C Box မှာ မကြီးရောင်ပြန်က Tag ထားတယ်နော်လို့ ရေးတာတွေ့လိုက်တော့ ရင်ခုန်သွားတယ်။ Tag ပိုစ့်ကိုရေးရတိုင်း ကိုယ်စိတ်ကြိုက်ပိုစ့်ရေးတဲ့ ခံစားချက်နဲ့ မတူဘူး။ ပိုပျော်သလိုပဲ။ အပြေးအလွှားသွားကြည့်တော့ အတွေ့ချင်ဆုံး( ၁၀)ယောက်တဲ့။ :)) တွေ့ချင်တာတော့ အားလုံးကိုပါပဲ။ ဒါပေမဲ့ ဆယ်ယောက်ထဲဆိုတော့ ဘယ်သူ့ကိုရွေးရမလဲ၊ ဘယ်လိုအချက်ပေါ်မူတည်ပြီးရွေးရင် ကောင်းမလဲ စဉ်းစားတာ မလွယ်ဘူးဗျာ။ မကြီးရေ..ဒီစာရင်းလေးပါပဲ။ အတွေ့ချင်ဆုံး(၁၀)ယောက်က....

၁။ အောင်ဦး
သီတင်းကျွတ်လက်ဆောင်နဲ့အတူ ရောက်ရှိလာပြီး ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တဲ့ ကျွန်မ၊ တရားကို အခါကြီးရက်ကြီးလောက်မှသာ နာတတ်သလို ဖြစ်နေတဲ့ ကျွန်မကို သောကြာနေ့တိုင်း(ရုံးပိတ်ရက်လေးမို့ အချိန်ပိုရတယ်လေ) နဲ့ အချိန်ရရင်ရသလို တရားနာတတ်အောင် သင်ပေးတဲ့ ကျေးဇူးရှင်လေးမို့ပေါ့။ အင်မတန် သဘောကောင်းတယ်။ သူ့ကိုတွေ့ရင် ပြောချင်တာက အခုလိမ္မာလာပြီ.သိရက်နဲ့ မဆိုးတော့ဘူးလို့ :))

၂။ ညီမလေးလင်း
လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်း အွန်လိုင်းမှာ ခင်တဲ့ညီမလေး။ အခုချိန်ထိ ပိုသံဃောဇဉ်ရှိစွာနဲ့ ခင်မင်နေဆဲပေါ့။ အင်မတန်မှ ခင်စရာ ချစ်စရာကောင်းတယ်။ စကားပြောတာ ပွင့်ပွင့်လင်းလင်းနဲ့ အစအနောက်ကလဲသန်ပါပေတယ်။ အပြင်မှာသာ မတွေ့ဖူးသေးတာ။ တော်တော်လေးကို ရင်းနှီးချစ်ခင်နေတဲ့ မွေးစားညီမလေးမို့ပေါ့။

၃။မကြီးကီ

အင်မတန်မှသဘောကောင်းတယ်။ ကျွန်မကို ပြာဂလောင်လေးလို့ ခေါ်တတ်သလို ၊နေမကောင်းလေး နည်းနည်းဖြစ်တာနဲ့ ဆေးထိုးအပ်ကြီးကြီးနဲ့ ဆေးထိုးမယ်ချည်းလုပ်တတ်တဲ့ ချစ်မကြီးပေါ့။ Shakiraကို ကြိုက်တဲ့ ကျွန်မ ဒီသီချင်းလိုချင်တယ်၊ ဘယ်သီချင်းလိုချင်တယ်နဲ့ ကိုယ်ဘာသာကိုယ်မရှာပဲ မကြီးကိုပဲ သွားသွားပူဆာပေမဲ့ ချစ်တဲ့ညီမလေးကို မညီးညှူးပဲ ပို့ပေးတတ်တယ်။
အဲဒီလို အလိုလိုက်တဲ့ ချစ်မကြီးကို တအားတွေ့ချင်တယ်။ ၂၀၁၀ ဧပြီမှ ပြန်ပါဆိုတာ ဒီနှစ် ဒီဇင်ဘာထဲပြန်မယ်ချည်း လုပ်နေတယ်။ ရဘူးနော်။ ဧပြီမှ တူတူပြန်မယ်။

