ဒီတခါရေးလိုက်မှာကတော့ ရိုးရာဓလေ့မဟုတ်ပါဘူး။ အခုလို မိုးရာသီမှာ ကျွန်မတို့မြို့ရဲ့ မိုးရွာသွန်းပုံလေးကို ပြောပြချင်တာ။ ကျွန်မရဲ့ မွေးရပ်မြေလေးဟာ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့ရယ်လို့ ဆိုရင်မမှားပါဘူး။ နွေရာသီမှာတောင် မနက်နဲ့ ညနေစောင်းချိန်ဆိုရင် အနွေးထည်ဝတ်ထားရတယ်။ အခုတော့ ပြီးခဲ့တဲ့နွေက ပိုပူလာတယ်လို့ ကြားရတော့ အင်းးပေါ့လေ။ရာသီဥတုဖောက်ပြန်နေတာကိုးနော့။ ချယ်ရီပွင့်တဲ့ ဆောင်တွင်းဆို ခိုက်ခိုက်တုန်အောင် ချမ်းသမှ စိမ့်နေတာပါပဲ။ မနက်မိုးလင်းလာရင် အေးခဲနေတဲ့ ရေလေးတွေကို ကစားဖို့လောက်တော့ စိတ်ဝင်စားတယ်။ အချပ်လိုက်ကလေး ဖြစ်အောင် ရေခဲကို ခွာထုတ်ပြီး ကစားတာ ဘာမှလဲမဟုတ်ပေမဲ့ အခုချိန်မှာ ပြန်တွေးတော့ သိပ်ပျော်စရာကောင်းတာပဲ။ မနက်မိုးလင်းလို့ မျက်နှာသစ်ဖို့ ရေနွေးချထားပေးတာတောင် မျက်နှာမသစ်သေးပဲ ဒီလောက်အေးနေတာကို အဲဒီရေခဲချပ်သွားခွာခွာကစားနေလို့ ခဏခဏအအော်ခံရတာလဲ မမှတ်ဘူး။ (အားးးးးလွမ်းလိုက်တာနော်..)

အခုလို မိုးရာသီဆို ရွာပါလိုက်မယ်.မိုး.သင်္ကြန်အပြီးဆိုတာနဲ့ ၇ွာလိုက်တဲ့မိုးက သီတင်းကျွတ်မှပဲ တိတ်တော့တယ်။ တစိမ့်စိမ့်နဲ့ ရွာနေလိုက်တာ တနေကုန် တနေခမ်း။ ဆိုတော့ ဒီလိုမိုးစိမ့်စိမ့်နဲ့ ရွာနေတော့ အပြင်ထွက်ရမှာ ပျင်းတယ်။ မိုးကိုကြည့်ပြီးတော့ အလုပ်မဖြစ်ဘာမဖြစ်နဲ့။ ဒါကြောင့် ကျွန်မတို့ မြို့ခံလူတွေ ပြောစမှတ်ရှိတာက မြို့လေးရဲ့မိုးရွာသွန်းမှု့ကို လူပျင်းမိုးတဲ့။ အ၀တ်တွေလဲ မခြောက်၊ စိုထိုင်းထိုင်းနဲ့ နောက်ဆုံး.နေကလေး တချက်ပွငိ့တာနဲ့ ကမန်းကတန်းနေရောင်ပြ.အဲ သိပ်တောင်မကြာလိုက်ဘူး။ မိုးက ပြန်ရွာနဲ့ ဘယ်နားလာ ခြောက်တော့မှာလဲ။ ဒီတော့ မီးအပူပေးပြီးပဲ ခြောက်အောင် လုပ်ရတော့တယ်။ ကလေးသေးသေးလေး ရှိတဲ့အိမ်ဆိုပိုဆိုးတာပေါ့။ အနှီးလေးတွေ မခြောက်နိုင်တော့ နောက်ဆုံး ခြင်းပေါ် တထပ်ချင်းခင်း ပြီး မီးဖိုဘေးထားတာတို့ မီးအပူပေးတာတို့လုပ်ရတာပါပဲ။ ဒီလိုချိန်မှာ လက်ဘက်ခြောက်တွေ သိပ်မကောင်းဘူး။ ကျက်ခိုးနံ့နံတယ်လေ။ သိတယ်မလား။ လက်ဘက်ခြောက်ဆို ရွှေဖီမိုးလွတ်မှ အကောင်းဆုံးပါပဲ။ ဒီမိုးခြောက်ကတော့ မိုးတွင်းမှာ နေမထွက်တော့ မခြောက်နိုင်တာနဲ့ ကျက်ခိုးတင်ရတော့တာပါပဲ။ မီးခိုးနံ့နဲ့ဆိုတော့ သိပ်မကောင်းဘူးပေါ့။

