ကဲ ဒုတိယအကြိမ် kish island လေးကို သွားရတာကတော့ မတ်လ.၃ရက်နေ့လေးမှာပေါ့။ ဒီတခါသွားရတာ အရင်တခါလို ကြောက်မနေတော့ပါဘူး။ စိတ်ညစ်တာလေးပဲရှိတယ်။ မသွားခင်လေး စိတ်လေးနေတာပဲရှိတယ်။ ဘာဖြစ်မှန်းမသိဘူး။ ဒါနဲ့ ဘုရားစာကို အရင်ကထက် ပိုရွတ်နေမိတယ်။ နေ့လည်တစ်နာရီကျော်မှာတော့ အဒေါ်က လေဆိပ်လိုက်ပို့တော့ မောင်ဝမ်းကွဲ အစိုင်းနဲ့ အဒေါ်သူငယ်ချင်း မဦးတို့ပါ လိုက်ပို့ပေးကြတယ်လေ။

အင်းးပြောမပြောချင်တော့ပါဘူး။ Rambo-4 အကျိုးပေးလိုက်ပုံက ကားပေါ်မှာ မဦးနဲ့ အစိုင်းက Ramboအကြောင်းပြောတာ အားရပါးရနဲ့ပေါ့။ ကျွန်မနဲ့ အဒေါ်ကလဲ မကြည့်ရသေးတော့ နားထောင်လိုက်တာ သူတို့အပြောထဲမျောသွားတာ့ပါပဲ။ အဲဒီချိန်မှာ မီးပွိုင့်ခမ်းလှမ်းလှမ်းအရောက်မှာ မီးစိမ်းကနေ အ၀ါပြောင်းရန် အချက်ပြတော့ အဒေါ်က ကျွန်မကို “ ဖူး.ပွိုင့်လွတ်နိုင်သလား” တဲ့။ ကျွန်မကလဲ တချက်ပဲကြည့်လိုက်ပြီး လွတ်တယ်ပေါ့။ အမှန်လဲ မီပါတယ်။ ဒါနဲ့ အဒေါ်က အရှိန်မြှင့်လိုက်ရော.ရှေ့က ကားက ၀ါတောင် မ၀ါသေးဘူး။ ရုတ်တရက် ရပ်လိုက်တော့ သွားပြီဆိုတာပဲ သိလိုက်တယ်။ အရှိန်က တအားပြင်းနေတော့ ဘရိတ်အုပ်လဲ မမီတော့ဘူး။ မျက်စိကို စုံသာမှိတ်ချပြီး ဘုရားသာတလိုက်တော့တယ်။ ၀ုန်းကနဲ့ တချက်ကြားပြီ ခဏငြိမ်သွားမှ မျက်စိဖွင့်တော့ ကိုယ်ဘာသာကိုယ်အရင်ကြည့်တော့ ဘာမှမဖြစ်ဘူး။ နည်းနည်းလေး ဆောင့်မိတာပဲရှိတယ်။ နောက် အဒေါ်ကို ကမန်းကတန်းကြည့်လိုက်တော့လဲ စီယာတိုင်ကို တင်းနေအောင် ဆုပ်ထားပြီး ခေါင်းငုံ့ထားတယ်။ နောက်မော့လာတော့ ဘာမှမဖြစ်၊ နောက်မှာ ထိုင်နေတဲ့ မဦးနဲ့ အစိုင်းလဲံ ဘာမှမဖြစ်နဲ့ဗျာ။ ကံတော်တော်ကြီးပေလို့ပဲနော်။ ကားရှေ့ပိုင်းကတော့ ရစရာမရှိ ပျက်စီးသွားတာ ကားထဲပါတဲ့သူတွေ တစ်ယောက်မှ ဘာမှမဖြစ်တာ အံ့သြလို့မဆုံးဘူး။