၎။ ကိုကြီးနေလင်း
သိသင့်သိထိုက်တာတွေ သင်ပေးပြောပေးတတ်သလို ကျွန်မက ဆရာပြန်ပြန်လုပ်ရင် " ငါသိတယ်။ ငါက နင့်အကို ၊ ဆရာ လျှာမရှည်နဲ့" လို့ပြောတတ်တယ်။ ကျွန်မပိုစ့်အသစ်တင်တာနဲ့ " ကိုကြီးနေလင်း"လို့အော်တာနဲ့ လာရပြန်ပြီ။ ဖတ်ရပြန်ပြီ။ မန့်ရပြန်ပြီ။ မဟုတ်ရင် ကျွန်မက နားပူအောင် ဂျီတိုက်ရင် ပိုဆိုးလို့လေ:)) (အခုဆို တွေးနေမှာ ငါဝဋ္ဋ်ကျွတ်ပြီလို့ )။ အစအနောက်သန်ပေမဲ့ အကိုကြီးပီသအောင် နေတဲ့ အကိုဆရာမို့လို့ပေါ့။ကျွန်မ စာတွေပိုရေးဖြစ်အောင်၊ စာတွေရေးရာမှာ အရေးအသားတိုးတက်လာအောင် မညှာမတာ ဆန်ရင်းနာနာလဲ ဖွပ်ပါတယ်။

၅။ ခွန်ဖ
မောင်နှစ်ယောက်ထဲမှာ ခပ်ဆိုးဆိုးလေးပါပဲ:)) . မူးလာရင် အမဆိုတာကို မခေါ်နိုင်တော့ဘူး အမားဖြစ်အောင် ခေါ်တတ်တယ်။ ဒါကြောင့် သူ့အိမ်ကို သွားသွားပြီး ထားဝယ်ကြိမ်ပြပြီး ဆုံးမနေရတယ်။ မူးသာမူးတယ် လူလည်ပါ။ အိမ်တကာလှည့်ပြီး လူချစ်အောင် သနားအောင် လုပ်တတ်တယ်။ ဟုတ်တယ်မလား.:)) အမဖြစ်တဲ့ ကျွန်မကို မခံချိမခံသာ ဖြစ်အောင်လဲ အင်မတန်မှ စနောက်တတ်ပါသေးတယ်။ သူ့ကို အရက်ဖိုးပေးဖို့ ဖေဖော်ဝါရီ.၃၁ရက်နေ့မှာ ချိန်းထားပါတယ်။

၆။ မောင်ရဲ

ကျွန်မရဲ့ မွေးစားမောင်ဖြစ်သလို ဒီဆိုဒ်ရဲ့ Admin ပါ။ ကျွန်မဘလော့ဂ်စရေးအောင် မဲဆွယ်ခဲ့တာပါ။ စရေးတဲ့နေ့ကဆို ကျွန်မက အိပ်ကောင်းခြင်းနဲ့ အိပ်ရပေမဲ့ သူကတော့ မအိပ်မနေ ဒီအိမ်ကလေးကို ဆောက်ပေးခဲ့ပါတယ်။ ကျွန်မနဲ့ စိတ်ဓာတ်တော်တော် တူသမို့ မောင်နှမအရင်းအချာလို ချစ်ခင်ကြတယ်။ အမဖြစ်တဲ့ ကျွန်မကိုလဲ အင်မတန် ဆရာလုပ်ချင်သူပါ။ မောင်နှစ်ယောက်( ခွန်ဖနဲ့ မောင်ရဲ) ပေါင်းပြီး ခဏခဏချောက်တွန်းခြင်းခံရတဲ့ ကျွန်မအဖြစ်က မလွယ်လှဘူး။ အပြင်မှာ နှစ်ယောက်ပေါင်းပြီး ရောင်းစားသွားမလားပဲ။ သိပ်တော့ မယုံရဲဘူး။ :D

