းစားထားပြီး ရေးမယ်။)
အမှန်တကယ်လဲ ချစ်တယ်ဆိုတာကို သေချာအဓိပ္ပာယ်ဖွင့်ဖို့ ခက်တယ်။ လူတစ်ယောက်စီမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်မျိုးစီ ရှိနေတတ်တယ်။ မတူဘူးပေါ့နော်။ အခုချိန်ထိ ဘာလို့ ချစ်သူမရှိတာလဲ မထားတာလဲ လို့ခဏခဏအမေးခံရ၊ သူငယ်ချင်းတွေ မင်္ဂလာဆောင်သွားရင် နင်ကော အိမ်ထောင်ပြုဖို့ စိတ်မကူးတော့ဘူးလား။ တသက်လုံး ပညာတွေပဲ သင်နေတော့မှာလား။ အစရှိသည်ဖြင့် အမြဲ မေးခြင်းခံရတယ်။ အယ်.. သူတို့ပဲ ရည်းစားနဲ့ စိတ်ဆိုးရင်၊ ယောက်ျားနဲ့ စကားများလာရင် " ဖူး.ရည်းစားမထားနဲ့ ၊ အိမ်ထောင်မပြုနဲ့ "လို့ သူတို့ပဲ ကိုယ့်ကိုပြောတာ။ ကိုယ်မှာ ကိုယ်ဘာသာကိုယ်နေတာကို ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား။ လို့ အမျိုးမျိုး ပြောခံထိနေတော့တာပါပဲ။ ကျွန်မကလဲ လူတစ်မျိုး ၊ ဘာလို့ ရည်းစားချစ်သူ ထားဖို့ စိတ်ကိုမ၀င်စားတာလဲမသိဘူး။( အဟဲ အပျိုကြီးကံဇာတာပေါ့နော်။) တစ်ချိန်လုံးသိနေရှိနေတာကတော့ အိမ်မှာ သူငယ်ချင်းတွေဆီမှာ ဗိုလ်ကျမယ် ဆိုးမယ်။ ဒါပဲစဉ်းစားတယ်။ ရည်းစားထားရင် စိတ်ရှုပ်စရာလို့ မြင်တယ်။ မလိုအပ်ဘူးလို့လဲ မြင်တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးစာ အတွက်မဟုတ်ဘူးတဲ့။ အစိတ်အပိုင်းလေးတစ်ခုပါတဲ့။ နောက်တစ်ယောက်ကျတော့ အိမ်ထောင်ကျလို့ ပိုက်ဆံမရှိရင် အချစ်ဆိုတာ ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ်တဲ့။ ( သင်ပေးကြတာလေ။။) အဲဒါက မိန်းကလေး သူငယ်ချင်းတွေပြောတာ။
အဲ. သူငယ်ချင်းတစ်ယောက် ( ယောက်ျားလေး တစ်ယောက်ပေါ့) ကျတော့ ချစ်သူနှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ စကားက တကယ်ပြည့်စုံတယ်တဲ့။ :P အဲဒီလို ပြောကြတာပါပဲ။ ကိုယ်ကတော့ သိဘူး။ ၀ါးတားတားပဲ။
အဲဒိလို အခုချိန်ထိ ပေါ့ပေါ့ပါးပါး နေလာပြီးမှ ခံစားမိလာတယ်လို့ ထင်မှတ်ထားတဲ့ ကျွန်မခံစားမိတဲ့ အချစ်ဆိုတာကတော့.....
သံဃောဇဉ် အရမ်းတွယ်မြန်၊ မဖြတ်တတ်တာ ကျွန်မရဲ့ အကျင့်တစ်ခုပဲ။ သေးသေးမွှားမွှားလေးကအစ သံဃောဇဉ်ထားတယ်။ ကိုယ့်ကိုခွဲသွားဖို့ လုပ်ရင် စိတ်မကောင်းဖြစ်ပြီး ငိုတတ် ၀မ်းနည်းတတ်တယ်။ ဒါပေမဲ့ တကယ်ဖြူဖြူစင်စင်လေးပါ ဒီသံဃောဇဉ်တွေက..