အဲဒီလို ကားမတိုက်ခင်လေး မဦးနဲ့ အစိုင်း လုပြောနေတာက ရမ်ဘိုကွာတဲ့ ဘယ်လောက်များ အမြင်ကတ်တယ်မသိ။ ပစ်လိုက်တဲ့မျှားတိုင်းက နဖူးကို ရွှီးးးးးးးဆိုပြီး အထိပဲ ရောက်လိုက်တယ်။ ကားလဲ ၀ုန်းကနဲ့ တိုက်တော့တာပါပဲ။ သူတို့ အားရပါးရပြောနေလိုက်တဲ့ ရမ်ဘိုအကြောင်း မျောသွားလိုက်တာ kish မရောက်ပဲ ဆေးရုံရောက်ကိန်းဖြစ်ပါပဲ။

ကျွန်မကလဲ မသွားလို့မဖြစ်ဘူး။ အမှန်ဆို ကျွန်မရှိနေတော့ ဘာပြောပြော တူအရီးနှစ်ယောက် တိုင်ပင်လို့ရတာပေါ့နော်။ အခုတော့ အဒေါ်ပဲ ဖြေရှင်းရတာဆိုတော့ စိတ်လဲမကောင်းဘူး။ စိတ်ထဲမှာလဲ တွေးလိုက်ပါတယ်။ စိတ်လေးနေတာ ဒီလောက်နဲ့ပဲ တန့်သွားလို့ပေါ့။ kish မှာ ဘာမှမဖြစ်ရင် ပြီးတာပဲလေလို့ ဖြေတွေးတာ သရဲခြောက်တဲ့ အခန်းမှာ နေရတော့တာပါပဲ။

ဒီတခေါက်မှာတော့ ကျွန်မတူတူနေရတဲ့ ဖီလစ်ပိုင်တွေက သဘောကောင်း ၊ ကူညီတတ်သလို၊ အားလုံးက အေးဆေးသမားတွေချည်းပဲဆိုတော့ အဆင်ပြေတာပေါ့။ ကျွန်မကတော့ ထုံးစံအတိုင်း လေဆိပ်မှာ ခင်လာတာလေ။ အဒေါ်ကြီးနှစ်ယောက်ပေါ့။ ရောက်တဲ့ညမှာ ကြိုရောက်နေတဲ့ ဖီလစ်ပိုင်မလေး နှစ်ယောက်က ကျွန်မတို့ရောက်လာတာ တအားဝမ်းသာတဲ့ပုံစံနဲ့ပေါ့။ နောက် သူတို့ဘာသာစကားနဲ့ သူတို့ပြောနေတော့ ကျွန်မတယောက်တည်း ဘာမှမသိပဲ အိပ်ချင်တာနဲ့ အခန်းထဲမှာ အိပ်နေတယ်။ တရေးနိုးလာတော့ အားလုံးက ဧည့်ခံမှာစုထိုင်ပြီး စကားပြောနေကြတယ်။ ကျွန်မလဲ ထပြီး မအိပ်ကြဘူးလား လို့မေးတော့ သူတို့က မအိပ်ချင်ဘူး။ အိပ်ပျော်နေလား။ဘာညာနဲ့မေးတော့။ ကျွန်မလဲ ဟုတ်ကဲ့ ၊ အိပ်လို့ကောင်းတယ်ပေါ့။

နောက်ကျွန်မလဲ ဆက်မအိပ်ချင်တာနဲ့ သူတို့နဲ့ထိုင်စကားပြောနေတုန်း အခန်းထဲကနေ ညီးသံလိုလို၊ ဟောက်သံလိုလို ကြားလိုက်တယ်။ရုတ်တရက် လူက တအားလန့်သွားတယ်။ ဘာလို့လဲဆိုတော့ ခဏက ကျွန်မတယောက်ထဲ အခန်းထဲမှာရှိနေတာလေ။ အဲဒီမှာ ကျွန်မနဲ့ လေဆိပ်မှာ ခင်လာတဲ့ အန်တီကြီးက ဘာမှမဖြစ်ဘူး။ ဘာမှမဟုတ်ဘူးဆိုပြီး ကျွန်မကို ဖက်ထားလိုက်တဲ့ အချိန်မှာ သဘောပေါက်သွားတယ်။ တခါမှလဲ မကြုံဖူးတော့ ကြောက်တာပေါ့လို့။ ထုံးစံအတိုင်း မျက်ရည်က ကျလာပါရော။ တညလုံးဘယ်သူမှ မအိပ်ကြဘူး။ ကျွန်မကပြောတယ်။ အခန်းပြောင်းရအောင်။ သွားပြောပြီးပြောင်းရအောင် ဆိုတော့ အရင်ကြိုရောက်နေတဲ့သူတွေက ပြောပြီးပြီတဲ့။ သူတို့ဘာသာအရ ယုံကြည်မှု့မရှိဘူးတဲ့။ နောက်အခန်းတွေကလဲ ပြည့်နေပြီတဲ့။

