ကျွန်မစဉ်းစားမိတယ်။ ကျွန်မဘ၀တစ်လျှောက်လုံး လွဲခဲ့တာတွေ၊ကိုးရိုကားယားဖြစ်ခဲ့တာတွေအပြင် မသိမသာနဲ့ ပြင်သင့်နေတဲ့ အချက်လေးတွေရော မရှိဘူးလားလို့။ ဒါနဲ့ ချရေးကြည့်လိုက်တယ်။

၁။ အမြဲနောက်ကျတတ်တယ်။ နေရာ၊အချိန်တိတိကျကျချိန်း ပိုဆိုးတယ်။ ၀ီရိယထား လုပ်တာပဲ အလိုလိုကို နောက်ကျနေတော့တာပါပဲ။ အကြောင်းကြောင်းကြောင့်တွေနဲ့ချည်းပဲ။ သူငယ်ချင်းများကတော့ ဒီလိုအကျင့်ရှိတာ သိနေတော့ ကျွန်မကို အချိန်စောပြောပြီး လာရင်တောင် စောင့်နေရတယ်လို့ မှတ်ချက်ပြုခံရတယ်။ အခုချိန်ထိပါပဲ။ ကဲ သူငယ်ချင်းတို့ရေ..နေရာတကာနောက်ကျတတ်တဲ့ ကျွန်မကို အချိန်လေးနည်းနည်းပေးပြီး စောင့်ပေးနိုင်မလား? ကျွန်မလဲ ပြင်ပါတော့မယ်။ (စောင့်နေရတာ အားနာလို့:)) )

၂။ စိတ်ဆိုးစိတ်ကောက်မြန်မိတာကလဲ ဒုံးပျံယာဉ်အလားပါပဲလားနော်။။အင်းးးးးးခက်တော့နေပြီ။ တစ်ယောက်ယောက်ကို စိတ်ဆိုးမိရင် တခြားမဆိုင်တဲ့သူတွေကိုပါ စကားမပြော ဘာမပြောနဲ့ အားလုံးကို သိမ်းကြုံးပြီး စိတ်ကောက်တော့တာပါပဲလားနော်။ ပြီးတော့လဲ.စိတ်ကောက်ရင် ထမင်းမစား ဟင်းမစားနဲ့ တနေကုန်တနေခမ်း ကောက်တော်မူနေတတ်တယ်။ဒါပေမဲ့ မုန့်လေးတော့ စားပါတယ်။ နောက်တခါ စိတ်ကောက်ရင် မုန့်လာပို့ကျနော်။ အဲဒီနေ့ မုန့်ပိုစားတတ်လို့:)) ဒါလဲမဖြစ်သေးဘူး။ ပြင်ရမယ်။ ကြာရင် အစာအိမ်ဖြစ်လိမ့်မယ်။ မဆိုင်သူတွေလဲ အနေအထိုင်ကျပ်လိုက်မယ်။

၃။ အင်းးအဆိုးဆုံးအကျင့်များလား မသိဘူး။ တခုခုလိုချင်ပြီဆိုရင် ရအောင်ယူရမှ။ မရမချင်း ဒီတခုကိုပဲ စိတ်ထဲစွဲနေတတ်တယ်။ တခြား ဘာမှစိတ်မ၀င်စားနေဘူး။ အဲ..အဲဒီလိုချင်တဲ့ပစ္စည်းလေးကို ရတဲ့အချိန်၊ လက်ထဲရောက်လာတဲ့အချိန် လုံးဝ (လုံးဝ)လိုချင်စိတ်မရှိတော့ဘူး။ ပစ်ထုတ်ချင်နေတာပဲ သိတယ်။ ဒါကြောင့် အိမ်က ကျွန်မလိုချင်တာဆို ချက်ချင်းဝယ်မပေးရဲဘူး။ ရတာနဲ့ ဟိုနားပစ်ထား ဒီနားပစ်ထားနဲ့ အလကားပိုက်ဆံကုန်တယ်။ ရိုက်ပစ်ဖို့ ကောင်းတယ်နော်။ ( :P စကားအဖြစ်ပြောတော့ တကယ်မရိုက်ရပါဘူးနော်)

၎။ ဒီအချက်လေးကတော့ လူလည်ကျတာများလား မသိဘူး။ တခုခုချက်စားတော့မယ်။ လုပ်တော့မယ် ဆိုရင် ကျွန်မက ပါးစပ်ကလေးနဲ့ ဒါလေးထဲ့လိုက်၊ ဟိုဟာလေး ဒီလိုလုပ်လိုက်နဲ့ ဖတ်ဖတ်ကို မောနေတော့တာပါပဲ။ ဒါကြောင့် ကျွန်မကို သူငယ်ချင်းများ မှတ်ချက်ပြုတာကတော့ ဗိုလ်ကတော်ဟင်းချက်နည်းတဲ့။ ဒါလဲမကောင်းဘူး။ ပါးစပ်ပဲ ချက်တတ်တာနဲ့ တကယ်လက်တွေ့ကျကျ ချက်တာမတူဘူးလေ။ မိန်းကလေးတယောက်အနေနဲ့ ပိုမဖြစ်သင့်ဘူးပေါ့။

