မနေ့ညနေ ကျွန်မရုံးကနေထွက်လာတော့ ၆နာရီတော်တော်ကျော်နေပြီ။ ရုံးဆင်းတာ ကြာပြီဆိုပေမဲ့ သူငယ်ချင်းဆီ ဖုန်းဆက်ပြီး စကားပြောနေတာနဲ့ နောက်ကျသွားတယ်။ မှတ်တိုင်ရောက်တော့ ခြောက်နာရီခွဲနေပြီ။ နောက်ကျပြီလို့ ကျွန်မတွေးလိုက်မိပေမဲ့ အဲဒီလို နောက်ကျလိုက်တဲ့ အခိုက်အတန့်လေးကြောင့် ကျွန်မနှစ်နှစ်နီးပါး အပြင်မှာ မဖူးရတာ ၊မမြင်ရတာ ကြာပြီ ဖြစ်တဲ့ တန်ဖိုးဖြတ်မရတဲ့ အ၀ါရောင်သင်္ကန်းနဲ့ မြတ်ဘုရားသားတော်တစ်ပါးကို ဖူးတွေ့လိုက်ရလို့ပါပဲ။
ကျွန်မစီးလာတဲ့ X28 Busလေး terminal-1 , Arrival ကိုရောက်တော့ လူတွေအများကြီးကြားကနေ အ၀ါရောင်သင်္ကန်းကို ကျွန်မမြင်လိုက်ရတော့ စစချင်း ကြောင်သွားတယ်။ မျက်စိများမှားသလားလို့ အံအားသင့်သွားတယ်။ ကျွန်မအသေအချာကြည့်တော့ သေချာတာပေါ့။ အ၀ါရောင်သင်္ကန်းနဲ့ ကိုယ်တော်တစ်ပါးကို ရှုင်းရှင်းလင်းလင်း ဖူးလိုက်ရတယ်။ ထိုင်းဘုန်းတော်ကြီးလို့ ယူဆရပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံက ကိုယ်တော်ပဲဖြစ်ပါစေ။ ကျွန်မတို့ ဗုဒ္ဓရဲ့သားတော်ပါပဲ။ ကျွန်မလက်အုပ် အလိုလိုနေရင်းချီပြီးသား ဖြစ်သွားသလို ကြက်သီးများထကာ မျက်ရည်တောင်ဝဲလာမိတယ်။
ကျွန်မ.အခုလို ဒူဘိုင်းရောက်ကတည်းက အခုချိန်ထိ ဗုဒ္ဓသားတော်တစ်ပါး၊ အ၀ါရောင်သင်္ကန်းကို မတွေ့မမြင်ရ မဖူးရတာ တစ်နှစ်ကျော်နှစ်နှစ်နီးပါး ရှိသွားပါပြီ။ ကျွန်မ ချက်ချင်းကားပေါ်က ဆင်းပြီး သွားရောက်ပြီး ထိခြင်းငါးပါးနဲ့ ကန်တော့ချင်ပေမဲ့ Bus မှတ်တိုင်ကနေ ထွက်ခွာနေပြီမို့ ဘယ်လိုမှ ဆင်းလို့ မရခဲ့ပါဘူး။ Bus ပေါ်ကနေပဲ ကိုယ်တော်ဘုရားကို ကျွန်မဖူးလို့ရတဲ့အထိ လည်ပြန်ကို ဖူးလာတာပါ။ ကားပေါ်မှ လူများက ကျွန်မကို ကျွန်မရဲ့လုပ်ရပ်ကြောင့် ဘယ်လိုပဲ စိတ်ဝင်စားစွာ ကြည့်နေပါစေ။ ဂရုမစိုက်ဘူး။ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရတာကို ကျွန်မဂုဏ်အယူဆုံးအရာတခုပါ။ ကျွန်မအိမ်ရောက်တော့ သူငယ်ချင်းကို ပြောပြတော့ သူလဲ ဟုတ်လား ဟုတ်လားနဲ့ ၀မ်းသာအားရ မေးနေတော့တယ်။
ကျွန်မ.ရုံးကနောက်ကျပြီး ထွက်လာခဲ့တာ အရမ်းတန်ပါတယ်။ တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ အဲဒီလို အ၀ါရောင်သင်္ကန်းနဲ့ရဟန်းတစ်ပါးကို ဖူးတွေ့ရတဲ့ အခိုက်အတန့်လေးကို ကျွန်မ တအားကြည်နူးနေတယ်။ ကျွန်မကြည်နူးခဲ့ရတာကို မောင်နှမများအား ဝေမျှလိုက်ပါတယ်။

