ဆောင်းရိပ်ခိုသည့် ဇန်န၀ါရီ မနက်ခင်း
ချယ်ရီဝေချိန် လင်းရောင်သင်းခိုက်
ကမ္ဘာမြေသို့ သတို့သားငယ်
ခြေချဝင်ခဲ့.....

" စိုင်းနော်ခမ်း "ဟု ခေါ်တွင်လေသည့်
သတို့ငယ်လေး စနေမာန်ထင်း
သူ့ရုပ်သွင်၌ တည်ငြိမ်ခြင်းဖြင့်
စိတ်နှလုံးရင်း နူးညံ့လှသည်
မွေးရာပါတည်း.....

သမားဇာနည် ကြင်နာခြင်းဖြင့်
ဂရုဏာထား ဖြူစင်အားနှင့်
လူသားဇီဝ ကယ်တင်ပ့လို့
အကျိုးပြုလူသားဖြစ်ပါစေ။။။။
ဒီနေ့ ဇန်န၀ါရီ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ ချစ်ရတဲ့ မောင်ရဲ့ မွေးနေ့လေးမှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်မှု့တွေ ၊ အောင်မြင်မှု့တွေကို သိမ်းပိုက်နိုင်ပါစေ။ မောင့်လက်နဲ့ထိတိုင်း ဆေးဖက်ဝင်လို့ အသက်ကယ်တင် ယုံကြည်အားကိုးရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ပါစေ။။ မောင်ချစ်တဲ့ ပိယိင်းလက်ကို ခိုင်မြဲစွာတွဲလို့ မွေးနေ့ပေါင်းများစွာ ဖြတ်ကျော်ကြရအောင်လား။
ကျွန်မရဲ့ပိုစ့်ဟောင်းလေး တပုဒ်ပါ။ အခုတလော ကွန်ပျူတာ ဗိုင်းရပ်အကိုက်ခံထိလို့ ၊ ရုံးမှာ ကိုးရိုးကားယားဖြစ်နေတာတွေကြောင့် နဲ့ အင်တာနက်မရတာနဲ့တာတွေကော ပေါင်းပြီး ဘလော့ဂ်တကာအိမ်တွေတောင် ရောက်ဖြစ်ပါဘူး။ ဒီကြားထဲ ပိုက်ဆံချေးလိုက်တာ (အမှန်က ပြောင်ဓားပြတိုက်ခံရတာပါ) ပြန်ပေးမယ် ဒီနေ့ ဟိုနေ့နဲ့ အခုဆို အတော်ကြာလို့ ကျွန်မတစ်ယောက် အသုံးစရိတ်ပြတ်လပ်နေတာတောင် သိရက်နဲ့ ပြန်မပေးပဲ ( တောင်းရတဲ့သူတောင် ရှက်လာပါတယ်။) နေနေတာ ခံရတော့ စိတ်ထဲအတော် ကတိကအောက် ဖြစ်မိပါတယ်။ စိတ်လဲအတော်ပျက်မိသွားတယ်။ ကိုယ်ကူညီလိုက်တာကို အလွဲသုံးစားလုပ်တာလောက် မုန်းတာ မရှိဘူး။ အရင့်အရင်ကလဲ ချေးလိုက်တိုင်း တခါမှ ပြန်မရတတ်တဲ့ ကျွန်မရဲ့ ပိုက်ဆံချေးပေးတတ်မှု့ကလဲ မလွယ်လှဘူး။ ဒီတော့ တောင်တွေးမြောက်တွေး တွေးမိရင်းက အရင်တုန်းက ရေးခဲ့တဲ့ ပိုစ့်လေးကို ပြန်ဝေမျှလိုက်တယ်။ (ဆားချက်တယ်ပေါ့နော့ :)) )

ကျွန်မမှာ တော်တော်ဆိုးတဲ့ အကျင့် တစ်ခုရှိတယ်။ တစ်ယောက်ယောက်က လိုအပ်တာရှိရင် မနေနိုင်ဘူး။ လာအကူအညီတောင်းရင် ပေးလိုက်ချင်တယ်။ အဲ..ပိုက်ဆံချေးလိုက်တိုင်း အဆုံးပဲ။ အခုတော့ သင်ခန်းစာ ကောင်းကောင်းယူပြီး ချေးတော့ဘူးနော်။ အဲဒါလေးကို ပြောပြတာ။ :P

ကျွန်မ အသိအမျိုးသမီးက ပေးလိုက်တဲ့ သင်ခန်းစာလေးပါပဲ။ အဲဒီ အမျိုးသမီးက လူမျိုးလဲ မတူပါဘူး။ ရုံးက Building တစ်ခုထဲမှာ တူတူဆိုတော့ နေတာကလဲ တစ်မြို့နယ်ထဲဆိုတော့ ကားစောင့်ရင်း သူက စကားလာလာပြောတော့ ရင်းနှီးသွားတာ။ စိတ်သဘောထားလဲ ကောင်းပါတယ်။ ကျွန်မကို တော်တော်လေး ခင်ပါတယ်။ Bus လာလို့ မ်န်းကလေးတစ်ယောက်ပဲ လိုက်လို့ ရမယ် ဆိုရင် မလိုက်ပဲ ကျွန်မနဲ့ တူတူစောင့်ပေးတယ်။ ကျွန်မက ရုံးဝတ်စုံကို အကျီင်္အဖြူပဲ ၀တ်တာများတယ်။ တစ်နေ့ သူက တစ်ခြား အလုပ်လျှောက်ထားတာ အင်တာဗျူး သွားစရာရှိတယ်. အကျီအဖြူရောင် ၀တ်သွားရမှာမို့ သူ့ကို ငှားပါတဲ့။ ( ငှားပါလားလို့ ပြောတာ မဟုတ်ဘူးနော်။)။ ကျွန်မ ကလဲ ရပါတယ်လို့ ပြောပြီးသား။ အဲ..ကျွန်မတစ်ခုခု မလုပ်ခင် မိသားစုကို ပြောပြနေကျလေ။ ထုံးစံအတိုင်း အဒေါ်ပဲရှိနေတော့ သူ့ကို ပြောပြလိုက်တယ်။ နောက် အတူနေ ညီအမလို ဖြစ်နေတဲ့ မြန်မာမ သူငယ်ချင်းတစ်ယောက်လဲ သိတာပေါ့။ သူတို့က အဓိပ္ပာယ်မရှိဘူးတဲ့။ မပေးရဘူးတဲ့။ သူများနိုင်ငံမှာ အချင်းချင်း မဟုတ်ပဲ ဘာမှ ပေးစရာမလိုဘူးတဲ့။ ကျွန်မလဲ " အင်းအင်း" ပေါ့။ အဲဒီ အမျိုးသမီးးက ညသန်းခေါင် ၂နာရ်ီကြီး မက်ဆ့လဲပို့လာတယ်။ မနက်ရုံးမသွားခင်ထိ miss call ကိုးခါလဲ ပေးထားတယ်။ စိတ်ထဲမှာ သနားသွားတယ်။

' အင်း..ငါမယူသွားရင် သူဝတ်စရာမရှိရင် ဒုက္ခ" ဆိုပြီး ဘယ်သူ့မှမပြောပဲ ယူသွားလိုက်တယ်။ ပေးတာတောင် အိမ်အထိ သွားပေးတာဗျ။ အဲဒီနေ့က အိပ်ရာထ နောက်ကျတာနဲ့ ရုံးကို taxi နဲ့သွားမလို့ ကားစောင့်နေတုန်း သူကဖုန်းဆကိလာတယ်။ အကျီင်္ပါမပါ သိချင်လို့ ။ သူလဲမသွားရသေးဘူးတဲ့ လာခေါ်ပါဆိုလို့ လမ်းကြုံနေတာပဲဆိုပြီး သွားတောင်ခေါ်လိုက်သေးတယ်။

