ဖေဖော်ဝါရီလ၁၅ရက်နေ့မှာ kish island ကိုထွက်ဖို့ ပြင်ဆင်ရင်း အဒေါ်နဲ့ အသိမိတ်ဆွေတွေက မှာကြားလိုက်တာကိုလဲ မှတ်ထားရပါတယ်။ အိမ်ကလဲ စိတ်ပူနေတယ်။ ဖြစ်နိုင်ရင် မသွားစေချင်ဘူး။ ပြန်လာခိုင်းတယ်။ ကိုယ်ကလဲ လုပ်ချင်တာကိုတာ စွတ်လုပ်နေတာ စိတ်ထဲမှာတော့ ခပ်ကြောက်ကြောက်ပါပဲ။ အဲဒီချိန်တုန်းက ဒူဘိုင်းမှာ visit visa နဲ့ အလုပ်လုပ်နေသူတွေ အများကြီးပါ။ တချို့ ကုမ္ပဏီကလဲ ဗီဇာမချိန်းပေးပဲ ဒီလို သုံးလတကြိမ် ချိန်းဖို့ သွားသွားနေရတဲ့သူတွေလဲ အများကြီးပါပဲ။ တနေ့တနေ့ လူထောင်ချီပြီး kish ထွက်နေကြတာပေါ့။ ဒီတော့ လူစုံ၊ ပြသနာပေါင်းစုံပေါ့။ တချို့ကလဲ ကုမ္ပဏီက ဗီဇာချိန်းပေးမယ်ဆိုပြီး kish လွှတ်လိုက်တယ်။ အချိန်ဆွဲနေတာနဲ့၊ တခြားအကြောင်းအရာတွေနဲ့ ဗီဇာရောက်မလာတာတွေ ရှိတော့ သတ်မှတ်ခွင့်ပြုထားတဲ့ ၁၄ရက်အတွင်း မှမရရင် အီရန်နိုင်ငံရဲ့ ဗီဇာကို ၀ယ်ရတော့မယ်လေ။ ပြီးတော့ နေဖို့ စားဖို့က၇ှိတော့ နောက်ဆုံး KISHမှာပဲ အချိန်ပိုင်း အလုပ်လုပ်တဲ့သူနဲ့၊ နောက်သိတဲ့အတိုင်း လူချင်းအတူတူ နှမချင်း စာနာမှု့မရှိတဲ့သူတွေနောက် ပါသွားကြတာတွေ များတယ်လို့ ပြောပြလို့ သိလိုက်ရတော့ ကြောက်စိတ်က အထွက်အထိပ်ပါပဲ။ ဒါကြောင့် KISH ရောက်ရင် ဘယ်သူ့ကိုမှ မယုံဖို့၊ ကိုယ့်ပိုက်ဆံအိတ်ကို သတိထားဖို့ အားလုံးမှာပါတော့တယ်။ စိတ်လဲမချကြဘူး။ အဲဒီစိတ်ကြောင့် ထင်ပါရဲ့ ။မသွားခင်ညက အိပ်မက်ဆိုးတွေ မက်ပါတော့တယ်။ နောက်နေ့လဲ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။
လေဆိပ်မှာ ဖီလစ်ပိုင်မလေးတယောက်နဲ့ ခင်ပါတော့တယ်။ DICAY တဲ့ ။ ခင်ဖို့ကောင်းတယ်။ခဏအတွင်း အတော်လေးခင်မိသွားကြပြီး ကျွန်မအတွက် အဖော်ရသွားတာပေါ့။
ရောက်ပါပြီ KISH ISLAND ကိုး။ ပါးရှန်ပင်လယ်ကွေ့မှာ တည်ရှိပြီး ခရီးသွားလုပ်ငန်းကို အဓိကထားတဲ့ မြို့လေးပေါ့။ဒီ KISH ISLAND လေးက အရှေ့အလယ်ပိုင်းဒေသမှာ တတိယ လာရောက်လည်ပတ်ဆုံးနိုင်ငံလေးပါ။ SHAM EL-SHEIK နဲ့ DUBAI တို့က ပထမနဲ့ ဒုတိယနေ၇ာယူထားကြပါတယ်။အီ၇န်နိုင်ငံက ငွေကြေးဖောင်းပွတဲ့ နိုင်ငံလေးတစ်ခုပါပဲ။ ပါ၇ှန်းဆိုတာ ကျွန်မတို့ ငယ်ငယ်က ပုံပြင်လေးတွေမှာ ကြားဖူးနေကျအတိုင်း ပါ၇ှန်းမင်းသမီးလေးတွေ ချောမောလှပပုံအတိုင်းပါပဲ။ တော်တော်ချောလှကြပါတယ်။ နိုင်ငံလေးကလဲ သပ်သပ်ရပ်ရ့ပ်နဲ့ ချစ်စရာကောင်းပါတယ်။မြို့လေးက ချစ်စရာကောင်းပေမဲ့ လာရောက်ကြတဲ့ လူတချို့ကြောင့် ဒီလိုနာမည်ပျက်နေတာလို့ ကျွန်မတော့ မြင်မိပါတယ်။