10 comments:

ကိုရဲ said...

မငုံရေ ။ ငါထိပ်ဆုံးလာပြီး ငါ့အစ်မနင်လုပ်ခဲ့တဲ့ ကုသိုလ်အတွက် သာဓုခေါ်ပါတရ် ။ ခုလိုစိတ်မျိုးရှိတာကို လေးစားပါတရ် ။

(ကိုရဲ)

အိုက်ခီလောက် said...

အမ်ဥသွားပြန်ပြီ ငရဲ တော့ ပြောတော့စာလုပ်နေတယ်
တစ်ကယ်တော့အိမ်တကာလည်နေတာ မသိခက်မယ်ဟွန်းးးးးးးးးးးး
အမရေ ငါ့အမကတစ်ကယ်တော်တယ်နော်
ငါ့လည်း ဘုရားမြင်ရင် ကန့် တော့လိုက်ရမှ
ခွေကြည့်တာတောင် ဘုရားပုံမြင်ရင် ကန့် တော့လိုက်၇မှဟ
မူးတာမူးတာ ဒါတော့ ငါ့ကန့် တော့တယ် အမေကငယ်ကတည်းကသင်ပေးလိုက်တာ
ငါ့အမလည်းဒီလိုပဲဆိုတော့ဝမ်းသာပါတယ် အမရေ
ငါလည်းနင့်တို့ ဆီလာပြီး ဘုန်းကြီးဝတ်မှနဲ့ တူတယ်နော်
အလုပ်မလုပ်တော့ဘူး ငါ့လည်းအရက်ပြတ်မှာ အဟိ
နင့်က စပွန်ဆာခံလိုက် ငါ့နဲ့ အကိုဖိုးစိန် ကိုရဲ လာမယ် လေ

Sein Lyan Tun said...

ကြည့်စမ်းယောက်ဖလေးကဘယ်လောက်လိမ်မာသလဲလို့
ဘုရားကိုဘယ်အချိန်မြင်မြင်ကန်တော့တယ်
ဘယ်လောက်ချစ်စရာကောင်းသလဲလို့


မငုံနည်းတူထပ်တူထပ်မျှကြည်နူးဝမ်းသာမိပါတယ်ဗျာ
ကျနော်တို့ဆီမှာလဲ သင်္ကန်းဝါဝါမြင်ဖို့ဝေးလေစွပါ
တကယ်လို့များမထင်မှတ်ပဲတွေ့ရင်လည်း မငုံနည်းတူခံစားရမှာပါ
မငုံပြောသလိုပေါ့ ”ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရတာကို ကျွန်မဂုဏ်အယူဆုံးအရာတခုပါ။ ”
ကျနော်လဲထပ်တူပါပဲဗျာ
သြော်
စကားမစပ်
တက်ဂ်ထားတာလေး
ရေးပေးမယ်နော်
အာရုံခံနေသေးလို့ပါ
ခင်မင်စွာဖြင့်
ဖိုးစိန်

တလနွန် said...

အမ ရဲ့ အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ် အတွက် သာဓုခေါ်ပါတယ်ဗျာ။
အမ ခဏခဏ ဗုဒ္ဓရဲ့ သားတော် ကို ဖူးမျှော်နိုင်ပါစေ။

Anonymous said...

