ကျွန်မ ဒူဘိုင်းကို ထွက်လာတဲ့နေ့လေးမှာပေါ့။ ကျွန်မတစ်ယောက်တည်း အဖော်မပါပဲ ပထမဆုံး ခရီးထွက်တာ ဆိုတော့ အလွဲလွဲ အချော်ချော် လုပ်တတ်လွန်းလို့ သတိထားနေရပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ထိုင်တာနဲ့ ခါးပတ် (seat belt)ကို ပတ်ဖို့ လုပ်လိုက်တာ။ ကျွန်မလက်ထဲပါလာတာလေးက ကွင်းချည်းချည်းနှစ်ခု ဖြစ်နေတယ်။ ကျွန်မက ဟုတ်သေးပါဘူး။ ဘာကိစ္စကွင်းချည်း နှစ်ခုပါလာရသလဲပေါ့။ သိလိုက်ပြီ။ ဘေးကလူ မှားပတ်ထားလိုက်ပြီဆိုတာ။ ဒါနဲ့ ခါးပတ်(seat belt)ပတ်တာ မှားနေတယ်လို့ တိုက်ရိုက်ကြီး သွားပြောလိုက်မိတယ်။ ဘာပြန်ပြောတယ်မှတ်လဲ။
" မမှားပါဘူး။ ကျွန်တော် ပတ်ထားတာ သိတာပေါ့"တဲ့။

ဒါနဲ့ ကိုယ်ကပဲ ထပြီး တောင်ရှာမြောက်ရှာ ရှာကြည့်တော့လဲ ဒီနှစ်ခုပဲရှိနေတယ်။ မှားနေတာ သေချာတာကြီးကို မမှားဘူးဆိုတော့ သွားကြည့်ရအောင်ကလဲ ယောက်ျားကြီး။ ဒီအတိုင်းထားလိုက်လို့ကလဲ မပြီးဆိုတော့ နောက်ဆုံး
"ဟုတ်ပြီ။ မှားမမှားကြည့်ရအောင် ခါးပတ်လေး (seat belt) တစ်ချက်ဖြုတ်ပြပါ "လို့ ပြောလိုက်တယ်။

အမယ်..လူကိုတောင် ကြည့်လိုက်သေးတယ်။ စိတ်ပျက်တဲ့ အမူအယာနဲ့ ပြီးတော့ ဆောင့်ကြီးအောင့်ကြီး လေသံနဲ့
" ဒီမှာ ၊ ဒီမှာ "ဆိုပြီး ပြတော့ ခေါင်းချည်းချည်း နှစ်ခုကို တပ်ထားတာ မြင်မှ ပျာပျာသလဲ နဲ့ sorry ဗျာ ။ ကျွန်တော် နည်းနည်း အတွေးလွန်သွားတယ်ဗျာတဲ့ ။

အခုမှ လေယာဉ်စီးဖူးတဲ့လူလို့ မထင်လိုက်နဲ့နော်။ သုံးကြိမ်မြောက် သင်္ဘောပေါ်တက်ရန် သွားခြင်းပါတဲ့။

တော်သေးတယ်။ ဒီတခါလွဲတာ ကျွန်မ မဟုတ်ပဲ ကျွန်မထက်ပိုလွဲတဲ့သူနဲ့ တွေ့နေပေလို့။

မှတ်ချက်၊။ ကျွန်မကို သူငယ်ချင်းက အတွေးမှားသွားမှာ စိုးလို့ seat belt လို့ ထဲ့ရေးသင့်ကြောင်းပြောတာနဲ့ ထဲ့ရေးလိုက်တာ ဖြစ်ပါတယ်။

15 comments:

နတ်သျှင်နောင် said...

ှုငုံရေ
မင်္ဂလာပါ
အလွဲလေးမှာ နံပါတ်တစ် မန့်ခွင့်ရလိုက်တယ်...
ဟားဟား တွေ့တတ်လေတယ်နော်...
သင်္ဘောသီးနဲ့မှတိုးတာကိုး

kiki said...

အင်း ၊ စဉ်းစားကာ နေရအုံးမယ် ..????
ခေါင်းချည်း ၂ခု လုံး ဘယ်လို များ တပ်မိပါလိမ့်လို့  ???
ဒီတခါ အိမ်ပြန်တော့မှ ရအောင် တပ်ကြည့် အုံးမယ် ဟ။
အဟိ ၊ ဒါကြောင့် သင်းဘောသီးဖြစ်တာထင်ရဲ့
ယပက်လက် လို ထောင်း သုပ် စားရင်တော့ အမိုက်ဘဲ.. ချဉ်စပ်လေး .. ရှလွတ်

ရေတမာ said...

အနော်လည်း မလွဲအောင် မန့်သွားပါတယ်။ မှတ်ချက်ကတော်တော်ရီရတယ်။

တောင်ပေါ်သား said...