တစ်ခါတစ်လေကျတော့ မထင်မှတ်ပဲ ဒီသံဃောဇဉ်ကနေ ချစ်တဲ့ဘက်ဆီ ရောက်သွားတတ်တယ်နော်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားမှန်း မသိဘူး။ အဲဒီခါကျတော့ အရင်ကအေးမြပါတယ်ဆိုတဲ့ သံဃောဇဉ်ကနေ ပူလောင်မှု့ ခံစားချက်တွေ ရရှိလာရော။ ဒါပေမဲ့လဲ အဲဒီပူလောင်မှု့ကို လိုချင်တာလေ။ လိုလိုလားလား လက်ခံထားတယ်လေ။ သိပ်စိတ်ပျက်မိတယ်။ ဘာလို့ စိတ်ပျက်မိတယ်လို့ ပြောတာလဲဆိုတော့ မာနနဲ့ ယှဉ်ပြီး ဒီပူလောင်မှု့ကို လက်မခံချင်လို့။
ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။ သူငယ်ချင်းတွေ ပြောတယ်။ သာယာမှုနဲ့ တကယ့်အချစ်က မတူဘူးတဲ့။ ပြီးတော့ ရုတ်တရက် မခွဲခြားနိုင်ဘူးတဲ့။ အဲဒါတော့ မသိလို့ မရေးတော့ဘူး။
ဘာကြောင့် ဖြစ်ဖြစ်ပါ။ ကျွန်မသာဆိုရင်ပေါ့.ကိုယ့်ချစ်တဲ့သူကို သူဘာလိုအပ်တယ်ဆိုတာ မပြောရပဲ သိအောင်လုပ်ပြီး ဖြည့်ဆည်းပေးမယ်။ သူဝမ်းသာရင် လိုက်ဝမ်းသာသလို ၀မ်းနည်းတဲ့အခါကျတော့လဲ တူတူခံစားပေးချင်တယ်။ ကိုယ့်ဘက်မှာ ပျော်ရွှင်ဝမ်းနည်းမှု့ ရှိလာရင်လဲ သူ့ကိုပဲ တိုင်ပင်ပြောချင်တယ်။ သူမကြိုက်တဲ့ ကိစ္စလို့ထင်ရင် တတ်နိုင်သလောက် ရှောင်မယ်။ အဲ..တမင် အနိုင်ကျင့်ပြီး ငါပြောသလိုလုပ် ငါလုပ်သလို လိုက်မလုပ်နဲ့ ဆိုတာမျိုးတော့ မရဘူးပေါ့။ မျှတရမယ်။ သူမှန်နေတယ်ဆိုရင်ပေါ့ ပြောစကားနားထောင်ပေးမယ်။ အတ္တကြီးတယ်ပဲ ပြောပြော ချစ်မိရင် ပိုင်ဆိုင်ချင်တယ်။ ထွက်သွားခွင့် မပေးချင်ဘူး။ ပေးဆပ်မှု့အတွက် ဆိုတာ မလိုချင်ဘူး။ ပြိးတော့ ရုပ်ရည်လှခြင်း မလှခြင်းတွေ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေဆိုတာ တကယ်တမ်းချစ်မိရင် အပေါ်ယံပါလားဆိုတာ သိလာမှာပါ။ ဒါပေမဲ့ ဦးဆောင်မှု့ ပေးနိုင်တဲ့သူတော့ ဖြစ်သင့်တာပေါ့။ ဒါပဲ.:))
အရေးကြီးတာ တစ်ခုက ကျွန်မကို အလိုလိုတ်ရမယ်။ ခွင့်လွှတ်ပေးနိုင်ရမယ်။ :))
ကဲ ကိုရဲ ..ဒီလောက်ဆိုကျေနပ်တော့ သိတာလေး စိတ်ထဲရှိတာလေးရေးတာနော်။ တောင်ရောက်မြောက်ရောက် ဖြစ်နေတယ်။ အဟဲ လာဖတ်ပေးကြတဲ့ သူငယ်ချင်းတွေလဲ သည်းခံဖတ်ပေးပါနော်။ လွယ်လွယ်လေးထင်လို့ ရေးလိုက်မှ ဘာမှထွက်မလာတော့ဘူး။ ဒါကြောင့် ရေးတာတွေက အစီအစဉ်မကျနေတော့ဘူး။ ကျွန်မသိတဲ့ အချစ်ဆိုတာ အခုထိတော့ ဒီလောက်ပါပဲ။။။။

