အခုတလော တဂ်ကြွေးတွေချည်း ဆပ်နေတာလေ။ လာပြန်ပေါ့..မနှင်း ( အပြင်မှာ တော်တော်ချောတယ်.သိလား.:) ဖောက်သည်ချလိုက်ဦးမယ်)။ ငုံရေ.တဂ်ထားတယ်နော်တဲ့။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတဲ့။

မှန်ပါတယ်။ လူ့လောကမှာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ လိုအပ်ပါတယ်။ ကလျာဏမိတ္တဆိုတာ လောကီစီးပွားရေးတင်မကပါဘူး။ သံသရာလွတ်ကြောင်းထိမှာပါ အဓိကနေရာမှ ပါဝင်နေတယ်လေ။

ကျွန်မတို့ မြန်မာစကားပုံမှာတောင် ရှိတယ်လေ။ “တံငါးနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး “တဲ့။ ပတ်ဝန်းကျင်ကြောင့် အများကြီး ပြောင်းလဲသွားနိုင်တယ်။ စိတ်ဓာတ်ရေးရာမှာလည်း ကြီးပြင်းရာ ပတ်ဝန်းကျင်ဒေသအလိုက် အကျင့်စရိုက်တွေ ပြောင်းလဲသွားကြတယ်မဟုတ်လား။ ကျွန်မတို့ ငယ်ငယ်ကသင်ဖူးတဲ့ ကျေးညီနောင်လိုပေါ့။ ဒီတော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်း၊ ၀န်းကျင်ကောင်းတွေ လိုကို လိုအပ်ပါတယ်။ သူတို့ကနေမှတဆင့် ကိုယ်မသိတာ၊ ကိုယ်မှားယွင်းနေတာကို သိရှိပြီး တဖြည်းဖြည်းနဲ့ သူတို့နဲ့အတူ လိုက်လံ ပြောင်းလဲမိသွားတယ်လေ။ ဘယ်လောက်ပဲ ဆိုးမိုက်တေလွင့်နေသူပဲဖြစ်ဖြစ် တကယ့် မိတ်ဆွေစစ်မှန်သူ၊နဲ့ တွေ့တော့ မယုံနိုင်အောင် ပြောင်းလဲသွားတတ်ကြပါတယ်။ တချို့ကျတော့လဲ ပတ်ဝန်းကျင်က နားလည်မပေးတတ်တော့ သိပ်မဆိုးခင် အခြေအနေကနေ အရွဲ့တိုက်မှု့တွေ ဖြစ်ပေါ်လာပြီး နောက်ဆုံး ပြုပြင်ပြောင်းလဲလို့ မရတာတွေ အများကြီး ဖြစ်လာရပါတော့တယ်။ တချို့တချို့တွေ ရှိပါတယ်။ စိတ်ထားလေးတော့ ကောင်းပါရဲ့။သူငယ်ချင်းက မြှောက်ပင့်စားနေသူတွေ၊ ရှေ့မှာတမျိုး နောက်ကွယ်တမျိုးနဲ့ စိတ်ထားမမှန်တဲ့သူတွေနဲ့ မိတ်ဆွေပေါင်းသင်းဖြစ်ရတော့ ကိုယ့်အတွက် ဒီဘ၀တင်မကဘူး။ နောင်သံသရာအတွက်ပါ အကျိုးမရှိတတ်တာမျိုး ဖြစ်သွားတာတွေ အများကြီးတွေ့ဖူးပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင်ဆိုတာက လူတယောက်ကို ပြောင်းလဲရာမှာ အများကြီး ပါဝင်နေတယ်။ မိတ်ဆွေကောင်း ၊ ၀န်းကျင်ကောင်း ရှိရက်နဲ့ ပါဝင်မှု့မရှိလာတာတွေလဲ အများကြီးပါပဲ။ ဘယ်တတ်နိုင်မှာလဲ။ တတ်နိုင်သလောက် ကိုယ်ပြောဆိုပေးပြီးပြီပဲ။ ကျွန်မကို လူတယောက် ပြောဖူးသလိုပေါ့။ ကိုယ်က တရားပြောပေမဲ့ သူ့က မလိုက်နာနိုင်ရင် မကြိုက်ရင် မတရားဆိုတာ ဖြစ်လာတော့ သူ့အတွက် ပိုအကုသိုလ်ဖြစ်တာပေါ့တဲ့။

ကျွန်မဆိုလဲ ဘာပြောပြော သူငယ်ချင်းအပေါင်းအသင်း တော်တော်များတယ်။ တချို့တလေ စိတ်ထားမမှန်သူတွေနဲ့ ဆုံဆည်းဖူးပေမဲ့လည်း ခဏပဲပေါ့။ ဒါကိုလဲ ကိုယ့်အတွက် သင်ခန်းစာပေးတယ်လို့ပဲ မှတ်ယူတယ်။ ကံကောင်းပါတယ်။ ကျွန်မရရှိခဲ့တဲ့၊ ရရှိထားတဲ့ သူငယ်ချင်း အပေါင်း အသင်းများက ကျွန်မကို ကောင်းစေချင်လို့ ပြောဆိုဆုံးမနေသူတွေချည်း။ ဆိုးနေတာ ကျွန်မပေါ့။ ဟုတ်လား??? :))

ကျွန်မကတော့ ရှင်းပါတယ်။ ကျွန်မလူတစ်ယောက်ကိုခင်ရင် ကျွန်မရဲ့ စိတ်ခံစားချက်အတိုင်းပဲ ခင်တတ်တယ်။ ခင်ချင်ရင်ခင်တယ်။ မခင်ချင်ရင် ဘယ်လောက်ကောင်းပြပြ မခင်တတ်ဘူး။ ဒီတော့ ကျွန်မက မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတယောက်လားဆိုတာ မသိပေမဲ့ ကျွန်မရဲ့စိတ်အတိုင်း ဟန်မဆောင်ပဲ နေတတ်လို့ တခါတရံ စိတ်ပျက်မှု့တွေရှိလာရင် တောင်းပန်ပါတယ်။ တမင်တကာ ရည်ရွယ်လုပ်ဆောင်လိုက်တာ တစ်ခုမှမရှိပါဘူး။ ပတ်ဝန်းကျင်မိတ်ဆွေတွေအတွက် မိတ်ဆွေကောင်းတစ်ယောက် မဖြစ်လာနိုင်ရင်တောင် အဆိုးတွေ ပေးမဲ့သူတယောက်အနေနဲ့တော့ မနေချင်ပါဘူး။ ကြိုးစားနေဆဲသူတစ်ယောက်ပါပဲ။

အမှန်က ကျွန်မဒီခေါင်းစဉ်လေးကို ကျွန်မနာယူဖူးတဲ့ တရားတွေနဲ့ ပြောပြချင်တာ။ ဒါပေမဲ့ ကျွန်မ သိတာနည်းတဲ့အတွက် မပြည့်စုံမှု့တွေ၊ အမှားအယွင်းတွေရှိလာမှာစိုးတယ်လေ။ အခုတော့ ဒီလောက်နဲ့ ကျေနပ်မယ်ထင်ပါတယ်။ ကဲ မနှင်းရေ..ကျေနပ်တယ်မလား..

14 comments:

yehtutnaung said...

အကောင်းဆုံးနည်းလမ်းပဲ...။ ကျွန်တော်ကတော့ အားပေးတယ်...။ မိတ်ကောင်းဆွေကောင်း တိုးပွားပါစေ..။

mysterysnow said...

ငုံရေ
ကျေးဇူးပါနော်...
ငုံရေးပြသွားတဲ့ ပုံစံလေးကလဲ
ကောင်းပါတယ်...
မှန်လဲ မှန်ပါတယ်...
သူငယ်ချင်းကောင်းတွေနဲ့ ဆုံတွေ့နိုင်ပါစေနော်....

khin oo may said...

တို့တော့ဟန်ဆောင်တတ်တယ်။ သူများကိုတော့ဒုက္ခမပေးတတ်ပါဘူး။

ကိုလူထွေး said...
This comment has been removed by the author.
ကောင်းကင်ပြာ said...

ကြိုးစာနေဆဲ သူတယောက်ဆီ ကြိုးစာနေဆဲ မကြီးလာဖတ်တယ် ညီမလေးရေ

အိုက်ခီလောက် said...

မဖူးနင့်တော်တယ် ငါတော့ယောင်ချာချာဖြစ်နေတုန်းပဲ
အဟေး ရူးချင်ယောင်ဆောင်နေတာ တပ်စ့်ပိုစ် တွေကို
ခုတောင် အတော်များနေပြီ
ကိစ္စမရှိပါဘူးလေ ဖိုးအင်ဝမ်းတို့  ၊ ဖိုက်အင်ဝမ်း တို့ လုပ်လိုက်မယ် စောင့်လိုက်မယ် ဘူဒူကျန်သေးယဲသိဖူး
နင့်တော့ဒီတောင်ကျော်သွားပြီပေါ့

Sein Lyan Tun said...

ကျနော်လဲခံစားချက်ပါမှ ခင်လို့ရတယ်
မငုံရေးထားတာတကယ်ကောင်းတယ်
တရားသဘောကိုလဲနားလည်ပါတယ်...
ကျေနပ်တယ်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

မှန်ပါတယ် သူငယ်ချင်းကောင်းဆိုတာ မရှိမဖြစ်ပါပဲ။ တခါတလေ စိတ်သဘောထားချင်းမတိုက်ဆိုင်ရင်တောင် ခင်မင်မူလေးတွေ မြဲနေတာပါပဲ... ကြီးဒေါ်ကိုတော့ ခင်ပြီးသားပဲ အဟဲဟဲ


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ကိုယ့်မှာ သူငယ်ချင်းကောင်းတွေရှိတယ်ဆိုတဲ့ ခံစားမှုက
အရမ်းပျော်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သူငယ်ချင်း
ကောင်းတွေနှင့်အတူ မငုံ ပျော်ရွှင်ပါစေလို့ ဆုတောင်း
ပါတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

မိုးစက်အိမ် said...

မဖူးရေ အနော်က forever best fri
list ထဲမှာပါတယ် မဟုတ်လားဟင် :)
ဖတ်နေရင်းနဲ.ဗျာ အမအောက်ကပြောသလို ဆက်
ဖတ်ချင်တာ အမက မရေးတော.လို. ...
အမရေးတာတွေကိုတော. ကြိုက်တယ်အမရေ အမ က
ရင်တွင်းဖြစ်ကို ဒဲ.ရေးလို.ပါ

ခမ်းကီး said...

လေးစားပါတယ်။

kiki said...

မိတ်ဆွေကောင်းလေး .. တငယ်ဂျင်းကောင်းလေး ..ငုံလေး ရေ ...
ငုံလေး က အရမ်း သဘောထား ပြည့်ဝ တာဘဲ ..ဟန်လည်းမဆောင်တတ်ဖူး ..
နေကောင်းအောင်လည်း နေအုံးနော်..

အဟိ..
ဖွားကိ ..အသုံးလိုနေလို့  နဲနဲ ပါးပါး သိန်းတရာ လောက် ချေး နော် ..နော်.. နော်...
အဟိ....

ကိုလူထွေး said...

မငုံရေ...
ကိုလူထွေးက မငုံကို အဆိုးတွေပေးမိလားမသိ...

မငုံခင်ဖို့ကောင်းတာကိုတော့ လာလည်ဖူးတဲ့သူတိုင်း သိပါတယ်ဗျာ...းဝ)

(ဖွားကိက ဟိုတနေ့ကလဲ လောင်းကစားလုပ်ပြီး ၈ သောင်းမြတ်ပြီးပြီ... မငုံဆီမှာလဲ ငွေလာချေးတာလား...းဝ))

Anonymous said...

ကိုယ့်အတွက်နည်းနည်းလေး မဆိုစလောက်ချန်ပြီး စိတ်ရင်းအမှန်နဲ့ ခင်လိုက်ရင် အကောင်းဆုံး ဖြစ်နိုင်မယ် ထင်တယ် ... မငုံလား ?? ... မငုံက ကိုယ်တွေထက်စာရင်တော့ အများကြီး တတ်သိနားလည် တဲ့သူ ဖြစ်မှာပါ ... ကိုယ်တွေကတော့ ကလေးလိုလို ... ..... အဲ .. နောက်ဆက်တွဲတော့ ဆက်မပြောတော့ဘူး :D