ဒီမနက်ရှစ်နာရီကျော်ကျော်မှာ သူငယ်ချင်း ဖုန်းဆက်လာတယ်။
"ကဲ..ကန္တာရမိုးစက်ကြောင့် ပန်းလေးတွေ သနားပါတယ်။ ကြေကုန်ပြီ"
တဲ့။
ရုတ်တရက် ကြောင်သွားတယ်။ ဘာလဲပေါ့။ ငါ့ဘလော့ဂ်လေး ဘာဖြစ်လို့ပါလိမ့်ပေါ့။ :)) ဘယ်ကလား .လာစနေတာလေ။
မနေ့ညက ကန္တာရလေးမှာ မိုးတွေ သည်းကြီးမဲကြီး ရွာလိုက်ပုံများ လမ်းမှာ အလှစိုက်ထားတဲ့ ပန်းလေးတွေ ကြေကုန်တယ်။ သစ်ကိုင်းတချို့ ကျိုးကျနေတယ်လေ။ လေနဲ့မိုး သည်းသွားပုံပဲ။ သိဘူးဗျာ။ တော်တော် အိပ်ကောင်းပုံများ မနက်ကို နောက်ကျမှနိုးလို့ ရုံးတောင် မနည်းပြေးရတယ်။
အဲဒီလောက်ထိ သည်းသည်းမဲမဲ ရွာလိုက်မယ်လို့ မထင်ထားဘူး။ မနေ့ည ရှစ်နာရီကျော်လေးမှာ သူငယ်ချင်းသန္တာနဲ့ လမ်းထိပ်က ကလေးကစားကွင်းမှာ ဒန်းသွားစီးကြမလို့။ လမ်းတ၀က်ရောက်တော့ လျပ်စီးလျှက်တာကို ကျွန်မတွေ့တော့ ကြောက်သွားတယ်။
အဟိ..သတ္တိခဲဗျ။ လျပ်စီးတို့ မိုးချုံးတာတို့ကို တအားကြောက်တာ။ ဒီအတိုင်းလေး ရွာတော့ ဘာဖြစ်မှာကျနေတာပဲ။ မိုးတွေချုံး ၊ လျပ်စီးတွေလျှက်နဲ့ ကြိုက်ပါဘူး။ သိကြာမင်းကြီး စိတ်ဆိုးပြီး ဒီလောက် တ၀ုန်းဝုန်း တဒိုင်းဒိုင်းလုပ်တာ နေမှာနော်။ :))
ဒီနေ့ ရုံးက နေ့တ၀က်ပဲဆိုတော့ အပြန်လမ်းမှာ မိုးကောင်းကင်ကို ကြည့်မိတော့ မဲမှောင်နေတာပဲ။
ကန္တာရမိုးစက်လေးများရယ် ဒီအတိုင်းလေး မိုးမချုံး ၊ လျပ်စီးမလျှက်ပဲ သည်းသည်းမဲမဲရွာချပါစေ။ မိုးရေထဲ လမ်းလျှောက်ချင်လို့ပါ။

4 comments:

ကိုရဲ said...

မငုံရေ ..... မိုးရေထဲလမ်းလျှောက်ရတာ တော်တော်မိုက်တရ်နော် ရှယ်ပဲ ဒီမှာက မိုးမရှိဘူး ရွာလည်း ဖွဲဖွဲလေး မမိုက်ဘူး လျှောက်ရတာကး(

(ကိုရဲ)

Sein Lyan Tun said...

ကျနော်တို့ ဆီမှာ မိုးတွေသည်းနေတုန်းမငုံရေ...

Anonymous said...

မငုံရေ ...

မိုးရေထဲလမ်းလျှောက်ချင်လို့လား ... ၀ါသနာတော့တူနေပြီ ... ဒီမှာတော့ မိုးရေထဲအလျှောက်ကောင်းတာ နေမကောင်းချင်ဘူးရယ် ...

Anonymous said...

မိုးမချုံး လျှပ်စီးမလျက်ပဲ ဒီမိုး သည်းမဲချ ရွာကျပါစေတော့လား ...
ကျွန်တော်လည်း မိုးရေချိုးချင်လိုက်တာ ...
ငယ်ဘဝကိုတောင် သတိရသွားတယ် မငုံရေ ...
နေဒေးသစ်။