ဗညားရှိန်က တဂ်ထားတယ်နော်လို့ လာအော်တော့ အပြေးအလွှားသွားကြည့်မိပါတယ်။ :( ခေါင်းစဉ်မြင်တော့ လုပ်ချလိုက်ပြန်ပြီ။ အပျိုကြီးလုပ်ပါမယ်ဆိုနေမှ ရည်စားရှိသလားလာမေးနေသလို ဖြစ်နေပြီနော်။။အစက ရေးစရာမရှိဘူးလို့ ပြောပေမဲ့ ရဘူးတဲ့။ အဲ..မကြိးရောင်ပြန်လဲရေးတာတွေ့ရော မကြီးရဲ့မောင်နဲ့ ရန်ပွဲမဖြစ်တာလေးကို အားကျပြီး ရေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ ဒီနေ့လဲ အိမ်တကာလည်တိုင်း တွေ့တာ ဒီခေါင်းစဉ်ပဲတွေ့နေရတယ်။ ကဲ..ကျွန်မလဲ မရှိတာလေး ထုတ်ကြွားရတာပေါ့။

ဘယ်လိုပြောရမလဲနော်။ ကျွန်မတို့က မောင်နှမတွေ တအားများတာ။ အမျိုးများတယ်ပေါ့။ တစိမ်းမလိုပဲ ဒိအုပ်စုနဲ့တင် ဆူညံနေတာ။ ဘယ်သွားသွား.တအုပ်တမကြီးသွားကြတာလေ။ ဘယ်ကောင်လေးက မှ လာမစရဲပါဘူး။ လူအုပ်ကြည့်ပြီး ရှိန်တာပေါ့။ မူလတန်းကနေအထက်တန်းအထိ ငါစာတော်တယ်ဆိုတဲ့ မာနနဲ့ တလောကလုံးကို တင်ကျွေးထားသလို မျက်နှာထားဆိုးဆိုးနဲ့ဆိုတော့ ဘယ်သူ့မှလဲ မကြိုက်ကြပါဘူး။ ပါဝါမျက်မှန်နဲ့ မျက်နှာစူပုတ်ပုတ်နဲ့ တွေးတာကြည့်တော့ တော်တော်လှနေမှာ။ :))

အင်းးး တောင်ငူမှာ GTI တက်တုန်းမှာပေါ့။ မွေးစားမိဘတွေက တောင်ငူမှာ တာဝန်ကျချိန်ဆိုတော့ ကိုယ်လဲ အဲဒီမှာ ကျောင်းတက်ဖြစ်သွားတယ်ပေါ့။ ပထမနှစ်၊ဒုတိယနှစ် ဘာမှမရှိခဲ့ပါဘူး။ ကျောင်းမှာ နာမည်ကြီး။ EP က Roll No.1 လို့မေးလိုက်။ မသိတဲ့သူမရှိ( ကြွားတာပေါ့)။ ဘာလို့လဲ သိလား။။သူငယ်ချင်းတွေနဲ့ ဗရုတ်သုတ်ခကျလွန်းလို့။

အဟမ်..သူနဲ့စတွေ့တာ တတိယနှစ်(GTI နောက်ဆုံးနှစ်)မှာပေါ့။ သင်တန်းဆင်းခါစ ကောင်လေးတယောက်ပေါ့။ ယောကျာ်းလေးဖြစ်ရက်နဲ့ အတော်ချောတဲ့ လူတယောက်ပဲ။ အသားဖြူဖြူ၊ မျက်ခုံးထူထူနဲ့ အရပ်က ငါးပေခုနှစ် အမြဲပြုံးနေတတ်ပြီး ရယ်လိုက်ရင် ပါးချိုင့်ယဲယဲလေးနဲ့ဆိုတော့ လူချောပေါ့။ ကျွန်မထက်.၁နှစ်ကျော်ကျော်ကြီးပါတယ်။ မိသားစုချင်း တော်တော်လေးရင်းနှီးတယ်ပေါ့။ တောင်ငူမှာ လေယာဉ်မောင်းသင်တန်း လာတက်ရင်း မိသားစုရင်းနှီးတော့ အိမ်ကပဲ လိုအပ်တာတွေ အားလုံးလုပ်ပေးတာပေါ့။ တနင်္ဂနွေဆို သူကအိမ်လာတယ်။ စနေဆို ကျွန်မက ဟင်းကြော်၊အသီးအနှံတခုခု သွားပို့တဲ့ တာဝန်ယူထားရတယ်။