ဇာတ်လမ်းက မပြီးသေးဘူး။ နောက်တစ်နေ့ သူက အရေးတစ်ကြီးလိုလို့ ပိုက်ဆံ ၅၀၀ ချေးပါလို့ ပြောလာပြန်တယ်။ ၅၀၀ ဆိုတော့ အများကြီးလေ။ အဲဒါကျတော့ အဒေါ့်ကို ပြောပြတော့ လုံးဝမပေးရဘူးလို့ ပြောတယ်။ သူက ရုံးခန်းအထိ လာပြီးယူတော့ တော်တော်လိုနေမှာပဲလို့ တွေးမိတယ်။ အားလဲနာတာနဲ့ ၂၀၀တော့ ပေးလိုက်မိတယ်။ သူက နှစ်ရက်သုံးရက်နေ သူလခထုတ်တာနဲ့ ပေးမယ်လို့ ပြောသွားပါတယ်။ တစ်ပတ်ကြာတဲ့ အထိ ပြန်မရဘူး။ အိမ်ကလဲ သိကုန်ပြီ။ ဆူခံထိတာပေါ့။ ရေစက်သာချလိုက်တော့လို့ ပြောကြတော့တာပါပဲ။ သူလာတောင်းလို့ ပေးတာပါလို့ ပြောတာကို မရဘူး။ ကိုယ့် ဗီရိုထဲက အကျီင်္ ၊ ကိုယ့်အိတ်ထဲက ငွေက ကိုယ်ကိုယ်တိုင် မပေးပဲ ထွက်သွားမလားတဲ့။ တောင်းဖို့ ပြောကြပေမဲ့ ကျွန်မက ကိုယ်ပိုက်ဆံ ကိုယ်ပြန်တောင်းရမှာကို အားနာတာနဲ့ မပြောဘူး။ သွားတောင်းရင် သူရှက်သွားမှာပဲလို့ တွေးမိတာလဲပါတယ်။ ဆက်စောင့်လိုက်တာ တစ်လသာ ကြာသွားတယ် ပြန်မရဘူး။ အဲဒီ အမျိုးသမီးကလဲ ကျွန်မကို တွေ့ရင် တဲ့တဲ့တွေ့နေရင်တောင် ရအောင်ရှောင်သွားတယ်။ စိတ်ထဲမှာ " ငါလဲ ဘာမှမတောင်းရပဲ ဒီလို လုပ်လုပ်သွားတော့ မခံချိဖြစ်သွားတာတော့ အမှန်ပဲ " ။

အခုချိန်ထိပါပဲ ဘာတစ်ခုမှ ပြန်မရတာ။ ပြီးတော့ ကျွန်မကို အခုချိန်ထိ ရှောင်နေဆဲ။ တွေးမိသွားတယ်။ ချေးငှားခြင်းက ခင်မင်ရင်းနှီးတဲ့ သူတွေကို ရန်သူတောင်ဖြစ်စေ။ အခင်အမင်ပျက်စေတတ်တယ်နော်လို့ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မလဲ ဒီသင်ခန်းစာကို ယူပြီး ဘယ်သူ့ကိုမှ မပေးတော့ပါဘူး။ ရင်းနှီးမှု့ ပျက်တာမကောင်းဘူးနော်။ စိတ်ထဲ သနားလာရင်တောင် ပြန်ပြန်တင်းထားတတ်နေပြီ။ အမှန်ဆို သူပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကျွန်မကလဲ လိုက်တောင်းနေတာမှ မဟုတ်တာ။ ထားတတ်ရင် ကုသိုလ်တောင် ဖြစ်သေးတာပဲနော်။ အခုတော့ အခင်အမင်ပျက်တာပဲ အဖတ်တင်တယ်။

ပြောချင်တာက ငွေကြောင့် ရင်းနှီးမှု့ပျက်တတ်တယ် ဆိုတာပါပဲ။ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ပြောပြ အကူအညီတောင်းရင်၊ အခက်အခဲလေး ပြောပြရင် ဘာမှမဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်မှတ်ပါတယ်။ လူတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ပြန်ပေးဖို့ အခက်အခဲ ရှိနေသူတွေက ဘာမှမပြောတော့ ဘာမှမဟုတ်ပဲ ရင်းနှီးမှု့ ပျက်သွားတတ်တာလေးကို ပြောပါတယ်။

ကဲ ..ပိုက်ဆံချေးခြင်း သည်းခံပါ။။။။

ထုံးစံအတိုင်း ဖြစ်ပြီးသွားမှ ကျွန်မ ပြောလေ့ရှိတဲ့ စကားလေးကတော့ " မှတ်သွားတာပါပဲ။။ " ပြီးတော့ တကယ်တမ်းကျ မမှတ်သေးပါဘူး။ ပေးချင်နေတုန်းပဲ။:P
The smile on your lips makes my heart skip a beat,
When you love at me the way you do.
I lose myself in love.
Every moment with you is like a walk on the clouds.
Your thoughts make me float in a fantasy world,
My dreams have become reality…
My life has become complete…
I have become yours....
Now... Forever! I Love You.


ကဗျာလေးကို Googleမှ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ နှစ်သက်မိလို့ အမှတ်တရပိုစ့်လေးအဖြစ် ဝေမျှလိုက်တယ်နော်။ ပြီးခဲ့တဲ့ တစ်ပါတ်လုံး ဗိုင်းရပ်စ်တိုက်ခိုက်မှုကြောင့် WiFi system ထိခိုက်ပြီး connect လုပ်လို့မရခဲ့ဘူး။ အခု connect လုပ်လို့ရသွားတဲ့အချိန်မှာကျတော့လည်း မြန်မာစာဖောင့်တွေ့ကို မြင်ရပြီးတော့ type လို့မရနေဘူး။ အဲဒါကြောင့် ပိုစ့်အသစ်တွေကို မတင်နိုင်ခဲ့ဘူးလေ။အခု ၁၇ ရက်နေ့ အမှတ်တရပိုစ့်လေးကို ချစ်သူစိုင်းနော်ခမ်း အကူအညီနဲ့ တင်လိုက်တာပါ။ အိပ်လေးကို အလည်လာကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်တယ်နော်။
နိုင်ငံခြားရောက် အလုပ်သမားဘ၀၊၊ ၅နာရီထ အိမ်သာရေချိုးခန်းလု မျက်နှာသစ် ferry ကားပေါ်လုတက် ၁နာရီကားစီး အလုပ်လုပ်။ ညနေ ၆နာရီ ferryကားပေါ်လုတက် ၁နာရီကားစီး အဆောင်ရောက် ကားပေါ်ပြေးဆင်း အိမ်သာရေချိုးခန်းလု

ကျွန်မ အဒေါ်ရဲ့ gtalk custom message မှာ တင်ထားတဲ့ ဒီစာသားလေးကြောင့် ကျွန်မက မေးတော့ အဒေါ်က သူ တမနက်ခင်းမှာ တွေ့လိုက်ရတဲ့ အလုပ်သမားတွေရဲ့ အဖြစ်အပျက်ကို သနားလို့ ရေးထားတာတဲံ့။ ကျွန်မနဲ့အဒေါ်တို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ဒီထဲမှာ ရှိနေတဲ့ အဖြစ်အပျက်လေးကို ပြောဆိုဖြစ်ခဲ့ကြတယ်လေ။ ပြီးတော့ ကျွန်မရဲ့အမြင်လေးတွေကို ခံစားပြီး ရေးချင်လာတာနဲ့ သူတို့ဘ၀ဆိုပြီး ရေးသားလိုက်တယ်။ ဒီပိုစ့်လေးက ကျွန်မတယောက်တည်းရဲ့ အမြင်သက်သက်ပါ။

