( ၀ါဆိုသင်္ကန်းကပ်စဉ်.သူကြီးဘုရား ရွာသားကောင်းမှု့ပေါ့.ဥက္ကဌကြီးကိုကူးနဲ့ အတွင်းရေးမှူးမင်းလူမော်အောင်) :)))


(ကားလမ်းပျက်နေလို့ေ၇ွှဘုံသာမုနိဘုရားသို့ ခြေကျင်သွားစဉ်)

(ခရီးစဉ်လေးသို့)

( ဆရာကန်တော့ပွဲမှအမှတ်တရ)

( နေ၀င်တာလေးကြည့်ဖို့ ဘုရားပေါ်အတက်..လှေကားကလဲ မတ်မှမတ်ပဲ )

(မိတ္ထီလာစက်မှုဇုံမှာ)

( ဆရာကန်တော့ပွဲအပြီး စုံစုံညီညီ)

ပုဂံကနေ ပုပ္ပါးကို ခရီးဆက်ကြတယ်။ :( ပုပ္ပါး.မှာ ကားပေါ်ကတောင် မဆင်းရသေးဘူး။ မျောက်တွေအများကြီးက ကြိုနေတယ်။ ကြောက်လိုက်တာ။ ရောက်ပြီးမဲ့တူတူတော့ တောင်ကလပ်ပေါ်ကိုလဲ တက်ချင်သေးတယ်။ သူငယ်ချင်းနားကကို မခွာရဲဘူး။ ပန်းဝယ်တော့ မျောက်စာရောင်းတဲ့သူက လာရောင်းတယ်။ ဒီတော့ မျောက်တွေက လိုက်လာတယ်။ တွေးတာကြည့်ပေတော့။ မလာနဲ့ မ၀ယ်ဘူးလို့ ကြောက်ကြောက်နဲ့ အော်နေမဲ့ရုပ်ကို။ တောင်ပေါ်ကို ဘယ်လိုရောက်သွားမှန်းတောင် မသိလိုက်ဘူး။ မောလိုက်တာ။ ဆက်မတက်တော့ဘူး။ ပြန်ဆင်းတော့မယ်နဲ့ လုပ်နေပေမဲ့ ငါတို့အကို ကိုစံ စောင့်ခေါ်လို့ တောင်ပေါ်ရောက်လာတာ။ နင်ကတော့ ငါကသာ ကြောက်နေတာ အမျိုးတွေနဲ့ ဓာတ်ပုံရိုက်နေလိုက်တာ မင်းလူမော်အောင် ပြီးမပြီးနိုင်ဘူး။:)) စိတ်ထဲမှာတွေးမိလိုက်တာ။ မျောက်ကိုလဲကြောက်၊ လှေကားတက်ရတာကလဲမောနဲ့ ပုပ္ပါးဘုရားဖူးက ဘယ်လိုပြီးဆုံးသွားတယ် မသိလိုက်ဘူးလို့။

ပုပ္ပါးကနေ မိတ္ထီလာကို ခရီးဆက်ကြတော့ ညနေသုံးနာရီကျော်ကျော်လောက်မှာ ရောက်ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ဌာနမှူးရဲ့သြ၀ါဒကို ခံယူပြီး စက်မှုဇုံဘက်ကို သွားကြတယ်။ စက်မှုဇုံခန်းမဆောင်မှာ တာဝန်ရှိသူများက နှုတ်ဆက်ပြီး ပြောသွားတာ မှတ်မိလား။ ဒီDMA Batch က ကျောင်းသူကျောင်းသားတွေက ငယ်သေးတယ်တဲ့။ သူတို့အရင် လက်ထက်ကဆို သက်ကြီးပိုင်းများတယ်လို့ ပြောသွားတယ်လေ။:)) စက်မှုဇုံထုတ်ကားအကြောင်း ရှင်းပြပေမဲ့ ငါတအားအိပ်ချင်နေတာနဲ့ နားမထောင်လိုက်ရဘူး။ ခရီးတအားပန်းထားတော့ လူက နှုံးနေပြီလေ။ နောက်ညစာမစားခင် ၀မ်းတော်ပြည့်ကျောင်းမှာ ဓာတ်တော်တွေ သွားရောက်ဖူးကြတယ်။ ဘုန်းဘုန်းက ကျောင်းသားတိုင်းကို ဓာတ်တော်တွေ ကိုးကွယ်ဖို့ ပေးတယ်လေ။

