မောင်နှမများကို အခု ကျွန်မဒီလိုလေး တွေးနေမိတယ်ဆိုတာ ပြောပြချင်တယ်။

၁)ရှေးရှေးက ကုသိုလ်ကံလေးကြောင်း လူဖြစ်ခွင့်ရတာ ကံကောင်းတယ်။

၂)မိဘနှစ်ပါးက ကောင်းကောင်းမွန်မွန် မွေးဖွားပေးလို့ ၀မ်းမြောက်တယ်။

၃)ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရတာ ကျေးဇူးတင်တယ်။

၎)မြန်မာပြည်မှာ လူတစ်ယောက်ဖြစ်ရတာ ကျေနပ်တယ်။

၅)အဲဒီ မြန်မာပြည်ထဲမှ သစ္စာရှိတဲ့ ရှမ်းတောင်တန်းကြီးရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်။

19 comments:

ကိုလူထွေး said...

ဖြူစင်ရိုးသားတဲ့ ရှမ်းတောင်တန်းကြီးရဲ့ သမီးလေးနဲ့ ရင်းနှီးရတာ ဂုဏ်ယူပါတယ်...

ကိုရဲ said...

ရှမ်းတောင်တန်းက သစ္စာရှိတရ်ဆိုတော့ သစ္စာမဲ့တာက လူလား ။ တစ်ကယ်က လူဆိုတာ သစ္စာမဲ့ချင်လို့မဟုတ်ပါဘူး ။ သူ့သဘာဝကိုက လူဖြစ်နေလို့လေ ။ သူ့မှာ ခံစားချက်ရှိတရ် ။ နာကြည်းချက်ရှိတရ် ။ ချစ်ခြင်းမေတ္တာရှိတရ် ။ လူတိုင်းသစ္စာမမဲ့သလို သစ္စာမဲ့တိုင်းလည်း လူမဟုတ်ပါဘူး ။ ဒါပေမဲ့ဟာ........


ဘာပဲဖြစ်ဖြစ် ငါတို့ရှမ်းတောင်တန်းကြီးပဲ ကောင်းပါတရ်လေ .... လွမ်းတရ်ဟာ ။ တောင်ပေါ်မြေကိုပဲ ပြန်ချင်နေပြီ ။

နင့်မောင်လေး (မောင်ရဲ)

Sein Lyan Tun said...

သူငယ်ချင်းဖြစ်ခွင့်ရတာ ဂုဏ်ယူတယ်
ရစ်တာကိုခံတဲ့သူငယ်ချင်းက ရှမ်းမလေးဖြစ်တဲ့အတွက်လဲ ဂုဏ်ယူတယ်
ဘာပဲပြောပြော
ဂုဏ်ယူချင်လို့ယူတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Sein Lyan Tun said...

ကြောင်ကိုမချစ်တဲ့အတွက်ဂုဏ်ယူတယ်
ကိုးကိုချစ်နေတဲ့အတွက်ဂုဏ်ယုတယ်
အပျိုကြီးလုပ်မယ့်အတွက်ဂုဏ်ယူတယ်
သူငယ်ချင်းဖြစ်ခွင့်ရတဲ့အတွက်လဲဂုဏ်ယူပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Sein Lyan Tun said...

အဲ မန့် နေတာ ဒါပါဆိုသုံးခါ
ဘာတွေမန့် လဲမသိဘူး
သုံးခါမန့် ရလို့ ဂုဏ်ယူပါတယ် အဟီးးး

kiki said...

ဒူဘိုင်းက ကုလားကြီးတွေ ကြားထဲမှာ သတ္တိ ရှိစွာ အလုပ် လုပ် နေတဲ့ မြေးမလေး မဖူးးး ငုံ ... ရဲ့ အဖွား ဖြစ်ရတာ ဂုဏ်ယူ ပါတယ် ။။
အဲလေ ..ယောင်လို့ ..
ဘာလို့ များ ကိုယ့်ဟာကိုယ် ဂုဏ်တွေ ယူ မိသွားတာလဲ မသိပါဘူးကွယ် ..
မြေး အတွက် ဂုဏ်ယူ ပါတယ် ။
( ပိုက်ဆံ မပေးရလို့ အလကားလိုက်ယူပေးနေတာ )

အိုက် ချီ ခန့် said...

အဟီး... ကျတော်လဲ
ရှမ်းတောင်တန်းကြီးကို ချစ်တယ်...
ဘီလောက်ချစ်လဲဆိုရင်... နောက်ဆုံး..
ကြံဖန်ဂုဏ်ယူရမယ်ဆိုရင်... “စစ်သားဖြစ်မယ်ဆိုရင်တောင်သူ့ရင်ခွင်မှာ ခိုလုံနေတဲ့
ရှမ်းတောင်တန်းအတွက် သူပုန်စစ်သားပဲဖြစ်ချင်တယ်...။”

(လွတ်လပ်စွသဘောကွဲလွဲနိုင်ပါတယ် ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး ကျတော့်ခံစားချက်လေးပါပဲ)

တလနွန် said...