တခြားနိုင်ငံမှာတော့ ကျွန်မ မသိဘူးလေ။ ကျွန်မရောက်ရှိနေတဲ့ ဒီဒူဘိုင်းမှာ တွေ့ရတဲ့ အလုပ်သမားဘ၀ကို မြင်ရတာကတော့ မသက်သာလှပါဘူး။ ဒူဘိုင်းဆိုတာ ဆယ်စုနှစ်တစ်ခုတောင်မရှိသေးပါဘူး။ တိုးတက်မှု့နှုန်းလျင်မြန်စွာနဲ့ တရှိန်ထိုး တက်လာပြီး တည်ဆောက်ရေး လုပ်ငန်းတွေ အများကြီး တည်ဆောက်နေဆဲပါ။ နောက်အနှစ်ငယ်ကြာရင် ဒူဘိုင်းကို ခရီးသွားလုပ်ငန်းကို အဓိကထားပြီး လုပ်ဆောင်မဲ့ အစီအစဉ်ရှိတော့ ဆန်းပြားလှပတဲ့ တည်ဆောက်ရေး စီမံကိန်းတွေ အများကြီး ဆောင်ရွက်နေတယ်လေ။ ဒီတော့ ဆောက်လုပ်ရေး အလုပ်သမားတွေ အင်မတန်မှ များလှတဲ့ ဒီဒူဘိုင်းရောက် အလုပ်သမားတွေရဲ့ နေ့စဉ် နေထိုင်ချွေတာပုံလေးကို ကြည့်ရတာ စိတ်မသက်သာလှဘူး။

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်သမားတွေကို နေထိုင်ရေးနဲ့ ပို့ဆောင်ရေးအပြီးအစီး လစာကို ဒဟမ်း 600 ခန့်ပေးပါတယ်။ ဒါက အောက်ခြေအလုပ်သမားလစာကို ပြောတာပါ။ 1ဒေါ်လာမှာ 3.65 ဒဟမ်းဆိုတော့ သူတို့လစာက တစ်လမှာ နေစရိတ် လမ်းခရီးစရိတ်အပြီးကို 165ဒေါ်လာခန့်ပဲရကြတယ်။ ကျွန်မတွေ့ရသလောက်က အလုပ်သမားတော်တော်များများက ပါကစ္စတန် နဲ့ အိန္ဒိယ လူမျိုးတွေများပါတယ်။

ဟုတ်ပြီ။ ကုမ္ပဏီက အလုပ်သမားတွေအတွက် စီစဉ်ပေးတဲ့ အခန်းဆိုတာကို labour camp လို့ ခေါ်တယ်။ အလုပ်သမားတန်းလျားပေါ့။ ကျွန်မလုပ်နေတဲ့ ကုမ္ပဏီက real estate ဖြစ်ပြီး အဓိက labour camp ကို လုပ်တာဖြစ်လို့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးရေးသားပါ့မယ်။

labour camp ဆိုတဲ့ သဘောတရားက ပုံမှန်အားဖြင့် G + 2 တော့ အနည်းဆုံးရှိကြပါတယ်။ အဲဒီ G+ 2 တိုက်လေးထဲမှာ အခန်းပေါင်း ရာချီရင်တော့ ဒီ camp လေးက ကြီးပါတယ်။ တချို့ camp ငယ်လေးတွေကတော့ အခန်း ၃၀ ၊ ၄၀ ပတ်ဝန်းကျင်တွေလဲရှိပါတယ်။ အခန်းတခန်းရဲ့ အကျယ်ကတော့ နှစ်ထပ်ကုတင် ၃လုံးစာအကျယ် (124Sq.ft)ပါပဲ။ အကျယ်ဆုံးက နှစ်ထပ်ကုတင် ၄လုံးပေါ့။ ကုတင် ထဲ့အပြီးမှာတော့ ခြေချစရာမရှိပါဘူး။ ဒီလို အခန်းကျဉ်းလေးမှာ ဒီနောက်ပိုင်း camp အတော်များများကတော့ central AC တွေ ဖြစ်လာပါပြီ။ အပူရှိန်ကြီးလှတဲ့ ဒူဘိုင်းလို နေရာမှာ AC က အရမ်းအရေးပါတဲ့ အရာတခုပါ။

ဒါပေမဲ့ ဒီနိုင်ငံဥပဒေအရ တခန်းမှာ လူ၆ဦးပဲ နေထိုင်ခွင့်ရတယ်ဆိုပေမဲ့ များသေားအဖြင့် တွေ့ရတာက တခန်းကို ၈ယောက်လောက်နေကြတယ်။ ဒါက အခန်းကိုငှားထားတဲ့ companyဘက်က စရိတ်ကို သက်သာအောက် လုပ်သလို real estate company ဘက်ကလဲံ အကယ်လို့ municipality လာစစ်လို့ fine တပ်ရင် ငှားတဲ့companyကို ပြန်တောင်းနိုင်တာဆိုတော့ သိပ်မပြောကြပါဘူး။ မသိသလိုနေကြပါတယ်။ municipality ကလဲ အမြဲ လာစစ်ပါတယ်။ အများအားဖြင့် gas cylinder လာစစ်တာပါ။ စံချိန်စံညွှန်းနဲ့ မမှီဆိုပြီး လဲခိုင်း၊ စစ်တော့စစ်တယ်။ အပေါ်ယံပေါ့။

နောက် ထမင်းစားခန်း နဲ့ မီးဖိုခန်းအကြောင်း အရင်ပြောချင်တယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်းဆိုကတော့ hall type ပါပဲ။ ဒီထဲမှာ လူပေါင်းရာချီပြီး ချက်ပြုတ်စားသောက်ကြပါတယ်။ ဥပမာ camp တခု၊ အခု ကျွန်မလက်ရှိငှားလိုက်တဲ့ G+2camp ကိုပဲ အဓိကထားပြီး ပြောရရင် အခန်းပေါင်း ၁၂၂ ခန်းရှိတယ်။ မီးဖိုခန်းနဲ့ ထမင်းစားခန်း ၂ခန်းပါတယ်။ ဒါတောင် camp ကြီးတယ်နော်။ အဲဒီ camp ထဲမှာ company ပေါင်း ၂၀ကျော်က ငှားထားတယ်။ ဆိုတော့ တခန်းမှာ လူ ၆ယောက်ပဲထား. camp တခုလုံး လူပေါင်းခုနှစ်ရာကျော် ရှိသွားပြီ။ ဒီခုနှစ်ရာကျော် ဒီမီးဖိုးခန်း ဒီထမင်းစားခန်းမှာ မဆုံဘူးဆိုရင် အနည်းဆုံး ၃၀၀လောက်က ဆုံနေမှာပဲလို့ ယူဆပါတယ်။

