ဒီခေါင်းစဉ်ကို အဆိပ်ခွက်အိမ် သွားလည်ကတည်းကတွေ့တယ်။ ခေါင်းစဉ်လေးကို သဘောကျတယ်။ သူတဂ်ထားတာတွေလဲ တွေ့ခဲ့တယ်။ အဲ..ကိုယ့်ဘက်ရောက်လာမယ် မထင်ထားခဲ့ဘူး။ အခုတော့ သူငယ်ချင်လေး ခီခန့်(ငပျင်း)က တဂ်လိုက်တာပါ။ ဘ၀မှာ လိုအပ်ချက်တွေ၊ လိုချင်မှု့တွေ အများကြီးပဲ။ ကုန်ပဲမကုန်နိုင်ဘူး။ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေတော့တာပဲ။

ကျွန်မရင်ထဲ စိမ့်ဝင်နေတာတဲ့ စကားလုံးလေးတလုံးပေါ့။ "အိမ်" တဲ့။
အိမ် ဆိုတဲ့စကားလုံးကို တအားကြိုက်တယ်။ ဒီစကားလုံးကို တွေ့ရင်ပဲဖြစ်ဖြစ်၊ ကြားလိုက်ရရင်ပဲဖြစ်ဖြစ် အလိုလို နွေးထွေးလာတယ်။ ပိုသတိရတယ်။ အလိုလိုနေရင်း ပျော်လာတယ်။

"ကမ္ဘာမြေမှာခိုလှုံရန် ခေါ်ဆိုတဲ့အိမ်၊ရံရွေအလည် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်၊ ကျူထရံကာဓနိမိုးလဲ အိမ်၊ နှလုံးသားမှာ နွေးထွေးရင် ဒါဟာလဲ.အိမ် "

ဒီသီချင်းစာသားလေးမှာ နှလုံးသားမှာနွေးထွေးရင် ဒါဟာလဲအိမ်တဲ့။ မှန်ပါတယ်။ ဘယ်နေရာရောက်ရောက် ဘယ်နေရာမှာပဲနေနေ နှလုံးသားထဲမှာ အိမ်ဆိုတဲ့ အသိစိတ်လေးရှိနေရင် အဝေးဆုံးမှာရှိနေရင်တောင် နီးနီးလေးပါပဲ။ ဒီလို အိမ်လေးကို လိုအပ်တယ်။ အမြဲလိုအပ်နေတယ်။ ကိုယ်ဝမ်းနည်းတဲ့အခါ၊ ကျရှုံးမှု့ရှိလာတဲ့အခါ အိမ်လေးက ဘာဖြစ်ဖြစ် နွေးနွေးထွေးထွေး အချိန်ပြည့် ကြိုဆိုနေပါတယ်။ ဒါကြောင့် ကျွန်မဘ၀မှာ အလိုချင်ဆုံးအရာလေးက အိမ်လေးပါပဲ။

အဲဒီအိမ်လေးထဲမှာ ကျွန်မချစ်တဲ့ မိဘမောင်နှမဆွေမျိုးသားချင်းတွေနဲ့ အေးမြပြီး ဘယ်တော့မှမပြောင်းလဲ ချစ်မေတ္တာတွေပြည့်လျှံစွာ အမြဲနေချင်တယ်။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းတခုအတွက် အဝေးရောက်နေပေမဲ့ ဒီအိမ်လေးနဲ့ ဒီမေတ္တာတွေဟာ ကျွန်မဘ၀မှာ အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးအရာတွေပါပဲ။

တခြားလိုအပ်တာတွေ လိုချင်တဲ့အရာတွေ အများကြီးဆိုပေမဲ့ ဒီအလိုချင်ဆုံးသောအရာလေးနဲ့ နှိုင်းယှဉ်ရင် မမှီသေးပါဘူးလို့ပဲ ပြောချင်ပါတယ်။

ကဲ ခီခန့်လဲ ကျေနပ်မယ်ထင်ပါတယ်နော်။

16 comments:

ကိုလူထွေး said...