အတွေးလေးတွေ ကောင်းတယ် မငုံရေ။ လူဖြစ်ပြီး ဗုဒွဘာသာဖြစ်ရခြင်း မြန်မာပြည်မှာနေထိုင်ရခြင်းတွေက
ဂုဏ်ယူစရာတွေပါ။ ရှမ်းပြည်က သူငယ်ချင်း နှင့် ခင်မင်
ခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ :)

ခင်မင်ခြင်းနှင့်
တလနွန်

တောင်ပေါ်သား said...

ဂျီးဒေါ်ရဲ့တူမောင်ဖြစ်ရတာ ဂုဏ်ယူတယ်..
ရှမ်းပြည်မှာမွေးခဲ့တာ ဂုဏ်ယူတယ်
သစ္စာရှိတဲ့ ရှမ်းတောင်တန်းတွေရဲ့ သားသမီးဖြစ်ရတာဂုဏ်ယူတယ်
ရိုးသားတဲ့လူတွေကြားမှာ ကြီးပြင်းခဲ့ရတာ ဂုဏ်ယူတယ် ဂျီးဒေါ်ရေ..........


လေးစားလျက်
တောင်ပေါ်သား

အဆိပ်ခွက် said...

မငုံ တောင်ကြီးသူဖြစ်တာဂုဏ်ယူပါတယ်... ကျနော်လဲ တောင်ကြီးကိုလွမ်းလည်.....

ခင်မင်လျှက်
အဆိပ်ခွက်

ခမ်းကီး said...

တစ်ခုလေး ဖြည့်ချင်တယ်.. ^__^

အကယ်၍ အမှန်တရားကို ဝေဖန်ခွင့်ရလျှင် ... ဂုဏ်ယူပါတယ်လို့... အဟီး....။

မေလေး said...

မမငုံ ရဲ့ အပျိုကြီးလုပ်မှာကို ဂုဏ်ယူအားပေးတယ်နော် ..မေလေးလဲ ပျိုကြီးလုပ်မှာ မမနဲ့လာနေမယ်နော်
ရှမ်းတောင်တန်းကိုလည်းချစ်တယ် သိလားနော်
မမကိုချစ်တဲ့
မေလေး

မိုးစက်အိမ် said...

မကြီး ရင်ခံကစကားလေးတွေက နားထောင်
ကောင်းလိုက်တာဗျာ..လိမာလိုက်တဲ. ချစ်မကြီး
အနော်လဲ ပြောမယ်နော်...
မဖူးနဲ. ဆုံခွင်.ရတာ ကံကောင်းတယ်။
တွေ.ရင် နှိပ်စက်ရမှာတွေးပြီး ၀မ်းမြောက်တယ်။
သဘောကောင်းလို. ကျေးဇူးတင်တယ်။
အရမ်းပြန်ခင်လို. ကျေနပ်တယ်။
အပျိုကြီးလုပ်မှာမို. ဂုဏ်ယူတယ်။
( ကာရံတွေ ကော်ပီလုပ်သွားတာ ဟီးးးးးးးးးးးးး )
ခင်မင်လျက် ပါမဖူးရေ...

သုဒြေ္န said...

လိမ်မာတဲ့ ညီမလေးအတွက်ဂုဏ်ယူတယ် ခင်နင်မှုများစွာနဲ့  ကိုကြီးသုဒြေ္န

မြစ်ကျိုးအင်း said...

ဟေးးးးးးးးးဏာလည်ဂုဏ်ယူတယ်ကွ

Anonymous said...

မငုံနဲ့အတူ ရှမ်းမောင်နှမတွေရဲ့ မကြီးဖြစ်ရတာ ဂုဏ်ယူတယ်။ :D

ဂျပန်ကောင်လေး said...

မငုံရေ.. ဟုတ်တယ်..အမတွေးသလို တကယ်ပဲ ကျနော်တို့ကံကောင်းတယ်... ပထမလေးချက်ကိုက တကယ်ကို ကံကောင်းလွန်းလို့ပါ..

Anonymous said...

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာပြည်မှာ လူဖြစ်ခွင့်ရခဲ့တဲ့ အတိတ်ကံကို ကျေနပ်တယ် ... ထပ်တူပါပဲ .... ပုံတူကူးချလိုက်မယ် ...
ကျွန်တော့် အတွေးလေးပါ ..
နေဒေး။

မိုးခါး said...

ညီမကတော့ ရှမ်းတောင်တန်းကြီးသမီးမဟုတ်ဘူး .. ဒါပေမယ့် ညီအမတော်လိုက်မယ်လေ .. ရတယ်မလားး))