သြော်..ကိုနေညိုရင့် တဂ်လဲတဂ်တတ်ပါပေတယ်။ နောင်လာမဲ့ အနှစ်နှစ်ဆယ်မှာ ဘာဖြစ်မလဲတဲ့။ မနက်ဖြန် သန်ဘက်ခါသေမလား ရှင်မလားမသိ။ အခုတောင် နေမကောင်းတဲ့ကြားက ပိုစ်အသစ်လေးကိုတော့ တင်မယ်ဆိုပြီး ရေးနေရတာ။ :( ပိုစ့်မတင်တာကြာလို့ ရေတမာကလဲ တခုခုလွဲနေပြီလို့ လာလာအော်နေပြီ။ မကြီးကီကလဲ တဂ်လိုက်ရမလားလို့ ခြိမ်းခြောက်နေတယ်။ တောင်ပေါ်သားကိုလဲ အကြွေးကကျန်၊ အခုကိုနေညိုကြီးကလဲ တဂ်လိုက်တာ. နောင်အနှစ်နှစ်ဆယ်ကိစ္စ။ တောင်ပေါ်အကြွေးကို ကိုသုနြေ္ဒအကြွေးနဲ့ ပေါင်းဆပ်မယ်နော်။ အခုတော့ မမြင်ရသေးတဲ့ အနှစ်နှစ်ဆယ်ကိစ္စရှင်းလိုက်ဦးမယ်။

၂၀၂၉ခုနှစ်မှာပေါ့..ကျွန်မတည်ထောင်ထားတဲ့ နေ့ကလေးထိန်းကျောင်းမှာ ကလေးလေးတွေကို ဗုဒ္ဓဘာသာနဲ့ ပက်သက်တာကို သင်ပေးရင်း လိမ္မာယဉ်ကျေးလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့အပြည့်ရှိတဲ့ သူတွေဖြစ်အောင် သင်ပေးမယ်လေ။ ဘာသာတရားဆိုတာ အခြေခံပဲလေ။ လူတယောက်မှာ စိတ်ကောင်းထားဖို့က အဓိကအကျဆုံးပဲ။ ဒါက ကျွန်မယုံကြည်ချက်လေ။ ကလေးတွေဆိုတာ အနာဂတ်ရဲ့အားထားရာတွေဆိုတော့ သူတို့ဗီဇလေးတွေကို လေ့လာရင်း သူတို့စိတ်ပါဝင်စားတာလေးကို အပြည့်အ၀ ထောက်ပံ့ပေးရင် တိုးတက်လမ်းချည်းပါပဲ။ ငါမိဘပဲဆိုပြီး ဒီလမ်းပဲလျှောက်ရမယ်ဆိုတာမျိုးကြောင့် စိတ်ပါဝင်စားမှု့မရှိတဲ့ အလုပ်တခုကို လုပ်နေရရင် ကလေးလဲ မပျော်၊ တိုးတက်မှု့ဆိုတာ နှောက်နှေးသွားမယ်လေ။ မိဘဆိုတော့လဲ ကိုယ့်သားသမီးကို ဆင်စီးမြင်းရံစေချင်တာကိုး။ အကောင်းဆုံးပဲ ပေးချင်တာပေါ့။ ဒါပေမဲ့ လွဲမှားနေတဲ့ ဖြစ်စေချင်တာတွေ ရှိနေတာလေးကို ကျွန်မက ကလေးမိဘတွေနဲ့ တိုင်ပင်ပြီး ဒီကလေးဆိုရင် ဘယ်လို အတွေးအခေါ်ရှိတယ်။ ဘယ်လို ပြုစုပျိုးထောင်ပေးရင် တိုးတက်နိုင်တယ် ဆိုတာမျိုး ဆွေးနွေးမယ်။

