တဂ်ပိုစ့်တွေကို အရင်အပြတ်ရှင်းမှရမယ်။ ကိုသုနြေ္ဒကိုလဲ အကြွေးတင်နေတယ်။ ဒူဘိုင်းအကြောင်း ရေးပေးပါ့မယ်လို့ ပြောထားပြီးသား ဖြစ်နေတယ်။ အခုရေးမဲ့ တဂ်ပိုစ့်လေးကတော့ ကိုနေညိုရင့်မှ တဂ်လိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ဘလော့ဂ်လေးနာမည်ပေးပုံတဲ့။

ဒါကတော့ ဒီလိုလေးပါ။ ကျွန်မစာရေးတာ စိတ်ဝင်စားပေမဲ့ မရေးတတ်ဘူး။ အဲဒီမှာ မောင်ရဲက ဘလော့ဂ်ရေးတာကို စတင်ပါတော့တယ်။ ကျွန်မလဲ စမ်းကြည့်မယ်လို့ ဆုံးဖြတ်ပြီး ဒီဇင်ဘာ ၂၆ရက်နေ့မှာ အကောင်အထည်ဖော်လိုက်တယ်။ ဒီတော့ အိမ်လေးကို နာမည်ပေးဖို့ ရွေးတော့ ကျွန်မရောက်ရှိနေတာက ကန္တာရလေးလေ။ အရှေ့အလယ်ပိုင်းဒေသ အာရပ်တိုင်းပြည်လေးက သဲကန္တာရများနဲ့အတူ ပင်လယ်ကွေ့ဒေသမှာ တည်ရှိတာဖြစ်တယ်။ ဒီတော့ ကိုယ်ရောက်ရှိနေတဲ့ နေရာလေးကိုပဲ အစွဲပြုပြီး ကန္တာရဆိုတာ ရသွားပါတယ်။ အဲ..ဒီကန္တာရလေးရဲ့ ထူးခြားချက်လေးက မိုးရာသီမရှိဘူးတဲ့။ ဒါပေမဲ့ နွေအကုန် ဆောင်းအကူးမှာတော့ မိုး.သုံးလေးရက်လောက် ရွာတတ်ပါတယ်။ ကန္တာရလေးမှာ ရွာတဲံ့မိုးဆိုတော့ လူတွေက သဘောကျကြတယ်လေ။ ဒီတော့ ကျွန်မနာမည်လေးတစ်ခုကို ချက်ချင်းဆုံးဖြတ်လိုက်တာပါ။ ကန္တာရမိုးစက်များ တဲ့။ အဲဒီလို ကန္တာရမိုးစက်ဆိုရင် ပြီးနေတာကို ကျွန်မက မိုးစက်များလို့ နာမည်ပေးလိုက်တော့ သူငယ်ချင်းတယောက်က မေးပါတယ်။ ဒီဘလော့ဂ်မှာ ဘယ်နှစ်ယောက်ရေးတာလဲတဲ့။ ကျွန်မလဲ ပေးပြီးသားဖြစ်နေတာမို့ မိုးစက်လို့မပြောင်းတော့ပါဘူး။ မိုးစက်များကိုပဲ အတည်ပြုခဲ့တယ်လေ။

နောက်တခု။ဒါလေးကတော့ အခုအားလုံးသော ဘလော့ဂ်မောင်နှမတွေ ခေါ်ခေါ်နေတဲ့ မငုံဆိုတဲ့နာမည် ရှင်းတမ်းလေးပါ။:)) အမှန်က ကျွန်မအိမ်နာမည်က ဖူးဖူး လို့ခေါ်ပါတယ်။ မောင်ရဲ( လေလွင့်သူ)နဲ့ အရင်ဘလော့ဂ်မရေးခင်ကတည်းက ခင်မင်ကြတာလေ။ သူက ကျွန်မထက်ငယ်တော့ မဖူးလို့ ခေါ်တယ်။ နောက်တော့ မောင်ရဲက မဖူးဘူးဆိုမှတော့ ငုံနေလို့ပေါ့။ ငုံငုံ ၊ မငုံလို့ ခေါ်တယ်။ နောက်တော့ တခြားခင်မင်တဲ့သူတွေကပါ သူခေါ်တာတွေ့တော့ မငုံဆိုပြီး လိုက်ခေါ်ရာကနေ ဒီနာမည်လေးတွင်သွားပါတော့တယ်။ ကျွန်မလဲ စီဘောက်မှာ သွားရေးတဲ့အခါ desertraindrops လို့ရေးရမဲ့အစား မငုံလို့ ရေးဖြစ်နေတော့ အားလုံးက အခုတော့ မငုံဖြစ်နေပါတယ်။ ဘာပြောပြော သဘောကျပါတယ်။ ဒီနာမည်လေးကို ပေးလိုက်တဲ့ မောင်ရဲရေ ကျေးဇူးတင်ပါတယ်နော့။

ကဲ.ကိုနေညိုရင့်ရေ.ကျေနပ်မယ်လို့ ထင်ပါတယ်။

13 comments:

ကိုလူထွေး said...

မငုံရှင်းလင်းခန်းကို လာရောက်မှတ်သားသွားပါတယ် ဖူးဖူးရေ...

ရေတမာ said...

မငုံ ဆိုတော့ဖူးလို့ပေါ့။ မဖူးလို့ပြန်ပြောင်းမယ်။ ;P
နာမည်ပေး ကင်ပွန်းတပ် မုန့်ကျွေးပါဗျို့။

အိုက်ခီလောက် said...