8 comments:

အိုက်ခီလောက် said...

ခုမှသိတော့တယ် ငါ့အမ ချစ်စရာကောင်းနေရဲ့ သားနဲ့ လေ
ဘာလို့ အပျိုကြီးဖြစ်နေရလည်းဆိုတာလေ
အဟတ် ကိုရဲတော်တယ်ကွာ ချောက်တွန်းလိုက်တာ
ဘာတဲ့ အ လိုလိုက်၇မယ်လား
အ ၇င်တော့လိုက်သွားတော့ လူကြီးေ၇
အဟီး စတာအမ ချိတ်ချိုးရဖူး ယေ နော့ဒိယား

Welcome said...

တဂ် ပို့စ်လေး လာအားပေးပါတယ်။
စာအရေးအသား ကောင်းတာမို့ ဖတ်လို့ အဆင်ပြေပါတယ်။
တောင့်တ လိုချင်တဲ့ အချစ်မျိုးလေး
ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုရဲ said...

မိုက်သကွာ အချစ်ကိုခံစားထားတာက ။ သနားတာကနေစတာလား ။ သနားတာကနေ စတာမဟုတ်တဲ့ အချစ်မျိုးကော ရှိနိုင်မလား ။ သိချင်ပါတရ်နော့် ။ နောက်ထပ် မတက်ဂ်ပါဘူး ။ ပြောကြည့်တာပါ ။း) ။ ခုမှကျောင်းကပြန်လာတာ ။ အ၀တ်မလဲသေး ဖိနပ်မချွတ်သေးပဲနဲ့ကို လာဖတ်ပြီး မန့်ပါတရ် ။ အဆင်ပြေပျော်ရွှင်ပါစေ ။ ချစ်တဲ့သူနဲ့လည်း ဆုံဆည်းနိုင်ပါစေ ။

(ကိုရဲ)

Sein Lyan Tun said...

ငုငုရယ်....
မချစ်တတ်ရင် ဖိုးစိန်ဆီလာပေါ့..
အလိုလိုက်မယ်...
သည်းခံမယ်နော်..
ဟ..ဟား..
စတာပါ...
ကိုရဲမွှေထားတဲ့ပို့ စ်လေးကိုလာဖတ်တာပါ...
အဆင်ပြေပါစေ..
အချစ်အတွေးလေးမိုက်တယ်..

Unknown said...

မရေ
လာအားပေးတယ်နော်...မပြောသလိုပါပဲ...မိန်းကလေးတွေရဲ့ ချစ်စိတ်ကူးလေးတွေက မထင်မှတ်တာတွေလည်း ဖြစ်တတ်တယ်နော်
ဆန္ဒနဲ့ အချစ် တစ်ထပ်တည်းကျပါစေနော်။

ပျော်ရွှင်ပါစေ
လမင်းး)

Unknown said...

မိန်းကလေးတော်တော်များရဲ့
အချစ်ကဒီလိုပဲထင်ပါတယ်
တော်လိုက်တာ။
ပေါ်လွင်အောင်ရေးတတ်တယ်

Unknown said...

အရေးအသားက တကယ်တော်တယ်နော်။ :P

Anonymous said...

မငုံ ရေးတဲ့ တက်ဂ်ပို့စ်ကို ဖတ်ပြီး အချစ်အကြောင်း ပြင်းပြင်းပြပြလေး ခံစားသွားရတယ် ...
ချရေးချင်တဲ့ အကြောင်းအရာတစ်ခုလည်း ရခဲ့တယ် ...
အဲဒီ့ပို့စ် ရေးတဲ့ အခါကျရင် မငုံရေးတဲ့ ဒီအချစ်အကြောင်း ရေးထားတဲ့ တက်ဂ်ပို့စ်လေး ထဲက အကြောင်းအရာလေး တစ်ခု ပြန်ပြီး မှီငြမ်းမယ်နော် ... ခွင့်တောင်းခဲ့ချင်တယ် ... ရေးဖြစ်တဲ့ အခါကျရင်လည်း မငုံဆီက ခံစားချက်တစ်ချို့ ပုံတူကူးခဲ့ကြောင်း ဖော်ပြပေးပါ့မယ် ..
နေဒေးသစ်။