အဟဲ. သူကတော့ ညီမလေးပေါ့။ ကျွန်မကတော့ အကိုပေါ့။ နောက်တော့ ကျွန်မရဲ့ မခင်သေးရင်တာ လူက ခပ်တည်တည်နဲို့ရင်းနှီးလာရင် ဆိုးတတ်နွဲ့တတ်တဲ့ အကျင့်အတိုင်း ဆိုးလို့ကောင်းတဲ့ အကိုတယောက်ရလာတာပေါ့။ အဲဒီမှာ သူ့ကို အကိုလို့ ခေါ်နေရင်းကနေ မြန်လာတော့ ကိုး ဖြစ်မှန်းမသိဖြစ်သွားတော့တာပါပဲ။

ဒါပေမဲ့ ကြာလာတော့လဲ သူက စနေဆိုရင် မျှော်နေတတ်သလို( နောက်ပိုင်း ကိုးပြောပြလို့ သိရတာပါ) ၊ ကျွန်မကလဲ တနင်္ဂနွေဆို ကိုးလာမဲ့လမ်းကို ငေးနေတတ်လာတယ်။ တခါတလေ. သူငယ်ချင်းတွေနဲ့ စာစုလုပ်ဖို့ သူတို့အဆောင်ကို လိုက်သွားရင်ပဲ ဖြစ်ဖြစ်၊ မိုးမိုး လမ်းကြုံတာနဲ့ ပစ္စည်း ၀င်ပို့လိုက်လို့ စနေတရက်မတွေ့တာနဲ့ တနင်္ဂနွေမှာ ကျွန်မကို ဘယ်သွားနေတာလဲ။ ဘာလို့မလာတာလဲ။ မျှော်နေတယ်ဆိုတာ မသိဘူးလားနဲ့ ပြောတော့တာပါပဲ။ အဲဒီလို ပြောတာကြားရပြန်တော့လဲ စိတ်မကောင်းဖြစ်ရတယ်။ စနေနေ့တိုင်း သွားဖြစ်ဖို့ ကြိုးစားရတာပေါ့။ စာစုလုပ်တာရှိနေရင်တောင် အချိန်မှီ အိမ်ပြန်ပြီး သွားပေးတယ်။ ပုံမှန်.ညနေလေးနာရီဆို သွားနေကျလေ။

နောက်တော့ တခါတလေ တနင်္ဂနွေနေ့တွေမှာ တောင်ငူ ရွှေဆံတော်ဘုရား သွားဖြစ်တယ်ပေါ့။ နှစ်ယောက်ထဲတော့ ဟုတ်ဘူးရယ်နော်။ အိမ်ပြန်ချိန်များဆိုရင်လဲ တခါတရံ စိတ်ကောက်ပြီး ထွက်မတွေ့ရင်၊ အခန်းထဲမှာပဲ စာကျက်နေရင် အဆောင်ဝင်ရမဲ့ အချိန်နီးနေတာတောင် ကျွန်မမျက်နှာ မမြင်ရမချင်း မပြန်ဘူး။ နောက်တော့ အဆောင်ပြန်ချိန် နောက်ကျလို့ အဆူခံထိမှာစိုးတာနဲ့ မျက်နှာစူပုတ်ပုတ်နဲ့ ထမင်းစားခန်းမှာ ရေပဲထွက်သောက်သလိုလို၊ ဧည့်ခန်းမှာ စာအုပ်ပဲ ကျန်ခဲ့သလိုလိုနဲ့ မျက်နှာထွက်ပြရတာပေါ့။ ကိုးကလဲ အဲဒီခါကျမှ ကျွန်မခေါင်းကို ပုတ်ပြီး ဒေါ်စိတ်ကောက်လို့ ပြောပြီးပြန်တာ။

ကျွန်မကျောင်းပြီးလို့ တဘက်ကနေ တောင်ကြီးတက္ကသိုလ်မှာ အဝေးသင်စာမေးပွဲ ဖြေစရာနဲ့ကြူံလာတာမို့ ရှမ်းပြည်ပြန်တော့ စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တယ်။ သိပ်မကြာပါဘူး။ ကျွန်မနဲ့ တလပဲကွာတယ်။ သူလဲမိတ္တီလာကို သင်တန်းဆင်းပွဲမတိုင်ခင် သွားရတာပါပဲ။ နောက် ဖုန်းနဲ့အဆက်အသွယ် မပျက်ခဲ့ကြဘူး။ မိသားစုချင်းခင်မင်ပြီးသားဆိုတော့ တယောက်သတင်းကိုလဲ တယောက် မပြတ်ကြားနေရတာပဲလေ။ ကျွန်မ ရန်ကုန်ရောက်တော့ ခဏပဲတွေ့လိုက်ရတယ်။ ရေစက်မပါတာထင်တယ်။ တယောက်ဒီရောက်ရင် တယောက်က တခြားတနေရာေ၇ာက်သွားတယ်။

ကျွန်မရဲ့ပိုက်ဆံအိတ်လေးထဲကို သူ့ပတ်စပို့ဆိုဒ် ဓာတ်ပုံလေးထဲ့ပေးခဲ့တာ နောက်ဆုံးပဲ။ အဲဒီဓာတ်ပုံလေးကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ စိတ်ဆိုးပြီး ကက်ကြေးနဲ့ ညှပ်လိုက်တာ။ ဒါပေမဲ့ တခြားပုံကိုတော့ ညီမလေး သိမ်းထားပေးလို့ အခုထိရှိနေပါသေးတယ်။ သိပ်မကြာသေးခင်က ညီမလေးကတောင် ထဲ့လာပေးရမလားလို့ စနေသေးတယ်။

ကိုးနဲ့ကျွန်မ စသိတော့ ကျွန်မတို့အသက်.ဆယ့်ကိုးနဲ့ နှစ်ဆယ်ပါ။ အခုဆို.ဆယ်စုနှစ်တခုရှိခဲ့ပြီပေါ့။ ဒါပေမဲ့ ကိုးကလဲ ကျွန်မကို ချစ်တယ်လို့ မပြောခဲ့သလို ကျွန်မကလဲ အချစ်ဆိုတာ မသိခဲ့ပါဘူး။ ခိုင်မြဲတဲ့ သံဃောဇဉ်တခုပဲ ရှိခဲ့တယ်လို့ အခုချိန်မှာ ကျွန်မတွေးမိသွားတယ်။ ထူးဆန်းတာ တခုလေးတော့ ပြောပြမယ်နော်။ ခုချိန်ထိ နှစ်ယောက်လုံး လက်မထပ်သေး၊ ချစ်သူမထားသေးတာပါပဲ။ :))


ဒါပါပဲ။ကျွန်မဇာတ်လမ်းက ဘာမှမရှိဘူး။ ထားခဲ့ဖူးတဲ့ ရည်းစားတော့ ဟုတ်ဘူးနော်။ ဆုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တခုပဲ။ ဗညား.ကျေနပ်မယ်ထင်ပါတယ်နော်။ ဆက်ရေးဖို့ မရှိတော့ပါကြောင်း။ အခုမှ ဗညား အစပြန်ဖော်လို့ ကိုးကို တအား သတိရသွားတယ်။ :)

ကဲ.တော်ပြီ..ကိုးပြီးတော့ တဆယ်၊ ဆယ့်တစ်တွေ မရှိပါကြောင်းလို့ပဲ နိဂုံးချုပ်တယ်။

22 comments:

Sein Lyan Tun said...

နံပတ် ၁

Sein Lyan Tun said...

အမယ်လေး အပျိုကြီးရဲ့ သူသဘောကျတဲ့ သူကတော့ မွှန်းထားလိုက်တာများ
“ယောကျာ်းလေးဖြစ်ရက်နဲ့ အတော်ချောတဲ့ လူတယောက်ပဲ။ အသားဖြူဖြူ၊ မျက်ခုံးထူထူနဲ့ အရပ်က ငါးပေခုနှစ် အမြဲပြုံးနေတတ်ပြီး ရယ်လိုက်ရင် ပါးချိုင့်ယဲယဲလေးနဲ့ဆိုတော့”တဲ့
မကြိုက်ရင်များ မျက်လုံးနေကျောက်ခဲ သွားကကျဲကျဲ နှားခေါင်းပွပြဲ အသားကမဲမဲလို့များ တင်စားမလားပဲ
အခု သူချစ်တဲ့သူကြတော့ တင်စားလိုက်ပါဘိ အပျိုကြီးငုံငုံ
ခေါ်တော့ဘာတဲ့ “ကိုး” တော်သေးတာပေါ့အေ “ကိုး”မို့ လို့ပေါ့ ဘူကြီးပွတ်တာကြနေတာပဲ အဟီးးးး
ခေါင်းအပုတ် ခံချင်သလား လာခဲ့ ခေါင်းအုံးနဲ့ နာနာပုတ်ပေးမယ်

အပျိုကြီးက စောင့်နေတုန်းပဲ ဟုတ်လား အော် သနားပါတယ်
ကိုးရယ် အပျိုကြီးစောင့်နေတာ သိရောသိရဲ့ လားမသိဘူး
ပြီးတော့ အပျိုကြီးက အပိုင်တွက်ထားတယ် ဘာတဲ့
နှစ်ယောက်လုံးက ချစ်သူမရှိ လက်မထပ်သေးဘူးတဲ့
စိတ်ပူပါနဲ့ကွယ် ကြောင်တွေအများကြီး အပျိုကြီးအတွက် မွေးထားပေးပါတယ်
နာမည်ကို သုညကနေစပြီး ကိုးမတိုင်ခင်ထိပေးမယ်လေ နော်
အဟီးးး
စတာပါ မငုံရာ
မငုံ သဘောကျ မနောကျတဲ့သူနဲ့တွေ့ပြီး
မငုံကို တစ်သက်လုံးကြင်ကြင်နာနာ ယုယစွာ လုပ်ကျွေးစောင့်ရှောက်နိုင်မယ့် ယောကျာ်းကောင်းနဲ့တွေ့ပါစေလို့
ဆုတောင်းပေးပါတယ် အချစ်မှာလဲကံကောင်းပါစေဗျာ
ကျနော်မောင်ရှစ်
အဲမှားလို့ 
ကျနော်မောင်ဖိုးစိန်
ဆုမွန်ကောင်းတောင်းပေးပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ခီခန့် said...

ဟဟ... မယို... ခီခန့်လေးလဲလာမန့်တယ်နော်...
နံပါတ်မှာ တူး.. အဟီး.. ကိုဖိုးစိန်ပေါ့ ထမင်းကျိုင့်နဲ့လာစောင့်နေတာ..
သူ့ကိုအကျောပေးလိုက်တယ်.. သနားလို့.. အဟီး..
(သူသိရင်တော့ ကျောကော့နေအောင် လာရိုက်မယ်ထင်တယ်.. ရိုက်ပြီးရင်တော့ ထုံးစံတိုင်း တ၀ိုင်းပေါ့ ကျတော့်ကိုတိုက်ရမယ်..)
အနော် မောင်ခုနှစ်.. အဲအဲ.. မောင်ခီခန့်.. ကတော့်...
အင်းယေ... မယိုကယဲ.. ဘာရို့မပြောကြတာလဲဟင်...
ကိုး ကလဲ ယောက်ကျားမဟုတ်တာကျနေတာပဲ...
မယိုကလဲ အပိုင်ကိုတွက်ထားတာ အဟဟ...
ဘာတဲ့ နှစ်ယောက်လုံး ချစ်သူမရှိတဲ့ အဟီး.. လက်မထပ်သေးဖူးတဲ့.. အဟီး..
ယုံပါဖူး.. ဘာဒဲ့.. နောက်တခုက ဘာကိုစိတ်ဆိုးပြီး ပုံကို ကတ်ကြေးနဲ့ဖြတ်ပြစ်ရတာတုန်းးး.. ဒါက တော့ မယိုနော်... အဟဟ..
သိပြီသိပြီ.. ပုံကိုကတ်ကြေးနဲ့ဖြတ်ပြစ်လိုက်ပြီ နောက်တပုံပို့လာ ဆိုပြီးထပ်တောင်းမလို့ မဟတ်ရား... အဟဟ.... မယိုတို့များ ပိုင်ချက်.. ဒါလားအပျိုကြီးလုပ်မယ် ဆိုတဲ့ရည်ရွယ်ချက်.. ဟွန့်.. မယုံပေါင်.. ဟွန့်..။

ခင်တဲ့မောင်လေး ခီခန့်.။

myittaryoungpyan said...