အဟား အမကလဲ အားနာစရာဗျာ.. ကျန်တဲ့ ကွင်း၂ကွင်းလေးပဲ တပ်ထားပေါ့


လေးစားလျက်
တောင်ပေါ်သား

yehtutnaung said...

သြော်.. သူ့ ခင်မျာ အိမ်က မိန်းမနဲ့  ကလေး ၁၀ ယောက်အတွက် ပူနေလို့  ဖြစ်မှာပေါ့.. ဟီဟီ။ တော်တော်နောက်တဲ့လူ.. မငုံကို ဇာတ်လမ်း ရှာတာ မဖြစ်နိုင်ဘူးလား.. ဟဲ။

thondrae said...

အလွဲကြီးနဲ့ အလွဲ လေးတွေ့ ကြတဲ့ ပွဲမှာကျနော်တို့  ဇတ်လိုက်ကျော်မငုံအနိုင်ရရှိသွားပါတယ်ခင်ဗျာ မှတ်ချက်===== အနှီဘေးကပုဂ္ဂိုလ်ပိုရ်ုလွဲတတ်သောကြောင့် ဖြစ်သည်

တလနွန် said...

မငုံတို့ ကြုံလိုက်ရင် အဆန်းကြီးပဲ အဟတ်
အခုတစ်ခါ မငုံမဟုတ်တော့ တော်သေးတာပေါ့။။
မငုံတို့ ရေးလိုက်ရင် တော်တော်ရယ်ရတယ်။
ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

မိုးစက်အိမ် said...

ဖြစ်တတ်တယ် အမ ရေ..တခါတလေ သူများလွဲတာကို
ကိုလွဲတယ်ထင်ပြီး ဇဝေါဇ၀ါ ဖြစ်တတ်တယ်...တော်
သေးတာပေါ. နောက်မို.ဆို သဘော်သီး နဲ. တိုင်ပတ်နေ
အုံးမယ် အဟတ်....

kaungkinpyar said...

ဒီလို အလွဲလေးတွေရှိတတ်ပါတယ် ညီမလေးရေ

Sein Lyan Tun said...

အပျိုကြီးက မငုံ တစ်ယောက် မျက်စောင်းလေးထိုး
ပြီး ဆောက်ကြီးအောက်ကြီးနဲ့ ခါးပတ်ကိုပတ်
ပြီးတော့ သူ့ မျက်နှာကိုမကြည့်ပဲ
တစ်ခြမ်းစောင်းထိုင်
သူ့ နဲ့ အကြည့်ချင်းဆုံအောင်ထပ်လုပ်ပြီး
မျက်စောင်းထပ်ထိုး နှုတ်ခမ်းကိုက်ပြ လုပ်ခဲ့တယ်မဟုတ်လား
မှန်မှန်ပြောနော် အပျိုကြီး
ဒါနဲ့ ဘယ်လိုသိတုန်း သူက သဘောင်္တက်ဖို့ သွားတာ
သုံးကြိမ်မြောက်ဆိုတာ
အပျိုကြီးသိပ်စပ်စုတယ်
အဟီးးး
ခင်မင်စွာဖြင့်
ဖိုးစိန်

Anonymous said...

လက်စပ်သပ်တော့ ဂလိုလား။ ဘာလဲ အဲဒီသဘောင်္သီးကို လွမ်းနေလို့လား။

:D
ခင်မင်လျှက်
မကြီး

ဇော် said...

အဟက်။
မငုံတော့ သင်္ဘောသီးနဲ့ စခန်းသွားခဲ့ရတယ်ဆိုပါတော့။ အဟိ။

ကိုလူထွေး said...

seat belt လို့ မရေးရင် ဘယ်လို အတွေးမှားမှာ မို့လို့လဲ..
တုံးတယ်ပဲ ပြောပြော..
ကိုလူထွေးက တကယ်မသိလို့ပါ

ခီခန့် said...

အဟဟ.. နာ့မမတော့.. တခါမြင်ပြီး တော့ယေ...
အဟတ်.. အဟတ်.. မကြီးရောင်ပြန်စသလိုပဲ..
အဟီး... အခုထိမှတ်မိနေတယ်ဆိုပါတော့... မျက်နာလေးက ဘယ်လိုပုံစံ ဆံပင်လေးက ဘယ်လိုပုံစံ..
အဟီး... မနာလိုတောင်ဖြစ်လာဖီ.. အဟီး..
စတာနော်.. အဟီး..
ဟိုရက်ကတည်းက ရောက်တယ် မန့်လို့မရလို့...
ကော်နက်ရှင်ဆိုတဲ့ကောင်ကြောင့်ပေါ့ ဒီနေ့မှပြန်လာမန့်တာနော်..

ခီခန့် (လူပျင်းလေး)

ဂျပန်ကောင်လေး said...

ဟီးဟီး..ထူးထူးဆန်းဆန်းဗျာ.. ခေါင်းနှစ်ခုကို တပ်တယ်လို့..