အခုလက်ရှိကြည့်ရင်တောင် ကျွန်မတို့ မြန်မာနိုင်ငံက ကလေးတွေက တခြားတိုင်းပြည်ကလေးတွေထက် ဗဟုသုတ ပိုရှိပါတယ်။ ဥပမာပေါ့လေ။ ဘာလူမျိုးလဲလို့မေးတဲ့အခါကိုပဲ ကြည့်လေ။ မြန်မာလို့ ပြောတာကို ဖီလစ်ပိုင်လို အရှေ့တောင်အာရှနိုင်ငံတူတူချင်း မသိဘူးဆိုတော့ သိပ်အံ့သြမိတယ်။ ကျွန်မတို့ဆီက ကလေးတွေကို သွားမေး အေးအေးဆေးဆေး ဖြေပြ ပြောပြလိုက်ဦးမယ်။ နိုင်ငံနဲ့လူမျိုး ကမ္ဘာနဲ့ချည်ပြီး သိတယ်။ ဒါကြောင့် ကျွန်မတို့ဆီမှာ ရေခံကောင်းပြီးသား ကလေးတွေရှိတယ်လေ။ ပြုစုပျိုးထောင် တတ်ရင် တိုးတက်လမ်းပါပဲ။ လူတယောက်ချင်းစီကနေ လူမျိုး၊၊ နိုင်ငံ တစထက်တစ တိုးတက်မှာလေ။

ငွေကြေးသာအဓိကယူတဲ့ ကလေးထိန်းပေးရုံသက်သက် ကျောင်းလေးမဟုတ်ဘူးပေါ့။ ကိုယ်သာတတ်နိုင်ရင် ငွေကြေးချို့တဲ့သူတွေကိုတောင် ခေါ်ပြီး သင်ကြားပေးချင်တာ။ ပညာအလှူဆိုတာ အမြတ်ဆုံးသောအလှူတခုမှာ ပါတယ်လေ။ သင့်တင့်မျှတတဲ့ ဈေးနှုန်းလေးတခုနဲ့ ကလေးတွေအရည်အချင်းကို ငယ်ကလေးကတည်းက ဖော်ထုတ်ပေးမယ်။ စေတနာအပြည့်ပါတဲ့ကျောင်းလေး၊ ချမ်းသာဆင်းရဲမခွဲတဲ့ ညီမျှတဲ့နေရာလေး၊ ကလေးတိုင်း ချစ်ခင်စည်းရုံးတဲ့ ကူညီတတ်တဲ့စိတ်၊သူတပါးကို ရန်မရှာတတ်တဲ့ ဖြူစင်နေသေးတဲ့ သူတို့လေးတွေ စိတ်ထဲကို မှန်ကန်တွေးခေါ်သင့်တာလေးကို သွင်းပေးနိုင်ရင်ပဲ ကျေနပ်တဲ့ ပီတိစားမဲ့ ကျောင်းလေး တည်ဆောက်မယ်။ ကလေးဆိုတာမျိုးက အိုးကောင်းလေးတွေ ရအောင် ဖြစ်လာအောင် ပုံသွင်းနိုင်တဲ့အချိန်အရွယ်လေးလေ။ ကလေးလေးတွေ စိတ်ကို သေချာမြင်တတ်အောင် ကြည့်နိုင်တဲ့ ကျောင်းကလေးပေါ့။

ကဲ.ဘယ်လိုလဲ။ လာမဲ့အနှစ်နှစ်ဆယ်ကျရင် ကလေးအားလုံးကို ဒီလိုမပျိုးထောင်နိုင်ရင်တောင် ကိုယ့်ရဲ့သွေး ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေကိုတော့ သင်ပေးနိုင်တဲ့သူတယောက်တော့ အနည်းဆုံး ဖြစ်ချင်ပါတယ်။ :)) တခြားဖြစ်ချင်တာတွေလဲ အများကြီးပါပဲ။

ကိုနေညိုရင့်လဲ ကျေနပ်မယ်လို့ ထင်ပါတယ်။ အဲ..မဟေသီအအော်မခံရခင် ကလေးလေးကို ကျွန်မနေ့ကလေးထိန်းကျောင်း လာပို့ဖို့ မမေ့နဲ့နော်။ ဒါမှ မဟေသီရဲ့ အပြုံးလေးရမှာ:)) အခုကတည်းက စာရင်းပေးချင်သူများကိုလဲ စတင်လက်ခံနေပြီဆိုတာ သတင်းပေးလိုက်ပါတယ်နော့။။။။

20 comments:

Sein Lyan Tun said...