ညစာစားပြီး အပြန်ခရီးဆက်လာကြတာ ညကိုးနာရီလောက်ရှိနေပြီနော်။ ငါပင်ပန်းသွားတယ်ဆိုပေမဲ့ အိပ်မပျော်ခဲ့ပါဘူး။ ဦးစော(ဦးစောဘဂျမင်)က ကျေးဇူးတင်စကားပြောပြီး ခရီးစဉ်တလျှောက်မှာ အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ သူတွေကို လက်ဆောင်ပေးတယ်နော်။

တောင်ငူရောက်တော့ ညသန်းခေါင်ကျော်နေပြီ။ ငါ့ရဲ့ကျောင်းတော်ကြီးကို အလွမ်းပြေ ညအမှောင်ရိပ်မှာ ကြည့်ဖြစ်အောင်ကြည့်ခဲ့သေးတယ်။ မနက် ခုနှစ်နာရီမှာတော့ ခရီးစဉ်ဆုံးသွားတယ်။ ပျော်ရွှင်ခဲ့ရတယ်။ ရယ်မောခဲ့ရတယ်။ အမှတ်တရအဖြစ်ဆုံး နေ့ရက်များထဲမှာ ဒီခရီးစဉ်လေးက ပါဝင်နေတယ်လေ။ ကျောင်းရောက်တော့ စာကြည့်တိုက်မှူး အန်တီကြီးက မုန့်ဟင်းခါးနဲ့ စောင့်မျှော်နေတယ်နော်။ ရောက်ရောက်ချင်း စားလိုက်ကြသေးတယ်။ ပြီးမှ အိမ်ပြန်ဖို့ လမ်းခွဲကြတယ်။

ခရီးစဉ်လေးကို ကြည့်လိုက်ရင် အမှတ်တရဖြစ်ခဲ့တဲ့အထဲမှာ ထူးထူးခြားခြားကတော့ အားပြုံး( မြ့ပုံးပြုံးခင်ပါ။ ကျွန်မတို့က ချစ်စနိုးနဲ့ အားပြုံးလို့ခေါ်တယ်။ သဘောကောင်းတယ်။) အမြဲနောက်ကျခြင်းပါပဲ။ ဘယ်သွားသွား ဘယ်သူကျန်လဲမေးရင်၊ လူစုံပြီလားမေးရင် အားပြုံးကျန်နေတတ်တယ်။ နောက်ဦးစော(ဦးစောဘဂျမင်ပါ။ သဘောအလွန်ကောင်းသလို၊ ပျော်ပျော်နေတတ်တဲ့ အန်ကယ်ကြီးပါ) ခရီးစဉ်တလျှောက်လုံး ပါးစပ်မပိတ်နိုင်အောင် ရယ်စရာတွေပြောပေး၊ အမှတ်တရဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်နော်။ နောက်အမှတ်ရစရာဖြစ်ခဲ့သလို ထမင်းငတ်ခဲ့တဲ့ ငါ့အဖြစ်ကလဲ မသေးဘူး။ နင်လုပ်လို့ ငါထမင်းငတ်တာလေ။ အခုမှ အကြွေးဆပ်လိုက်ဦးမယ်။ ကြောင်ကြောက်တတ်မှန်းသိသိနဲ့ ကြောင်လာတာကို မမောင်းပေးမဲ့ ငါ့ဘက်ရောက်လာအောင် တွန်းပို့သလိုဖြစ်လို့ ကြောက်ပြီး ထမင်းမစားတော့ပဲ တနေရာထွက်သွားလို့ နောက်ဆုံးတော့လဲ စိတ်ပူပြီး လိုက်ရှာရတာပဲမလား။ မသက်ကပြောတယ်။ လူမော့်ကို ပြောလိုက်ဦး။ ပြန်ရောက်လာပြီဆိုတဲ့အကြောင်းတဲ့။ မပြောပါဘူး။:(

