ချစ်သူရေ..ငါတို့နှစ်ယောက်ဟာ မျဥ်းနှစ်ကြောင်း ဆိုရင်တောင် ငါတွေးထင်ခဲ့တယ်လေ။ တနေရာရာမှာ ဆုံမှတ် တစ်ခုရှိလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့…

ချစ်သူရေ.. ငါမျှော်လင့်ထားတဲ့ ဆုံမှတ်မရောက်ခင် ဘာကြောင့်များ နားလည်မှု့တွေ အယူအဆကွာဟမှု့တွေ ဒီလောက်တောင် များနေကြရတာလဲ။ ဒါပေမဲ့…

ချစ်သူရေ..ငါတို့ရဲ့ ဖြတ်မရတဲ့ သံဃောဇဉ်ကြိုးမျှင်လေးက ဒီကွဲလွဲမှု့တွေနဲ့ အခန့်မသင့် ရန်ဖြစ်နေကြတဲ့ ငါတို့နှစ်ဦးကို တစ်ယောက် တစ်လမ်းစီ ဆန့်ကျင်ဘက် ထွက်မသွားအောင် တင်းတင်းပြန်ဆွဲ ထားစေတယ်နော်။ဒါပေမဲ့..

ချစ်သူရေ..ငါလေ တခါတရံ စိတ်ပျက်မှု့တွေ၊ မာနတရားတွေကြောင့် မင်းကိုထားပြီးထွက်သွားဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့…

ချစ်သူရေ.. ငါ့နှလုံးသားရဲ့စေညွှန်ရာက မင်းဖြစ်နေလေတော့ ထွက်မသွားနိုင်ပြန်ဘူး။ မင်းအနားမှာပဲ ၀ဲလည်နေတယ်ကွာ။ငါလေ မင်းရင်ခွင်မှာ မှေးစက်ချင်နေခဲ့တာ ချစ်မိသွားချိန်ကတည်းကပေါ့။ ဒါပေမဲ့…

ချစ်သူရေ..ငါ့အိပ်မက်လေးထဲမှာ မင်းရင်ခွင်ထံပါး မမှေးစက်နိုင်လိုက်ခင် လန့်နိုးခဲ့ရတယ်။

သြော် ချစ်သူရေ..ငါတို့နှစ်ဦး အိပ်မက်ထဲမှာတောင် ဆုံနိုင်ခွင့်မရှိတဲ့ မျဉ်းနှစ်ကြောင်းဖြစ်နေပြီလား။

နိုးထလာတဲ့ မနက်ခင်းနဲ့အတူ ငါ့ပါးပြင်က မျက်ရည်စများက မင်းနဲ့ ဆုံနိုင်ခွင့် မရှိခြင်းရဲ့သက်သေတွေတဲ့လေ။။

13 comments:

ကိုရဲ said...

မျဉ်းနှစ်ကြောင်းဆိုတာ မျဉ်းပြိုင်လား ။ မျဉ်းကွေးလား ။ မျဉ်းကွေးဆိုရင်တော့ ဆုံမှတ်ရှိနိုင်တရ် ။ ပရော်ဘာဘလက်တီအရပေါ့ ။ မျဉ်းပြိုင်ဆိုရင်တော့ နောနော်ရဲ့ သီချင်းလေးကို သတိရတရ် ။ ငါ့အမရေ ...... ကိုယ်ချင်းစာပါတရ် ။း)
နင်တနေ့မှာ နင်ဆုံချင်တဲ့မျဉ်းလေးနဲ့ဆုံတွေ့ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတရ်ဟာ ။


နင့်မောင်(ငရဲ)

မှတ်ချက် . စာကျက်နေရင်းတောင် လာမန့်တာနော် ။ သနားရင် အိပ်ချင်ပြေ ကော်ကော်တစ်ခွက်လာတိုက် ဟိဟိ

Sein Lyan Tun said...

