ဒီနေ့ ဖေဖော်ဝါရီလ ဆယ့်ကိုးရက်နေ့မှာ မင်းအသက် ၂၅နှစ်ပြည့်ခဲ့ပြီနော်။ တောင်းပန်တယ်ကွာ။ ငါလေ အလုပ်တွေရှုပ်ပြီး မေ့နေခဲ့မိတယ်။ တကယ်ဆို မဖြစ်သင့်ဘူးနော်။ သားရေ. မင်းဟာ ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးနော်။ ငါ အခုထိမှတ်မိနေသေးတယ်။ သမီးချည်းသုံးယောက် မွေးတယ်။ သားယောက်ျားလေး လိုချင်ခဲ့ကြတယ်။ မင်းကို တောင်ကြီးမှာမွေးခဲ့တယ်။ အဲဒီတုန်းက ငါဟာ လေးနှစ်ကျော်ကျော် အရွယ်ဆိုတော့ လူကြီးတွေက မေးကြတယ်။
“ပူးရေ.မေ့ ဘယ်သွားလဲ” လို့ မေးတဲ့အခါ.ငါက “ ဖိုးလမင်း သွားမွေးတယ်” လို့ ပြန်ဖြေခဲ့တယ်တဲ့။
ဒါကြောင့် မင်းတောင် လူ့လောကထဲ မရောက်လာသေးဘူး။ ဖိုးလမင်း လို့ နာမည်ကတွင်နေပြီးသားနော်။ ငါပေးခဲ့တဲ့ နာမည်လေးပေါ့။ မျက်လုံးဝိုင်းဝိုင်း သွယ်သွယ် မြင့်မြင့်နဲ့ မင်းက ဘ့ ငယ်ငယ်ကနဲ့ တော်တော်တူတယ်လို့ြေ့ပာကြတယ်။ ဒါပေမဲ့ အားလုံး ဆုံးသွားတဲ့ မေ့ရဲ့အဖေ ၀င်စားတာလို့ ယုံကြည်ကြတယ်နော်။ ဟုတ်တယ် မင်းက အဘိုးနဲ့ ပိုတူတယ်။ အရပ်မြင့်တာပဲ ဘ့နဲ့တူတာပါ။
မင်းက မေ့ နဲ့ မမတို့ရဲ့ အချစ်ဆုံးသားနဲ့ မောင်လေးတစ်ယောက်ပေါ့။ အိမ်မှာ အထူးအခွင့်ရေးခံ လူသားပေါ့လေ။ ငါမှာတော့ အငယ်ဆုံးဘ၀ကနေ နို့ညှာဘ၀ကို ရောက်သွားရတယ်။ ငါလဲ ချစ်ပါတယ်။ တစ်ခါတစ်လေ အမြင်ကတ်တယ်။ မင်းက ဗိုလ်ကျဆိုးတယ်။ မင်းလိုချင်တာဆို မေ့ နဲ့ မမ က ချက်ချင်းဖြည့်ပေးကြတယ်။ မနာလိုဘူး။
အခုချိန်ထိ ကိုယ်ဘာသာကိုယ် ” သား” လို့ ပြောပြောနေပေမဲ့ ဟွန့် မပြောချင်ဘူး။ ကောင်မလေးတွကျ တန်းစီပြီး ၇ည်းစားထားတယ်။ မင်းနော်..မင်းက ၇ည်းစားတစ်ယောက်ထားလိုက်၇င်း အမတွေကို မိတ်ဆက်ပေးလိုက်၇င်း. မကြာဘူး ပြတ်သွားလိုက်ရင်း နောက်တစ်ယောက်ထားလိုက်ရင်းနဲ့ ငါတို့တောင် နာမည်တွေ မှားခေါ်မိကုန်ပြီ။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ဘ့နဲ့ မေ့ကို ချစ်တဲ့ သမီးလို ချွေးမ ယောင်းမ ပဲလိုချင်တယ်။ အဟဲ ငါနဲ့တော့ အေးဆေးပါ။ တည့်မှာပါ။ ကျန် အမနှစ်ယောက်ကိုတော့ တာဝန်မယူဘူးနော်။
မင်းက စိတ်ထားကောင်းပြီးလိမ္မာပေမဲ့ သူငယ်ချင်းပြောစကားဆို အရမ်းယုံလွယ်တယ်။ သူငယ်ချင်းတွေ အပေါ်ဆို ကောင်းလွန်းနေတယ်။ သတိထားပါနော်။
ကဲ ငါစာရေးတာရှည်သွားပြီ။ သာသနာကို စောင့်ရှောက်နိုင်သော၊ မိဘကိုကျေးဇူးသိတတ်သောသား လိမ္မာသာ ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးတယ်နော်။။။။။။
Subscribe to:
Post Comments (Atom)

3 comments:
ဟက်ပီဘတ်ဒေးညီရေ..မင်းအစ်မ ချီးယို အတင်းခေါ်လို့လာသွားတယ်..
မင်းကံကောင်းမကောင်းတော့မသိဘူး..မင်းအစ်မနဲ့သူငယ်ချင်းဖြစ်ရတာ စိတ်ညစ်တယ်..ဟီး
နှစ်ပေါင်းရာကျော် မြေးမြစ်တွေ အမြင်ကတ်လောက်အောင် အသက်ရှည်စေသော်..
နေလင်း( တောင်ကြီးချယ်ရီ)
ယိုရေ ဒီတခါတော့ ယိုလာခေါ်လို့ လာလိုက်ပေမဲ့  အဟဲ စိတ်ဝင်စားသွားပီ တချို့ တချို့ သောအကြောင်းအရာလေးတွေကို ဟဲပီးဘတ်ဒေးပါ ........ရေ
ဟက်.......... ပီး...........ဘတ်........ဒေး ............. ....... အကိုရေ ။း)
Post a Comment