ပြီးတော့ အိမ်တအိမ်မှာ အရေးပါးဆုံးနေရာက အိမ်သာ ရေချိုးခန်း။ အိမ်သာတွေ တည်ဆောက်ပုံကတော့ တန်းစီပြီးဆောက်ထားပါတယ်။ ကျဉ်းကျဉ်းလေးပါပဲ။ အိမ်သာခန်းတွေ တန်းစီးပြီးတော့ wash room ကျတော့ကော တန်းစီးနေတာပဲ။ အဲဒီ အခန်းတွေရဲ့ ဘောင်ကို ဆောက်ထားရာမှာ မမြင့်တော့ အထဲက ရေချိုးရင် ၊ အ၀တ်လျှော်လိုက်ရင် ရေတွေက အပြင်ကို စီးထွက်လာရော။ ကဲ..လူတယောက်နှစ်ယောက်လဲမဟုတ်။ လူရာချီနေတော့ တယောက်စရိုက်တမျိုးနဲ့ တယောက်က ဘယ်လောက် ဂရုစိုက်ပြီး လုပ်ကိုင်ပေမဲ့ တယောက်က ဂရုမစိုက်ဘူးဆိုရင်တော့ ကျွန်မတွေးကြည့်တာနဲ့တင် စိတ်မသက်သာလှဘူး။

တချို့ campဆို သိပ်စိတ်ပျက်ဖို့ ကောင်းပါတယ်။ sewerageလို့ခေါ်တဲ့ ရေညစ်တွေ စီးထွက်လာတော့ ကော်ရစ်ဒါတလျှောက် ရေတွေအိုင်နေ လျှံနေတာပဲ။ အနံဘယ်လောက်ဆိုးလိမ့်မလဲ။ အမှိုက်ကန်ကိုလဲ အမြဲ လာရောက်ပြီး သိမ်းဖို့ မပြောနိုင်ရင် ဒီအမှိုက်နံ့ကလဲ နံပါဦးမယ်။ တခါတရံ့ real estate ဘက်မှ ရေမီးဖိုး ပေးဆောင်ရန်လစ်ဟင်းသွားပါကလဲ ရေမီးအဖြတ်ခံရတော့ ဘယ်လိုလုပ်မလဲ။ ပူလောင်စွာနဲ့ မှောင်မှောင်မှာ အိပ်ရမယ်။ ရေမလာလို့ အိမ်သာရေချိုးခန်း ဘယ်လိုသုံးမလဲ။ တည်ဆောက်ထားတဲ့ camp အရကိုက အိပ်ခန်း ၃ခန်းကို အိမ်သာ ရေချိုးခန်း ၁လုံး အချိုး ဆိုတော့ လူ ၁၈ယောက်မှာ အိမ်သာရေချိုးခန်း တခန်းပဲရမယ်။ ဒါက camp ကြီးလို့ ဒီလောက်ပေးနိုင်တာ။
များသေားအားဖြင့် camp တွေကို ကျွန်မမြင်ရသလောက်က တည်ဆောက်ရာမှာ သုံးထားတဲ့ ပစ္စည်းတွေက အရည်အသွေး မကောင်းတာများတယ်။ တော်ကြာနေ တံခါးပျက်ပြန်ပြီ ၊ တော်ကြာနေ ရေပိုက်ခေါင်းကျိုးပြန်ပြီနဲ့ စသည်ဖြင့် ခဏခဏ ကြားရပါတယ်။
ဆိုတော့ တွေးသာကြည့်လိုက်ကြပါတော့..

မနက် ၅နာရီဆို ဆောက်လုပ်ရေးခွင်သို့ သွားဖို့ ထရပြီ။ တချို့ companyက siteနဲ့ ပေးထားတဲ့ accommodation တအားဝေးရင် ဒီထက်စောစောထရပါတယ်။ မနက်က ၅နာရီဆို ထပြီ။ အိမ်သာရေချိုးခန်း ဦးရာလူစနစ်နဲ့ ပြေးပြီး ကိစ္စရှင်းကြရတယ်။ တရုန်းရုန်းနဲ့ ဘယ်လောက်များ နေရခက်လိုက်မလဲနော်။

site သွားဖို့ ရောက်တော့ ကြိုပို့ယာဉ်ပေါ် အလုအယက်တက်ကြရပြန်ပြီ။ တနေကုန်ပင်ပန်းမှာတွေ ပြီးတော့ မနက်စောစောထပြီး ရေချိုခန်း အိမ်သာလုနေရတာနဲ့တင်မပြီးသေးဘူး။ ကားပေါ်မှာ နေရာကောင်းကောင်းလေးရမှ သက်တောင့်သက်သာလေး ထိုင်ခွင့်ရဖို့ ပြေးရပြန်တယ်။ အတန်းလိုက် ၅ယောက် တစ်တန်းနှုန်းနဲ့ လုပ်ထားတဲ့နေရာဆိုတော့ ပြတင်းပေါက်ဘေးနားလေး ထိုင်ရရင်ပဲ သူတို့အဖို့ သက်သာတယ်လေ။ ကားပုံစံကိုလဲ ကျွန်မမြင်ဖူးတယ်။ လေအေးစက်မတပ်ထားပဲ ပန်ကာငယ်လေးတွေ အများကြီးတပ်ထားတယ်။တစ်နာရီလောက် ကားစီးပြီး site ရောက်တာနဲ့ အလုပ်လုပ်ကြ။ နေ့လည် ထမင်းစားချိန်လေးမှာ အမြန်စားသောက်ပြီး ကျန်တဲ့အချိန်လေးမှာ လဲလျောင်းအနားယူရတယ်။ နောက် အလုပ်ဆက်လုပ်။ ည ၆နာရီမှာ ကားလာကြိုတော့ အလုအယက်ပြန်တက်၊ နေတဲ့နေရာလဲရောက်ရော အပြေးအလွှားဆင်းပြေးပြီး အိမ်သာရေချိုးခန်း လု။ ကဲ.တနေ့တာ သူတို့ဘ၀ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ။

စားသောက်တာကြတော့ တချို့ companyကတော့ သူတို့အလုပ်သမားတွေကို ချက်ပြုတ်ကျွေးပါတယ်။ စားစရိတ်ပါငြိမ်းတာပေါ့။ ဒါကလဲ companyကြီးလောက်ပဲ လုပ်တာပါ။ များသောအားဖြင့် စားစရိတ်ကို ကိုယ့်လစာထဲကပဲစားရတော့ သူတို့မို့လို့ပဲ စားနိုင်ကြ စားတတ်ကြပါပေတယ်။ အမှန်က စားနိုင်လို့ စားတတ်ကြလို့ ဟုတ်မယ်မထင်ပါဘူး။ သူတို့အတွက် saving saving ဆိုတာက ပိုအရေးကြီးတယ်လေ။ အင်မတန်မှ ခြစ်ကုတ်ပြီးစားသောက်ကြတယ်။ သူတို့အတွက် တကျပ် တပြားဆိုတာကလဲ အင်မတန်အရေးပါတယ်လေ။

သောကြာတရက်လေး ပိတ်ရက်ရတယ်။ ပိတ်ရက်လေး ဒီအခန်းကျဉ်းလေးထဲမှာ ဘယ်လိုနေမလဲ။ ဒီတော့ ပန်းခြံဆိုတာကလဲ ပိုက်ဆံပေးဝင်ရတာ ၊ ဒီတော့ ပိုက်ဆံမပေးရတဲ့ လမ်းဘေးက မြက်ခင်းတွေမှာ ၊ ကုန်းလေးတွေမှာ နေရာအတော်များများပါ ထိုင်ကြ စုပေါင်းစကားပြောကြနဲ့ သောကြာနေ့ဆို အင်မတန်မှ စည်ကားပါတယ်။

လုပ်ငန်းခွင် အမြန်ပြီးဖို့လိုတယ် အိုဗာတိုင်ဆင်း ဆိုရင်သွားရော။ သောကြာနေ့လိုတောင် နေ့တ၀က်ဆင်းရတဲ့ site တွေရှိပါတယ်။ နေ့ဆိုင်းသမားလဲ ဒီဒုက္ခ ၊ ညဆိုင်းသမားလဲ ဒီဒုက္ခ ဘယ်လိုပြောပြော မလွယ်လှပါဘူး။

