သြော်..ကိုနေညိုရင့် တဂ်လဲတဂ်တတ်ပါပေတယ်။ နောင်လာမဲ့ အနှစ်နှစ်ဆယ်မှာ ဘာဖြစ်မလဲတဲ့။ မနက်ဖြန် သန်ဘက်ခါသေမလား ရှင်မလားမသိ။ အခုတောင် နေမကောင်းတဲ့ကြားက ပိုစ်အသစ်လေးကိုတော့ တင်မယ်ဆိုပြီး ရေးနေရတာ။ :( ပိုစ့်မတင်တာကြာလို့ ရေတမာကလဲ တခုခုလွဲနေပြီလို့ လာလာအော်နေပြီ။ မကြီးကီကလဲ တဂ်လိုက်ရမလားလို့ ခြိမ်းခြောက်နေတယ်။ တောင်ပေါ်သားကိုလဲ အကြွေးကကျန်၊ အခုကိုနေညိုကြီးကလဲ တဂ်လိုက်တာ. နောင်အနှစ်နှစ်ဆယ်ကိစ္စ။ တောင်ပေါ်အကြွေးကို ကိုသုနြေ္ဒအကြွေးနဲ့ ပေါင်းဆပ်မယ်နော်။ အခုတော့ မမြင်ရသေးတဲ့ အနှစ်နှစ်ဆယ်ကိစ္စရှင်းလိုက်ဦးမယ်။
၂၀၂၉ခုနှစ်မှာပေါ့..ကျွန်မတည်ထောင်ထားတဲ့ နေ့ကလေးထိန်းကျောင်းမှာ ကလေးလေးတွေကို ဗုဒ္ဓဘာသာနဲ့ ပက်သက်တာကို သင်ပေးရင်း လိမ္မာယဉ်ကျေးလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့အပြည့်ရှိတဲ့ သူတွေဖြစ်အောင် သင်ပေးမယ်လေ။ ဘာသာတရားဆိုတာ အခြေခံပဲလေ။ လူတယောက်မှာ စိတ်ကောင်းထားဖို့က အဓိကအကျဆုံးပဲ။ ဒါက ကျွန်မယုံကြည်ချက်လေ။ ကလေးတွေဆိုတာ အနာဂတ်ရဲ့အားထားရာတွေဆိုတော့ သူတို့ဗီဇလေးတွေကို လေ့လာရင်း သူတို့စိတ်ပါဝင်စားတာလေးကို အပြည့်အ၀ ထောက်ပံ့ပေးရင် တိုးတက်လမ်းချည်းပါပဲ။ ငါမိဘပဲဆိုပြီး ဒီလမ်းပဲလျှောက်ရမယ်ဆိုတာမျိုးကြောင့် စိတ်ပါဝင်စားမှု့မရှိတဲ့ အလုပ်တခုကို လုပ်နေရရင် ကလေးလဲ မပျော်၊ တိုးတက်မှု့ဆိုတာ နှောက်နှေးသွားမယ်လေ။ မိဘဆိုတော့လဲ ကိုယ့်သားသမီးကို ဆင်စီးမြင်းရံစေချင်တာကိုး။ အကောင်းဆုံးပဲ ပေးချင်တာပေါ့။ ဒါပေမဲ့ လွဲမှားနေတဲ့ ဖြစ်စေချင်တာတွေ ရှိနေတာလေးကို ကျွန်မက ကလေးမိဘတွေနဲ့ တိုင်ပင်ပြီး ဒီကလေးဆိုရင် ဘယ်လို အတွေးအခေါ်ရှိတယ်။ ဘယ်လို ပြုစုပျိုးထောင်ပေးရင် တိုးတက်နိုင်တယ် ဆိုတာမျိုး ဆွေးနွေးမယ်။