၅။ အဲ..ဒီအချက်က ဘယ်တော့ကများ စလာတာပါလိမ့်နော်။ အူကြောင်ကြောင် အကျင့်လေးပဲ။ ကျွန်မရှေ့က သွားနေတာကို နောက်ကနေ နာမည်တပ်ပြီးပဲ ခေါ်ခေါ်၊ ဒီအတိုင်းပဲ လိုက်ခေါ်ခေါ် ကြားတယ် ဘယ်တော့မှ လှည့်မကြည့်တတ်ဘူး။ အဲဒီလို လိုက်အော်ခေါ်တာကို မကြိုက်လို့။ တကယ့်ခင်မင်ရင်းနှီးသူဖြစ်ပစေ။ တခါတလေများဆို မောင်နှမတွေတောင်ပါလိုက်သေးတယ်။ ကြားရက်သားနဲ့ လှည့်ကိုမကြည့်တတ်တာ။ :D ကောင်းဘူးနော်။ တွေးကြည့်ရင် တဖက်သား ဘယ်လိုခံစားသွားရမလဲနော်။ ကိုယ်တချက်လေး လှည့်ကြည့်လိုက်လို့ ဘာမှမဖြစ်သွားပါဘူးနော်။ ပြင်တော့မယ်..ဒီအချက်လေးကို ထိပ်ဆုံးထားပြီး ပြင်တော့မယ်။

ကဲ..မသိမသာနဲ့ တော်တော်ဆိုးဝါးတဲ့ အကျင့်လေးတွေပါလားနော်။ လူဆိုတော့လဲ အမှားဘယ်ကင်းမလဲနော်။။အဟဲ.ဒီလိုအမှားမကင်းတဲ့ သူများထဲမှာ ကျွန်မမောင်နှမတွေကော ပါသလားဆိုတာ သိချင်လိုက်တာနော်။
အစိမ်းရောင်ခြယ်သခြင်း ခံရသောသူများကတော့ ကံထူးရှင်ပါပဲ။
အပြာရောင် မောင်နှမတွေကတော့ အချိန်ရရင် ဖြေပေးပါလို့ တောင်းဆိုခံရသူတွေပါ။

လူကြီးမင်းများကတော့..
မော(၀်)မောင်နှမတွေကို ချစ်လို့ဆိုပြီး ခဏခဏတဂ်နေတတ်တဲ့ တောင်ပေါ်သား ၊
မော(၀်)မြေအတွက် အိတ်စိုက်ခေါင်းစိုက်ပေးတဲ့ ကိုကြယ်စင်မင်း

ကိုယ့်Adminလေးကိုလဲ ဒီအတိုင်းထားလို့ ဘယ်ရမလဲနော်..မောင်ရဲ
(စာမေးပွဲပြီးမှ အကြွေးဆပ်လဲရတယ်နော့)၊
ကိုယ့်အကြိုက်ဆုံး စာရေးသူကို ဒီအတိုင်းထားလိုက်လို့် ဘယ်ဖြစ်မလဲ..ကိုဖိုးစိန်၊
ကန္တာရမိုးစက်လေး ဆက်လက်ရှင်သန်အောင်မျှော်လင့်ခြင်း အလင်းရောင်ပေးတဲ့ ပထမဆုံးသော
ပရိသတ်ကြီး အများသိတဲ့.ဦးချစ်ဖေ ..ကိုဝင်းဇော်၊
မူးလာရင် အင်မတန်မှ အရစ်တော်တဲ့..အိုက်ခိလောက်၊
ပျင်းနေတယ်ဆိုလို့ပါ..ချယ်ရီလန်းသံဃောဇဉ်လေးကလဲ မသေးလှဘူးနော်.. အိုက်ခီခန့် (ငပျင်း)၊
အိမ်ကို အမြဲ လာလာလည်ပြီး စာရေးကောင်းတဲ့ ...တလနွန်

မိန်းမချောလေးတွေပေါ့..