အခုလို စီးပွားရေးကျချိန် လူလျော့တယ်။ ရှိတဲ့လူအင်အားနဲ့ ဖြစ်အောင်လုပ်မယ်ဆိုပြီး လျော့တော့ ပြန်ကြရတာပဲ မဟုတ်လား။ complaintတက်ခွင့်ရှိလို့လဲ။ အလုပ်သမားအတွက် ဆိုပေမဲ့ အလုပ်ရှင်ကို ဦးစားပေးထားတဲ့ ဥပဒေအရ ဘာလုပ်နိုင်မှာလဲ???
"၂၀၀၉"တော့ ကျန်ခဲ့ပြီ။ တစ်နှစ်တာလုံး လုံချာလည်လိုက်ပြီး ပျော်ရွှင်လိုက် ၊ ၀မ်းနည်းလိုက် ၊ ပေါက်ကွဲလိုက် ၊ အသာလေး ရေစီးမျောလိုက်နဲ့ ဖြတ်သန်းခဲ့ရပြီးပြီ။ အကျိုးရှိခဲ့သလို ၊ အကျိုးမရှိပဲ ကုန်ဆုံးခဲ့တဲ့အချိန်တွေလည်း ဖြစ်ခဲ့တယ်လေ။ "၂၀၀၉"မှာ အားလုံးအတွက် အထူးသဖြင့် အလုပ်လုပ်နေကြသူများ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်နော်။ ကိုယ်ရပ်တည်နေတဲ့ နေရာလေးမှာ တည်မြဲပြီး ရပ်တည်နေနိုင်တာကိုက ကံကောင်းတယ်လို့ ဆိုခဲ့ရမှာပါ။
ကဲ အခုတော့ "၂၀၁၀"နှစ်သစ်လေးကို ရောက်လာပြီ။ နှစ်သစ်မှာတော့ အတိတ်က ဖြစ်ခဲ့တာကို နမူနာယူပြီး အနာဂတ်အတွက် ကြိုးစားဖို့ ပ္ပစ္စုပ္ပန်မှာ အကောင်းဆုံး ဆောင်ရွက်ကြရအောင်လားနော်။ ဘလော့ဂ်မောင်နှမများနဲ့ စာဖတ်သူများအားလုံး "၂၀၁၀"မှာ အားလုံး ပျော်ရွှင်စွာနဲ့ အောင်မြင်မှု့တွေ ဆွတ်ခူးနိုင်ပါစေနော်။
ဒီနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ဆိုရင် ကန္တာရမှာ မိုးစက်လေးတွေ ရွာသွန်းနေတာ တစ်နှစ်ပြည့်ပြီ။ ဒီတစ်နှစ်တာအတွင်းမှာ ဘယ်လောက်များ စာဖတ်သူတို့အတွက် မိုးရွာသွန်းပေးနိုင်ခဲ့သလဲ???

အစက ဘလော့ဂ်ဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး။ ဂျူးဝတ္တုတွေကို ဖတ်ရတာ ကြိုက်လို့
မမေရဲ့ဆိုဒ်လေးမှာ သွားဒေါင်းပြီး ဖတ်ဖြစ်တယ်။ ဒါပေမဲ့ မသိခဲ့ပါဘူး။ နောက်မနိုင်းနိုင်းစနေရဲ့ ဘလောဂ်အိမ်လေးမှ စာတွေကို အဒေါ်ကနေပြီး Forward လုပ်ပေးတယ်။ အဲဒီမှာ စာဖတ်ရတာ ၀ါသနာပါတဲ့ ကျွန်မတစ်ယောက် စာတွေဖတ်ရင်းကနေ ကိုယ်တိုင် ရေးချင်လာခဲ့တယ်။ ဖြစ်ချင်တော့ ဘယ်လိုရေးရမယ်မှန်း သိတောင် မသိခဲ့ပါဘူး။ မောင်အရင်းလို ဖြစ်နေတဲ့ ကိုရဲမှ သူ့ရဲ့ တစ်မိုးအောက် ကမ္ဘာငယ်ဆိုတဲ့ နိုင်ဆိုဒ်လေးမှာ ရေးဖို့ အကြံပေးတယ်။ ဒါပေမဲ့ ကိုယ်ပိုင်အိမ်လေး ဆောက်ချင်တာနဲ့ သိလဲမသိပဲ ဘယ်သူ့မှ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုယ် ဒီ blogspot မှာ စရေးတော့တယ်။ ပထမဆုံးတပုဒ်ရေးပြီးတာနဲ့ တန်းတင်ပြီး ကိုရဲကို link ပေးလိုက်တော့ မောင်နှမအချင်းချင်းမို့ ညှာညှာတာတာ ပြောရှာပါတယ်။ နင့်အိမ်ကလဲ အိမ်နဲ့မတူဘူး။ အိမ်ဆိုတာ ဘာတွေရှိရတယ်။ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရတယ်ဆိုတာ နင်မသိဘူးတဲ့။ မြည်တွန်တောက်တီးသံကို နားဆင်ရင်း ဒီကန္တာရမိုးစက်များ အိမ်ကို လက်သမားအဖြစ်ငှားပြီး တည်ဆောက်ခိုင်းလိုက်ပါတော့တယ်။ မှတ်မှတ်ရရပါပဲ။ ကိုရဲ ၊ အိုက်ခိလောက်တို့ကလဲ သူတို့ရဲ့ အိမ်လေးကို ဒီကန္တာရမိုးစက်လေးနဲ့အတူ တူတူဆောက်ခဲ့ကြတယ်။ အလုပ်အရှုပ်ဆုံးက ကိုရဲဖြစ်ပြီး မအိပ်ခဲ့ရပါဘူး။ သူ့ဆိုဒ်ပြေးလိုက် ၊ အိုက်ခိလောက်ဆိုဒ်ပြေးလိုက် ၊ ကန္တာရမှာ မိုးရွာလိုက်နဲ့ တယောက်တည်း ပျားတစ်ကောင်လို အလုပ်ရှုပ်နေချိန် ကျန်ကျေးဇူးရှင်နှစ်ယောက်ကတော့ အိပ်ကောင်းခြင်းနဲ့ အိပ်နေပါတော့တယ်။

ကဲ အိမ်လေးတော့ ပြီးသွားပြီ။ ကိုယ်ရေးချင်တာပဲ ရေးနေတယ်။ ကိုယ့်အိမ်ကို ဘယ်သူ့မှလဲ မလာဘူး။ အော်နေလွန်းလို့သာ နားငြီးမခံနိုင်လို့ လာပေးကြတဲ့
ကိုရဲ ၊ အိုက်ခိလောက် ၊ ကိုကြီးနေလင်း ၊ မျိုး ၊ လင်းလင်း ၊ စိမ်းလဲ့ ၊ ရဲတိုက် ၊ အောင်ဦး နဲ့ ကျွန်မအဒေါ်နဲ့မောင်ဝမ်းကွဲ ဘလက် တို့ကို အများကြီး ကျေးဇူးတင်ပါတယ်။ စရေးစမှာတော့ ဘယ်သူ့မှ မသိတဲ့ ရေးချင်တာ လျှောက်ရေးနေ စာလုံးပေါင်းမမှန် ၊ ပုဒ်ထီး ပုဒ်မ ဘယ်လိုချရမယ် မသိ ၊ စာပိုဒ် ဘယ်လိုခွဲရမယ် မသိပဲ ရေးနေတာကို နေ့တိုင်းနီးပါး လာအားပေးရင်း ၊ ပြုပြင်ပေးကြတယ်။ တစ်ဥိးတည်း ဒိုင်ခံ စီဘောက်မှာ အော်သူဆိုလို့ အိုက်ခိလောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီလိုဆိုတော့ ၀မ်းနည်းလာတယ်။ ဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်။