ကျွန်မသူငယ်ချင်းတစ်ယောက် မြို့ကိုအလည်လာတော့ ဘာပြောသွားတယ်မှတ်လဲ။ သူလာလည်တဲ့ချိန်က သီတင်းကျွတ်နားနီးချိန်ဆိုတော့ မိုးမပျက်သေးဘူးလေ။ ဘယ်နေရာကြည့်ကြည့် တောင်တွေပဲတွေ့တယ်။ မိုးကလဲရွာလိုက်တာ တနေကုန်၊ ဘယ်မှမသွားချင်ပဲ စာအုပ်တအုပ်နဲ့ မီးဖိုဘေး နှပ်နေတာ ထကိုမထချင်ဘူးတဲ့။ ကောင်းရော။ တကယ်လဲ ဘယ်မှမရောက်ဘူး။ ဘယ်မှလဲမသွားဘူး။ အိမ်မှာပဲနေသွားတယ်။ ကျွန်မလဲ တော်တော် အိမ်ရှင်ပီသလိုက်တာများ လူပျင်းမိုးနဲ့အတူ လိုက်ရောရောင်ပျင်းနေတာလေ။:))

ဒါကြောင့်ကြိုပြောထားတယ်နော်။ လာလည်ရင် မိုးတွင်းလာမလည်နဲ့။ ဘယ်မှ လိုက်မပို့ဘူးနော်။။။

14 comments:

Sein Lyan Tun said...

ကျနော်လဲ မိုးတွင်းကိုကြိုက်တယ်...
မိုးအေးအေးလေးမှာ
ဖယောင်းတိုင်မီးထွန်းပြီး
စာအုပ်တစ်အုပ်နဲ့ စောင်လေခြုံပြီး
ကွေးနေရတာ...
မိုးကြီးလေ စာဖတ်လို့ကောင်းလေပဲလေ...
မိုးတွင်လာရင်လည်း စာအုပ်သာများများငှားထာဗျို့....
စာအုပ်ရှိနေရင် လုံလောက်တယ်...
တနေကုန်စားမယ်ဆိုတာလဲ သိထားသင်တယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကိုလူထွေး said...

ဒီနေ့မိုးတွေရွာနေတယ် မငုံရေ...
အိမ်လွမ်းတာကို ကိုယ်ချင်းစာပါတယ်...
အဲလိုမိုးတွေရွာတဲ့နေတွေဆို အလုပ်မသွားရဘဲ အိမ်မှာပဲ ပျင်းနေခွင့်ရရင်လဲ နေချင်ပါတယ်...

းဝ)

(စာကြွင်း... ကိုလူထွေးလဲ ပထမရမလားလို့ လိုက်လာတာ... အခုတော့ ဖိုးစိန်က ဦးသွားပြီ)

လင်းကြယ်ဖြူ said...

ရှမ်းပြည်မှာတော့မသိဝေ..တို့ရန်ကုန်မတော့..မိုးတ္ဂေရ္ဂာရင်

ဝါဆိုဝါခေါင်..ရေတ္ဂေကြီးလို့
ရေရေမြောင်းတ္ဂေ ပိတ်ကြတယ်
သူသူငါငါ အပြင်ထ္ဂက်တော့
ရေရေ နစ်မှာ ဆိုးရတယ်..
ဆိုးတယ်....ဆိုးတယ်.....

မိုးစက်အိမ် said...

မဖူးရေ အနော်ကတော. နွေ မိုး ဆောင်း မရွေးဘူးနော်...
လာလည်မယ် လိုက်ပို.မယ်မဟုတ်လား ... ကျွန်တော်
ကရှမ်းပြည်နဲ. ရေစက် ရှိတယ်နော် ဌဲ ဌဲ

တောင်ပေါ်သား said...