ဘာမှလည်းဆိုင်ဝူး ပြောသွားလိုက်တာ လိုတိုရှင်းကြီး
မကျေနပ်ဖူး မကျေနပ်ဖူး
နောက်တစ်ပုဒ် ပြန်ရေးပြပါ
တောင်းဆိုပါတယ်

တလနွန် said...

မဖူးဖူး ကနေ မငုံငုံ ဖြစ်သွားတာကိုးးးးးးးးးးးကန္တရမိုးစက်များ ဆိုတော့
အဓိပါယ်ရှိတယ်.. ကောင်းပါတယ်
မဖူးဖူး
မငုံငုံ
မကန္တရမိုးစက်များ..............တစ်ခါလာတစ်မျိုးခေါ်မယ်း)
ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

မငုံဆိုတဲ့ နာမည်လေးက ချစ်စရာကောင်းပါတယ်။ ဘလောဂ့်လေးရဲ့ အမည်ကလည်း အဓိပ္ပါယ်အပြည့်ပဲနော်။
ပျောရွှင်ပါစေ ဖုးငုံမိုးစက် လေးရေ....

ခင်မင်စွာဖြင့်
မကြီး

yehtutnaung said...

ဟုတ်ကဲ့ဗျ.. ကျေနပ်ပါတယ် မငုံ ခေါ် မဖူးဖူး ရေ...။ :)
ကန္တရမိုးစက်များ ဆိုတဲ့ နာမည်လေး တကယ်လှတယ်ဗျာ..။

Sein Lyan Tun said...

ဖူးဖူး ငုံငုံ ဖူးငုံကလေး
မငုံဆိုတဲ့နာမည်လေးက ထူးထူးခြားခြားလှပါတယ် (လူလိုပေါ့)
မငုံဆိုတဲ့ ဘလော့ပိုင်ရှင်လေးကလဲ စိတ်သဘောထားကောင်းပါတယ် ခင်ဖို့လဲကောင်းပါတယ် (ဘာကြောင့်များဒီပိုးကောင် အဲ မှားလို့ ဒီကိုး က ချစ်လျှက်နဲ့ မေ့ထားတာလဲမသိဘူးနော်)း)


မငုံရေ မငုံပေးခဲ့တဲ့ ကန္တာရမိုးစက်များ စာမျက်နှာလေးက မငုံဆိုတဲ့ကလောင်ရှင်နဲ့ ဘလော့မောင်နှမတွေတူတူ အမြဲတမ်းတည်တံ့ပျော်ရွှင်စွာ ရှိနေပါစေလို့

ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

mysterysnow said...

ငုံရေ
ငုံပဲငုံငုံ ဖူးပဲဖူးဖူး တူတူပဲနော်...
အီး နောက်ကျမှ လာဖတ်ရတာ စိတ်တောင်မကောင်းဘူး..
တို့လဲ နေညို့ကို အကြွေးဆပ်ရအုံးမယ်...
ကန္တာရမိုးစက်များ ဆိုတဲ့ နာမည်လေးကိုလဲ သဘောကျတယ်...

ဇော် said...

သြော်... အပျိုကြီးကတော့ အကြွေးရှင်းသွားပြန်ပြီ။
ညီတော့ ဘယ်လိုလာမယ်မသိ။ အဟက်။ ကျနော့်ကို ကျနော် ဒီနေ့ကစပြီး ညီလို့ပြောင်းသုံးရမယ်။ ကြယ်သောကြာက ကျနော့်ကို ညီလို့ နာမည်ပေးသွားလို့လေ။ အဟိ။
ဂျစ်ကိုလိုပဲ ပြန်တောင်းဆိုရမယ်။ လိုတိုရှင်းကြီး။ ပြန်ရေးပေး။ ဟွန်း။

မိုးခါး said...

မငုံပေးထားတဲ့ ကန္တာရမိုးစက်များဆိုတာလေး သဘောကျတယ် .. အေးမြမှုတွေ ပေးချင်တဲ့သဘောလို့ထင်တယ် .. ဟုတ်လားတော့သိဘူး ..း)

ခင်မင်လျှက်

မြစ်ကျိုးအင်း said...

ကန္တာရကမိုးစက်များ ကတော်တော်တန်ဘိုးရှိမှာသေချာပါတယ်.
အဲဒီလိုပဲ ဒီအိမ်လေးရဲ့နာမည်ကလည် တန်ဘိုးရှိမှာပါ..။
ဖူးဖူး..ငုံငုံ..တုန်တုန်(တုန်တုန်က အသံထွက်ကောင်းအောင်လို့ ထည့်တာ)ရေ
ကန္တာရ ထဲက မိုးစက်တွေလိုပဲ စာဖတ်သူတွေရဲ့ ရင်ထဲအေးမြအောင်
စာကောင်းလေးတွေ ရေးနိင်ပါစေဗျာ..
မွေးနေ့ဆုတောင်းလေးတွေ ဖတ်ပြီးထဲကကျွန်တော်လည်း ထစ်ခနဲရှိ ဆုတောင်း ပေးချင်နေတာပဲ..။

Black said...

ဖူးဖူး . ငုံငုံ . မငုံ
စုံနေတာပဲ
ကျနော်ဘယ်လိုခေါ်လဲ ပြောပြရမလား
သိချင်သောသူများ စာရင်းပေးကြပါကုန် . . .
:P

ဇော် said...

ရောက်စ်တယ် အဗျိုဂျီးး။ ဘာဒွေလုပ်နေဒါရဲ။ ဟွင်းဟွင်း။