ဧည့်ခံပွဲရက်မှာ မောင်ရင်လောင်းများ တော်တော်ပင်ပန်း သွားကြတာမို့ နောက်တရက်ကိုတော့ နားရက်အဖြစ် သတ်မှတ်ပေးပါတယ်။ ဒီလို နားရက်မှာလည်း မောင်ရင်လောင်းများ အနားမယူရပါဘူး။ ဘိုးဘွားဆွေမျိုးများကို သွားရောက်ကန်တော့ကြရပါတယ်။ ညပိုင်းရောက်တော့လည်း စ၀်မီးလူပျိုများ အဖွဲ့က သွားရောက်လည်ပတ်ကပြရာမှာ ကုသိုလ်ဝေရာသို့ ခေါ်သွားပြန်ရော။ ဒီလိုနဲ့ ဆံချရက်ကိုရောက်ရှိလာပါပြီ။ မနက်ပိုင်း ဆံမချခင်တွင် မောင်ရင်လောင်းကို မိစုံဖစုံမှ မွေးသော မိစုံဖစုံ သက်ရှိထင်ရှားရှိနေသော သမီးပျို ခုနှစ်ယောက်မှ ထမင်းခုနှစ်လုတ် ခွံ့ပါတယ်။ များသောအားဖြင့် အမနဲ့ညီမများသာ ဖြစ်ပါတယ်။ နောက် မောင်ရင်လောင်းကို ဆံချပါတော့တယ်။ ဒီဆံချတဲ့ အချိန်ဟာ အလိုလိုနေရင်း မျက်ရည်ကျလာပါတော့တယ်။ ၀မ်းနည်းဝမ်းသာကျတဲ့ မျက်ရည်များပေပဲပေါ့။ ၀မ်းနည်းသည်ဆိုသည်မှာလဲ တချို့ မိခင် သို့မဟုတ် ဖခင် လွန်လေပြီးဖြစ်လို့ တွေ့မြင်သွားရမှု့ မရှိလေခြင်းဟု တွေးတောမိကာ မျက်ရည်ကျခြင်းပါ။ ၀မ်းသာမျက်ရည်များကတော့ ကိုယ့်ရင်သွေး မြင့်မြတ်တဲ့ သာသနာဘောင် ရောက်ရှိတော့မည် ဖြစ်လို့ပါပဲ။ ရွှေထီးနှစ်လက်မိုးတဲ့ အောက်မှာ မိဘက ပ၀ါဖြူစ ကို ကိုင်ကာ သက်ဆိုင်ရာ ခေါ်ဆိုထားသော ဆံချပေးတဲ့သူမှ ဆံချနေစဉ် ခရုသင်းမှုတ်ခြင်း ပြုလုပ်ခြင်းများဖြင့် ကြည်နူးစရာ မြင်ကွင်းကို မြင်ရတော့ ကျွန်မစိတ်ထဲမှာ ဆုတောင်းမိပါတယ်။ ဘ၀တိုင်း ဗုဒ္ဒဘာသာဝင် ယောက်ျားလေး တစ်ယောက်သာ ဖြစ်ပါရစေလို့။ နေ့ခင်းပိုင်းမှာ မောင်ရင်လောင်းများကို ကျောင်းတော်သို့ ပို့ဆောင်ပါပြီ။ ဒီအကြိမ် လှည့်လည်ရာမှာတော့ ဖခင်က သပိတ်လွယ်၊ မိခင်က သင်္ကန်းတောင်းပိုက်လို့ပေါ့။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပါ။ အရင်ရက်ကလိုပဲ မြို့တပတ် စီတန်းလှည့်လည်ကာ ကျောင်းအရောကက်မှာတော့ မောင်ရင်လောင်းများက ဧည့်ပရိတ်သတ်ရဲ့ ရှေ့ဆုံးနေရာမှ သံဃာတော် အရှင်သူမြတ်တို့ထံ သင်္ကန်းတောင်းကာ မြင့်မြတ်လှတဲ့ သာသနာဘောင်အတွင်းသို့ ၀င်ရောက်သွားပါပြီ။ အိမ်အပြန်လမ်းမှာတော့ ကိုရင်လေးတွေ ပါမလာတော့ပါဘူး။ ကျောင်းတော်မှာ ကျန်ရစ်ခဲ့ကြပြီလေ။

နောက်တရက်ကိုတော့ အောင်ပွဲနေ့လို့ ခေါ်ပါတယ်။ မနက်အာရုဏ်မှာတော့ သက်ဆိုင်ရာ ဆရာတော်နဲ့ ကိုရင်လေး အိမ်သို့ကြွလာပါပြီ။ နံနက် အာရုဏ်ဆွမ်းစား အပြီးမှာ ဆရာတော်ဘုရားမှ ကိုရင်လေးကို ဘွဲ့အမည်ပေးပါတယ်။ ထို့နောက် မိဘများ အပျော်ရွှင်ဆုံးနဲ့ စိတ်ချမ်းမြှေ့မှု့အရဆုံးသော ကိုရင်လေး၏ တရားဟောတာကို နာကြားကြပါတော့တယ်။ ကျွန်မတောင် စာရေးရင်း မောင်လေးရဲ့ ကလေးသံလေးနဲ့ တရားဟောတာလေးကို ကြားယောင်လာမိတယ်။