တစ် တစ် တစ်

Sein Lyan Tun said...

ခုတည်းက အပျိုကြီးလက်ထဲကို ကျနော့်ကလေးတွေ အပ်ထားမယ်
မိန်းခလေးမွေးရင်တော့ အပျိုကြီး လို
အပျိုကြီးမဖြစ်အောင်သင်ပေးနော်
တော်ကြာ ကျနော့်ကလေးတွေ အပျိုကြီး ဖြစ်နေမှဖြင့်
တစ်သက်လုံးကျွေးနေရ စိတ်ပူနေရမယ်
ဒါပဲ
ခုတည်းက တိုကင် နံပတ် ၁ ယူထားတယ်

ကိုလူထွေး said...

သူများကလေးတွေနဲ့တင် ကျေနပ်မနေနဲ့ဦးလေ ဒေါ်အပျိုကြီရဲ့...

ကိုလူထွေးတို့ကတော့ ကလေးမမွေးသေးဘူး...

ဖိုးစိန်ပြောသလိုဖြစ်ရင်တော့ မနိပ်...

ကိုလူထွေးက တိုကင် နံပတ် ၂ ယူထားပြီ....

မြူး said...

မရေးးးးးးးးးး
လာဖတ်တယ်......
း)

mysterysnow said...

ငုံရေ
ကောင်းလိုက်တဲ့ အိုင်ဒီယာလေးပါလားနော်....
ဆရာမကြီးငုံပေါ့လေ...
နောင်လာမယ့် အနှစ်နှစ်ဆယ်မှာ
ဆရာမကြီးငုံကို လာချောင်းအုံးမှပါပဲ...
ဘယ်သူ့ကလေးတွေ ထိန်းနေလဲဆိုတာ လဲသိချင်တယ်....
ကျန်းမာရွင်လန်းစွာနဲ့ ပြန်တွေ့ရအောင်နော်...

ရေတမာ said...

အနော်ကော အဲ့ကျောင်းတက်လို့ရမလားဟင်။ နောင်အနှစ်၂၀ ဆို သူငယ်ပြန်ချင်ပြန်နေမှာ......းP

သိပ်ကောင်းတဲ့ စိတ်ထားလေးနဲ့ စိတ်ကူးလေးပဲ မကြီးငုံ၊ နေလည်းမြန်မြန်ပြန်ကောင်းပါစေ။ အော်တော့ဘူးနော်။ မကြီးကျောင်းအတွက်လည်း ကူညီချင်ပါတယ်။ အကောင်အထည်လည်းဖော်နိုင်ပါစေ

ခီခန့် said...

အဟဟ.. ကိုဖိုးစိန်တို့များ ထမင်းကျိုင့်နဲ့လာစောင့်နေတာ..
သူ့ကိုသနားလို့ ပေါ့.. ဟွန့်..
အပျိုကြီးလို့မပြောဖူး နာ့မယိုကို .. အဟီး..
ကျတော့် ကလေးတွေလဲ လာအပ်မယ်နော်.. လူပျိုမဖြစ်အောင် သင်ပေးနော်.. အဟီး..
မယိုလို ကြိုက်တဲ့ သူများအောင် သင်ပေးလိုက်.. အဟီး.. မယို ကမလိုချင်သေးလို့မယူတာနော့.. ဟုတ်တယ်မလား..
အဟီး.. ဖားတာ.. မုန့်လာကျွေး...။

တလနွန် said...

မငုံရဲ့ စိတ်ကူး အရမ်းကောင်းတရ်။ စေတနာ အပြည့်နဲ့ 
ပရဟိတ ကျောင်းဆရာမကြီး ကို နောက်နှစ်နှစ်ဆယ်မှာ
တွေ့ ရတော့မှာကိုး။။။ကျွန်တော်လည်း အိမ်ထောင်ပြု ကလေးရရင်တော့ မငုံကျောင်းမှာ လာအပ်မယ်လေ (ဟဲဟဲ )

ပျော်ရွှင်ပါစေ မငုံရေ

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

ဒေါ်ဂျီးငုံ ချရာမ
သူမတတ်တာတွေ ကိုသင်ပြ
ရင်လေးပါဘိ အပေါ်က
သူများကလေးတွေ ရဲ့ ဘဝ။။
( သာဓု တကြိမ် အရင်ခေါ်ရ)
နောင် အနှစ် နှစ်ဆယ် ကျမှ ကျန်တဲ့ သာဓု ၂ခွန်း ဆက်ခေါ်မယ် ငုံလေးရေ ။ အကြွေးမှတ်ထား ဟိဟိ ။။

yehtutnaung said...