သူများအိမ်တွေ စာသွားဖတ်ရင်း ကိုယ့်ဘလော့ဂ်လင့်လေး ချန်ထားခဲ့ ၊ ပြောပြခဲ့တာတွေ မရှိခဲ့တော့ ကိုယ်ဂျီတိုက်လွန်းလို့သာ ၊ ကိုယ့်ကို ခင်လွန်းလို့သာ ရောက်လာကြပေးကြတဲ့ သူငယ်ချင်းအပြင် တခြား စာဖတ်သူ အားပေးသူကို မျှော်နေမိတာပေါ့။ ဒီလိုနဲ့ ပိုစ့်ပေါင်း ကိုးပုဒ်ရေးးအပြီးမှာတော့ ကျွန်မရဲ့ အချစ်တော် လက်တော့လေး ကလိလွန်ပြီး ပျက်နေတဲ့အချိန်လေးမှာပေါ့…

ကိုယ့်ရဲ့ဘလော့ဂ်အိမ်လေးကို တစ်နေ့တစ်နေ့ ၀င်ကြည့်ရတာ အမောဖြစ်နေတဲ့ ကျွန်မတစ်ယောက် အပြင်က နက်ကဖေးလေးကနေ ဖွင့်လိုက်တော့ welcome ဆိုပြီး စီဘောက်မှာ တစ်စုံတစ်ယောက်က လာအားပေးထားတာကို တွေ့ရပါတော့တယ်။ ဘယ်လိုဝမ်းသာသွားမှန်းမသိဘူး။ ဒါပေမဲ့ နက်ကဖေးကမို့ မြန်မာစာဖောင့်ကို မမြင်ရတော့ ကျွန်မတစ်ယောက် မျောက်မီးခဲကိုင်မိနေပါတော့။ ကြည့်ချင်လိုက်တာ ပြောမနေနဲ့။ နောက်နှစ်ရက်လောက်နေမှ လက်တော့လဲ ပြန်ရရော အဲဒီ ပထမဆုံး ကျွန်မရဲ့ အားပေးသူကို အပြေးကျေးဇူးတင်စကားဆိုရပါတယ်။ ကျွန်မက ဦးချစ်ဖေလို့ ခေါ်တဲ့
ကိုဝင်းဇော် ( welcome) ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကန္တာရလေးရဲ့ ပထမဆုံးသော မိုးစက်ပွင့်ပါ။ အများကြီးကျေးဇူးတင်ပါတယ်ရှင့်။

အဲဒီနောက်ပိုင်း ကျွန်မ ပိုအားရှိလာခဲ့ရတယ်။ ကျွန်မကို ၀ိုင်းဝန်းပြီး ပြောပေးကြ ၊ ပြင်ပေးကြတဲ့ မောင်နှမများကို ရ၇ှိလာပါတော့တယ်။ ရှမ်းပြည်နယ်သားတွေ စုပေါင်းပြီး ရှမ်းပြည်နယ်နဲ့ ပက်သက်တဲ့ ဒေသဆိုင်ရာ ရိုးရာတွေ ၊ ကဗျာတွေ နောက် လူမှု့ရေး ကိစ္စ တွေပါလုပ်နိုင်အောင် ဆိုဒ်လေးတစ်ခုလုပ်ကြမယ်ဆိုပြီး တိုင်ပင်ကြတော့ ကျွန်မကို အချွန်နဲ့အမြဲမဖို့ ချောင်းနေတဲ့ အိုက်ခိလောက်မှ မငုံကိုပါ ထဲ့ရေးခိုင်းရင် မကောင်းဘူးလားတဲ့။ ဒီလိုနဲ
တောင်ပေါ်သား ၊ ကိုကြယ်စင်မင်း ၊ စနေသား ၊ ကိုအနေမင်း ၊ မကြီးကတို့ကိုပါ သိကျွမ်းခဲ့ရပြီး သူတို့တွေရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ် မော(၀ိ)မောင်နှမများတို့ရယ်.

ဒီလိုနဲ့စာတွေကို ချီတက်ရေးသားရင်း
ကိုဖိုးစိနက ကိုရဲ ၊ အိုက်ခိလောက်တို့နဲ့ပေါင်းပြီး လာလာအားပေး ၊ ပျော်ပေးလို့ အခုဆိုရင် မောင်နှမတွေလို ခင်မင်နေရပါတယ်။ ကျွန်မအိမ်က ကြက်ပေါက်လေးကို အမြဲလာတောင်းရင်း ခင်မင်သွားတဲ့ ရေတမာ ၊ အဲနောက်မှာတော့ ကျွန်မအိမ်လေးကို အမြဲလာအားပေးတဲကိုသုနြေပါပဲ။ အစက သုနြေ္ဒဆိုတော့ မိန်းကလေးမှတ်ပြီး ညီမလေးတွေ ဘာတွေ လုပ်လိုက်သေးတယ်။ အားနာဖို့ ကောင်းတယ်။ ကိုသုနြေ္ဒလိုပဲ မိန်းကလေးမှတ်ပြီး အခေါ်မှားလိုက်သူကတောသက်တန့်ချိုပါ။ တောင်းပန်ရင်း ကျေးဇူးတင်စကားဆိုပါတယ်။

ကိုနေးတစ် ၊ ဦးရှင်ကြီး ၊ ဂျပန်ကောင်လေး ၊ အဆိပ်ခွက် ၊ ကိုနွယ်ရိုး ( မော(၀်)ရှမ်းမြေမှာလဲ အမြဲ နယ်သားတွေကို လာအားပေးတယ်လေ ) ၊ ချီခန့် (ငပျင်းလေး) စတဲ့ နယ်သားတွေနဲ့ရဲ့ အားပေးမှု့ကိုလဲ ရရှိခဲ့တယ်။ ကျေးဇူးတင်ပါတယ်။

ကိုဘိုဘို( မိုးကုတ်သား) ၊ ကိုမင်းအိမ်ဖြူ ၊ ကိုမိုးသောက် ၊ ကိုနေညိုရင့် ၊ ကိုနေဒေးသစ် ။လဂွန်းအိမ် ၊ ခမ်းကီး ၊ ကိုပြည်စုံ၊ ကိုမြစ်ကျိုးအင်း ၊ ငချမ်းတောင် ၊ ကိုမိုးစက် (စိမ့်စမ်းရေ) ၊ TnT ၊ ကိုယုယ ၊ တလနွန် ၊ ရွှေပြည်ဦး ၊ ရီနိုမာန် ၊ ကိုသီဟသစ် ၊ ကလောသား ၊ ဧရာဝတီသား ၊ ဂျေဂျူပိုင် ၊ မနောသား တို့ရဲ့ လာရောက် အားပေးမှု့ ခင်မင်မှု့တို့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

ကဗျာတွေ ရေးကြတဲကိုဗညားရှိန် ၊ အရုပ်လေး ၊ နွေဆူးလင်္ကာ ၊ မိုးစက်အိမ် ၊ ၊ ကိုဇောင်း ၊ နေမင်းသံစဉ် တို့ရဲ့ အမြဲလာရောက်အားပေးမှု့တွေကို ကျေးဇူးတင်လျက်ပါ။