မငုံရေ .. လေးစားမိပါတယ်။ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ရတာ တကယ့်ကို ဂုဏ်ယူစရပါ။ ဗုဒ္ဓဘာသာဖြစ်တဲ့ အပြင် အခုလို ဘာသာရေး ကိုင်းရှိုင်းတာသိရလို့ မကြီးလည်း ထပ်တူ ၀မ်းသာမိပါတယ်နော်။

ခင်တဲ့
မကြီးမေတ္တာရောင်ပြန်

မြစ်ကျိုးအင်း said...

ဖတ်ရတာ ကြည်ကြည်နှုးနှုး ဖြစ်မိတယ်...ဟုတ်တယ်အမရေ ကျွန်တော်တို့ ဘာသာတရား ကို ကျွန်တော်တို့ပဲ ထိန်းရမှလေ...
ထိုင်ဝမ်းမှာတော့ မြန်မာဘုန်းကြီးကျောင်းတွေ ရှိတယ်..အခုလည်း ဘုရားတည်မလို့ ဒကာ ဒကာမတွေကို စုဘူးလေးတွေ ပေးထားတယ်
အိမ်မှာလည်း တလုံးယူထားတယ် လာတဲ့သူငယ်ချင်းတွေ အားလုံး
အကြွေလေးတွေ ထည့်ကြပါတယ်...
ဘ၀ဆက်တိုင်းလည်း ဗုဒ္ဓဘာသာ ပဲ ဖြစ်ချင်တယ်..
...ခင်မင်သောအားဖြင့်...

Unknown said...

အခုလို သံဃာရတနာကို တန်ဖိုးထား ကြည်ညိုတတ်တဲ့ စိတ်သည် ကောင်းကျိုးကို ကျေးဇူးပြုမှာပါ။ ဒါ့ထက် ထို သံဃာတော်တွေက ဟောကြားတဲ့ ဗုဒ္ဓတရားတော်တွေ အတိုင်းပဲ လိုက်နာနေထိုင်မယ်ဆိုရင် အဖိုးမဖြတ်နိုင်အောင် အကျိုးရရှိနိုင်မှာပါ။ ရခဲလှတဲ့ လူ့ဘ၀၊ ကြုံခဲလှတဲ့ သာသနာတွင်း ကာလလေးမှာ တရားတော်များကို လိုက်နာကျင့်ကြံအားထုတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေ...
ခင်မင်လေးစားစွာဖြင့်...
အောင်ဦး

Ree Noe Mann said...

ထပ်တူ ခံစားရပါတယ်
ကြည်လည်း ကြည်းနူးမိပါတယ်
ပျော်ရွှင်ပါစေဗျာ

ခင်တဲ့
Ree Noe

thondrae said...

ဒီနေ့ ကတော့ ကဆုန်လပြည့် နေ့ ပါ မြတ်ဗုဓ္ဒကိုအမှုးထားပြီးတရားတော်နဲ့ သံဂါတော်ကိုအာရုံပြုကောင်းမှုကုသိုလ်တွေလုပ်လိုက်ပါစိတ်ထဲမှာကြည်နူးပျော်ရွှင်သွားပါလိမ့် မယ် ခင်မင်ခြင်းများစွာဖြင့် 

Anonymous said...

ပို့စ်လေးကို ဖတ်ရင်းနဲ့ လှိုက်လှိုက်လှဲလှဲ ကြည်ကြည်နူးနူး ခံစားလိုက်ရတယ် ... ကျွန်တော်လည်း အပြင်မှာ ဘုရားသားတော် မမြင်တွေ့ရ မဖူးမြင်ရတာ အတော်ကြာခဲ့ပါပြီ .. ထပ်တူခံစားကြည်နူးမိပါတယ် မငုံရေ ...
နေဒေးသစ်။