မငုံရေ.. မငုံရဲ့  အနာဂတ် လုပ်ငန်းလေးက ကောင်းပါ့ဗျာ..။ အမှန်ပဲ ကလေးတွေဟာ ကျွန်တော်တို့ ရဲ့  အနာဂတ်။ ရှေ့ ကလူတွေ ဘယ်လောက်ပဲကောင်းအောင် လုပ်ထား ရေရှည်တည်တံ့ဖို့ က နောင်မျိုးဆက်သစ်တွေရဲ့  တာဝန်ပဲ။ နေဦး အဲဒီအချိန် ကျွန်တော် ကလေး ဘယ်နှစ်ယောက် ရှိသင့်သလဲ ဆိုတာ ပြန်တွက်လိုက်ဦးမယ်။ ပြီးရင် ကျောင်းလာအပ်မယ်ဗျို့ ..........။ :)

ဇော် said...

အဟိ။ ဒါ့ကြောင့် အပျိုကြီးဖြစ်နေတာ ဖြစ်မယ်။ ကျနော်နဲ့ ရည်ရွယ်ချက်ချင်း လာတူနေပြန်ပြီ။ ကျနော်လဲ ကလေး အရမ်းချစ်တတ်လို့ အဲ့လို လုပ်ဖို့စိတ်ကူးယဉ်ထားတာရှိတယ်။ ရှယ်ယာခွဲကြမလားအေ။ ဘယ်လိုလဲ။ အဟိဟိ။

ဇော် said...

အဟိ။ ဒါ့ကြောင့် အပျိုကြီးဖြစ်နေတာ ဖြစ်မယ်။ ကျနော်နဲ့ ရည်ရွယ်ချက်ချင်း လာတူနေပြန်ပြီ။ ကျနော်လဲ ကလေး အရမ်းချစ်တတ်လို့ အဲ့လို လုပ်ဖို့စိတ်ကူးယဉ်ထားတာရှိတယ်။ ရှယ်ယာခွဲကြမလားအေ။ ဘယ်လိုလဲ။ အဟိဟိ။

thondrae said...

မငုံလေး သိပ်ကောင်းတဲ့ အစီစဉ်လေး ဟုတ်တယ်ကလေးတွေဟာစိတ်ထားကောင်းဖို့ အလွန် အရေးကြီးတယ် ဒါမှနောင်လာမဲ့ အနာဂတ်လှပမယ် [ကျေးဇူးရှင်ဆ၇ာတော်ဘုရားကြီးးးးရှင်ဇနကာဘိဝံသ ရဲ့ ဆုံးမစကားထဲမှာတောင်စိတ်ကောင်းရှိဖို့ ပထမလို့  ဆုံးမတော်မူတယ်] စိတ်ထားကောင်းဖို့ တို့  စိတ်ကောင်းရှိဖို့ တို့ ကလောကကြီသာယာလှပအောင် ဖန်တီးတဲ့ နေရာမှာ အဓိကအကျဆုံးလို့ သတ်မှတ်လို့ ၇တယ် အဲဒီေ တာ့ အကို့ကလေးတွေလဲမငုံလေးဆီ အပ်လိုက်မယ်သူတို့ လေးတွေစိတ်ထားကောင်းအောင် သင်ပေးလိုက်နော် ကျေးဇူးတင်စွာဖြင့်  thondrae

မြစ်ကျိုးအင်း said...