အခုလက်ရှိကြည့်ရင်တောင် ကျွန်မတို့ မြန်မာနိုင်ငံက ကလေးတွေက တခြားတိုင်းပြည်ကလေးတွေထက် ဗဟုသုတ ပိုရှိပါတယ်။ ဥပမာပေါ့လေ။ ဘာလူမျိုးလဲလို့မေးတဲ့အခါကိုပဲ ကြည့်လေ။ မြန်မာလို့ ပြောတာကို ဖီလစ်ပိုင်လို အရှေ့တောင်အာရှနိုင်ငံတူတူချင်း မသိဘူးဆိုတော့ သိပ်အံ့သြမိတယ်။ ကျွန်မတို့ဆီက ကလေးတွေကို သွားမေး အေးအေးဆေးဆေး ဖြေပြ ပြောပြလိုက်ဦးမယ်။ နိုင်ငံနဲ့လူမျိုး ကမ္ဘာနဲ့ချည်ပြီး သိတယ်။ ဒါကြောင့် ကျွန်မတို့ဆီမှာ ရေခံကောင်းပြီးသား ကလေးတွေရှိတယ်လေ။ ပြုစုပျိုးထောင် တတ်ရင် တိုးတက်လမ်းပါပဲ။ လူတယောက်ချင်းစီကနေ လူမျိုး၊၊ နိုင်ငံ တစထက်တစ တိုးတက်မှာလေ။
ငွေကြေးသာအဓိကယူတဲ့ ကလေးထိန်းပေးရုံသက်သက် ကျောင်းလေးမဟုတ်ဘူးပေါ့။ ကိုယ်သာတတ်နိုင်ရင် ငွေကြေးချို့တဲ့သူတွေကိုတောင် ခေါ်ပြီး သင်ကြားပေးချင်တာ။ ပညာအလှူဆိုတာ အမြတ်ဆုံးသောအလှူတခုမှာ ပါတယ်လေ။ သင့်တင့်မျှတတဲ့ ဈေးနှုန်းလေးတခုနဲ့ ကလေးတွေအရည်အချင်းကို ငယ်ကလေးကတည်းက ဖော်ထုတ်ပေးမယ်။ စေတနာအပြည့်ပါတဲ့ကျောင်းလေး၊ ချမ်းသာဆင်းရဲမခွဲတဲ့ ညီမျှတဲ့နေရာလေး၊ ကလေးတိုင်း ချစ်ခင်စည်းရုံးတဲ့ ကူညီတတ်တဲ့စိတ်၊သူတပါးကို ရန်မရှာတတ်တဲ့ ဖြူစင်နေသေးတဲ့ သူတို့လေးတွေ စိတ်ထဲကို မှန်ကန်တွေးခေါ်သင့်တာလေးကို သွင်းပေးနိုင်ရင်ပဲ ကျေနပ်တဲ့ ပီတိစားမဲ့ ကျောင်းလေး တည်ဆောက်မယ်။ ကလေးဆိုတာမျိုးက အိုးကောင်းလေးတွေ ရအောင် ဖြစ်လာအောင် ပုံသွင်းနိုင်တဲ့အချိန်အရွယ်လေးလေ။ ကလေးလေးတွေ စိတ်ကို သေချာမြင်တတ်အောင် ကြည့်နိုင်တဲ့ ကျောင်းကလေးပေါ့။
ကဲ.ဘယ်လိုလဲ။ လာမဲ့အနှစ်နှစ်ဆယ်ကျရင် ကလေးအားလုံးကို ဒီလိုမပျိုးထောင်နိုင်ရင်တောင် ကိုယ့်ရဲ့သွေး ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကိုတော့ သင်ပေးနိုင်တဲ့သူတယောက်တော့ အနည်းဆုံး ဖြစ်ချင်ပါတယ်။ :)) တခြားဖြစ်ချင်တာတွေလဲ အများကြီးပါပဲ။
ကိုနေညိုရင့်လဲ ကျေနပ်မယ်လို့ ထင်ပါတယ်။ အဲ..မဟေသီအအော်မခံရခင် ကလေးလေးကို ကျွန်မနေ့ကလေးထိန်းကျောင်း လာပို့ဖို့ မမေ့နဲ့နော်။ ဒါမှ မဟေသီရဲ့ အပြုံးလေးရမှာ:)) အခုကတည်းက စာရင်းပေးချင်သူများကိုလဲ စတင်လက်ခံနေပြီဆိုတာ သတင်းပေးလိုက်ပါတယ်နော့။။။။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago