တညနေ ကျွန်မနဲ့ လူမော် စကားပြောရင်း ကျွန်မတို့ DMA မောင်နှမတွေ ပုဂံကို Thesis အတွက် နဲ့အတူ မောင်နှမတွေ ဘုရားတူတူသွားဖူးကြတဲ့ Long Trip ထွက်တုန်းက ပုံလေးတွေ၊ နောက် အခြားကျောင်းမှာ စုပေါင်းလုပ်ဆောင်ပုံတွေကို ကြည့်ရင်း ရေးလက်စ အမှတ်တရနေ့ရက်များ.. DMAကို ဆက်ရေးဖို့ ကျန်နေသေးတာ သတိရလာတော့တယ်။ ပုဂံခရီးစဉ်လေးကို ပြန်အောက်မေ့လိုက်မိတဲ့အခါမှာတော့..
့Long Trip ကိုထွက်ဖို့ ဒေသရွေးတော့ မဲများတဲ့ ပုဂံက ယွန်းလုပ်ငန်းလေ့လာမယ်။ သူငယ်ချင်းတွေ တူတူဘုရားဖူးမယ်။ အပြန်မှာ မိထ္တီလာစက်မှု့စုံကို လေ့လာမယ်ပေါ့။ ငါတို့ တတွေအတွက် အမှတ်ရစရာ နေ့ရက်များမှာ ဒီခရီးစဉ်လေးက မေ့မရတဲ့ ပျော်ရွှင်စရာ ဖြစ်ခဲ့တယ်နော်။
ဇန်န၀ါရီလ.၃နေ့ခင်းပိုင်းမှာ New Motion Tour နဲ့ ထွက်ခဲ့ကြတယ်။ Tour guaid အနေနဲ့ ကိုလင်း၊ ကိုထိုက်တို့ လိုက်ပါလာကြပြီး၊ ငါတို့ကျောင်းသားအုပ်စုကို ဦးစီးတာကတော့ ဆရာမဒေါ်လှလှမွန် နဲ့ ဒေါ်ခင်ခင်စီ်။ ပြည်လမ်းအတိုင်း ခရီးစခဲ့ကြတယ်။ ကားစထွက်တာနဲ့ ကိုဝဏ္ဏနဲ့ မနီတို့စုံတွဲက စွယ်တော်လေးဆူပုံတော်နဲ့ မီးခြစ်လေးဝေတယ်။ (အဟဲ.မီးခြစ်က ဘာသဘောလဲဟင်း..အခုမှ မေးလိုက်ပါရစေဦး၊) ငါတို့တတွေ ပြည်ရောက်တော့ န၀ဒေးတံတား ဟိုဘက်က.ရွှေဘုံသာမုနိဘုရားကို ရောက်အောင်သွားဖူးကြတယ်။ လမ်းတအားကျဉ်းနေလို့ ( လမ်းပျက်နေလို့လား ..မသိဘူးနော်) လမ်းလျှောက်သွားကြတယ်လေ။ နောက် ပြည်ရွှေဆံတော်ဘုရားကို ဖူးကြတယ်။ ပြည်သူပြည်သားများဖြစ်ကြတဲ့ ကိုကောင်းမြတ်က အိမ်ကို အပြေးပြန်သွားသေးတယ်။ မချိုချိုအောင်ကလဲ မိဘလာတွေ့သေးတယ်နော်။ ဆိုးခဲ့တေခဲ့တယ်ဆိုတဲ့ ( ကိုကောင်းမြတ်ပြောတာနော်..:P) GTIကျောင်းတော်ကြိး ကို ပြခဲ့သေးတယ်။ နောက် ပြည်မြို့ကို ထွက်စမှပဲ ငါက တပတ်ကြိးကို ခြုံပြီး အိပ်ဖို့ကြိုးစားနေလို့ ကိုကောင်းမြတ်က “ ရှမ်းပြည်သူ.အအေးကြောက်လှချည်းလား.အစောကြီးရှိသေးတယ်ဆိုပြီး လာလာစနေတယ်။ အဲ.ညပိုင်းကို ချောက်၊ ရေနံချောင်း၊စတဲ့ မြို့လေးတွေကို ဖြတ်ခဲ့တော့ ကားတစီးထဲမှာ ရာသီဥတု နှစ်ပိုင်းဖြစ်နေတယ်။ နင်တို့ထိုင်တဲ့ေ၇ှ့ပိုင်းမှာ ရေခဲတောင်ကို ရောက်နေတယ်ထင်ကြသလို၊ ငါတို့နောက်ပိုင်းမှာ ထိုင်သူတွေကတော့ မီးတောင်ကို ခုထိုင်ထားသလိုပါပဲ။ နင်တို့ကေ၇ှ့ကနေ အေးလို့ ကားသမားကို အအေးလျော့ခိုင်းလိုက်၊ ငါတို့က အနောက်ကနေပြီး ပူလာပြီး အသက်ရူမ၀လာလို့ အအေးပြန်တင်ခိုင်းလိုက်နဲ့ ကားသမားလဲ စိတ်ညစ်နေမှာပဲနော်။ မနက်သုံးနာရီကျော်ကျော်မှာ ပုဂံကို ရောက်ပါပြီ။ တည်းခိုမဲ့ ကေတုမတီဒိုင်နက်စတီဟိုတယ်ကို ရောက်တော့ နှစ်ယောက်တခန်းပေးတယ်။(နှစ်ယောက်တအိမ်လို့ပြောရင်ရတယ်နော်။) အညာဒေသထွက် ထန်းလုံးတွေနဲ့သာဆောက်ထားတဲ ချစ်စရာ့ဘန်ဂလိုပုံစံလေးတွေနော်။ Guide ကြီး ကိုလင်းက morning call ကို မနက်ငါးနာရီခေါ်မယ်လို့ ပြောတော့ အော်လိုက်ကြတာ။ ရောက်တာပဲ သုံးနာရီကျော်နေတဲ့ဟာကိုနော့။ ဒါပေမဲ့ အားလုံးက ခြောက်နာရီကျော်မှာတင် ပြင်ဆင်ပြီးနေပြီ။ တက်ကြွနေကြပြီ။ မနက်စာ စားသောက်ကြတော့ နင်နဲ့ ကိုသောင်းထိုက်( PMG ) တို့ ငါ့ကို လာစကြသေးတယ်လေ။ ဘယ်သူလဲ ဒီဟိုတယ်အကြောင်းကို ရေးတာတဲ့။ အဟဲ လက်စွမ်းပြထားတာ။ မနက်စာစားပြီးတော့ ပထမဆုံးဘုရားစဖူးလိုက်တာ မနူဟာဘုရားနော်။ ဘုရင်ကြီးခမျာ သနားပါတယ်နော်။ သူစိတ်ကျဉ်းကျပ်စွာနေထိုင်ခဲ့တာကို သက်သေပြသွားတယ်။ နောက်ဦးဘငြိမ်း ယွန်းထည်လုပ်ငန်း သွားလေ့လာတယ်။ ယွန်းလုပ်ကိုင်ပုံအဆင့်ဆင့်ကို လေ့လာမေးမြန်းမှတ်သားပြီးတာနဲ့ ယွန်းပစ္စည်း တွေ ၀ယ်ကြတယ်။:) နင်ပြောသလိုပဲ စီးပွားရေးကျောင်းသားတွေ ကိုယ်ဘာသာကိုယ်လည်လှဆိုပြီး ဈေးဆစ်ကြတာ..အဟတ်.သူတို့က ဈေးတင်ပြီးသားကြီးကို ခံနေရတာမသိဘူး။ နောက် ဘုရားဖူးလိုက်၊ ဟိုတယ်လုပ်ငန်းလေ့လာလိုက်နဲ့ တနေကို ကုန်ရောနော်။
နင်သိလား.နေ့လည်ကဖူးတဲ့ ဘုရားတွေထဲမှာ မြစေတီရောက်တော့ အောင်မြေဆိုတဲ့ နေရာကွက်လေးကနေ ရှိခိုးသင့်တယ်လို့ ဘုရားမှာရှိနေတဲ့ ကလေးလေးက ပြောတာနဲ့ :) အဲဒီမြေထဲဝင်တော့ အော်ကြပါလေရော."ဘာဖြစ်လို့လဲ" မေးတော့ "အမ၀င်တာ ဘယ်ခြေနဲ့တဲ့ အမှန်က ညာဘက်ကနေလှမ်းရတာ"တဲ့.ငါလဲ ဘာဆက်လုပ်ရမလဲဆိုတာ မေးတော့ ပြန်ထွက်ပြီး ၀င်ရင်ရတယ်တဲ့။ ညနေပိုင်းမှာ ပုဂံနန်းမြင့်မျှော်စင်ကို သွားလည်ကြတယ်။
နောက်တနေ့မနက်မှာ ပုဂံရောက်ရင် ဘုရားဖူးများ ရဲ့ စွယ်တော်လေးဆူကို နေမွန်းမတည့်ခင်ဖူးတာကို သွားဖို့ စောစောစီးစီးပဲ တန့်ကြည်တောင်ကို အရင်သွားဖို့ လှေဆိပ်ဆင်းကြတယ်နော်။ :( အေးချက်ကတော့ ပြောမနေနဲ့။ အဲဒီမှာ ငါနဲ့ပုဂံစတွေ့တာပဲ။ ရှမ်းပြည်သူ..ပုဂံအေးတာလောက် စာမဖွဲ့ဘူးဆိုပြီး အနွေးထည်ယူမလာတာပေါ့။ စက်လှေပေါ်မှာ တုန်နေလို့ သူငယ်ချင်းဖက်ထားပေးရတယ်။ ဒါတောင်အချမ်းမပြေဘူး။ တန့်ကြည်တောင်ပေါ်မှာ ဆွမ်းရေချမ်းကပ်တော့ ကိုယ့်နေ့နံဒေါင့်မှာပဲ လုပ်မယ်ဆိုပြီး.စနေဒေါင့်ကို လိုက်ရှာတာ:) နီးရက်နဲ့ဝေးဆိုသလိုပဲ တပတ်ကြီးထပ်ပတ်ပြီးမှ အစနေရာကို ပြန်ရောက်လာမှ သေချာကြည့်မိတယ်။ ကိုယ်စထွက်တဲ့နေရာက စနေဒေါင့်ဖြစ်နေတယ်။ ငါးပါးသီလအသေအချာခံ ဆွမ်းရေချမ်းကပ် တစ်ဆုတည်းတောင်းခဲ့တယ်။ နောက်လောကနန္ဒာဘုရားကို ဆက်ဖို့ ထွက်လာတော့ မြူတွေဆိုင်းနေတာ ဘာမှမမြင်ရလို့ ရေလယ်မှာ စက်လှေရပ်နားခဲ့ရတယ်။ ဘာဆိုဘာမှမမြင်ရဘူးနော်။ မြူတွေရယ်ဆိုင်းနေလိုက်တာ။ ဒါကြောင့် နောက်ကျမှ လောကနန္ဒာကို ရောက်တော့ နေမွန်းမတည့်ခင်ပြီးအောင် ကသုတ်ကရက်တွေ ဖြစ်ကုန်ရော။ နောက် တုရင်းတောင်ကို ဆက်ကြတယ်။ အဲဒီမှာ စတွေ့တာက ကိုထိုက်ဆိုတဲ့ tour guide ။ မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေ၀င်ပြေးလှည့် ဆိုပြီး တန့်သွားတယ်( မေ့သွားတာ မေ့သွားတာ) မျက်နှာကြီးနီရဲပြီး ဘာဆက်ဆိုရမယ်မသိဖြစ်နေတုန်း ကဗျာလေးကို DMA ကျောင်းသားများကပဲ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊နန္ဒာပေလော၊ တူစွဟုတ္တာ လို့ ဆက်ဆိုပေးရပါတယ်။ ဒါလေးက အမှတ်တရတခုလေးပဲနော်။ မပြီးသေးဘူး။ ကိုထိုက်တို့ ဆက်လက် ပညာစွမ်းပြချက်က ဆက်ဖတ်နော်။ ရွှေစည်းခုံကို စွယ်တော်လေးဆူမှာ နောက်ဆုံးတဆူအနေနဲ့ အရောက်သွားတော့ ကိုထိုက်ပြောလိုက်တာ တော်တော်လေးကို ရှင်းလင်းသွားပါတယ်။ အခုသွားနေတဲ့ ရွှေစည်းခုံဘုရားဟာ ဘုရားကြီးဖြစ်ပါတယ်တဲ့။ ထပ်မေးစရာတောင်မလိုတော့ပါဘူး။ ရွှေစည်းခုံဘုရားရောက်တော့ အေးအေးဆေးဆေးမို့ အားလုံးက ဆွမ်းရေချမ်းကပ်ပြီးတာနဲ့ လှည့်လည်နေလိုက်တာ ကားပေါ်လဲတက်လာကြရော တော်တော်များများ မျက်နှာမှာ သနပ်ခါးတွေနဲ့ပါတကား…( စောင်းတန်းက သနပ်ခါးတွေကို အသုံးချလာကြတာလေ)
နောက် ငှက်ပစ်တောင်ကို သွားကြတယ်။ အာနန္ဒာ၊ ဗူးဘုရားစတဲ့ ပုဂံဘုရားတော်တော်များများ ဖူးရတယ်။ မနက်နဲ့ ညစာကို နန္ဒစားသောက်ဆိုင်မှာ အညာပုဂံရဲ့အငွေ့အသက်နဲ့ တည်ခင်းပေးတာ သိပ်ကောင်းတာပဲ။ ရုပ်သေးပွဲလေးကို တော်တော်သဘောကျတယ်။
ပုဂံမှာ သုံးရက်သုံးည နေဖြစ်ကြတယ်။ ပုဂံရဲ့နောက်ဆုံးညလေးမှာ ဟိုတယ်မှာ ပြုလုပ်တဲ့ ညစာစားပွဲလေးက (ရေးမယ်နော်။။စိတ်မဆိုးကြေး..) ပျော်စရာလဲမကောင်းဘူး။ ဘယ်လိုကြီး ပြီးသွားမှန်း မသိလိုက်ဘူး။ အမှန်က မောင်နှမတွေ စုစုစည်းစည်းပျော်ရမဲ့ညလေးနော်။