ပုံလေးကို တော့ GOOGLE မှရှာပြီး တင်ပေးလိုက်ပါတယ်။
လေယာဉ်ပေါ်က ဆင်းတာနဲ့ အမျိုးသမီးများအားလုံး သူတို့နိုင်ငံ ဘာသာရေးဥပဒေအရ လုံလုံခြုံခြုံရှိရန် သူတို့ ၀တ်စုံကို လဲလှယ်ဝတ်ဆင်ရပါတော့တယ်။ အကျီင်္ရှည်( ဂါဝန် လိုလို ဘာလိုလိုနဲ့) နဲ့ ပ၀ါကို အဆင်သင့်ထားပေးတယ်။ ၀တ်စုံလဲ လဲပြီးရော ကိုယ်ဘာသာကိုယ် မှန်ထဲကြည့်မိတော့ တွေးမိပါတယ်။ ဆေးရုံက ခွဲစိတ်ခန်းဝင်မဲ့သူ ကျနေတာပဲလို့ပေါ့:)
နောက် လေဆိပ်အပြင်မှာတော့ ဟိုတယ်က အဆင်သင့်စောင့်နေပြီးသား ။ ကြိုတင်ဘွတ်ကင် လုပ်စရာမလိုဘူးပေါ့။ အဒေါ်တို့မှာလိုက်သလိုပဲ FARABI ဟိုတယ် ကားနဲ့ လိုက်သွားလိုက်တယ်။ အဲဒီဟိုတယ်က သန့်တယ်။ ကောင်းတယ်တဲ့။ လေယာဉ်လက်မှတ်ဝယ်မဲ့ နေရာနဲ့ နီးတယ်ပေါ့။ ကျွန်မရှေ့မှာ မောင်ဝမ်းကွဲ အစိုင်းလဲ ရောက်ဖူးတယ်။ အဒေါ်သူငယ်ချင်းလဲ ရောက်ဖူးတော့ သိပ်တော့မကြောင်ပါဘူး။ ဟိုတယ်ရောက်တော့ လူမျိုးတူရာနေရာချထားပေးတော့ မြန်မာဆိုတာ မရှိတော့ ဘယ်လူမျိုးနဲ့ နေချင်ပါသလဲတဲ့။ ကျွန်မက နဂိုကတည်းက လေဆပ်မှာခင်လာတဲ့ DICAY နဲ့ပဲ တူတူနေမယ်လို့ ပြောထားပြီးသားဆိုတော့ သူနဲ့ တခန်းတည်းနေမယ်လို့ ပြောလိုက်တယ်။ အခန်းကျယ်ကြီး တခန်းမှာ ခြောက်ယောက်နေရာချထားပါတယ်။ ယောက်ျားလေးက သပ်သပ် ၊ မိန်းကလေးက သပ်သပ်ပေါ့။ မိန်းကလေး အဆောင်ပေါ်ကို သူတို့ ၀န်ထမ်းမှလွဲ တက်ခွင့်မရပါဘူး။ တော်သေးတယ် တက်ခွင့်မရပေလို့ပဲ။ တညလုံး အိပ်လို့မရအောင် ဖုန်းလာနေတယ်။ အခန်းနံပါတ်နဲ့ ဖုန်းတကာ လျှောက်ခေါ်နေတာလေ။ အင်းလေ.. အားလုံးက သန့်တဲ့သူချည်းမှ မဟုတ်တာ။ ကျွန်မနေတဲ့ အခန်းမှာ အမျိုးသမီးတယောက်ဆို လာသမျှဖုန်းကို ဒိုင်ခံဖြေတယ်။ ရယ်မောနေတယ်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဖုန်းကို ဘေးချထားလိုက်ရင် ဘာမှမဖြစ်တာကို ပြန်ဖြေနေတာကိုက အလုပ်မဟုတ်တာလို့ မြင်တယ်။ မတတ်နိုင်ဘူး။ ကိုယ်နေတတ်ဖို့က အဓိကလေ။ အဲဒီအမျိုးသမီးလက်ချက်နဲ့ ကျွန်မလဲ မျက်စိနာပါတော့တယ်။ ဆေးလိပ်တွေ တအားသောက်တော့ အခန်းလေးထဲမှာ ဆေးလိပ်ငွေ့တွေနဲ့ နောက်ဆုံး ကျွန်မမျက်လုံး ဆေးလိပ်ငွေ့ခံရဖန်များတော့ နာလာပါတော့တယ်။ ကျွန်မကတော့ ကြောက်လို့ ဘယ်မှမသွားဘူး။ အခန်းထဲကအပြင်ကို မထွက်တာ။ BUILDING ရဲ့အ၀ိုင်းပတ်လေးတွေမှာ အီရန်ရိုးရာလို သီချင်းဖွင့်၊ ထိုင်နေကြ။တ၀ါးဝါးတဟားဟားနဲ့ ရယ်မောနေသံတွေကို ကြားတာနဲ့တင် ကြောက်နေတယ်။ ဗီဇာအမြန်ပို့လာဖို့ကိုပဲ စိတ်ကစောနေတယ်။ မနေချင်ဘူး။ ကျွန်မထွက်လာတာက သောကြာနေ့ဆိုတော့ နည်းနည်းတော့ စောင့်ရမဲ့ သဘောရှိနေတာပေါ့။
ဒီအရှေ့အလယ်ပိုင်းမှာက ရုံးပိတ်က သောကြာနေ့လေ။ သူတို့ဘုရားရှိခိုးရက်ပေါ့။စနေလဲ အစိုးရရုံးနဲ့ တချို့ကုမ္ပဏီပိတ်တယ်လေ။ ဆိုတော့ ကျွန်မက သောကြာ၊စနေ နှစ်ရက်ခံသွားတယ်။ ဘာမှလုပ်လို့မရဘူးလေ။ တနင်္ဂနွေမှ ဗီဇာတင်တာဆိုတော့ တနင်္လာနေ့မှ ရတယ်။ ဒါတောင် မြန်ဦးမှလေ။ လူလဲ ပြန်ချင်လို့ လိမ့်ပိန့်နေပြီ။ မနေချင်ဘူး။ ညတိုင်းမျက်ရည်ကျရတယ်။ ကြောက်လို့ပေါ့။ ခင်လာတဲ့ DICAY ဗီဇာရောက်လာပြီး သူအရင်ပြန်သွားမှာကို စိုးရိမ်လာတယ်။ တယောက်တည်းဆို ပိုဆိုးမယ်လေ။ ဟိုအမျိုးသမီးကိုလဲ ကြောက်တာပါတာပေါ့။
ဒီလိုနဲ့ တနင်္လာနေ့ မနက်ပိုင်းမှာ DICAYရဲ့ ဗီဇာရောက်လာတယ်။ သူကလဲ ကျွန်မကို စိတ်မချတာနဲ့ လေယာဉ်လက်မှတ်ကို ဘွတ်ကင်သွားမတင်ပဲ စောင့်နေပေးပါတယ်။ ရောက်လာမှ တူတူပြန်မယ်ပေါ့။ ဖြစ်ချင်တော့ တနင်္လာနေ့ ကျွန်မဗီဇာမရောက်လာပါဘူး။ သူ့ကုမ္ပဏီက ဗီဇာပို့လိုက်ပြီ ဘာလို့ ပြန်မလာသေးတာလဲလို့ လှမ်းမက်ဆေ့ပို့တော့ ကျွန်မလဲ အားနာတာနဲ့ ပြန်လိုက်ဖို့ပြောရပါတော့တယ်။ သူလဲရပါတယ်လို့ ပြောပေမဲ့ မကောင်းဘူးလေ။ နောက်ဆုံးသူလဲ အင်္ဂါနေ့မနက်အစောကြီး ပြန်သွားပါတော့တယ်။
ကျွန်မရဲ့ဗီဇာလေးကတော့ အင်္ဂါနေ့ မနက်ပိုင်းလောက်မှာ အဒေါ်က ပို့လိုက်ပြီလို့ မက်ဆေ့ပို့လာမှ ၀မ်းသာအားရဖြစ်သွားတယ်။ ဒါပေမဲ့..အဒေါ်က စိတ်မကောင်းဖြစ်မှာစိုးတာနဲ့ ကိုယ်တိုင် ဖုန်းခေါ်ပြီးမှ ပြောလိုက်တဲ့ စကားအကြားမှာတော့ ကျွန်မထိုင်ငိုရတော့တာပါပဲ။
ဗီဇာသွားဝယ်တဲ့သူက ကျွန်မကို VISIT VISA သုံးလအစား Transit visa ၁၄ရက် နဲ့ မှားဝယ်လာသတဲ့။ ကောင်းရော။။ဘာမှလုပ်လို့မရတော့ဘူး။ ၁၄ရက်ကြာရင် ဒီနေရာကြီးကို တခါပြန်လာရမဲ့သဘာပေါ့။ကျွန်မ စိတ်ပျက်စွာနဲ့ လေယာဉ်လက်မှတ်သွားတင်တော့ အဲဒီနေ့အတွက် ပြည့်နေပြီဖြစ်တဲ့အတွက် ကျွန်မ ဗုဒ္ဓဟူးနေ့ နေ့လည် ပိုင်းမှ ပြန်ခွင့်ကြီးရပါတယ်။
ကဲ.. ၁၄ရက်နေပြီးတော့ တခါ ချစ်လှစွာသော KISH ISLAND လေးဆီသို့ အရောက်ပြန်သွားရပေဦးမပေါ့။ သရဲခြောက်ခံရတဲ့ ဒုတိယအခေါက်ကတော့ မမေ့နိုင်ပါဘူး။
ဆက်ရန်…
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
14 comments:
ဗဟုသုတလဲ ရတယ်ဗျာ။ ဖတ်သွားပါတယ်...။
ဖြစ်ရလေ မငုံရယ်...