လာပြီဝေး နံပါတ်မှာ သုံး ... မငုံဆီမှာနံပါတ်ကိုး လာမန့်တဲ့ ကောင်တော့ သေပဟ... မျှော်လင့်ချက်လည်း သိပ်မထားနဲ့နော် သူတို့တွေက ယုံရတာ ဟုတ်ဘူး။ မကြီးတော့ ဘယ်သူမှ ယုံတော့ဘူး။ ဟီးဟီး
အဲ .. ပုံကို ဘာလို့ညှ့်ပစ်လိုက်တာလဲ။ နှမြောစရာ နော်...
စတာပါ ငုံလေးရယ် .. ဖိုးစိန်ပြောသလိုပဲ ချစ်တဲ့၊ ကြင်နာတဲ့ သူနဲ့ အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ပါစေနော်။

ခင်မင်လျှက်
မကြီး

အိုက်ခီလောက် said...

အင်း ငါ့အမတော့ ခုထိဘယ်သူ့ မှမရှိသေးဘူးကိုး
မပူပါနဲ့ ဟယ် နင့်အမွေတွေ ငါ့ပဲလက်ခံမယ်လေ
ယူပါနဲ့ ယောက်ကျားတွေ အပူကိုဝေမျှယူသလိုပဲဟ သိလား
ငါ့တော့မိန်းမတစ်ယောက်တော့ယူဖြစ်အောင်ကိုယူရမယ် အဟတ်
ဆေးပေးမီးယူ သဘောပါ နင့်တော့မယူနဲ့ တော့သိလား

မိုးခါး said...

ကြည်နုးစရာလေးနော် .. ဖွင့်မပြောကြတာ အားကိုမရဘူး .. ဟီး
အချိန်တွေနှမြောစရာ .. ၁၀ စုနှစ် ၁ခုတောင်ရှိနေပြီလား ..
အမြန်ဆုံးပြန်ဆုံတွေ့ပြီး ရင်ဖွင့်နိုင်ကြပါစေ ..း)

ကောင်းကင်ရဲ့ သမီးပျို said...

မငုံညာပြန်ပြီ ဟိုနေ့က ဂျီတော့ မှာပြောတော့သက်တော်စောင့်ရှိတယ်ဆို ခုတော့ တမျိုးပါလား ဖရုံဖူး ဖရုံဖူး အမှန်အတိုင်းဝန်ခံပါ မဟုတ်ရင်အိမ်တွေမှာလိုက်အော်မယ်နော် တိရား

mysterysnow said...

ငုံရေ
သိပ်တော့ယုံဘူးနော်။။။။
အချင်းချင်းဆိုတော့လဲ နည်းနည်းတော့ ယုံမယ်နော်...
နောက်မှတွေ့ရင်တော့ ဖွမှာပဲ...

Anonymous said...

မငုံ လူချိုထားတာလား နည်းနည်းလျှော့နေသလိုပဲ တစ်ယောက်လောက် .....
သိနေတယ်နော် မမကြီး သမီးဗျိုပြောသလို ဖရုံဘူး ဖရုံဘူး

မိုးစက်အိမ် said...

အငုံရေ ကိုး ကိုအားမရလို. ကျွန်တော်သွားပြောလိုက်
မယ်ဗျာ..အဟက် ဘာဘဲဖြစ်ဖြစ် ကိုး နဲ.ဆို အမ တို.
အဆင်ပြေမယ်ထင်ပါတယ်...အဲဒီတော. ရေစက်ဆုံလို.
အပျိုကြီး လုပ်မဲ. ဘ၀ ကနေ ကျော်လွန်ပါစေ အမရေ...
ခင်မင်လျက်...

yehtutnaung said...

ဇာတ်လမ်းလေးက ဂလိုကိုး။ ကောင်းပါတယ်ဗျာ။ မငုံ နဲ့  ကိုး တို့ ဆုံဆည်းနိုင်ပါစေလို့  ပြောချင်ပါတယ်ဗျာ။ ဒါပေမယ့် အချိန် သိပ်ဆွဲမနေနဲ့ .. လုပ်စရာရှိတာ လုပ်လိုက်ပါ။ :)

Black said...

ယုံလား ယုံကြလား
မဖူး မငုံကို ယုံရင် စုံလုံးကန်းသွားမယ်နော်
ဒါပေမဲ့ ဘာမှ စိတ်ဓါတ်မကျပါနဲ့ အစ်မကြီး
အဖော်ရှိပါသေးတယ်
ဟီး ကိုယ့်ကိုကိုယ်ကြော်ငြာတာတော့မဟုတ်ပါဘူးနော် . .
အမှန်တရားပြောတာပါ . .. :D

ကောင်းကင်ပြာ said...

ငုံလေး အကြောင်း မမလဲ သိသွားပီ၊ အပျိုကြီးတော့ လုပ်နဲ့နော်

ကိုရဲ said...