ကျောင်းပြန်တက်ရတော့ လေ့လာခဲ့တာတွေကို စာတမ်းတင်ပြီး မကြာခင်မှာ အားလုံးအတွက် နောက်ဆုံးစာမေးပွဲကြီး ရောက်လာခဲ့တယ်နော်။ စာမေးပွဲနောက်ဆုံးရက်မှာတော့ နှုတ်ဆက်ပွဲ Dinnerလေး ပြုလုပ်ခဲ့တာ ငါမရောက်လာနိုင်ခဲ့ဘူး။ စာမေးပွဲဖြေပြီး တာနဲ့ မိသားစုနဲ့ ခရီးထွက်လိုက်တာလေ။ ပျော်ရွှင်ကြတယ်လို့ နင်ပြောလို့ သိရပေမဲ့ ငါပါဝင်ခဲ့ရသလို ခံစားရပါတယ်။

ငါတို့ DMA ဆိုတဲ့ စီမံခန့်ခွဲမှု့နှစ်နှစ်တာ ဘွဲ့လွန်သင်တန်းပြီးဆုံးပေမဲ့ အခုချိန်ထိ အားလုံးက သတိတရရှိဆဲ၊ ခင်မင်ရင်းနှီးစွာရှိဆဲနော်။ အချင်းချင်းတွေ့ရင်လဲ ဘယ်သူဘယ်မှာရောက်နေတယ်။ ဘာလုပ်နေတယ်ဆိုတာ အသိပေးကြ၊ မေးကြဆဲပဲနော်။ အားလုံးကို သတိရနေပါတယ်။ ငါတို့တတွေ ပြန်ဆုံပြီး Gateringလေး ကျင်းပကြမဲ့နေ့လေးကို စောင့်နေတယ်။

ကျေးဇူးတင်ခြင်း။။။စီမံခန့်ခွဲမှု့ပညာရပ်ကို သင်ကြားပေးသော ဌာနမှူးနဲ့ ဆရာ၊ဆရာမများကို အထူးကျေးဇူးတင် အောက်မေ့ပါတယ်။ ဒီအမှတ်တရနေ့ရက်များ..DMA( ၂၀၀၅-၂၀၀၇ Batch) ပိုစ့်လေးကို ရေးဖြစ်အောင် ပထမဆုံးအကြံဥာဏ်ပေးခဲ့၊လိုအပ်တာများ၊ မေ့နေတာများကို ပြောပြပေးတဲ့ မင်းလူမော်အောင်၊ လိုအပ်တာများကို ပြောပေး၊ ဓာတ်ပုံပို့ပေးတဲ့ ဇာလေး( ခင်ဇာခြည်ဝင်း)၊နောက် ကွန်မန့်မရေး၊စီဘောက်မအော်ပဲ ( မေလ်းနဲ့ပဲ မန့်ပေးကြတာလေ)အမှတ်တရနေ့ရက်များကို တိတ်တိတ်လေး လာရောက်ဖတ်ရူတဲ့ DMAမောင်နှမများ:)) ၊ နောက် ကျွန်မရဲ့ဘလော့ဂ်မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်လေးမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ထဲ့သွင်းသင့်တဲ့ အကြောင်းအရာတွေ အများကြီးကျန်ခဲ့ပါတယ်။ ဒီပိုစ့်ကို စရေးတော့ ဘယ်လိုပုံစံနဲ့ရေးရင် ကောင်းမလဲလို့ စဉ်းစားတော့ သူငယ်ချင်းနဲ့ ပြန်အောက်မေ့ပြောပြသလိုလေး ရေးချင်ခဲ့တယ်။ ဒါပေမဲ့ နာမည်တပ်ရေးလိုက်တော့ တချို့သော စာလာဖတ်တဲ့သူက မင်းလူမော်အောင်တစ်ယောက်ထဲ ဖတ်ဖို့ရေးတာလားလို့ မေးတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဓာတ်ပုံများပေးပို့ပေမဲ့ အဆင်ပြေမယ်ထင်တဲ့ ပုံတချို့လေးကိုပဲ ဝေမျှလိုက်ပါတယ်။။။။