ဖူးဖူး မဖူးနိုင်ဘူးဖြစ်သွားရှာတာပေါ့...
စောင့်ဖတ်ဦးမယ်...
ဘဝမှာ မိန်းခလေးတစ်ယောက် ရင်ဆိုင်ကြုံတွေ့ပုံများကို မှတ်သားသွားပါတယ်
ကြိုးစားထား အပျိုကြီးရေ...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မယိုရယ်.. ရင်မပြီးထပ်လာဖတ်တယ်...
ဟူး... သရဲလဲအခြောက်ခံလိုက်ရသေးတယ်လား..
အားလားလား... ကိုဖိုးစိန် ပထမ မမန့်လိုက်ရသလိုပဲ မယိုလဲ အခြောက်ခံရမယ်လို့မထင်မိဖူး.. ဒီနေ့လဲကိုဖိုးစိန် ပထမထင်နေတာ.. သူလျှော်လဲလို့ပဲနေမယ် ပြေးလာတာကိုး... နောက်နေ့လဲရင်မ ပြီးလာဖတ်ဦးမယ်..
ခီခန့်(လူပျင်းလေး)
ပါရှန်းမင်းသမီးလေးရဲ့သတ္တိကိုလေးစားပါတယ်
အစ်မ ကြုံရတာ သဲထိတ်ရင်ဖိုကြီးပါလား။။။အမရဲ့ သတ္တိကို ချီးကျူးပါတယ်။။။ အခုတော့ အားလုံး
အဆင်နေပြီး ဟုတ်
ခင်မင်ခြင်းနှင့်
တလနွန်
မငုံရေ .. ကြုံတွေ့ရတာတော့ ဒီလိုပဲနော်။ ကြိုးစားထား ညီမရေ ဘ၀မှာ ဖြစ်ချင်တာ မဖြစ်သေးသမျှ ဖြစ်လာသမျှကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်နော်။
ခင်မင်လျှက်
မကြီး
ကျနော်တော့ မသွားမနေရဲဘူး.အမရေ.. ကြောက်တယ်...း)
ပြီးတော့ လဲ ပြီးသွားတာပါဘဲလေ .. ဟုတ်ဖူးလား ။။မုန်တိုင်းပြီးတော့လည်း လေပြေလေးလာအုံးမှာပေါ့ .ဆာရီလေး ခြုံထားတဲ့ ငုံလေး ကို လာချောက်တဲ့ သူရဲ ...လန့် ပြီးပြန်ပြေးလာတယ်တဲ့ နော် ။ သူရဲတောင် လန်ပြေးရတဲ့ ဒေါ်ကြီးငုံ..
ဖဦးထုတ် မ လေးက ချောလားဟ .. ချောရင် ခီလောက် အတွက် .. ထားပေးလိုက် ။ဒါမှ နင့်မောင် လာလာမရစ်မှာ...
ချစ်မကြီးးး ကိ
မကြီး ငုံရေ သရဲက လန်းလားဟင်...
ဟီးးးးးးးးးးးးး....စတာနော်မကြီး
ငုံရေ ဖြစ်ရတယ်နော်
ခုတော့ သူလဲ ဆက်ရန်တွေလုပ်ကုန်ပြီ...
စောင့်နေသေးတယ်နော်...လာဖတ်မယ်.
အစစ ဂရုစိုက်ပါနော်
မိုးခါး
(အပေါ်က ကောမန့်က သူငယ်ချင်းဘလော့လုပ်ပေးရင်း ရေးလိုက်မိလို့ ပြန်ဖျက်လိုက်တာပါ .. စိတ်မရှိပါနဲ့နော်း)
အဖြစ်က မနှစ်ကနဲ့ မတူပါလားနော် ....
ဆိုးတာ ...
နောက် 14 ရက်နေတော့ နောက်တစ်ခေါက် အဲ့နေရာကြီးကို ပြန်သွားရဦးတော့မှာပေါ့ ...
အီးးးးးး
ခံရခက်ကြီးပဲ ...
အတွေ့အကြုံပြန်ရှာတယ်ပဲ မှတ်လိုက်ပါတော့ ... :D
နေဒေးသစ်။
Post a Comment