လောကမှာ အယူသာရှိပြီး အပေးမရှိတဲ့ လူတွေရှိပါတယ်။ ကိုယ်က စေတနာထား စိတ်ရင်းနဲ့ ဆက်ဆံပေမဲ့ ပြန်ရလိုက်တာ ဟန်ဆောင်မှု့ကြီးတစ်ခု အပြောသက်သက် တစ်ခုသာဆိုရင် တဘက်သား ခံစားသွားရပါလိမ့်မယ်။ ပေးလိုက်တဲ့သူကလဲ အစကတည်းက တုန့်ပြန်မှု့ရစေတော့ရယ်လို့ ဆိုပြီးပေးလိုက်တာ မဟုတ်ပေမဲ့ အပြောသက်သက် ဟန်ဆောင်စေတနာကိုတော့ မလိုလားပါဘူး။ လက်မခံချင်ကြပါဘူး။ အဲဒီခါကျရင် ကြည့်မှန်မှာ အမြဲ မြင်တွေ့လာရမှာက မဲ့ခြင်းပါပဲ။
စိတ်ထားအမှန်အတိုင်း ဆက်ဆံလိုက်လို့ ကျန်တဘက်မှာ ဘာမှမဖြစ်သွားပေမဲ့ ဟန်ဆောင်ပြီး ပြောဆိုနေတော့ သိရက်နဲ့မို့ ပိုခံရခက်တတ်ပါတယ်။ နားလည်ပေးတယ်ဆိုတာ အတိုင်းအတာတစ်ခု သည်းခံနိုင်သလောက်ပဲ ရှိပါတယ်။
မှန်ကြည့်ရင်တောင် မှန်ထဲမှာ ကိုယ့်ပုံရိပ်လေးကို လှလှပပ သပ်သပ်မြင်ချင်ကြတာချည်းပါပဲ။ ဒီလို လောကကြည့်မှန်ကို ကြည့်ရင်လဲ တူညီတဲ့၊ လှပတဲ့ မြင်တွေ့မှု့ကိုပဲ လိုချင်ကြရအောင်လား။

( ဘာရယ်မဟုတ်ပါဘူး။ ဖြစ်တတ်တာလေးကို တင်ပြခြင်းပါ။ )

3 comments:

Welcome said...

လူတစ်ဖက်သားကို
ချစ်တဲ့စိတ်နဲ့ကြည့်ရင် အကုန်လှနေမှာပါ။
မုန်းတဲ့စိတ်နဲ့ကြည့်ရင်တော့ အကုန်အရုပ်ဆိုးနေမှာ။
ဒါကြောင့် စိတ်ထားလှလှ ထားရအောင်ပါ ..

ခင်မင်လျက်

တလနွန် said...

လူအမျိုးမျိုး စိတ်အထွေထွေ နဲ့ လောကကြီးမှာ ချစ်တဲ့မျက်စိနှင့် ကြည့်ရင်
အရာရာလှပမယ်လို့ မျှော်လင့်တရ် (တစ်ခါတစ်လေတော့လည်း ထပ်တူမကျတဲ့ ကြေးမုံပြင်ထက်က ပုံရိပ်တွေလည်း ရှိမှာပေါ့လေ)

Anonymous said...

ဘဝကြေးမုံပြင် တစ်ချပ်ထဲက လူ့လောကသဘာဝ ဖြစ်ရပ်တစ်ခု အကြောင်း သိခဲ့ရတယ် ...
နေဒေးသစ်။