8 comments:

Sein Lyan Tun said...

အပျိုကြီးပိုစ့်လေးနဲ့အတူလွမ်းမောသွားပါကြောင်း
ဘလောဂါမောင်မနှတွေတွေ့ရင်လဲ ခရီးထွက်မည်ဖြစ်ပါကြောင်း
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ကောင်းကင်ရဲ့ သမီးပျို said...

အမငုံ ပြောမှ သတိရသွားတယ် တောင်ကလပ်ပေါ်တက်တုန်းက သမီးပျို တို့အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက်လေ မျောက်ကိုသွားစတာ ဟိုကမျက်စိနောက်ပြီး တရှုးရှုးနဲ့လိုက်တာလေ အဲဒီဦးလေးကြီးတောင်အောက်ကို သူအရင်ရောက်သွားတာပေါ့ အဟီး....

တလနွန် said...

မငုံတို့ လို တစ်စုတစ်ဝေးထဲသွားရတဲ့ ခရီးကို အားကျပါရဲ့ ။
အားပေး ဖတ်ရှုနေပါတရ် မငုံရေ

ခင်မင်ခြင်းနှင့်
တလနွန်

အဆိပ်ခွက် said...

လာရောက် ခံစားသွာပါတယ်

ခင်မင်လျှက်
အဆိပ်ခွက်

အိုက်ခီလောက် said...

ဟုတ်ပါ့ လူမော်တစ်ယောက်ထဲပြောပြနေတာ သိလား
နာ့တို့ ပါဖူး အမ နော် သိတယ်ဟုတ်
အဲ့လိုအပျော်ခရီးလေ ဘယ်တော့သွားအုန်းမလည်းလိုက်ချင်လို့ 

မြစ်ကျိုးအင်း said...

အမှတ်တရ ခရီးစဉ်လေး ကိုအတူတူ မျှဝေခံစာသွားပါတယ်..။
မျောက်တကောင်လောက်နဲ့ ဓါတ်ပုံရိုက်ခဲ့ရမှာ...ဟဲဟဲ...စတာ
....ခင်မင်သောအားဖြင့်....

thondrae said...

မငုံ ဖိုးစိန် မြစ်ကျိုးအင်း ခီလောက် kiki acacia thondrae လောလော ဆယ် 7 ယောက်ရှိပြီ ကျန်တဲ့ သူများလဲစာရင်းပေးနိုင်သည် ကျနော်တို့ေ၇ွှနိုင်ငံ ပုဂံဘု၇ားဖူး express ကားကြီး ၂၀၁၀ ဇန်န၀ါရီလမှာ ပုဂံဘုရား ဖူးထွက်ပါမယ် ခင်ဗျာ လိုက်ပါပျော်ရွှင်ချင်သူ blog မောင်နှမများ ကိုစေတနာကောင်းနဲံ့ကျေညာမောင်းခတ်ပါသည်ခင်ဗျား

ကြယ်ပြာ said...

အမှတ်တရလေးတွေ အများကြီးပဲနော် ... ပျော်စရာ လွမ်းစရာလေးတွေ ...
အင်း ... ခုလိုကျတော့ အရင်အချိန်တွေပြန်ရဖို့မလွယ်တော့ဘူး ... နောက်လဲ အမှတ်တရတွေရှိရင်တင်ဦးနော် .... အားပေးနေပါတယ် ...