၇။ မျိုး
ကိုကြီးနေလင်း ၊ ခွန်ဖ ၊ ဘလက် ၊ ငမျိုး ဆိုတာ ကျွန်မရဲ့တကယ့်ဘော်ဒါတွေပါ။ အဲဒီထဲမှာမှ ကျွန်မနဲ့ မျိုးက ပေါင်းပြီး ကိုနေလင်းကို မခံချိ မခံသာ ဖြစ်အောင် စတတ်တယ်။ ပျော်စရာကြီးနော် မျိုး။ အင်မတန်ခင်တတ်တယ်။ တခါတရံ ပျောက်နေတတ်လို့ စိတ်ပူရပေမဲ့ မထင်မှတ်ပဲ offline နဲ့ လာပြီး အဆင်ပြေနေကြောင်း ပြောတတ်တဲ့သူပေါ့။ ပျင်းတယ်တဲ့။ အဖော်သွားလုပ်ပေးကြဦးနော်။ တာယောအကြော် ကျွေးမယ်ဆိုလို့ တွေ့ချင်နေတယ်။

၈။ မကြီးရောင်ပြန်
နာမည်ကြားဖူးကတည်းက သဘောကောင်းတဲ့ သူတယောက်ပဲ ဆိုတာ သိတယ်။ မေတ္တာရောင်ပြန်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောကျတယ်။ နောက် ခင်သွားတော့ ကဗျာလေးတွေ အရေးကောင်းပြန်နေတော့ ပိုသဘောကျသွားတယ်။ ရုံးမသွားခင် လာလာနှုတ်ဆက်တတ်သလို ၊ အဟိ.ရုံးကနေလဲ ခိုးလာလည်တတ်တဲ့ ချစ်မကြီးနဲ့ ပုဂံတူတူသွားပြီး နေ၀င်ချိန်လေးကို ကြည့်ရင်း မကြီးက ကဗျာစပ်ပြီး ရွတ်ပြ၊ ကျွန်မက ဘေးကနေ အတူခံစားရရင် အဟိ..တွေးကြည့်ရုံနဲ့တင် ရှယ်ပဲနော်။ မကြီး ချိန်းလိုက်ပြီနော်။

၉။ ဦးချစ်ဖေ တဖြစ်လဲ ကိုဝင်းဇော်
ကျွန်မအိမ်လေးကို စတည်ဆောက်မှာ ကျွန်မရဲ့မောင်နှမတွေအပြင် ဘယ်သူ့မှ လာရောက် လည်ပတ်အားပေးခြင်း မရှိသေးချိန်မှာ ( ကျွန်မရေးတာကို မသိသူတယောက်က လာရောက်အားပေး ၊မှတ်ချက်ချတာလေးကို မျှော်နေချိန်ပေါ့)ကျွန်မက နဂိုကတည်းက စိတ်မထားတတ်တော့ စာဆက်မရေးတော့ဘူး။ ဘာညာနဲ့ ငိုမတတ်ဖြစ်နေတုန်း ပထမဆုံး ဧည့်သည်ရောက်လာတယ်လေ။ ဦးချစ်ဖေကြီးပေါ့။ အမြဲ အမှတ်ရနေမဲ့ ပထမဆုံးသော အားပေးသူပါ။ အမြဲလာရောက် အားပေးသလို ၊ ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းတယောက်လိုပါ ခင်မင်သွားကြတယ်လေ။ စာအရေးအသားလဲ ကောင်းသလို အသစ်တွေကိုလဲအားတက်အောင် ကြိုဆိုအားပေးတတ်တယ်။ အခု.ဘလော့ဂ်ကနေ ခဏနားမယ်လို့ သိရတော့ စိတ်မကောင်းဘူး။ ဦးချစ်ဖေရေ..အမြန်ပြန်လာပြီး စာတွေ ဆက်ရေးပါလို့ တောင်းဆိုပါတယ်။

