အမှတ်မထင် လက်တစ်စုံကို
ဆုပ်ကိုင်မိတော့ ငါထင်ခဲ့တယ်
နွေးထွေးမှု့က အမြဲတမ်းပေါ့ ။

အမှတ်မထင် လက်တစ်စုံကို
ပိုတင်းကျပ်ချိန် ငါထင်ခဲ့တယ်
ဘယ်တော့ခါမှ မလွှတ်ဘူးပေါ့ ။

အမှတ်မထင် လက်တစ်စုံက
လွတ်ထွက်သွားတော့ ရွတ်ဆိုမိတယ်
nothing left..empty တဲ့ ။

19 comments:

မိုးစက်အိမ် said...

အလဲ. စားတယ် မဖူးရေ ကဗျာလေးက
ငါ.အမလည်း empty မဖြစ်စေနဲ.နော်... :D

Anonymous said...

ခံစားချက်တွေ ပွင့်ထွက်ကုန်နေပြီ ... nothing left .. empty ....
ပိုင်ဆိုင်မှု
ဆုပ်ကိုင်မှု
စွန့်လွှတ်ခွဲခွာမှု
.............................
ကဗျာလေး အရမ်း သဘောကျတယ် copy paste လုပ်တယ် ... သူများပေးဖို့တော့ မဟုတ် .... ခံစားချက်ပြင်းတဲ့ ကဗျာလေး တစ်ပုဒ် ရင်ဘတ်ထဲထည့်သိမ်းထားချင်လို့ ....
နေဒေးသစ်။

ကိုလူထွေး said...

သူငယ်ချင်းတွေက တယ်ခင်ကြတာကိုးးးး

းဝ)

kaungkinpyar said...

အမှတ်ထင်ထင်လေး ကိုင်မိရင်ရော ငုံရေ

လင်းကြယ်ဖြူ said...

မိုက်တယ်ဗျာ..
Empty တဲ့.....
ဟုတ်တယ်နော် မထင်မှတ်ပဲ Empty ဖြစ်ဖြစ်သ္ဂားတတ်တယ်....

အိုက်ခီလောက် said...

အမှတ်မထင်ပေမယ့် ရင်တစ်ခုလုံးတုန်ခါသွားတာပဲ
တစ်ခဏသာလို့ ထင်ပေမယ့် တစ်ဘဝစာဖြစ်သွားရော

အမှတ်မထင် သူ့ လက် တင်းကျပ်စွာဆုပ်ကိုင်လာချိန်
တစ်ခဏလေးမှာပဲ ပြန်လျော့သွားမယ်လို့ မထင်မိဘူး

အမှတ်မထင် လက်တစ်စုံက လွင့်ထွက်သွားတော့
တစ်ခဏလေးပါပဲ ငါ့ဆီဘယ်တော့မှပြန်မလာတော့ဘူးလို့ 

အမှတ်မရချင်ပေမယ့်လည်း အမှတ်ရနေမိတာ အမှတ်မထင်ပါပဲ
ဒီလိုအမှတ်မထင် တာလေးကို ဂရုမစိုက်ဘူးဆိုရင်
တစ်ခဏလေးမှာဖြစ်ပျက်ခဲ့တာကို ဘယ်တော့မှမမေ့ဘူးပေါ့နော်

နင့်လိုပဲ အမှတ်မထင်ခဲ့တဲ့ အိုက်ခီလောက်

Sein Lyan Tun said...

ဘယ်သူ့လက်တစ်စုံလဲ မငုံလေး

သိနေတယ်နော်...

ပြောချလိုက်ရမလား...

ပြောတာပြောတယ် မငုံရယ်...

မပျော်ဘူးဟ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကျနော့်ကို ကိုင်ဆုပ်မယ့်လက်တစ်စုံလဲ ပျောက်နေတယ်

ကိုရဲ said...

မငုံ ငါရောက်ပါတရ် ။ အေးဟာ အတူတူပါပဲ ။ နင်သဘောပေါက်ရင်ပြီးတာပဲလေ ။ သတိရနေပါတရ် ။

(မောင်ရဲ)

ရေတမာ said...

မငုံ.......ဘယ်နဲ့ဘာမှမကျန်ရမှာလဲ.......လက်တစ်စုံကျန်သေးတယ်လေ.......

မေလေး said...

မမငုံ
လာဖတ်မိမှ အဟောင်းတွေ အစုတ်ဖြစ်ကုန်တော့တယ်.. တကယ်ကို empty ပါဘဲမမရယ်။
ခင်တဲ့
မေလေး

Anonymous said...

မမငုံလေး
ကဗျာလေးကောင်းတယ်ရှင်
း)

တောင်ပေါ်သား said...

empty empty ကဗျာလေး ခံစားသွားတယ် အမရေ
တောင်တော်လေး ခံစားချက်ပါတယ်ထင်တယ် .. အစစအရာရာ အဆင်ပြေပါစေ ကြီးဒေါ်


လေးစားလျက်
တောင်ပေါ်သား

ခမ်းကီး said...

ကောင်းလိုက်တာ..
တိုပေမယ့် အဓိပ္ပါယ်များတယ်။

တလနွန် said...

ကဗျာလေး ကောင်းတယ်။ လက်တစ်စုံမှာ အဓိပ္ပါယ်တွေ အများကြီးပဲ။ နွေးထွေးမှု အားပေးမှု နောက်ဆုံးစွန့် လွတ်ခွဲခွာခြင်းလားပေါ့။ မငုံကို ကြင်နာစွာ လက်တစ်စုံ
ကမ်းမဲ့ အကိုး နှင့် မြန်မြန် အဆင်ပြေပါစေ။။

ခင်မင်ခြင်းနှင့်
တလနွန်

ကြယ်ပြာ said...

လက်တစ်စုံကိုခံစားသွားပါတယ် ...
ရေးထားတာလေး သဘောကျတယ်မငုံရေ ....

အဆိပ်ခွက် said...

လာရောက်ခံစားသွားတယ်နော်.. ကောင်းတယ်..

ခင်မင်လျှက်
အဆိပ်ခွက်

mysterysnow said...

ငုံရေ
မမြဲခြင်းတရားတွေ...
လက်တစုံက တွဲထားတုန်းခဏလေးပဲနော်...
ခွဲလိုက်တဲ့ အချိန်မှာတော့....
ဘာဆို ဘာမှ မကျန်တော့ဘူး...

Anonymous said...

အဲဒါင်္သခါရ သေဘာတွေပေါ့ဗျာ..။ တချိန်မှာလူတိုင်းနှုတ်မဆက်ပဲ ရုတ်တရက် ခွဲသွားတတ်တယ်လေ။ အဟေဟေ ဆ၇ာကြီးလုပ်သွားတယ်.။

မိုးခါး said...

မရေ
ပြီးသွားတော့လည်း THE END ပေါ့နော် .. :D