တောင်ပေါ်သားတစ်ယောက် Tag လိုက်ပြန်ပြီ။ ရေးထားတဲ့ ပိုစ့်တွေက အကြိုက်ဆုံးပိုစ့်ကို ဒုတိယအကြိမ် ပြန်တင်ပေးပါတဲ့။ စဉ်းစားကြည့်တော့ အားလုံးကြိုက်နေတယ်။ ( ကိုယ်ရေးထားပဲနော်။ ကိုယ်ချီးကျူးရမှာပေါ့ :)) ). ခက်တော့နေပြီ။ နောက်ဆုံးတော့ အခုတလော မေးချင်နေတာလေးကို ဒုတိယအကြိမ်ပြန်မေးလိုက်ပါတယ်။ အရင်ကတခါ မေးထားခဲ့တာလေးက ဒီလိုလေးပါ။။

လူတစ်ယောက်ဟာ သူချစ်တဲ့သူ အပေါ် ပုံစံအချိုးတွေ ပြောင်းလာတာဟာ ပြောင်းလဲမိတဲ့အတွက် အပြစ်ရှိပေမဲ့ အဲဒီလို ပြောင်းလဲအောင် လုပ်ဆောင်လိုက်တဲ့ ချစ်တဲ့သူကကော အပြစ်မရှိတော့ဘူးလား ။
ဒီလိုပြောင်းလဲလိုက်လို့
" အရင်ကလို မဟုတ်တော့ဘူး ။
သံဃောဇဉ်နည်းသွားတယ် ၊
အဲဒီ မလုပ်နဲ့ " အစရှိသည်ဖြင့် အပြစ်တွေ ဆိုနေမဲ့ အစား
" ငါ, သူ့အပေါ် ဘာလုပ်မိခဲ့ပါလိမ့် ။
သူမကြိုက်တာ ဘာလုပ်ခဲ့မိပါလိမ့် ။
ငါ, သူ့အပေါ် ဂရုစိုက်ပေးတာတွေကော လျော့သွားမိသလား ။ " ဆိုတာတွေကော အရင်ဆုံး စဉ်းစားမိသင့်တယ်မဟုတ်လား ။
ပြောင်းလဲမိတယ် ဆိုတာကလဲံ ဖေးဖေးမမ နဲ့ ပြန်လည်ဂရုစိုက်ပေးရင် သစ်ပင်တွေလိုပေါ့ ပြန်လည်ရှင်သန်လာနိုင်ပါတယ် ။
အစကတည်းက မုန်းလို့ သံဃောဇဉ်ကို အပြီးဖြတ်တာမှ မဟုတ်တာ ။ ဂရုစိုက်မှု့လေး တစ်ခုကိုပိုမို လိုချင်လို့ဆိုတာ အလိုလို နားလည်လာပါလိမ့်မယ် ။
ပြောင်းလဲချင်လွန်းလို့ ပြောင်းလဲထားတာမှ မဟုတ်တာ ။ ရင်နာရတာပေါ့ ။
အမြဲကြိုက်ခဲ့တဲ့ စာသားလေးလိုပေါ့
" sometimes I hide and sometimes I run, sometimes I scared of you but all are really want is your hold tight " တဲ့ ။
ကဲ ဘယ်သူ့အမှားလဲ........? ဆိုတာ တွေးကြည့်ရအောင် ။
ခဏလေး ပြောင်းလဲကြည့်တဲ့သူမှာ အပြစ်ရှိသလား.......?
ပြောင်းလဲသွားအောင် လုပ်တဲ့သူမှာကော အပြစ်ကင်းရဲ့လား........?

( တစ်ယောက်သူသို့.........)

8 comments:

Sein Lyan Tun said...

တစ်ယောက်သောသူက ကျနော်မဟုတ်တာသေချာတယ်
အဟီးးးး

ကိုရဲ said...

ဟေဟေ့ ။ ဒုတိယမြောက်ပဲဟ မိုက်တရ် နင်ေ၇းတာမိုက်တ၇် ။ ဘယ်သူ့မှာအပြစ်ရှိလည်း ။ ငါတော့မဟုတ်ဘူး ။ သူဖြစ်မယ် ငါ့အထင် ဟီဟိ

(ကိုရဲ)

တောင်ပေါ်သား said...

အဟား ကောင်းပါ့ တယောက်သောသူကို ဒုတိယမိ လွမ်းနေသေး ဟွန်း စိတ်ဝင်စားသွားပြီဗျာ...


လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

အဟား သိနေတယ် တစ်ယောက်သောသူ
ကိုဒိုးလုံးကိုအားကျလို့ မလား
တစ်ယောက်သောချစ်သူလေ
အဟတ် အမ လုပ်ထား သီတင်းကျွတ်အမှီ နော်
နောက်ကားကျော်သွားမှ တစ်ရာသီထပ်စောင့်နေရမယ်

kiki said...

နာ့အမှားပါအေ..နာ့အမှားပါ။ ဒုတိယအကြိမ် အမေးခံရတာတောင် မှန်အောင်မဖြေနိုင်တာ ...မှားပါတယ်အေ...ဟိဟိ

ဝင်းဇော် said...

သားသားတော့ လိုက်မမီတော့ဘူး


တစ်ယောက်သောသူ ???

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

ဒါဆို အကိုက ဦးအံ့ကျော် နဲ့ ချွတ်စွတ်ပေါ့နော်...

ကြယ်စင်မင်း said...

အင်း.. ကျွန်တော်တောင်းပန်ပါတယ်.. :D
ဟီးးးး