လူ့သဘော၊ လူ့မနောတွေကလဲနော် အခုတစ်မျိုး ၊ တော်ကြာနေ တစ်မျိုးနဲ့ ။ လူ့စိတ်လောက်မြန်တာ ဘာမှမရှိဘူးတဲ့။ သိပ်မှန်တယ်နော်။ တစ်ထိုင်တည်းနဲ့ စိတ်အမျိုးမျိုးပြောင်းနေတော့တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အဲဒီ လူ့စိတ်ဆိုတာနောက်လိုက်ရင် ဘ၀မှာ သံသရာကြီးကတော့ ရှည်ပြီးရင်းရှည်နေတော့မယ်။ ဒါကြောင့် တစ်ခါတစ်လေ တွေးမိတယ်။ ကိုယ့်အပေါ်နားလည်စေချင်တယ်။ တကယ်ဆို တွေးသင့်တယ်နော်။ ကိုယ်တောင် ကိုယ့်စိတ်ကိုယ်တောင် နားမလည်တာ ဘယ်သူကလာ နားလည်ပေးနိုင်မှာလဲ။ ကျွန်မတော့ မထင်ဘူး။ နားလည်တယ်ဆိုတာ အပေးအယူမျှတအောင် လိုက်လျောမှု့တစ်ခုလို့ မြင်တယ်။ ဒါပေမဲ့ အမြဲနားလည်ပေးဖို့ဆိုတာ မိဘကလွဲ မဖြစ်နိုင်ဘူး။ မောင်နှမသားချင်းအရင်းတောင် မဖြစ်နိုင်ဘူး။ မိဘဆိုတာ အေးမြတဲ့ မေတ္တာနဲ့ စုန်ရေအဖြစ်တည်ရှိနေလို့သာ သားသမီးအပေါ် နားလည်ပေးနိုင်တာလေ။ ဒါတောင် လောကမှာ မိဘနဲ့ သားသမီးကြား သဘောထားနားလည်မှု့ ကွဲလွဲနေတာတွေ အများကြီးရှိပါတယ်။ အမြဲ နားလည်ပေးမဲ့သူကို မျှော်လင့်ကြတာ မှန်ပေမဲ့ ကိုယ်ကရော နားလည်ပေးနိုင်မလား ဆိုတာ တွေးတောရင်း ကိုယ်ချင်းစာ တင်းတိမ်ရောင့်ရဲကြရအောင်လား။
ဒါပေမဲ့ ပုထုစဉ်လူသားဖြစ်နေတော့လည်း ခက်သားလားနော်။

2 comments:

Unknown said...

ဟုတ်တယ်နော်မ
စိတ်ကိုအလိုလိုက်လို့မှားတာတွေအများကြီးပဲနော်....။ကိုယ့်စိတ်တောင်ကိုမထိန်း
နိုင်တဲ့အခါတွေလည်းရှိဘူးတယ်...။
လမင်းး)

Welcome said...

အတွေးတွေ အရေးတွေကို
ခံစားသွားပါတယ်။
အားပေးနေပါမယ်။