ပင်လောင်း ရှမ်း ဟင်းထုတ်လေး လုပ်ကျွေးမယ်။ :)) အမှန်တကယ်ဆို ကျွန်မလဲ ရှမ်းဟင်းထုပ် မလုပ်ဖူးပါဘူး။ လူကြီးတွေ လုပ်တာကိုပဲ ထိုင်ကြည့်ဖူးတာလေ။ ဒါပေမဲ့ လာလည်ကြတဲ့ မောင်နှမတွေကို သင်္ကြန်မှာ ကျွေးချင်တာနဲ့ လုပ်ကျွေးတာနော်။ ကောင်းတယ်လို့ ပြောရမယ်နော်။
ဟင်းထုတ် ထုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ ပြင်ဆင်စရာ ပစ္စည်းတွေကတော့
- ဆန်မှုန့် ( ဆန်ကို ကြိတ်ဆိုင်မှာ သွားကြိတ်ထားတာနော်။ ဆန်မှု့န့် ၀ယ်တာ ဟုတ်ဘူး :) )
- ကြက်သွန်မြိတ် ( ဒါလေးကိုတော့ သေးသေးလေး လှီးထားမယ်နော်။)
- ဆီ
- ဆား
- အချိုမှုန့်
- အရောင်တင်မှုန့် (နီ)
- ငှက်ပျောရွက် ( သူ့ကိုတော့ အကြီး အသေး အစုံ ဖြဲဆုတ်ထားမယ်) တို့ပါပဲ။

ပထမဆုံး. ဆန်မှု့န့်ကို ကြက်သွန်မြိတ်လေးနဲ့ ရောပြီး သမအောင်နယ်လိုက်ပါတယ်။ နောက် ဆီ ၊ ဆား ၊ အချိုမှုန့် နဲ့ အရောင်တင်မှုန့်နီတို့ကို မျှမျှတတ ထဲ့ပြီး သမအောင် ဆက်နယ်လိုက်ပြန်ရော။ အဲဒီအခါမှာ ရေလေး.နည်းနည်းလေး ထဲ့ပေးလိုက်ပါတယ်။ အများကြီးမထဲ့နဲ့။ ရေများသွားရင် ပျော့သွားလိုက်မယ်။ ရေတအားနည်းတော့လဲ မာသွားမယ်။ အနေတော်လေးပေါ့။ အဲဒီ အဆင့်မှာတင် မြည်းကြည့်လို့ရတယ်နော်။ အပေါ့အငန်လေးကိုပေါ့။ နောက် ဖြဲဆုတ်ထားတဲ့ ငှက်ပျောဖက် ကို အကြီး တခု အသေးတခု ထပ်ပြီး ဇွန်း တဇွန်းစာလောက် ထဲ့ထဲ့ပြီး တုတ်ချောင်းလေးတွေနဲ့ ( အခုတော့ သွားကြားထိုးတံလေးတွေနဲ့ပေါ့) ထိုးပြီး ထုတ်ပါတယ်။ အသားလေးနဲ့မှ စားချင်သူတွေ အတွက်တော့ ကြော်ထားတဲ့ အသားလေးကို တဖက်နှစ်ဖက်လောက် အပေါ်မှာ တင်ပေးလိုက်တယ်နော်။ နောက် နာရီဝက်သာသာလောက်ပဲ ပေါင်းခံပြီးတာနဲ့ အဆင်သင့် စားနိုင်ပါပြီ။ အဲ..နေဦးနော်။ ဒီမှာ တွဲစားဖို့ ငရုတ်သီးမှုန့် နဲ့ ကြက်သွန်ဖြူ ဆီသတ်နေသေးတယ်။ နောက် နံနံပင် ၊ ဂျူးမြစ်လေး ၊ ကြက်သွန်ဖြူမွှာ နဲ့ ကြက်သွန်နီစိတ် တွေ လုပ်လိုက်ဦးမယ်။

ကဲ..စားကြတော့။ ဘယ်လိုလဲ..အနေတော်ပဲ မဟုတ်လား။ ဒါတောင် တခါမှ လုပ်ဖူးတာ မဟုတ်ဘူးနော်။ ခင်လွန်းလို့ လုပ်ကျွေးတာ စားကြနော်။ မလောက်ရင် အားမနာနဲ့နော်။ မငုံရဲ့ ကျန် နားကပ်တဖက်လေး ပေါင်ပြီး ထပ်လုပ်ပေးမယ်။ :))

( ဓာတ်ပုံလေးနဲ့ မတင်ပြနိုင်တော့ အတွေးလေးနဲ့ ကျေနပ်ပေးနော်။)

8 comments:

Sein Lyan Tun said...