အိမ်သစ်လေးမှာ ကဗျာလေးတွေသီတဲ့...မကြီးရောင်ပြန်၊
တအားချစ်ရပါသော ကိုယ့်မကြီးကို သတိတရလေးပါ..မကြီးကီ၊
မပါမဖြစ် အချစ်ရဆုံးသောညီမလေး...လင်း၊
တွေ့ချင်တယ်ချည်း အော်နေတဲ့ ကောင်မလေး..ဇော်

အပြာရောင်စာရင်းဝင်နေတဲ့ အောင်ဦး ( လုံးဝမအားနေဘူးဆိုတော့..အားနာလို့)
ကြယ်ပြာ ( အလုပ်အသစ်ကိစ္စနဲ့ အလုပ်တွေ ရှုပ်နေမှာစိုးလို့)
မိုးသောက် (ပျောက်နေတာ၊ ပိုစ့်အသစ်မတင်တာ ကြာနေပြီ။)
စနေသား( ခွင့်နှစ်လယူထားလို့ပေါ့.စာမေးပွဲဆိုလို့ပါ)
လင်းကြယ်ဖြူ ( vacation ပြန်ချိန်နဲ့ တိုက်နေလို့နော်) ..

သူတို့ကိုလဲ မေးချင်နေတာနော်။ အားနာလို့။ အချိန်ရရင်တော့ ရေးပေးပါဦးလို့ တောင်းဆိုပါတယ်နော်. ဘယ်လိုလေးများ မသိမသာနဲ့ ပြင်သင့်နေတယ်လို့ ထင်တဲ့ အကျင့်လေးတွေ ရှိတယ်ဆိုတာ သိချင်လို့ပါ။

11 comments:

အိုက်ခီလောက် said...

အမ် လုပ်ပါ့ဟ ငါ့အမတော့ ဆင်ခြင်နေတာတောင်မှ မလွတ်ဘူးကွာ
သွားရစ်ချင်တာကိုးဟ နာ့ဟာနာ့နေတာအေးဆေးကွာ အဟိ
ခုတော့ရစ်တာကိုး မှတ်ပီလား အိုက်ခီလောက်
အေးလေအကောင်းတဲ့အကျင့်တော့ပြင်ပေးရမှာပေါ့လေ များများတပ့်
ဒါမှငါ့လည်းစာရေးမပျင်းမှာ သိလားအမ
တစ်ယောက်တည်းမဟုတ်ပါဘူးအားလုံးပါတာပဲ တစ်ပျော်တစ်ပါးေ၇းကျတာပေါ့
အကို အမ တွေ အားလုံး ညီမ ညီတွေရောပေါ့
ရေးပေးလိုက်ရအောင် နော် တော်သေးတယ် လွဲတာလေးထည့်မရေးခိုင်းလို့ 
လွဲတာဆိုလို့ ကလေးလွဲတာပဲ သိတာ ဟ အဟတ်

Sein Lyan Tun said...

သြော် ဒီအပျိုကြီးနှယ်..စဉ်းစာချင်တာစဉ်းစား
ပြီးတော့အားလုံးအပေါ်ပတ်တက်ဂ်တော့တာပဲ
အပျိုကြီးတက်ဂ်တယ်ဆိုတော့လဲရေးပေးရတော့မှာပေါ့
အကျင့်လေးတွေဖျောက်လိုက်ရင် အပျိုကြီးဘဝကကျွတ်မှာသေချာတယ်
အဟီးးးး
နံပတ်လေးအချက်ကိုတော့ တော်တော်အသည်းယားတယ်
ကျနော်ကိုယ်တိုင်စားဖိုမှုးဆိုတော့
အဲလိုလာပြောရင် မငုံရဲ့ နံပတ်နှစ်အချက်နဲ့ကိုင်ပေါက်ပြစ်လိုက်မယ်
နံပတ်ငါးအချက်ကတော့နားဆရာဝန်ကြီးဆီသွားပြကြည့်
သေချာမကြားပဲကြားချင်ယောင်ဆောင်နေသလားလို့
နံပတ်၁လိုနောက်ကျလို့လဲအပျိုကြီးဖြစ်နေတာပေါ့
အင်း ဒွတ်ခ ရပြီးရင်လဲပစ်စက်လက်ခတ်ထားသေးတယ်ဆိုတော့
ယောကျားရပြီးရင်လဲ ရင်လေးရပါလားနော်
အဟီးးး
အချက်တွေအားလုံးထောက်လိုက်ရင်
အပျိုကြီးဖြစ်နေတာမဆန်းပါကြောင်းထောက်ခံပါတယ်

လင်းကြယ်ဖြူ said...