ထူးထူးခြားခြားကတော့ သူငယ်ချင်းတစ်ယောက်နဲ့ နက်ကဖေးမှာ ဘလော့ဂ်လည်ရင်း ရောက်ရှိသွားတာကတော
ဦးလူထွေးရဲ့အိမ်ပါပဲ။ ဦးလူထွေးက သတိပေးစကားဆိုထားပါတယ်။ သူ့ပိုစ့်ကို စာသင်ခန်း ၊ အလုပ်တွေမှာ ဖတ်ရင် အကျယ်ကြီး မရယ်မိဖို့ပါ။ ဒါပေမဲ့ ကျွန်မနဲ့ သူငယ်ချင်းကတော့ ဆိုင်ရှင်ရဲ့ မျက်မှောင်ကြုတ်အကြည့်နဲ့ ဘာတွေ သဘောကျြ့ပီး ရယ်နေမှန်းမသိလို့ လိုက်ကြည့်နေကြတဲ့ ကုလားတွေကြား အကျယ်ကြီး ရယ်ခဲ့မိတယ် ဦးလူထွေးရေ။

ညီအမတွေဖြစ်တဲ့
မကြီးရောင်ပြန် ၊ မကြီးကောင်းကင်ပြာ ၊ မခင်ဦးမေ ၊ ကြယ်ပြာ ၊ မက်မက် ၊ မိုးခါး ၊ ခြင် ၊ မနမ်း ၊ မေလေး ၊ စိတ်၏ဖြေရာ ၊ မသီတာ ၊ Waing ၊ ဇူးဇူး ၊ မေဇင် ၊ မြူးသျှရီ ၊ အမရာတို့ရဲ့ အားပေးမှု့ ၊ ခင်မင်ခွင့်ရခဲ့တာတွေကို တအား ကျေးဇူးလဲတင်တယ်။ ပျော်လဲပျော်တယ်။

ကျောပိုးအိတ် ၊ နွေမိုးတိမ် ၊ lonely၊ စိုင်းစိုင်း ၊ ဏီကင်(န်)း ၊ သဒ္ဒါလှိုင်း ၊ ဒဏ္ဌာရီလေး ၊ သားပျိုတို့ရဲ့ လာရောက်အားပေးမှု့ကိုလဲ ကျေးဇူးတင်စကားဆိုချင်တယ်။

နောက် ကျွန်မရဲ့ ဒဒွေးဘော်ဒါတွေပါ။ တစ်ခါတစ်ခါစုမိရင် တော်တော်နဲ့ အချိန်မှန်အောင် ရောက်မလာကြ ၊ လူစုပြန်ခွဲဖို့ ကြာတတ် ၊ စားသောက်တဲ့နေရာမှာ ဗိုလ်မထားကြ (ရှင်းရတဲ့သူအလှည့်ကျတိုင်း
မျက်လုံးပြူးပါတယ် )တဲ့ ဇော် ၊ မနှင်း ၊ သမီးပျို ၊ အိန်ဂျယ်၊ ကိုချမ်း နဲ့ ဇနီး မဖြူ ကိုပီတာ ၊ ကိုဗျက်ဇနဲ့ ဇနီး မမေသူ ၊ မောင်ဝေယံ ၊ ကိုဖြိုး (လင်းကြယ်ဖြူ) ၊ ကိုဟန် နောက် ရွှေရောင်စဉ်မဂ္ဂဇင်းမှာ ရေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒူဘိုင်းမြန်မာအဖွဲမှ အယ်ဒီတာကြီးတွေဖြစ်တဲ့ ကိုမိုးဇော်လွင် ၊ ကိုကျော်သာယာမြင့် တို့ကို အများကြီး ကျေးဇူးတင်တယ်။ တော်တော်လေးလဲ ပျော်ရတယ်။

အခုချိန်ထိ ကျွန်မ ဒီပိုစ့်အပါအ၀င် ၁၁ရ ပုဒ်ရေးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မ စဉ်းစားမိတယ်။ တကယ်တမ်းဆို ကျွန်မစာမရေးတတ်သေးပါဘူး။ ကျွန်မကို ခင်မင်လို့ တဂ်တာမှန်သမျှကိုလဲ ရေးတတ်ပါတယ်။ ဒါကြောင့် ကျွန်မအသိတယောက်တောင် ပြောသွားပါတယ်။ ကျွန်မရဲ့ဘလော့ဂ်အိမ်လေးက တဂ်ပိုစ့်ရေးတဲ့ ဘလော့ဂ်အိမ်လားတဲ့။ အဲဒါလေးကို ဖတ်ရတော့ ကျွန်မစိတ်ညစ်ပြီး (အမှန်ဆို ဘာမှလဲ မဟုတ်ပဲ) ဘလော့ဂ်လေးကို တပတ်လောက် ပိတ်လိုက်သေးတယ်။ ဒါပေမဲ့ ကျွန်မ စာဖတ်ရ ၊ စာရေးရတာကို ပျော်တဲ့ ကြိုက်တဲ့သူတစ်ယောက်ပါ ၊ ဒါကြောင့် ကျွန်မ ပြန်ဖွင့်ခဲ့တယ်။
မကြီးကီနဲ့ ကိုစိုင်းနော်ခမ်းတို့ကလဲ ဒါလေးအပြောခံရတာနဲ့တင် ဘလော့ဂ်ပိတ်မပိတ်ပစ်ဖို့ အားပေးပါတယ်။ တခြား ခင်မင်ရာတွေကလဲ မေလ်းနဲ့ပို့ပြီး ဘလော့ဂ်ပြန်ဖွင့်ဖို့ ပြောခဲ့ကြတယ်။ အဲအတွက်လဲ အားတက်ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ပြီးတော့ ဘလော့ဂ်လည်တဲ့ အချိန်ကို သပ်သပ်ပေးပြီးကို လည်ပါတယ်။ တစ်ခါတစ်လေ မအားလဲ ခိုးလည်နေတတ်ပါပြီ။ အဲလို သွားရောက်ဖတ်ရာမှာ ခြေရာလေး ချန်ခဲ့တာရှိသလို ၊ တခါတလေ ခြေရာလေးမထားခဲ့မိပါဘူး။ အဲလို ကောမန့်ပေးးခဲ့ရာမှာ ဖြစ်ဖြစ် ၊ စီဘောက်မှာ နှုတ်ဆက်ခဲ့ရာမှာ ဖြစ်ဖြစ် တစုံတခု အမှားအယွင်းများ ရှိခဲ့ရင် တောင်းပန်တယ်နော်။ အခုချိန်ထိ လာရောက်အားပေးကြတဲ့ သူငယ်ချင်း ၊ ကျွန်မ မောင်နှမတွေ နဲ့အတူ ဘလော့ဂ်မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။ ဒီနာမည်စာရင်းထဲမှာ မေ့ကျန်ခဲ့သူရှိရင်လဲ ခွင့်လွှတ်နော်။ တခြား ခြေရာလေး မချန်ခဲ့ ၊ စာလာဖတ်ကြတဲ့ စာဖတ်သူတွေကိုလဲ "မငုံ " အဖြစ် အသိအမှတ်ပြုပေးကြလို့ အများကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။

လာမဲ့နှစ်တွေမှာ ကြိုးစားပြီးရေးပါဦးမယ်။ ကန္တာရမိုး ဆက်လက်ရွာသွန်းချင်ပါသေးတယ်။
ငယ်ငယ်တုန်းက လက်သံပြောင်အောင် ကစားခဲ့သော ကိုအိမ်မှ ရေးပေးဆိုလို့ ရေးရတာ။ ရှက်တော့ ရှက်သား။ ငယ်တုန်းကတော့ ဒီလိုပဲ ကစားချိန်ကစား ၊ စာကျက်ချိန် စာကျက်နဲ့ ကြီးပြင်းလာတာ။ ပုံမှန်ကလေးတယောက်လိုပါပဲ။ တော်တော်လေး မောင်နှမတတွေ ပျော်ရွှင်စွာ ကစားခဲ့ကြ ၊ စိတ်ကောက်ခဲ့ကြတာတွေကို အမှတ်ရမိပါတယ်။

