ဒီနေ့ တောင်ပေါ်သားရဲ့ " နာမည်ကြီး ထမင်းငတ် " ကို သွားဖတ်ပြီးချိန်မှာ. လူတွေ ပြောပြောနေကျ စကားလေးကို သတိရမိသွားတယ်။
ကိုယ်ရဲ့ရွေးချယ်မှု့တစ်ခုအတွက် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွေ့ကြတဲ့အခါ..
အဆင်ပြေအောင်မြင်သွားရင်တော့
" တစ်ရွာမကောင်း သူကောင်းမဖြစ်"ပေါ့တဲ့။
( ချီးကျူးခံရတာပေါ့)
အဟဲ..နည်းနည်းလေး.လွဲချော်သွားပါက
" သေချင်တဲ့ကျား တောပြောင်းသကိုး " တဲ့။
( သနားခံရတာနေမှာပါ)

အင်း..တတ်လဲတတ်နိုင်ကြပါပေတယ်နော်။။ ဒီစကားလေးကို သူများတွေမှ မဟုတ်ပါဘူး။ ကျွန်မလဲ ကိုယ်ဘာသာကိုယ် ပြောတတ်ပါတယ်။ တစ်ခုခုဆို အဆင်မပြေတဲ့အချိန်ဆို ၊ စိတ်ညစ်ရတာတွေ များလာတဲ့အခါ.ပိုဆိုးတယ်။ တနေကုန် " ကောင်းတယ်။ သေချင်တဲ့ ကျား တောပြောင်းလာသကိုး" ကို မတက်တော့တာ။
" ဘယ်သူမပြု မိမိမှု့ " ပေါ့နော့။ တစ်နေ့ မိဘရင်ခွင်ကို ( အိမ်ဆိုတာလေးဆီ ရောက်တော့လဲ ) ပြန်တဲ့အခါကျတော့လဲ ဒါတွေက အိပ်မက်လေးပါပဲ။ လူ့လောကရောက်လာတော့ ကိုယ်ပိုင်ဆန်တဲ့ အတွေးလေးနဲ့ ကိုယ်ပိုင်လမ်းလေး လျှောက်ချင်ကြတော့လဲ.သေချင်တဲ့ ကျားလေးတောပြောင်းလိုက်ပါဦးမယ်။ :))

3 comments:

အိုက် ချီ ခန့် said...

ဟဟ တေချင်တဲ့ ကျား တောပြောင်း မှာလား...
ကိုကိုကျားကို ထားခဲ့မှာပေါ့ .. ဟတ်လား မမယို...။

အိုက်ခီလောက် said...

သေချင်တဲ့ကျားတောပြောင်း ဆိုလိုတာက သေချင်တဲ့ကျားပေါ့နော့ မငုံရှိတဲ့တော့ကိုပြောင်းသွားတာ ဒါက ကျားမျိုးလေ
တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုလိုတာက မငုံရှိတဲ့ရွာမှမနေပဲ တစ်ခြားရွာသွားပြောင်းနေရင်အဆင်ပြေတယ်လို့ မှတ်ယူရမယ်
ှုငှဲ ငှဲ ငှဲ ဟုတ်လား မငုံ
တော်တယ်ဟုတ် နင့်မောင်လေ ပြဲြဲပဲ ပြဲ

ဇော် said...

မငုံရေ ကျနော်တို့ အကိုအိုက်ခီလောက်ကို ခွင့်လွှတ်လိုက်နော။ ကျနော်ကတော့ သေချင်တဲ့ကျားတောပြောင်းတာ အမှန်ပဲ။ အိမ်ပြန်ချင်လို့။ ဟင့်။