လူမော်ရေ..ငါစာဆက်ရေးလိုက်တယ်။ မအားတဲ့ကြားက ကျေးဇူးတင်ဦးဟ။ :)) ငါတို့တွေ စာမေးပွဲပြီးလို့ ခဏလေးပဲ အနားယူရတယ်နော်။ သုံးပတ်ပဲလား မသိဘူး။ ကျောင်းကြီးပြန်ဖွင့်တော့ ငါတို့တတွေက Part II ကျောင်းသား စီနီယာတွေ လုပ်တဲ့ အလှည့်ပဲနော်။ ငါထင်တယ်။ Part II ရောက်တော့ စုစုပေါင်း ၄၅ယောက်ဝန်းကျင်ပဲ ကျန်တယ်နော်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်ကြတော့ဘူး။ နိုင်ငံခြားထွက်တဲ့သူထွက် ၊ တာဝန်ရွေ့ရာ ပြောင်းကြရလို့ ကျောင်းမတက်နိုင်တော့တဲ့ သူစသည်ဖြင့် တော်တော်များကြတယ်နော်။ ဒါပေမဲ့ သူတို့လည်းကျောင်းကို သံဃောဇဉ်ရှိကြတယ်နော်။ ရန်ကုန်ရောက်တာနဲ့ ကျောင်းရှိရာကို လာကြတယ် ( ဟုတ်လား..ကိုဇင် :)) ). အဲ..သုံးလလောက် ဂျပန်ကို လေ့လာရေး သွားတဲ့ စိမ်းလဲ့ကတော့ ပြန်ရောက်ပြီး ကျောင်းစာမေးပွဲတောင် ပြန်ရောက်ရောက်ချင်း လာဖြေတယ်နော်။ အိမ်တောင် မပြန်အားဘူး။ အ၀တ်အိတ်ကြီးတောင် ပါလာသေးတယ်။:)) သူပြောပြတာကတော့..ဟိုမှာ အချိန်ရတာနဲ့ စာကြည့်ဖြစ်အောင်ကြည့်တယ်တဲ့။ တကယ်တော်တယ်နော်။
ဒါနဲ့ နေပါဦး နင်ဒီpart II မှာ ဘယ်ဘာသာကို သဘောအကျဆုံးလဲ။ ငါတော့ Small Business ကို အကြိုက်ဆုံးပဲ။ လူနေမှု့ဘ၀နဲ့ တော်တော်နီးစပ်တယ်လို့ ထင်တယ်လေ။ ဒီဘာသာကို သင်ရတော့ ငါ့စိတ်ထဲမှာ " သြော် ကုန်စုံဆိုင် သေးသေးလေးဖွင့်ရင်တောင် စီမံခန့်ခွဲမှု့ အရေးပါတယ် " ဆိုတာလေးကို တွေးမိလာတယ်။ စာသင်တာ ဆရာ ၊ ဆရာမတိုင်း ကောင်းကြတယ်နော်။ ဆရာမကြီး ဒေါ်ခင်စန်းရီ သင်တာအကြိုက်ဆုံးပဲ။ တကယ်လက်တွေ့ကျကျ သဘောပေါက်အောင် နားလည်အောင် ထင်မြင်လာအောင် သင်ပေးတယ်နော်။ အခု ဆရာမက စီမံခန့်ခွဲမှု့ဌာနရဲ့ ဌာနမှူးဖြစ်သွားပြီနော်။
ဆရာမနဲ့ ပက်သက်ပြီး ငါ တုတ်ဝေရာမှာတော့ ပါတယ်။ မုန့်ဝေတဲ့နေရာမှာ မပါလိုက်တဲ့ အဖြစ်လေးကို သတိရတယ်။ နင်မှတ်မိမလားမသိဘူး။ အဲဒီနေ့က ဆရာမ စာသင်ရင်း ထုံးစံအတိုင်း အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဈေးကွက်ကို လက်တွေ့ကျကျပြောနေချိန်လေ။ ငါက ဆရာမနဲ့ မျက်နှာချင်းဆိုင်တည့်တည့် ဖြစ်နေတယ်။ " ကဲ အာလူးတပိဿ ဘယ်ဈေးရှိသလဲ" လို့ ငါ့ကို ကြည့်မေးတော့. ငါလဲကြောင်သွားတယ်။ " မသိဘူးလို့ " ဖြေလိုက်ရတယ်( တကယ်လဲ မသိလို့ ရှမ်းမဖြစ်ပြီး အာလူးဈေး မသိဘူးလား လို့ ကိုကောင်းမြတ်ကတောင် စနေသေးတယ်)။ နင်ချွန်းတွန်းလုပ်လိုက်လို့ ငါစာမေးခံ၇တာလည်း ရှိတယ်နော်။အဲ..မုန့်ဝေတဲ့နေ့ကတော့ ပြောကို မပြောချင်ဘူး။ ဆရာမ Internatinal business စာအုပ် သယ်လာခိုင်းတဲ့နေ့ကလေ။ ဘယ်သူ့မှသယ်မလာဘူး။ ငါပဲ အလေးခံပြီး သင်မဲ့ စာအုပ်နဲ့ ယူလာခိုင်းတဲ့ စာအုပ်( အလေးချိန်ကလဲ စီးမှစီး) နှစ်အုပ်ကို လေးလေးပင်ပင် သယ်လာရတယ်။ ကျောင်းလဲံ ရောက်ရော ဘယ်သူမှ ယူလာတာမတွေ့ဘူး။ ငါလဲ တွေးလိုက်မိတယ်။
" အင်း..ဆရာမက ငါ့ကို တော်တော်ချစ်တယ်။ စာဆိုရင် င့ါပဲမေးတယ်။ အခုလဲ ဒီစာအုပ် သယ်လာတာ ငါပဲရှိတယ်။ သေချာမဖတ်ထားရသေးဘူး။ စာမေးခံထိလို့ ကတော့ သေပြီဆရာ " လို့ တွေးလိုက်မိတယ်။ ဆရာမလဲ အခန်းထဲဝင်လာရော..ရှေ့တိုးထိုင်ခိုင်းတာနဲ့ စာအုပ်ကို သင်မဲ့ တအုပ်ပဲ ယူပြီး ရှေ့သွားထိုင်တာ။ ယူလာခိုင်းတဲ့ စာအုပ်ကိုတော့ နောက် ခုံပေါ်တင်ထားခဲ့တယ်။ အယ်.. ဖြစ်ချင်တော့ ကိုသောင်းထိုက်ကြီး အဲဒီခုံမှာ ၀င်ထိုင်တယ်လေ။ ဆရာမက စာသင်ရင်း သတိတရ စာအုပ်လဲမေးရော။ ကိုသောင်းထိုက်ကို ချီးကျူးသွားတယ်လေ။ ' သူပဲ လိမ္မာတယ်တဲ့ ။ သူတယောက်ထဲ စာအုပ်ယူလာတယ်တဲ့ " :))
ကျောင်းလဲဆင်းရော ကိုသောင်းထိုက်ကြီး ရယ်ပြီး သူလဲ ဘယ်သူ စာအုပ်မှန်းမသိဘူးတဲ့။ ပြောပြီး သဘောတွေ ကျနေတယ်။ နောက် ငါ့စာအုပ် သိမှ ပိုရီတော့တယ်။ အဲဒီလို ငါက ဖြစ်လိုက်ရင် မုန့်ဝေတော့ ဘာမှမရဘူး။။
ဒီ Part II မှာ အဖြစ်ကတော့ ဘာစုံသလဲ မမေးနဲ့နော်။ တော်တော်ရယ်စရာကောင်းတဲ့ အဖြစ်တွေ အများကြီးပဲဟ။ စာတမ်းတင်တော့ ဖြစ်ရတဲ့ ဗရုပ်သုတ်ခတွေ ၊ ပုဂံကို ၀ရုန်းသုန်းကား သွားလေ့လာရတဲ့ ခရီးစဉ်နဲ့ ဖြစ်လာရတဲ့ ဟာသတွေ အများကြီး.အများကြီးပဲ နော်။
ငါ အလုပ်တွေ ရှိနေသေးလို့ နောက်မှ part II school day ကို ဆက်ရေးမယ်ဟာ။ သည်းခံ စောင့်ဖတ်ပေးနော်။