အဲဒီလို အမှတ်ရနေတဲ့ အဖြစ်အပျက်လေးထဲမှာမှ အမှတ်တရအဖြစ်ဆုံး ဖြစ်နေတာကတော့ ငယ်တုန်းကလို ပြောရအောင် ဂျီတီအိုင် ပထမနှစ် ကျောင်းသူဘ၀ ရောက်နေပြီ။ :)) ဖြစ်ပုံက သီတင်းကျွတ်လပြည့်ညလေးမှာပေါ့။ အိမ်မှာ မောင်နှမလေးယောက်ပဲရှိနေတယ်။ အဖေနဲ့အမေက အဘွားတို့အိမ်မှာ။ အမကြီးဆုံးနဲ့ မောင်လေးက ဧည့်ခံမှာ၊ ကျွန်မနဲ့ အမလတ်က ဘုရားခန်းမှာ။ ဧည့်ခန်းနဲ့ ဘုရားခန်းက တဆက်တည်း မျက်နှာချင်းဆိုင်ပေါ့။ အမလတ်က ဘုရားရှိခိုးနေတယ်။ ကျွန်မက ဘုရားမီးကို လျပ်စစ်မီးတွေနဲ့ ထိန်ထိန်ညီးနေအောင် ထွန်းထားကို အားမရလို့ ဖယောင်းတိုင် တစ်ထုတ်လုံးနဲ့ ထွန်းပါတော့တယ်။ ဘုရားစင်ရဲ့ အနေအထားက ပုလ္လင်နှစ်ဆင့်နဲ့ပါ။ ကျွန်မက ဖယောင်းတိုင်များကို စီတန်းပြီး ထောင်ပြီးသွားတော့ အောက်တဆင့်ကနေ အပေါ်ဆင့်ဆီသို မီးညှိသွားတော့တယ်လေ။ အမှန်က ကလေးသွားမေးတာတောင် သိပါတယ်။ မီးညှိရင် အပေါ်ကနေ အောက်တဆင့်ကို ညှိလာသင့်တယ် ဆိုတာကိုပေါ့။

အဲချိန်မှာ အမလတ်က ဘုရားရှိခိုးရင်း ညှော်နံ့ရလို့ ဘုရာရှိခိုးလျက်က မျက်လုံးဖွင့်ကြည့်တော့ ကျွန်မရဲ့ အင်္ကျီစ မီးစွဲနေတယ်လေ။ ပင်လောင်းမြို့ည အအေးကနက်တော့ အပေါ်က အနွေးထည် သိုးမွေးနဲ့ အနွေးထည်အောက်မှာ နိုင်လွန်သားပါတဲ့ တီရှပ်ဝတ်ထားတော့ လောင်စာဖြစ်နေတာပေါ့။

ကိုယ့်ဘာသာကိုယ် မီးလောင်လို လောင်မှန်းမသိနေတဲ့ကျွန် ရုတ်ရက်လန့်ဖြတ်သွားပြီး ဘာလုပ်ရမယ် မသိဖြစ်နေတော့တော့တယ်။ ကျွန်မလဲ လန့်သွားပြီး အကျီအောက်နားလေးမှာ စွဲနေတဲ့ မီးကို လက်နဲ့ ပုတ်ချလိုက်တာ နိုင်လွန်သားပါတော့ မီးတချို့က ကျမသွားပဲ လက်မှာစွဲပါလေရော။ အမလတ်လဲ ကြောင်ပြီးကြည့်နေချိန် အမကြီးနဲ့ မောင်လေး ပြေးလာပြီး မောင်လေးက ဘုရားစင်ရှိ သောက်တော်ရေပုံးမှ ရေနဲ့ လောင်းချလိုက်ပါတော့တယ်။ ပြီးတော့ ဘာပြောကောင်းမလဲ။ မောင်နှမလေးယောက်သား ထိုင်ငိုရလိုက်ကြတာ။

အဲဒီမီးလောင်တာ ကံကောင်းလို့ တကိုယ်လုံး မီးမစွဲပဲ လက်မှာစွဲတာကလဲ အပေါ်ယံလေးပဲ ဖြစ်သွားလို့ပေါ့ အဲဒီမီးစွဲသွားတဲ့ လက်မှာလဲ အပေါ်ယံလောက်ပဲ စွဲပြီး လက်သန်းအောက်က အိမ်ထောင်ရေးလမ်းကြောင်း စတဲ့ထောင့်လေးမှာတော့ အတော်နက်သွားတယ်လေ။ အခုချိန်ထိ ဒဏ်ရာလေးရှိနေဆဲပေါ့။ လက္ခဏာကြည့်တိုင်း ရှင်းပြရတာ ဒါလဲ အလုပ်တခုမို့ အမှတ်ရနေတယ်လေ။ တွေးမိပါတယ်။ အမလတ်သာ ညှော်နံ့မရရင် ဘယ်လောက်များ ကိုယ့်ဘာသာကိုယ် မီးစွဲနေမှန်းမသိ ဖြစ်နေမှာများနော်.ကြက်သီးတောင်ထတယ်။

နောက်တခု ကတော့ ၂၀၀၇ခုနှစ် ဖြစ်ခဲ့တာပေါ့။ မောင်နှမတွေနဲ့ ဘောလုံးပစ်တိုင်း ကစားကြတာ ခြေချော်ပြီး ပန်းခုံပေါ်က ပြုတ်ကျတာ ဘယ်သူ့မှ မြင်လိုက်ဘူး။ ၀မ်းလျားမှောက်လေး ကျနေတာများ နာလွန်းလို့ ပြန်တောင်မလှည့်နိုင်ဘူး။ နောက်မှ မောင်ငယ်ဖိုးခွား မြင်လို့ ပြေးလာပြီး ထူတာတောင် မထနိုင်လို့ တခြားမောင်နှမတွေ ပြေးလာရတာ ကြည့်လိုက်တော့ ဒူးနှစ်ဘက်လုံး စုတ်ပြတ်ထွက်သွားတာများ သွေးတွေ ချင်းချင်းနီနေတော့တာပဲ။ ဒဏ်ရာ အနာရင်းချိန်မှာတော့ နာလိုက်တာ ပြောမနနဲ့တော့။ ဒူးခေါင်းလိုနေရာမှာဆိုတော့ ကွေးမရ ပြုမရနဲ့ ပိုဆိုးတာပေါ့။ ဒီလိုနဲ့ နည်းနည်းလေ သက်သာရုံရှိသေးတယ်။ အဲချိန်မှာ RC2မှာ ကျောင်းတက်နေတော့ အပြန်မှာ လိုင်းကားပေါ်စီးတော့ ဘယ်လိုများ ကားပေါ်တက်လိုက်တယ် မသိဘူး။ ခလုတ်တိုက်ပြီး နောက်တဆင့်နဲ့ တိုက်မိသွားတာ နာလွန်းလို့ ကားပေါ်မရောက်ပဲ အပေါက်ဝမှာ မျက်ရည်တောက်တောက် ကျတာများ ရှက်လဲမရှက်နိုင်တော့ပါဘူး။ :)) ဒါပေမဲ့လဲ အခုချိန်ထိလဲ ကစားမယ်ဆိုရင် မကြီးမငယ်နဲ့ ရှေ့က ပါချင်နေသေးတယ်။ :))