ကျွန်မကို သူတို့မပြောတာက ရောက်ကတည်းက အိပ်ချင်နေတာဆိုတော့ သိသွားရင် ကြောက်ပြီး အိပ်မရမှာစိုးလို့မပြောတာတဲ့။ တော်သေးတာပေါ့။ ကျွန်မတယောက်တည်း အခန်းမှာ အိပ်နေတုန်း လာမခြောက်တာပဲ ကျေးဇူးတင်ရမယ်။

ဒီဒုတိယအခေါက်မှာတော့ ဗီဇာရတာကလဲ မြန်လို့ နှစ်ရက်ပဲနေခဲ့ရတယ်။ အတူတူလာတဲ့ အန်တီတို့နဲ့ပဲ တူတူပြန်ရတော့ အဆင်ပြေတာပေါ့။ အရင်ကြိုရောက်နေတဲ့ ကောင်မလေးကတော့ ဗီဇာမရောက်လာသေးတော့ ကျွန်မတို့ ပြန်တော့ ငိုပြီးကျန်ခဲ့တယ်။ သနားပါတယ်။ စိတ်ထဲမှာ ဘယ်လောက်များ အားငယ်ကျန်ခဲ့လိုက်မလဲနော်။ သူတပါးတိုင်းပြည် ရောက်သွားရင် မိန်းကလေးတယောက်အတွက် ဘယ်လောက် သတ္တိရှိပါတယ် ပြောပြော အဆင်မပြေနိုင်ပါဘူး။ တအား သတိနဲ့ နေ၊စား၊ သွားမှ တော်ခါကျတာပေါ့နော်။

ဒီတခေါက် kish အသွားမှာ ကံကောင်းလို့ သေကံမရောက် သက်မပျောက်သလို ရောက်ပြန်တော့လဲ နှစ်ရက်လုံးလုံး ဧည့်ခန်းမှာပဲ ထိုင်နေရ။ အိပ်ချင်ရင်တော့ ခဏလေး လူမှီပြီး မှေးခဲ့ရတယ်။

Kish ကိုသွားဖူးတဲ့သူနဲ့ တွေ့တိုင်း သိရတာက ထပ်မသွားချင်ဘူး။ စိတ်ညစ်ဖို့ကောင်းတယ်။ Kish ထွက်ရမှာ ကြောက်တဲ့သူချည်းပဲ။ ကျွန်မကတော့ ဒီလောက်ပဲကြုံတွေ့ရတာ ကံကောင်းတယ်လို့ တွေးမှတ်ပါတယ်။ ဘုရားတရားနဲ့ မိဘမေတ္တာပို့သမှု့တွေကြောင့်လို့ အမြဲမှတ်ယူတယ်။

ကဲ.ကျွန်မရဲ့ Kish Island အကြောင်းလေးက ဒီလောက်ပါပဲ။ နောက်အပိုင်းမှာ အခုလက်ရှိအလုပ်ရဲ့ထူးဆန်းတဲ့အင်တာဗျူး၊ ဒူဘိုင်းရာသီဥတုနဲ့ တခြားအကြောင်းလေးကို ကြုံတွေ့ခဲ့ရသလောက်လေး ပြောပြချင်ပါတယ်။။

ဆက်ရန်..

9 comments:

ကိုလူထွေး said...

တော်သေးတာပေါ့.. ဒီတစ်ခေါက်က မြန်ပေလို့... အဆင်ပြေသွားတယ်ဆိုတော့ ဝမ်းသာစရာပေါ့...

အခုတော့ ထပ်မသွားရတော့ဘူး မဟုတ်လား...