ကိုယ်ပိုင် နံရံလေးဘက်ကလေးနဲ့  အမိုးကလေး ရှိနေတော့ ကိုယ့်ဘဝကိုယ် လုံခြုံတယ်လို့  ခံစားရတာပေါ့... ဒါကြောင့်လဲ အိမ်မှာရှိနေရတဲ့အခါ how nice to be home လို့ ဆိုကြတယ် မဟုတ်လား...

ကိုလူထွေး said...

အိမ်မှာ ကြောင်တွေမွေးထားရင်တော့ အဲဒီအိမ်ကို "ကြောင်အိမ်" လို့ ခေါ်တယ်.. ဟဲဟဲ

Sein Lyan Tun said...

အမ်းးး
ပထမတော့ ရုတ်တရက်ဖတ်လိုက်တာ
ကိုအိမ်ကိုများလိုအပ်နေလားလို့
အဟီးးး
နောက်တာပါ
ကျနော်လဲ အခုအလိုအပ်ဆုံးက
မိဘရင်ခွင်နဲ့
ငယ်ငယ်လေးကတည်းက ကြီးပ်ြင်းခဲ့ရတဲ့ ကျနော့်အိမ်လေးပဲ
မငုံရဲ့ လိုအပ်ချက်တွေ
မတောင်းပဲ စိတ်ထဲတလိုက်ရုံနဲ့ ပြည့်ပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

အိုက်ခီလောက် said...

အိမ်
ခုလို ချိန်မှာအိမ် လေးကို သတိရနေတာ
နင်လုပ်မှပဲ ငါ့အရက်သောက်ချင်လာပြီ
မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ
ကဲကဲ နင့်လည်းသတိရ ငါ့လည်းသတိရသွားပြီ
ကြောင်ဆိုလို့ ကိုလူထွေးပြောမှသတိရတယ်
ကြောင်အိမ်တော့ကြောက်ဖူးလား

ခီခန့် said...

ဟဟ..
ကျေးဇူးပဲ မယိုရေ... အခုလိုရေးပေးလို့ပေါ့..
ကျတော်မယိုအက်ထားတယ်နော်..
ကျတော်လဲ တူတူပါပဲဗျာ.. အိမ်ကိုလွမ်းတယ် ရွာက အိမ်အဟောင်းလေးကိုပဲပြန်နေချင်တယ်ဗျာ... ။
ငယ်ငယ်ကတည်းက ၁နှစ်မှာ ၃လ အဲနေခဲ့ရတယ်.. နွေရာသီကျောင်းပိတ်ရက်တွေပေါ့.. ကြီးလာတော့လဲ ၃ လပဲနေရပါတယ်ဗျာ. အိမ်ကိုလွမ်းတဲ့ ခံစားချက်လေး ကိုနားလည်ပါတယ်ဗျာ..။

တောင်ပေါ်သား said...

အမှန်ပါ အမရေ ကျနော်တို့တကယ်လိုအပ်တာလေးက အိမ်လေးပါ။ အဲ့အိမ်လေးမှာ မိသားစု စုံစုံလင်လင်နဲ့ ထမင်းပွဲလေးနဲ့ ဘယ်လောက်များ ပျော်ရွှင်ကြမလဲဗျာ....


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

မငုံ အိမ်ကို လွမ်းအောင် လုပ်ပြီး....အိမ်က အလိုအပ်ဆုံး တစ်ခုပါပဲလေ
မငုံ လည်း နွေးထွေးတဲ့ အိမ်လေးရဲ့ အရိပ်မှာ ပိုက်ဆံများများစုပြီး မြန်မြန်
ခိုလှုံနိုင်ပါစေဗျာ...ဟဲဟဲ

ခင်မင်ခြင်းနှင့်
တလနွန်

မိုးစက်အိမ် said...