အော် ကိုးနဲ့ဖူးနဲ့က မျဉ်းနှစ်ကြောင်းဖြစ်နေတယ်တဲ့လား။။။
သတိရနေတာလား။။။။။
ပါးပြင်ကမျက်ရည်စတွေက မင်းနဲ့ဆုံနိုင်ခွင့်မရှိခြင်းရဲ့သက်သေဆိုရင်
ပြုံးနေလိုက်ပါလား အေးချမ်းစွာဆုံဆည်းခွင့် ရချင်ရမှာပေါ့...
သြော် အပျိုကြီးကလဲ ခံစားချက်တွေများနေပါပေါ့လားနော်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
လူပျိုလေး

ကိုလူထွေး said...

အဲဒီ မျက်ရည်စက်တွေသာ
အချစ်အတွက် သက်သေဆိုရင်
ချစ်သူရေ... လာကြည့်စမ်း
ဒီမှာ မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ဖြိုးနေပြီ...

(ဘာရယ်မသိ လျှောက်ရေးကြည့်မိသည်)

သူကြီးမင်း (တုံးဖလား) said...

ဆုံနိုင်မှာပါ။ အားမငယ်ပါနဲ့။ မျက်ရည်ဆိုတာ သက်သေပါဘဲ။ အချစ်သက်သေလေ။

တောင်ပေါ်သား said...

တနေ့နေ့ပေါ့ ပြန်ဆုံတွေ့ခဲ့ကြရင် အရင်လို ကျေနပ်မူတွေနဲ့ ပျော်ရွှင်ပါစေဗျာ..

နိုးထလိုက်တော့ မျက်ရည်တွေနဲ့ ပါးပြင်စမှာ အခင်းတခုလုံးလဲ စိုလို့ (ငိုထားခြင်းပါ) အဟဲ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ချစ်သောမျဉ်းနှစ်ကြောင်း အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ။

အဆိပ်ခွက် said...

a way yout nay lae pae .... lar read par tae.. myanmar font ma ya lo par....

poisioncup

yehtutnaung said...

ချစ်သူနှစ်ဦး လမ်းဆုံက လ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး အကြင်နာတွေ ပွားနိုင်ကြပါစေ...။

ခမ်းကီး said...

တမ်းတတာက အဆင်ပြေဦးမယ်။
မျှော်လင့်သလို ဖြစ်မလာရင် နောက်ထပ် ကဗျာတွေ ထပ်ရေးနေရဦးမယ်။ အဟီး.. (^___^)

သုခုမလေဒီ said...

အလဲ့  မငုံကလည်း ဂလိုလား။
မငုံရေ...မြန်မြန်စွံပါစေ။ အဲ.. ဆုံပါစေနော်။ :P

မိုးစက်အိမ် said...

ငါ.အမ မငုံကလေ ပါမန်း လို.မပြောရဘူး
ရူပါရော တော်ကီရော လန်ထွက်နေတာ
ဘဲငါ.အမ ရေ...ကဲ မျဉ်းပြောင်းနှစ်
ကြောင်းရဲ.ဆုံမှတ် သီအိုရီ ကို ထုတ်လိုက်
တော.ငါ. အမရေ...အားပေးလျက်

Lin said...

ဖြတ်မရတဲ့ သံဃောဇဉ်ကြိုးမျှင်လေးက ဒီကွဲလွဲမှု့တွေနဲ့ အခန့်မသင့် ရန်ဖြစ်နေကြတဲ့ ငါတို့နှစ်ဦးကို တစ်ယောက် တစ်လမ်းစီ ဆန့်ကျင်ဘက် ထွက်မသွားအောင် တင်းတင်းပြန်ဆွဲ ထားစေတယ်....
မိုက်တယ် (လိမ္မာဘူး) :)

မိုးခါး said...

တနေရာရာမှာ ဆုံတွေ့နိုင်မှာပါ ..
အိပ်မက်ဆိုးတွေနဲ့ ဝေးပြီး အိမ်မက်လှလှတွေနဲ့ နိုးထနိုင်ပါစေနော် ..း)