2 comments:

Sein Lyan Tun said...

ဟားးဟား..ဟား..
ပုံဂံခရီးစဉ်ကို ကြိုတင် ရယ်ထားတယ်..
သူ ကလဲ ကိုးရီးယားကားလို လဲ အမြည်းလေးနဲ့ တခန်းရပ်..
ဆန့် တငံ့ငံ့ရယ်....

Unknown said...

လူမော်said..
ဖူးဖူးကအသက်ကြီးသွားပေမယ့် မှတ်ဥာဏ်ကောင်းသေးတာပဲ.... အကုန်မှတ်မိတယ်.. ဟား.ဟား.
ဒါနဲ့ စိမ်းလဲ့ဆိုတာ ဘဒူလေးလဲ.... ခင်စိမ့်ဝင့်ရဲ့ nickname လား...
ကျောင်းတက်တဲ့ကာလအတွင်း သူငယ်ချင်းတွေထဲက ၃ မင်္ဂလာဆောင်သွားတယ်... မှန်မှန်ပြော..... ဘယ်သူတွေလဲ(မှတ်မိရင်ဆုချမယ်..)
အတန်းထဲမှာ စာကိုရှယ်ကြတာလည်းအမှတ်ရစရာပါ (တစ်ယောက်ရေးပြီးသား Assignment ကိုရှယ်ကြတာ...စာဝတ်မှုန်ကူးတယ်ဆိုတာ ဒီလိုပေါ့)
ဘာသာရပ်တစ်ခုကို ခေါင်းအုံးလောက်ရှိတဲ့စာအုပ်ကြီးတွေ သယ်ရ၊ ဖတ်ရတာလည်း အမှတ်ရစရာပါ.... လူလည်းအမြင်ကတ်ခံရတယ် ....
ပုဂံ long trip ကိုစောင့်မျှော်လျက်ပါ.... ပုဂံအကြောင်းရေးရင် ဘယ်သွားသွားအမြဲနောက်ကျတဲ့ ချစ်မကြီး အားပြုံးအကြောင်းမမေ့နဲ့နော်...
ပုဂံယွန်းဆိုင်တွေ၊ ဈေးဆိုင်တွေမှာ ငါတို့စီးပွားရေးကျောင်းသားတွေ လည်လှချည်ရဲ့ဆိုပြီးဈေးဆစ်ကြတာလည်းထည့်ရေး.....(အမှန် သူတို့က ဈေးမတန်တဆတင်ထားပြီး လူကိုကြည့်ပြီးပြောရောင်းတာ... ခံလိုက်ရတာ...နာတယ်ကွာ..)
ခရီးသွားရင်းကားပေါ်မှာ tour guide ကိုထိုက်နဲ့ ကိုလင်းတို့ရဲ့ ခရီးစဉ်ရှင်းပြချက်တွေလည်း ထည့်ရေးပေါ့ (ဥပမာ.... "အခုသွားနေတဲ့ ရွှေစည်းခုံဟာ ဘုရားကြီးဖြစ်ပါတယ်" ဆိုပြီး တစ်ခါတည်း သဘောပေါက်သွားအောင်၊ ထပ်မေးစရာမလိုတော့အောင်ကို ရှင်းပြတာမျိုး..)
ပုဂံဟိုတယ်မှာတည်းတော့ အေးလွန်းလို့ ရေလုံးဝမချိုးဘူးဆိုတဲ့ သူငယ်ချင်းမတစ်ယောက်ရှိတယ်.........(တိတ်တိတ်လေးပြောပြမယ်...)
တီချယ်တွေစိတ်ကောက်လို့ ငါတို့ပြန်ချော့ရတာတွေတော့ ထည့်မရေးနဲ့တော့နော်.... ကြားရင်ထပ်ချော့နေရမယ်..(distance ချော့နဲ့...)
ဒါပေမယ့် ရဲရင့်ထက်မြက်ပြီး စိတ်ကောင်းအရမ်းရှိတဲ့၊ စေတနာကြီးတဲ့ တီချယ် Dr.ခင်စန်းရီကိုလည်း အမြဲကျေးဇူးတင် ဂါရ၀ပြုလျက်ပါ....
Part II ကိုစောင့်မျှော်လျက်..........