အမအိမ် ဆိုတော. ကျွန်တော်က ရဲလေးသီချင်းသတိရတယ်
6 နာရီဆိုပြန်လာပေးပါ အိမ်းးးးးးးးးးးးးးး ဟီးးးးးးး စတာပါအမရော
အိမ်ဆိုတာ မရှိမဖြစ်ပါဗျာ...အားပေးလျက်

kiki said...

Home Sweet Home !
လူတိုင်းအတွက် အလိုအပ်ဆုံး ဟာ ခေါင်မိုးလုံ ပြီး နွေးထွေးမှုတွေနဲ့ ခိုနားစရာ ဒီ အိမ်လေးပါဘဲ
အိမ်ထောင် ဆိုရင်တော့ တမျိုးပေါ့ နော။။။
ထောင်ကျနေရသလို အိမ်ရော ... လိုချင်လား .. မငုံလေးရေ..
ဟိဟိ...လိုချင်ရင်ပြောပါ...

thondrae said...

အိမ် ဟုတ်တယ် အမေ့ အိမ် မောင်နှမတွေကြီးပြင်းတဲ့ အိမ်နွေးထွေးမှုတွေ ရှီတဲ့ အိမ် လုံခြုံမှုကိုပေးတဲ့ အိမ် သိုက်၂၀န်း၂နေရမဲ့ အိမ် စု၂စည်း၂ဖြစ်ရမဲ့  အလိုချင်ဆုံးသောအိမ် [ အဲဒီအိမ် အမေ့ အိမ်နဲ့ ဝေးခဲ့ တာကြာပါပေါ့ လား] ကျနော် လွမ်းလွမ်းဆွေး ဆွေးနဲ့ အလွန်သတိရနေပါတယ်အမေ့ အိမ်ရယ် အမှတ်တရဖြစ်အောင်အစဖေါ်ပေးသောညီမမငုံလေးကိုအထူးကျေးဇူးတင်ပါတယ် ချစ်ခင်ခြင်းများစွာဖြင့်  thondrae

ကောင်းကင်ရဲ့ သမီးပျို said...

အိမ်တဲ့လား .....အင်းအိမ်နဲ့ဝေးနေတဲ့ သမီးပျိုအတွက်ကတော့ အိမ်ဆိုတဲ့အသံကြားရင်တောင် မျက်ရည်ဝဲချင်တယ် အဲလောက်အိမ်နဲ့ဝေးနေတာသိလား ခုဆို ၁၀ နှစ်ပြည့်ပြီ အဟင့် နောက်တစ်ပါတ်တော့ပြန်ရပြီ အဟီး

black said...

လိုအပ်ချက်လား ?
များတယ်
လိုချင်တာတော့တပုံကြီးပဲ
အိမ်ပြန်ချင်တာကတော့ ပထမဆုံးလိုအပ်ချက်ပေါ့ခုချိန်မှာ . .

ကြယ်ပြာ said...

အိမ်ကိုတောင်လွမ်းသွားတယ် .... မငုံရေ ... ခုမှလာဖြစ်တယ် ... မရောက်ဖြစ်တာတောင် ကြာပြီ ....

Anonymous said...

မငုံတို့ကလွမ်းနေပြီး ..... ကျွန်တော်လည်း မကြာခင် အိမ်ကို လွမ်းရတော့မယ် . . . . .

yehtutnaung said...

မငုံရေ.. ကျွန်တော်လဲ "အိမ်" ဆိုတဲ့ အသံကြားရင် အိမ်ပြန်ချင်တာပါပဲဗျာ။ လိုအင်ဆန္ဒတွေ တထပ်တည်း ကျပါစေ။

မိုးခါး said...

"ကမ္ဘာမြေမှာခိုလှုံရန် ခေါ်ဆိုတဲ့အိမ်၊ရံရွေအလည် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်၊ ကျူထရံကာဓနိမိုးလဲ အိမ်၊ နှလုံးသားမှာ နွေးထွေးရင် ဒါဟာလဲ.အိမ် "
သီချင်းလိုက်ဆိုသွားပါတယ် .. မျှော်လင့်တဲ့အတိုင်း ပြည့်စုံပါစေ ..