နေ့ခင်းပိုင်းမှာ ခုနှစ်ရက်လုံးလုံး အိမ်ရှင်သဖွယ် လာရောက်နေထိုင် ပွဲအစအဆုံး အဆင်ပြေရန် စီစဉ်ပေးခြင်း၊ ဧည့်ခံပေးခြင်းများ၊ စောင့်ရှောက်ပေးသော စ၀်မီးများ ပြန်တော့မှာ ဖြစ်ပါတယ်။ ထို့ကြောင့် အိမ်ရှင်သိှု့ အိမ်နဲ့တကွ သက်ဆိုင်ရာပစ္စည်းများကို အပ်နှံပါတော့တယ်။ အဲဒီလို အပ်နှံရာမှာ ကျွန်မတို့ ဓလေ့အတိုင်းလေး အိမ်ရှင်မှ ရွှေငွေများဖြင့် ပြန်လည်ရွေးယူကြရပါတယ်။ ဈေးဆစ်ခြင်းများလဲ ပြုလုပ်ကြပါသေးတယ်။ နောက်ဆုံးတွင် စ၀်မီးများက ရွှေငွေများနဲ့ လှယ်လဲပြိးနောက် ယင်းရွေးချယ်ပစ္စည်းများကို အိမ်ရှင်သို့ လိုအပ်တာများသို့ အသုံးပြုပါလေဟု ပြောကာ ပြန်လည်အပ်နှံပါတယ်။ နောက် မော်အေ့ပါတယ်။ ဒီမောအေ့တယ်ဆိုတဲ့ အသုံးအနှုန်းလေးကို တချို့ အကျွမ်းတ၀င်မရှိသူများ နားမလည်မည်ကို တွေးမိပါတယ်။ ဒါပေမဲ့ ကျွန်မ ဗမာလို ဘယ်လို ပြန်ရှင်းပြရမည်ကို မသိပါသောကြောင့် ရှင်းပြခြင်း မရှိနိုင်ခဲ့ပါ။ ဒါက ကျွန်မရဲ့ အားနည်းချက် အတွက် တောင်းပန်ပါတယ်။ နောင်တွင် ကျွန်မ မေးမြန်းပြီး ပြန်လည်တင်ပြပေးပါမယ်။ ဒီလိုမောအေ့ခြင်းကို ပွဲတော်ရက်အတွင်းမှာလည်း မကြာခဏပြုလုပ်ပါတယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။

နောက် ငှားရမ်းထားသည့် မြင်းများကို သွားရောက်ကြိုဆိုစဉ်ပုံအတိုင်း ပို့ဆောင်ပါတယ်။ စ၀်မီးအပျိုများမှ အိမ်ရှင်နဲ့ မိသားစုများကို ခေါင်းလျှော်ရေချိုးပေးပါတယ်။ ဒါက ပအိုဝ့်ရိုးရာလေးပါ။ အကယ်လို့ ပစ္စည်းမလုံလောက်လို့ အခြားရှင်ပြုပွဲ မကျင်းပသည့်အိမ်များမှ ငှားရမ်းထားသည်များ ရှိပါက လက်ဖက်ထုပ်ဖြင့် သွားရောက်အပ်နှံကာ ကုသိုလ်ဝေပါတယ်။ နောက်ဆုံးမှာ စ၀်မီးများမှ အားလုံးကို သိမ်းဆည်းကာ နောက်ဆုံးအနေဖြင့် မိသားစုများနဲ့ ၀ိုင်းဖွဲ့ကကြပြီးနောက်မှာတော့ မိမိတို့ရွာသို့ ပြန်လည်သွားပါတော့တယ်။။။။။

(:)) ပွဲပြီးပေမဲ့လည်း မပြီးသေးသူ ကိုရွှေလူပျိုများကတော့ ထိုရွာသို့ ချောင်းပေါက်အောင် ကူးပါတော့တယ်။)

2 comments:

Sein Lyan Tun said...

ချောင်းပေါက်အောင်ကူးတဲ့ ကိုရွှေလူပျိုများကိုလဲ
မငုံတို့ လို မရွှေပျိုဖြူတွေက လည်တဆံ့ဆံ့ နဲ့ မျှော်မှာပေါ့လေ..နော်..
အဟားး

Welcome said...

ရွာကွမ်းတောင်ကိုင် ဖြစ်တဲ့ မငုံတို့ အိမ်ရှေ့တံစက်မြိတ်မှာ သီးခြား ရေမြောင်းဖောက်စရာ မလိုတော့ ဘူးပေါ့နော် .. ကိုရွှေလူပိုတွေ ချောင်းပေါက်မတတ်လာလာ နေလို့လေ ..

ကျေးဇူး