မငုံ ငါကတော့ 14 ဟ ။ ကိုးလည်းဟုတ်ဘူး တစ်လည်းမဟုတ်ဘူး ။ ခုကောမန့်အစဉ်လိုက်ကိုပြောတာနော် ။ ဟိဟိ ။ ကိုဘလက်ရေ ။ မောင်နှမချင်းဖွတရ်လား ။ ဒါဆိုရင်တော့ ယုံဘူးဗျာ ။ အတည်ကိုမယုံတာ ။ ဟိဟ ။ တစ်ကယ်ကိုမယုံတာ ။ အင်း ကိုဖိုးစိန်ကတော့ ရှစ်တဲ့ အတိတ်စိမ်းတွေပေးနေပြီ ။ :D

(ကိုရဲ)

မြစ်ကျိုးအင်း said...

မဆွတ်ခင်က ညွှတ်ချင်တာလား မညွှတ်ခင်က ဆွတ်ချင်တာလား
ဒီပန်းနဲ့ ဒီလမ်း....လိုက်ဖက်မှာပါ...။
ယောကျာင်္းလေးဆိုတော့လည်း စရမှာ အားနာနေတယ်နဲ့တူပါရဲ့
ခေတ်ကမြန်တယ် အမရဲ့ တော်ကြာ တသက်လုံးနာကျင်နေရမယ်..။
အချိန်တွေလည်းနှမျောစရာ....ကျွန်တော့်ကို ကိုကိုးရဲ့ လိပ်စာပေးဗျာ
ကြားကနေ မြားတစင်းလောက်ပစ်ပေးချင်လို့..
...ခင်မင်သောအားဖြင့်....

ကြယ်ပြာ said...

အလဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်ပေါ့လေ ... တောင်ငူမှာ ကြယ်ပြာလဲ နေဖူးတယ် ... မငုံက ဘယ်နှစ်ခုနှစ်မှာနေတာလဲ ... ကြယ်ပြာက ၂၀၀၅ - ၂၀၀၆ တုန်းက နေတာ ...

ဇော် said...

အလဲ့.. အပျိုကြီး.. တယ်ဟုတ်ပါလား...။ အဟိ။ အားကျတယ်ဗျာ။ ညကိုသာ လာပြီးတော့ ဒီလိုခေါင်းစဉ်မျိုး လာတက်ဂ်ရင် ရေးစရာမရှိဘူးရယ်။ ဘာလို့လဲဆိုတော့ စချစ်ပါပြီဆိုထဲက ခုလူကြီးက အနားက ခွာမရတော့တာရယ်။ ကုတ်နဲ့ကော်ထုတ်တောင် ကွာမယ့်ပုံပေါ်ဝူး။ အဟိ။

ကိုလူထွေး said...

ဟောဗျာ..
ဇာတ်လမ်းက ဇာတ်လည်း မပေါင်းသေးဘူး
ပထမဆုံးတစ်ယောက်က ကိုး ဖြစ်သွားလို့ နဲ့ တူတယ်...

မြန်မြန်ဇာတ်ပေါင်းကြတော့လေ...
မိန်းကလေးကပဲ စရ..စရ.. စလိုက်တော့...
ဒီအရွယ်တောင်ရောက်မှတော့...

ညီမလေးကို ပြောလိုက် ဓာတ်ပုံတင်မဟုတ်ဘူး...
တခါထဲ လူပါ ပါအောင်ခေါ်ခဲ့ပါတော့လို့ ...
ဘယ့်နှယ်ဗျာ... တန်းလန်းကြီး

အဆိပ်ခွက် said...

မိုက်တယ်မိုက်တယ်... ဘာလိုဓာတ်ပုံကို ကတ်ကြိးနဲ့ညှတ်လိုက်တာလဲ...ဓါးနဲ့ခုတ်ရတယ်အဲလေဟီး...စတာနော်..

ခင်မင်လျှက်
အဆိပ်ခွက်

Unknown said...

စာရေးသားပုံကို ကြိုက်သဗျာ...

Anonymous said...

ကြောက်စရာကြီး ခေါင်းစဉ်က တော်တော်မြွှေဖမ်းကြတဲ့သူတွေ :P

နွေးနွေးသဲမွန် said...

:-) မမ သေချာဖတ်သွားပါတယ်... ညလေးလဲ ဆယ့်လေးကိုလွမ်းးရင်းး.. :-P