စိတ်ကူးနဲ့ စားရတာလောက် အရသာရှိတာမရှိဖူး....
စိတ်ကူးနဲ့ ချက် စိတ်ကူးနဲ့ စား
မငုံတို့ ကတော့ကပ်စည်းနည်းတယ်
မငုံအိမ်လိုက်လည်မှ တဝကြီးစားပြစ်လိုက်အုံးမယ်
အဟီးး

အိုက်ခီလောက် said...

အဲ့လိုပဲ အပျိုကြီးက ငှက်ပျောတုံးဖက်အိပ်တာ ခေတ်မမှီဘူးဆိုလို့ အရုပ်နဲ့ လေ ဖက်အိပ်တာ အဟိ ဖေါ်ကောင်လုပ်ပီ ခုလည်းယောက်ကျားယူဖို့ ကပ်စည်းနဲနေတာ သိလား ယောက်ဖကြီး ပုံလေးနဲ့ မတင်ဘူး သူ့ က စိတ်ကူးနဲ့ ချက် စိတ်ကူးနဲ့ စားနေရတာ ကြည့်ပါလား အဟိ ချလ်ဆီးနိုင်တယ် ၃း ၁ ပျော်ပေတော့

kiki said...

အင်..... အချိုမှုန့် မပါတဲ့ ဟင်းထုတ် သပ်သပ် ထုတ်ပေးအုံး ။ ငြုတ်သီးလဲ နဲနဲပိုထဲ့  ။ ဂျုးမြစ်လဲစင်အောင် ရေဆေးပေးလေ ။ အဝစားမှာနော် ။ ကျန်နေတဲ့ နားကပ်လေးတဖက် အမြန် သွားပေါင်အုံး ။ ဗိုက်ဆာနေပြီ ဗျို့ ။

Welcome said...

မကြီးငုန်
မစားရတာကြာတဲ့ မုန့်ဖက်ထုတ် အကြိုက်စားသွားတယ်။
ကြက်သွန်မြိတ် နဲ့လည်း ကောင်းတယ် ငှက်ပျောဖူးနဲ့လုပ်လဲ စားလို့ ကောင်းတယ် လုပ်စားကြည့်ပါ။
ဆန်လုံးဆီကြော် ပါမှလည်း စားကောင်းတယ်။

ကျေးဇူး
ဝင်းဇော်

တောင်ပေါ်သား said...

အဟား အလာတော့ နောက်မကျသေးပါဘူးနော့် ဟင်းထုပ်က အများကြီး စားလိုက်ရသေးတယ်။ အင်း ဟင်းထုပ်က မငုံလုပ်တာဆိုတော့ သေချာတယ် အပျိုကြီးများ လုပ်တတ်ပုံမရဘူး ပုံတောင် မတင်နိုင်တော့ဘူး.. အဟား ဒါပေမဲ့ စတိုင်ကတော့ မိတယ်ဗျာ.. နားကပ်တဖက်ထဲနဲ့ လျှောက်သွားနေတာ တွေ့ရင် သေချာတယ် မငုံပဲ အော်ခေါ်ဦးမှ ဟီးး

စားလို့ကောင်း၏ ပုံမပါတော့ အနံ့လေးပါ ရတယ်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ရှမ်းဟင်းထုတ်လေးဆိုတာ ဓါတ်ပုံမပြထားတော့ စိတ်ကူးနဲ့ ပုံဖော်ပြီး အဝစားသွားမယ်နော် ။ အပေါ်က ကိုဝင်းဇော် အိုင်ခီလောက် ဖိုးစိန်တို့ 
စားသွားတာ ကုန်လောက်ပြီး ထင်ပါတယ်။

ကြယ်စင်မင်း said...

အနံကတော့ မနက်ကတည်းက ရနေတယ်။။။ ဒါပေမယ့် ၀င်စားဖို့ ဆိုဒ်ကို ဇော်ဂျီထည့်လိုက်အုံး.. မဟုတ်ရင် အတုံး၂ပဲပေါ်နေတယ်။။။
ဟင်းထုတ်ကို မနက်ကတည်းကစားဖို့ လာဖိတ်တာတွေ့ပေမယ့်... အခုကော ..ကျန်သေးရဲ့လား.. ကျန်သေးရဲ့လားအဖွား...။
မြေးလေးအတွက် ချန်တော့ထားပေးမယ်ထင်တယ်...
ဟီးးး

မိုးသောက်(ရှမ်းလေး) said...

ရှလွတ်...! ဟင်းထုပ်အရမ်းကြိုက်တာဗျ... တထိုင်ထဲနဲ့ အထုပ် ၂ဝလောက် စားဖူးတယ်.. အဟီး....