ဒီနေ့ဆိုရင် မြန်မာနှစ်သစ်ဖြစ်တဲ့ ၁၃၇၁ ခုနှစ်ကို ရောက်ရှိသွားပြီ။ နှစ်သစ်မှာ သူငယ်ချင်းမောင်နှမတစ်တွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆူတောင်းပေးပါတယ်နော်။ ပြီးတော့ ကျွန်မ တစ်စုံတစ်ခု အမှားအယွင်းရှိသွားခဲ့တာရှိရင် ခွင့်လွှတ်သည်းခံဖို့ အပြစ်ဆေးပါတယ်။ ( ကန်တော့တယ်ပေါ့နော်..) ။
နှစ်သစ်ရောက်လာပြီဆိုတော့ နှစ်ဟောင်းမှာ ကိုယ်ဘာတွေ အောင်မြင်မှု့ရခဲ့သလဲ။ ကိုယ်ဘာတွေ မှားခဲ့သလဲဆိုတာကို စဉ်းစားပြီး နှစ်သစ်မှာ ပြုပြင်နိုင်ဖို့ စတင်ဆောင်ရွက်ကြရအောင်လား။။ ကျွန်မ ဒိပိုစ့်လေးကို မရေးခင်မှာ နှစ်ဟောင်းတစ်နှစ်မှာ ကျွန်မ ပြုလုပ်ခဲ့သမျှကို ချရေးကြည့်တော့..အဟဲ..အမှားပေါင်းသောင်းခြောက်ထောင်နဲ့ တွေဝေခဲ့ ၊ အောင်မြင်ရမဲ့ ကိစ္စတွေ ဆုံးရှုံးခဲ့တာတွေ အများကြိးပါပဲ။ ဘယ်တတ်နိုင်တော့မှာလဲ။ ဖြစ်ပြီးသွားပြီလေ။ ဒါကို အခြေခံပြီး နောင်မဖြစ်အောင်ပဲ တတ်နိုင်သလောက်လေး ပြင်ရတော့မှာပေါ့။ ကျွန်မ တခုခု လုပ်တော့မယ်ဆိုရင် SWOT ဆိုတဲ့ နည်းလေးကို အသုံးပြုတတ်ပါတယ်။

- အားသာချက် ( Strength)
- အားနည်းချက် ( Weakness)
- အခွင့်အလမ်း ( Opportunities)
- ပြင်ပအနှောက်အယှက် ( Treat)
ဆိုတာပါပဲ။

ဒီ SWOT လေးကို ဇယားကွက်လေးကွက်ဆွဲလိုက်တယ်။ ဆိုင်ရာအကွက်လေးထဲကို ကိုယ်လုပ်ဆောင်မဲ့ ကိတ်စရဲ့ SWOTကို သူနေရာနဲ့သူ ချရေးလိုက်တယ်။ အဲဒီမှာ တွေ့ရပါလိမ့်မယ်။ အားနည်းချက် များလွန်းနေရင်လဲ သူ့နဲ့ဆိုင်တဲ့ အခွင့်အလမ်း ကို တချက်ကြည့်ရမှာ ဖြစ်သလို ၊ အားသာချက်များနေရင်လည်း ၀င်ရောက်လာနိုင်တဲ့ အနှောက်အယှက်တွေကို ကြိုတွေးထားရပါလိမ့်မယ်။ ဒီနေရာမှာ ပြင်ပပယောဂကိုတော့ ကျွန်မတို့ ဘယ်လိုမှ ထိန်းချုပ်လို့ မရသလို ၊ ကြိုတင်ခန့်မှန်းလို့လဲ မရနိုင်ပါဘူး။ ကျန် အားသာချက်၊ အားနည်းချက်ဆိုတာက ကိုယ့်အပေါ်မူတည်သလို လုပ်ဆောင်ချက်ပေါ်လဲ မူတည်တယ်လို့ ကျွန်မ သတ်မှတ်ထားပါတယ်။ အခွင့်အလမ်းဆိုတာကတော့ ပုံသေတွက်ချက်ထားလို့ မရပေမဲ့ Treat လောက်တော့ ကိုယ့်အပေါ် အန္တရာယ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ရည်မှန်းချက်တစခုကြောင့် အခွင့်အလမ်းဆိုတာ ပေါ်ထွက်လာတတ်စမြဲပါပဲ။ ဒီတော့ ဒီလေးချက်စလုံးကို မျှမျှတတ ထားနိုင်မှ ရည်မှန်းချက်အောင်မြင်မယ်လို့ ကျွန်မယူဆပြီး တခုခုဆို ချရေးကြည့်ပြီး သုံးသပ်ဖြစ်နေတာ အကျင့်တခုလိုဖြစ်နေပါတယ်။

ကိုယ်စတင်လုပ်ဆောင်မဲ့ ကိစ္စရပ်မှ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့၊ ပြုလုပ်လိုက်ပြီးတဲ့ အပေါ်ကိုလဲ ချရေးပြီး သုံးသပ်တော့ နောက်တခါ အနည်းနဲ့အများတော့ အမှားကင်းတာပေါ့။ တတ်နိုင်သလောက်လေး ထိန်းနိုင်တာပေါ့။ အမှားအများကြီး လုပ်မဲ့အစား နည်းနည်းလျော့ပါးသွားတာပေါ့။

ကဲ..နှစ်သစ်လက်ဆောင်လေးအနေနဲ့ မောင်နှမတွေကို ဝေမျှလိုက်ပါတယ်နော်။ ဒီSWOTနည်းလေးကို စီးပွားရေး ပညာရပ်မှာတင်မကဘူး။ လူနေထိုင်မှု့ ဘ၀မှာပါသုံးနိုင်ကြောင်း နဲ့ သုံးတတ်အောင် သင်ပေးတဲ့ ဆရာမ ဒေါ်ခင်စိုးသွယ် ( POISE Management School ) နဲ့ အခြား သင်ဆရာ / ဆရာမများကို ကျေးဇူးတင် ကန်တော့ပါတယ်ရှင်။

2 comments:

တလနွန် said...

SWOT နည်းလမ်းလေး မှတ်သွားပါတရ်
နှစ်သစ်မှ စပြီး အခွင့်လမ်းကောင်းတွေ နဲ့ ကြုံရပြီး အနှောက်အယှက် တွေ ကင်းဝေးပါစေလို့  ဆုတောင်းပေးလိုက်ပါတရ်
HAPPY MYANMAR NEW YEAR (1371)

ကြယ်ပြာ said...

မငုံရေ ... ပေးထားတဲ့နည်းလမ်းလေးအတွက်ကျေးဇူးပါ ... တခါမှ အဲ့လိုမလုပ်ဖူးဘူးလေ .... သုံးကြည့်ဦးမယ်နော် ... နှစ်သစ်မှာ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေနော် ....