၁၀။ ကိုဖိုးစိန်
စာအရေးအသား အင်မတန်ကောင်းတယ်။ စာအရေးအသားမှာ ကျွန်မ အကြိုက်ဆုံးပါ။ကိုဖိုးစိန်ရဲ့ စာတွေကို ဖတ်ရတာ ပြတ်သားမှု့ ရှိသလို ၊ နွေးထွေးမှု့တွေ အများကြီးပါတယ်။ စာဖတ်သူကို ငိုစေချင်ရင် စာလုံးတိုင်းမှာ ၀မ်းနည်းမှု့ပါတယ်။ မျက်ရည်ကျအောင် လုပ်နိုင်တယ်။ ( တကယ့်အဖြစ်မှန်တွေကို ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ရတယ်။) ပျော်ရွှင်စရာပေးတဲ့နေရာမှာကျတော့ ရယ်ရလွန်းလို့ နောက်ပြန်တွေးမိရင်တောင် အသံထွက်တဲ့အထိ ရယ်ရအောင် ရေးစွမ်းနိုင်တယ်။ နောက် မောင်ရဲနဲ့ ပက်သက်ပြီး ခင်သွားတယ်။ သဘောကောင်းသလို အစအနောက်ကလဲသန်တယ်။ ကျွန်မနဲ့ရွယ်တူဆိုတော့ သူငယ်ချင်းပေါင်းပေါင်းလို့ ရနေတယ်။ စားဖိုမှူးကြီးကိုဖိုးစိန်ရဲ့ လက်ရာစားရန် တွေ့ချင်ပါတယ်။

ကဲ..ကျွန်မအတွေ့ချင်ဆုံး(၁၀)ယောက်ကတော့ သူတို့ပါပဲ။ ကျန်သူများကိုလဲ တွေ့ချင်ပါကြောင်းပါ။ ကန္တာရမိုးစက်လေးကို ခင်ကြတဲ့ မောင်နှမအားလုံးနဲ့ မော(၀်)မောင်နှမတွေအပြင် အိမ်လေးဆီ အမြဲလာလာလည်တဲ့ သုနြေ္ဒကိုပါ တွေ့ချင်ပါတယ်။ ရေစက်ရှိရင် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။

9 comments:

လင်းကြယ်ဖြူ said...

ဟေးးးး
ပထမ ဆုံးလာမန့်တယ်နော်။
ကောင်းလိုက်တဲ့ အင်တာနက်စာမျက်နှာလေးပါလား
နောက်လည်းလာခဲ့မယ်။
ပျော်ပါစေခင်ဗျာ

Anonymous said...

ဟဟ.. အတိုးတက်မှာ ကြောက်လို့ ပြန်လာတာကို မစောင့်ပဲ မြန်မြန်လေးရေးပေးတယ်ပေါ့လေ။ တာဝန်ကျေတဲ့ အတွက် ရော့ အာ...၀ါးးးး

နောက်ဆိုရင် များများလေး အားမနာတမ်း tag ပါတော့မယ်နော်။
ပျော်ရွှင်ပါစေ ငုံရေ...

ချစ်တဲ့
မကြီး

အိုက်ခီလောက် said...

မဖူး ၊ မငုံ ၊ မပူး အဟိ စုံနေတာပဲ
နေကောင်းတယ်ဟုတ် အိမ်လေးပြင်နေတာ မလာနိုင်ဘူးဖြစ်သွားတယ်
အင်းရေးထားရေးထား ငါတော့အေးဆေးမှရေးမယ် အဟတ်
ဘယ်သူ့ တွေကျန်သေးလည်းဆိုတာလေ
စောင့်ကြည့်အုန်းမယ် :p
စကားမစပ် အရက်ဖိုးလေးပေးပါလား :D

Welcome said...