ဆက်ရေးပါဦးမည်။။။။

10 comments:

အိုက်ခီလောက် said...

အဟိ ထိပ်ဆုံးမန့် သွားတယ်
နင့်အိမ် ဘာဖြစ်နေတာလည်းမနေ့ ကတည်းကဝင်လို့ မရဘူး အဟိ
ဖတ်ပြီးမှပြန်မန့် မယ် ဒါပဲ

ကိုလူထွေး said...

မနက်ဖြန်မှ အသေအချာလာဖတ်ပြီး မန့် တော့မယ်... အခုတွေ့  ရသလောက်တော့ စာကြောင်းတွေကို အပိုဒ်ခွဲပေးရင် ပိုဖတ်လို့ ကောင်းမယ် ထင်တယ်...

html ထဲမှာ ကိုယ့်စာပိုဒ်ရဲ့ ထိပ်ဆုံးမှာ cosor ထားပြီး enter ခေါက်ချလို့ ရတယ်... ဒါဆို အပိုဒ်ခွဲသွားရော..

ကျွန်တော်လဲ အရင်ကမသိလို့  စာပိုဒ်တွေပူးပူးသွားတာ ဖြစ်ဖူးတယ်..

အိုက်ခီလောက် said...

အဟတ်ပြီးသွားပြီ ကောင်းတယ် အမရေ အမှတ်ရစရာလေးတွေ
ဟုတ်တယ် ကိုလူထွေးပြောသလို အပိုဒ့်လေးခွဲရေး
ဖတ်ရတာ ကောင်းတယ်
ဒါပဲ နင့်မောင်

Sein Lyan Tun said...

ကျနော်ပုဂံအခုအသက်အရွယ်ထိမရောက်ဖူးသေးဘူး
အရမ်းသွားချင်တာပဲ
ကျနော်တို့ညီအကိုမောင်နှမတွေဆုံရင်သွားကြမယ်နော့်
ကျနော်ပါရင်ပျော်စေရမယ်
ခင်မင်စွာဖြင့်
ဖိုးစိန်

kiki said...

မီးခြစ်လေးပေးတာ ဘာသဘောလဲမသိရင်ပြောပြမယ်.သေချာမှတ်ထား။ မီးမီးကို ခြစ်အောင်လေ ။။ မီးတောင် ကြီး ဖင်ခုထိုင်ရတာ ဘယ်လိုနေလဲဟင်..

တလနွန် said...

အပျော်များတဲ့ ပုဂံကို မရောက်ဖူးသေးတော့ မငုံပြောသမျှ နားထောင်သွားပါတရ်။။။။သွားအုံးမယ်(စိတ်ထဲက ကြုံးဝါးသံ)
တစ်နေ့ နေ့ ပေါ့(ဘယ်သော အခါလည်းမသိ)
မငုံ ပျော်ခဲ့တာဆိုတော့ ကျွန်တော်တို့ လည်း ဖတ်ရင်း ပျော်လာပါတရ်။

ခင်မင်ခြင်းနှင့်
တလနွန်

ဇော် said...

မငုံ
ပုဂံကိုလဲ လွမ်းတယ်။ အိမ်ကိုလဲ လွမ်းတယ်။ မြန်မာပြည်ကိုလဲ လွမ်းတယ်။ ဂျစ်ကို ကိုလဲ လွမ်းတယ်။ မငုံကိုလဲ လွမ်းတယ်။ အားလုံးကို လွမ်းတယ်။ အီးး။

mysterysnow said...

ပုဂံကိုလွမ်းလာပြီနော်။ မငုံက ရောဂါကို လာဆွတယ်...

Anonymous said...

အဲဒီတစ်ခေါက်တုန်းတော့မပျော်ခဲ့ဘူးဟုတ်လား
ဒီတစ်ခေါက်တော့ပျော်စေရမယ်
(၂၀၁၀)ဇန်နဝါရီမှာပြန်ဆုံကြမယ်
ကိုဖိုးစိန်ကို(announcer)လုပ်ခိုင်းမယ်
သုနြေ္ဒကသီချင်းဆိုမယ်
ဒီတစ်ခါပျော်စေရမယ်
အစီအစဉ်ကိုအကောင်းဆုံးဖြစ်အောင်တော့စီစဉ်ပေးပါ
တွေ့ကြမယ်လေနော့်

သုနြေ္ဒ

ကိုလူထွေး said...

နောက်တစ်ခေါက် အရောက်လာခဲ့ပါရဲ့ဗျာ..
ပုဂံတော့တစ်ခေါက်လောက်ရောက်ဖူးချင်တယ်
နောက်ဆုံးညဆိုတော့ အားလုံးက ပြန်ရတော့မယ်ဆိုပြီး အီလယ်လယ်ကြီး ဖြစ်နေတာနေမှာပေါ့...
ပုဂံက ဓာတ်ပုံတွေလဲ တင်ဦးလေ..