း) မိုးလေးတွေရွာ အိမ်မှာ လက်ဖက်သုတ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ ကောင်းမှကောင်း မိသားစုက စုံစုံလင်လင် ပျော်ရွှင်ခဲ့ရတဲ့ အတိတ်လေးတွေကို သတိရသွားတယ် အမရေ.. ငိုချင်သွားတယ် လာလည်ဘူးဝေးးးး လာလည်ဘူး


လေးစားလျက်
တောင်ပေါ်သား

kiki said...

မိုးရွာရင် မိုးရေချိုးမယ် ။
ငုံငုံ လာရင် နို့ စို့ မယ် ။ အဲ... ဘာစို့ ရင်ကောင်းမလဲ ..
ငယ်ငယ်ကတော့ ဆော့တယ် ။
နောက်တော့ ဝတ္ထု ဖတ် ပြီး နှပ်တယ် ။
နောင်တော့ ပုတီးဘဲ စိတ် ရ တော့ မယ် ကွယ်..

ဖွားကိ။

Anonymous said...

မိုးလေး တစိမ့်စိမ့်လေးနဲ့ လမ်းထွက်ရတာကို သဘောကြတယ်။ ခေါင်းကိုမော့ပြီး မိုးစက်တွေ မျက်နှာပေါါ်လာထိတဲ့ ခံစားမှုကို အရမ်းနှစ်သက်တယ်။ အမကတော့ မိုးရွာရင် ထီးမဆောင်းပဲ မိုးရေထဲမှာ ဒီတိုင်းလမ်းလျှေက်ဖြစ်တယ်။ ဒါကြောင့် မိုးတွင်းလာလည်ရင် လိုက်ပို့ပေးပါနော်။

kaungkinpyar said...

ငုံကလေး လာလည်မလို့ တို့က အအေးကြိုက်၊ မိုးရွာတာတော့ မကြိုက်

ကိုလူထွေး said...

မိုးရွာတော့လဲ အငုံကလေးတွေ အဖူးကလေးတွေ ပွင့်လာကြတော့မှာပေါ့...

မဆိုးပါဘူး မငုံရဲ့...

းဝ)

တလနွန် said...

မိုးရွာတဲ့ရက်တွေကို ကျနောအရမ်းကြိုက်တယ်။
မိုးရေထဲမှာ ဆိုင်ကယ်လိုက်စီးပြီး ကော်ဖီပူပူ
သောက်ရတာကိုလည်း သဘောကျတယ်။
မငုံတို့ လို အိမ်မှာနှပ်နေရတာ ပျင်းတယ်။ :)
စကားမစပ် မငုံတို့ က ရှမ်းပြည်ဘယ်မြို့ ကလဲ။
ကြုံရင် လာလည်မလို့  :)

Anonymous said...

မိုးတွင်းပဲ လာလည်ချင်တယ် ... ဘာလို့လဲဆိုတော့ လျှောက်လည်ရတာ ပျင်းတယ် ... ခြေထောက်ညောင်းတယ် .... ထိုင်ပြီး အေးအေးလေးပဲ စာဖတ်နေချင်တယ် ... အင်း မုန့်တစ်ခုခုလည်း စားချင်သေးတယ် ... ဘာလေးကောင်းမလဲ .. ရွှေဖီမိုးလွတ် လက်ဖက်ခြောက်လေးနဲ့ လက်ဖက်သုတ် လေးနဲ့ .. ထမင်းကြမ်းလေး ... ဟူးးးးးးးးးးးး အိမ်ပြန်ချင်လိုက်တာ ...........
နေဒေးသစ်။

ခမ်းကီး said...

မိုးတွင်းပဲ အားလပ်ရက် ရတာ။
မိုးတွင်းဆို မလာနဲ့..တဲ့..။ !__!

Dream said...

တီတီငုံကြီး..ဒါဆို ဆောင်းတွင်းလာလည်မယ်... နော်..
နေရာအနှံ လိုက်ပို့ရမယ်.. အဟဲ..နော်..နော်..

အာဝါးးးးးးးးးးး

စိတ်စမ်းရေ said...

တောင်ပိုင်းကဆိုအအေးဆုံးမြို့က ဘာမြို့လဲ
ဟင်...။ မသိလို့မေးတာပါ....။ ရှမ်းပြည်တော့
တခါပဲ ရောက်ဖူးတယ်...။