အင်း..ကိုယ့်အစ်မကြီးက တက်ဂ် တယ်ဆိုမှတော့ နောက်ပြန်ရောက် ရင်ရေးရမှာပေါ့ လေ ..
ကျွန်တော်လ္ဂဲသမျှရေးရရင်တော့ ..အစ်မ မိုးလင်းပေါက်ဖတ်နေရမယ်နော
အခု draft မှာ ခေါင်းစဉ်တတ်..save လိုက်ပြီ ..ဒါမှမမေ့မှာ..အဲ့ဒါကို က တစ်ချက် မေ့တတ်တာလေ..ဥပမာ ကိုယ်ကအကြေ္ဂးပေးစရာရှိရင်သတိရတော့ဘူး..တောင်းစရာဆိုရင်တော့ Alarm ပေးပြီးမှတ်ထားတာနော်..ဟဲဟဲ..နောက်တာ..ပျော်ပါစေခင်ဗျာ

Anonymous said...

အဟား လုပ်တယ်ပေါ့လေ ရပါတယ် ရပါတယ် အကျင့်ဆိုးတွေ ပြန်ရှာရမယ် အဟား ဟား အပျိုကြီးများ ခက်သား ဟင်းးးးးးးးးးးးးးးးးးးးးးး)


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

မငုံရေ
ထီဖွင့်ရက်နဲ့ တိုက်ဆိုင်နေတော့ ကံထူးရှင်ဆိုတော့ ရင်ခုန်သွားတာပေါ့ဗျာ။
နောက်မှ အစိမ်းရောင်ပေါ်မှာ ထီလက်မှတ်က....
အလွဲတွေတော့ ရှိခဲ့တာပေါ့ဗျာ...ကြိုးစားကြည့်ပါမယ်...မငုံရေ

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

အားး အိမ်ပြင်နေလို့ မအားပါဘူးဆို ချစ်ဆုံးငုံလေးကလည်း။ အဟင့်
မကောင်းတဲ့ အချက်တွေပြောလိုက်လို့ ယူမယ့်သူမရှတော့ရင် တသက်လုံး ရှာကျွေးရမယ်နော်။ ကိုယ့်ဒုက္ခကိုရှာတာပဲ။ မကြီးကလည်း တရားခံရှာနေတဲ့ အချိန်ဆိုတော့ အတော်ပဲ။ ဟဟ
ကြိုပြောထားပြီးမှ ယူရင်တော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့နော်။ ဒီနေ့ အိမ်သစ်တက်ပွဲကျင်းပ မလို့ ပြီးမှရေးပေးမယ်နော်။ စိတ်ချ။ ကျွတ်ရချည်သေးရဲ့။ :P

ချစ်တဲ့
မကြီး

ကြယ်ပြာ said...

နံပါတ်စဉ် (၅) ကိုဖတ်ပြီး ရယ်ချင်မိပါတယ် .... မငုံရေ ... ကြယ်ပြာရေးဖို့ ကြိုးစားပါမယ်နော ...း)

ကြယ်စင်မင်း said...

မငုံ.. မငုံ.. တစ်ငုံထဲပဲငုံပါလားဗျာ.. :D
ကံထူးရှင်ထဲမှာ ပါသွားတော့ ကံများကောင်းမလားလို့.. အဟင့်.. သွားပြီ.. အလွဲတွေကို ချရေးတဲ့.. သေစမ်း.. တစ်ခါးမှကို မစဉ်းစားဖူးဘူး.. ဘယ်လိုရေးရပါ့မလဲ..
အိပ်စိုက် ခေါင်းစိုက် လုပ်ပေးတဲ့သူကိုလည်း မလွတ်ပါဘူးလားဗျာ.. :D

အိုကေလေ..
ကျွန်တော် ကြိုးစားပြီးရေးပါ့မယ်ဗျာ.. ကျွန်တော်က စာရေးသိပ်မကောင်းဘူးနော်..

ကျေးဇူးတင်ပါတယ်
ကြယ်စင်မင်း

အိုက် ချီ ခန့် said...

အဟင့်..
မယိုရယ်.. ကျတော်လဲ ရေးဖို့ စဉ်းစားနေတာ..
ဘယ်ဟာကစရေးရင်ကောင်းမလဲပေါ့..
အစ်မရေးထားတာလေး.. ပြန်လာဖတ်ကြည့်တာ..
ရေးနည်းသိချင်လို့...။

မြစ်ကျိုးအင်း said...

ဘယ်မှမပါတဲ့အတွက် ဘာမှမရေးရတော့ဘူး...ကောင်းပါ့...
တခုပဲပြောချင်တယ် အကျင့်တွေပြင်ပါ...ဒါပဲ အမရေခင်လို့နောက်တာနော်
စိတ်မချိုးနဲ့
...ခင်မင်သောအားဖြင့်...

ကိုလူထွေး said...

အရင်တုန်းက မရောက်ဖူးပါဘူး...
ပထမဆုံးဖတ်မိတဲ့ ပိုစ့်က ဒီတစ်ခုဆိုတော့...
အင်းးး မငုံဆိုတာ တော်တော် ဆိုးတဲ့သူပါလားလို့  မှတ်ချက်ချမိပါတယ်...
းဝ)