မကြီးငုံ ..

သတိသယနဲ့ အမှတ်တရ ဖြစ်စေခဲ့တဲ့အတွက် အတိုင်းမသိပါပဲ။
ဘာရယ်မဟုတ်ပေမဲ့၊ ကိုယ့်ရဲ့အားပေးမှု သေးသေးလေးက တစ်ပါးသူ အတွက် ကြီးမားတဲ့ မျှော်လင့်ချက်ဖြစ်စေခဲ့တယ် ဆိုတာသိရလို့လည်း ရင်နဲ့အမျှ ၀မ်းသာမိပါတယ်။ မကြီးမျှော်လင့်သလို တစ်နေ့တွေ့ဖြစ် ကြမှာပါ ..

လုပ်ငန်းမှာ အဆင်ပြေ ပျော်ရွှင်ပါစေ
ချစ်ဖေ တဖြစ်လဲ ၀င်းဇော်

တလနွန် said...

တွေ့ ချင်တဲ့သူ တွေနဲ့ တွေ့ ဆုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တရ်
ဒီထက်လည်း မပြောတတ်တော့ဘူး ဟဲဟဲ

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

ပြာဂလောင်လေး။။ နေကောင်းအောင်နေအုံး ။ ဆေးထိုးအပ်နဲ့  စောင့်နေတယ် ။ ဒီလောက်တောင်တွေ့ ချင်ရင် တွေ့ ကြတာပေါ့ ။ ပြီးတော့မှ မှားပါတယ် မအော်နေ နဲ့  နော့

ခီခန့် said...

ဟဟ.. မယို ကျေးဇူးပဲဗျို့..
အဟီး.. အိုက်ခီလောက်နား အရက်တောင်းသောက်နေတာ..
သူကပ်စီးကုတ် နောက်နေ့အရက်ဖိုးများများပေးနော်.. ကျတော်လဲလုသောက်လို့မလောက်လို့တဲ့.. လာလာအော်ဒယ်..။

Sein Lyan Tun said...

အဟားး ကျနော်ကနောက်ဆုံးပိတ်အိတ်နဲ့ လွယ်တဲ့ပေါ့..
လက်ရာတွေကိုစားချင်တယ်ဆိုရင်လက်မဆေးပဲနဲ့ ကိုချက်ကြွေအုံးမယ်..
အဟားးး
စာရေးကောင်းတယ်ပြောလို့ မျက်နှာဘယ်မှာထားရမယ်မသိဘူး..
အဟိ ရှက်ရှက်နဲ့ ငမူးနဲ့ သွားသောက်လိုက်အုံးမယ်..လောလောဆယ်ပိုက်ဆံချေးပါအုံး..
တွေ့ရင်ပြန်ပေးမယ်..
ခင်တဲ့
ဖိုးစိန်
လေပေါ်မှာမြောက်ပြီးအိမ်ပြန်သွားပါတယ်..စာရေးကောင်းတယ်ပြောလို့ ပါ

ကိုရဲ said...

အဟင့် တူများတွေ လေပေါ်မြှောက်ပြန်ပေမဲ့ ငရဲ တို့ကတော့ မြေအောက်လျှိုးပြန်တော့မယ် ။ ဆရာလုပ်တာဟုတ်ပါဝူးကွယ် ။ ချာရုံးပေါင်းမှားရို့ ထောက်ပြတာရေးကိုညား ။ လုပ်ပေးတာကိုတောင်ကျေးဇူးမတင် ရောင်းချားတွားမရားတဲ့ ။ ရောင်းချားပါဝူး ။ ကိုယ့်အစ်မကြီးကိုလေ နော့်(ရောင်းစားရင် တစ်ခါပဲရမှာ ပေါင်စားမယ် ဟီးးး ) ။ စာပြန်ပြေးကျက်လိုက်ဦးမယ် ။

(ကိုရဲ)