အကုသိုလ်ရှောင် ကုသိုလ်ဆောင်
ဖြူအောင်စိတ်ကိုထား
ခုလည်းချမ်းသာ နောင်ချမ်းသာ
မြတ်စွာဗုဒ္ဓမိန့်မှာကြား။

ဒီလင်္ကာလေးကိုတော့ ဇွန်လ ၁၀ရက်နေ့ ညနေ ၆ နာရီခွဲ ဒူဘိုင်းမြို့ သီရိလင်္ကာကောင်စစ်ဝန်ရုံးမှာ မြန်မာညီအကိုမောင်နှမတွေ စီစဉ်ကျင်းပတဲ့ တတိယအကြိမ်မြောက် ဓမ္မသဘင်မှာ ဆရာတော်ဟောကြားမဲ့ တရားကို လင်္ကာလေးနဲ့ တသက်မမေ့အောင် သင်ပေးခဲ့တာပါ။ ပါဠိလိုလည်း ရွတ်ဆိုရပေမဲ့ နှုတ်တက်ရွတ်ရတာဆိုတော့ ကျွန်မ အမှားအယွင်းပါမှာစိုးလို့ မြန်မာလို ဆရာတော်ကြီးများဖွဲ့သီထားတဲ့ လင်္ကာလေးကို ဝေမျှလိုက်ပါတယ်။




11 comments:

mysterysnow said...

သေချာတာပေါ့ ငုံရဲ့...
စိတ်ထားဖြူဖြူထားနိုင်မှ ချစ်ဖို့ကောင်းတာ...
ဟိုး ငယ်ငယ်တုန်းက
စိတ်ဖြူ သဘောဖြူ မနောဖြူ...
ဒါပေမယ့် အသက်တွေကြီးလာတာနဲ့အမျှ
အဖြူရောင်တွေ အရောင်ပြောင်းလာတတ်တာက
ဝမ်းနည်းဖို့ကောင်းတယ်....

ကောင်းကင်ပြာ said...

ကျေးဇူးပါ ငုံရေ

Anonymous said...

ကျွန်တော်ကြားဖူးတဲ့ စာလေးက ကျတော့
မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား ... ဆိုတာ
ခုစာကတော့ တစ်မျိုးပြောင်းနေတယ်
အကုသိုလ်ရှောင် ကုသိုလ်ဆောင်
ဖြူအောင်စိတ်ကိုထား တဲ့
အင်းလေ တူတူပါပဲ .. ဆရာတော်တွေ မတူလို့ ပြောင်းသွားတာနေမှာနော် ... ဒါပေမယ့် ၂ ခုလုံး အဓိပ္ပါယ် ရှိတဲ့ ဆုံးမစာလေးတွေပါပဲ ..
နေဒေးသစ်။

အိုက် ချီ ခန့် said...

ကျေးဇူးဗျာ... မယို..။

kiki said...

ကုသိုလ်ရေးမို့  ကြိုးစားပါ့မယ်ကွယ် ..
ဥစ္စာ ချမ်းသာထက် စိတ်ချမ်းသာ ကို ပို လိုချင်မိတယ်။

ငုံလေးရော.
၂ မျိုး စလုံးချမ်းသာရင် အကောင်းဆုံးပေါ့နော်..

Anonymous said...

ဝမ်းသားပါတယ် မငုံရယ်။
ဘ၀တလျှောက်လုံး စိတ်ချမ်းသာ ပါစေနော်

ခင်တဲ့
မကြီး

မိုးစက်အိမ် said...

မဖူး ကျန်းမာ ချမ်းသာ ပြီး ကုသိုလ်
များများ လုပ်နိုင်ပါစေမ ကြီး...စကားမစပ်
မကြီး မဖူး တင်ထားတဲ. သီချင်းတော်တော်
ကြိုက်တယ် လာတိုင်း 2 ခေါက်လောက်
နားထောင်သွားတယ် ... ဘယ်သူဆိုတာ
လဲမကြီး ဖူး...ပျော်ရွှင်ပါစေ မရေ

Sein Lyan Tun said...

အကုသိုလ်ကိုတတ်နိုင်သမျှရှောင်ပါတယ်
ကုသိုလ် ကတော့ ရဖိုးနည်းနေပါသေးတယ်
စိတ်ထားကတော့ ဖြူစင်ပါတယ်
တခါတလေ လွင့်ဖွာကျလာတဲ့ အစက်အပျောက်လေးတွေ
ကွက်ကြားကွက်ကြားမထင်မရှားစွန်းထင်းတာမျိုးတော့ရှိတယ် မဖူးရေ...
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကိုလူထွေး said...

သီရိလင်္ကာကောင်စစ်ဝန်ရုံးမှာဆိုတော့ မြန်မာကောင်စစ်ဝန်ဆီမှာရော မစုဝေးဖြစ်ကြဘူးလား...

းဝျ

Anonymous said...

ကျေးဇူးပါဗျား.။

မိုးခါး said...

မငုံရေ ဖတ် မှတ် သွားပါတယ် ..း)