ခင်တဲ့
းဝ)

အိုက် ချီ ခန့် said...

နံပါတ်မှာ နှစ်.. အဟဲ..
ကိုဖိုးစိန်စတိုင်နဲ့ပေါ့ကွာ.... အဟီး...
ကြည့်ကိုဖိုးစိန် ဘယ်အိမ်မှာ သွားစောင့်နေပြန်ပြီလဲမသိဖူး..
ဒီနေ့ရောက်မလာသေးဖူး.. အဟီး.. သူကျုနေတဲ့ ကောင်မလေးအိမ်များလား မသိဖူး... အဟီး...
.. အဲ.. ငါ့မမယိုတော့ တကယ်အခြောက်ခံရတာလား... တော်ပေသေးလို့ပေါ့ အိပ်နေတဲ့အချိန် ခြေထောက်လာမဆွဲလို့.. တော်တော်ကျယ်လား အသံက အဲဒါလေး စိတ်ဝင်စားလို့ နောက်ပိုစ့်တခု အနေနဲ့ ကျတော့်ကို ရှင်းပြနော်... နော်...
မယိုနော်...။

kiki said...

အွန်မငေး ... ငုံလေးရယ် ။
ဒီငြီးသံ လိုလို ဟောက်သံကြီးက ..ဘယ်ကလာ သူရဲဖြစ်ရမှာလဲဟ .. ညီးတို့ အခန်းထဲကို လာချောင်းတဲ့ အာရပ်ကြီး ညီးကုတင်အောက်မှာ စောင့်ရင်း အိပ်ပျော်သွားလို့ဟောက်သံတောင် ထွက်နေသေးတာ ..အဟေဟေးး...

ရေတမာ said...

မကြီးငုံ နဲ့ခရီးသွားရင် အန္တရာယ်ကင်းတယ်ထင်တယ်..
နောက်ဆက်လမ်းတွဲကို မျှော်ဟော်ဟော် နေတယ်

thondrae said...

ဘ၀ဆိုတာဒီလိုခါးသီးတဲ့ အတွေကြုံတွေလဲတွေ့ ၇တတ် ပါတယ် တချိန်ချိန်မှာအခက်ခဲကျော်လွှားနိုင်ဘို့ အင်အားဖြစ်ကိုဖြစ်စေတာပေါ့ ညီမရေ အစစအစဉ်ပြေချောမွေ့ ပါစေကွယ်

Sein Lyan Tun said...

အဟားးးဟားးးးး
မကီးပြောသလိုဆို
မတွေးရဲစရာပဲ
အပျိုကြီးသေးသေးလေးရေ...
အပျိုကြီးခေါ်တာမကြိုက်တော့
သေးသေးလေးထည့်ခေါ်တယ်နော်
အပျိုကြီးသေးသေးလေးး)
ဘယ်ကတည်းကများ ညည်းချင်နေလဲမသိဘူး
ကိုရီးယားကားလို အပိုင်းနဲ့ဗျ
ချစ်ခင်စွာဖြင့်
ဖိုးစိန်(လူပျိုနုနုထွတ်ထွတ်ချောချောမွတ်မွတ်လေး) အဟီးးးးး

Anonymous said...

အစ်မရေ...နောက်ဆက်ရန်ကိုစောင့်နေတယ်နော်။ (home..!)

Mae said...

kish က လှတယ်ဆိုပေမယ့် ဘယ်မှ မရောက်နိုင်ဘူးပေါ့နော်၊ arab တွေတော့ လန့်ပါတယ်၊

အတွေ့အကြုံတွေကို ဖတ်ပြီး လေးစားပါတယ်

Anonymous said...

ကျန်နေတဲ့ အတွေ့အကြုံလေး လာဖတ်တာ မငုံရေ ... တော်သေးတယ် ဒီတစ်ခေါက်တော့ အဆင်ပြေပြေလေးနဲ့ ပြီးသွားလို့ ...
သရဲခြောက်တာလား ဟုတ်လား ... အီးးးးးးးးးး
သရဲတော့ကြောက်တယ် တကယ် ...

နေဒေးသစ်။