နောက်အနှစ် နှစ်ဆယ်ဆို ဟိုမရောက်ဒီမရောက်ဖြစ်တော့မှာပဲ...။
ကဲချင်နေသေးတဲ့ ဘဲကြီးပဲ ဖြစ်နေမှာလား..။
မငုံဆီ ကလေး ကျောင်းထားဘို့ဆို နောက် ၁၅ နှစ်လောက်မှ အိမ်ထောင်ပြုရတော့မယ်..။
စိတ်ကူးလေးက အေးချမ်းပါတယ်ဗျာ...။

kaungkinpyar said...

ငုံလေး ကြိုအပ်ထားလို့ ရတယ်နော်၊ မမ နောက်ကျနေပီနော်

မိုးစက်အိမ် said...

ကျွန်မတို့ မြန်မာနိုင်ငံက ကလေးတွေက တခြားတိုင်းပြည်ကလေးတွေထက် ဗဟုသုတ ပိုရှိပါတယ်။ ဥပမာပေါ့လေ။ ဘာလူမျိုးလဲလို့မေးတဲ့အခါကိုပဲ ကြည့်လေ။ မြန်မာလို့ ပြောတာကို ဖီလစ်ပိုင်လို အရှေ့တောင်အာရှနိုင်ငံတူတူချင်း မသိဘူးဆိုတော့ သိပ်အံ့သြမိတယ်။..........သွေးထွက်အောင်မှန်တယ်
အမရေ...ကျွန်တော် တို.လဲ ကိုယ်တွေ. အမရေ...ဗိနက်
နမ်ရယ် တရုတ်ရယ် ကိုရီးယားရယ် မေးကြည်.တာမသိဘူး...အဆိုးဆုံက ဗိနယက်နမ် အမရေ...အနည်းဆုံးတော. ဘောလုံးပွဲလောက်မှာကြား
ဖူးသင်.ပါတယ်...ကို.အရှေ.တောင်အာရှနိုင်ငံချင်း ...အဲဒီလိုလုမျိုးတောင် ပညာတော်သင်လာရတယ်...အံ.သြမဆုံးဘူး...အင်းလေ တခြားဟာတွေ တော်လို.နေမှာဘဲလို.ထင်မိတာပါဘဲ

အိုက်ခီလောက် said...

လာထားရဲဖူးနင့်က ထာဝယ်ကြိမ်တစ်အားကျွေးတာဆိုတော့ ထားတော့ဖူး
နင့်ကအပျိုကြီးဆိုတော့ စိတ်လည်းကြီးတယ်
မရပါဘူးလေ ငါ့ထင်ပါတယ် တစ်လ ဖွင့် တစ်မြို့ ပြောင်းနဲ့ 
ဒါနဲ့ တစ်နိုင်ငံလုံးနှံတော့မှာပဲ
စိတ်ကူးလေးတစ်အားကောင်းတယ် အမ ဆက်လုပ်
ငါအားပေးနေမယ်

Anonymous said...

ဖူးဖူးရေ..တကယ်ကောင်းတဲ့ရည်ရွယ်ချက်လေးပဲ။ ဒါပေမယ့် နောင်အနှစ် (၂၀)မှာ လုပ်မယ်ဆိုတာထက် လက်ရှိမှာတက်နိုင်သလောက်စလုပ်ပါလို့ အကြံပေးချင်တယ်။ ဥပမာ.. ဆရာတော်အရှင်ဆေကိနရဲ့ မှော်ဘီက နွေရာသီကလေးသင်တန်းကျောင်းကို တတ်နိုင်သလောက် အလှူပံ့ပိုးတာမျိုး၊ နိုင်ငံတကာမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေက Sunday School တွေကို အဆက်အသွယ်ရသလောက် အလှူထည့်ဝင်တာမျိုးပေါ့။ ရည်မှန်းချက်အောင်မြင်ပါစေ....

ဂျပန်ကောင်လေး said...

မှန်တယ်အမရေ... ပညာရေးက အဓိကပဲ...

Anonymous said...

ကောင်းလိုက်တဲ့ အစီအစဉ်လေးနော်။ ကဲ မငုံလေးရေ မကြီးရဲ့ သားနဲ့ သမီးကို မငုံဆိကိုပဲ အပ်တော့မယ်နော်။ နှစ်ယောက်စာ စာရင်းပေးခဲ့မယ်။
:D

ခင်မင်လျှက်
မကြီး