A smile is the light in your window that tells others that there is a caring, sharing person inside.

ဒီပိုစ့်ကို ရေးဖြစ်ရတဲ့ အကြောင်းရင်းလေးကတော့ ကျွန်မမောင်ဝမ်းကွဲ စိုင်းကနေပြီး Forward လုပ်လာတဲ့မေလ်းကနေ စိတ်ကူးရမိတာပါ ။

ပြုံးရယ်နေတဲ့သူကိုတွေ့ရရင် သိပ်စိတ်ချမ်းသာတာပါပဲနော် ။ ပြုံးတယ်ဆိုတဲ့နေရာမှာလဲ တကယ့်ကို နှစ်နှစ်ကာကာ ပြုံးတတ်ဖို့ လိုပါတယ် ။ ဒါဆိုရင် ပြုံးပြခြင်းခံရတဲ့သူလဲ စိတ်ချမ်းသာသွားမယ်လေ ။
ကျွန်မလဲ အစကပြုံးရယ်မနေတတ်ဘူး ။ ငယ်ငယ်ကဆို မျက်နှာစူပုတ်ပုတ်နဲ့ တလောကလုံးကို တင်ကျွေးထားရတဲ့ အတိုင်းပေါ့ ။ အဲဒီလိုနေတော့ တွေ့တဲ့သူတိုင်းက ဘာများစိတ်ဆိုးလာသလဲလို့ တွေးထင်ကြတယ် ။ သူတို့လဲအနေခက် ကိုယ်လဲ မပျော်ဖြစ်တာပေါ့ ။ ကျောင်းမှာဆိုလဲ ကျောင်းမှာမို့လို့ စူပုတ်နေတော့ သူငယ်ချင်းတွေက အနေရခက် ။ သူတို့ ဘာအမှားများလုပ်မိလဲလို့ တွေးကြပေါ့ ။ အလုပ်ထဲရောက်တော့လဲ မျက်နှာထားက စူပုတ်တင်းနေတော့ လုပ်ဖော်ကိုင်ဖက်တွေက ပြောရမဲ့ကိစ္စတွေ ရှိရင်တောင် မပြောရဲကြတော့ဘူး ။ စိတ်ညစ်တာပေါ့ ။ ကျွန်မမျက်နှာ ပြုံးရယ်နေရင် သူတို့လဲ ပျော်တယ် စိတ်ချမ်းသာတယ်လို့ ပြောတဲ့အထိဖြစ်လာတော့တာပါပဲ ။ အဲဒါကြောင့် အမြဲအဲဒီလိုလေး ပြုံးနေပါလားလို့ ပြောလာကြတော့ ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ် ။

ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်မိတယ် ။ သူတို့ပြောတာ မှန်နေတယ် ။ မျက်နှာက မသာမယာ စူပုတ်နေမှတော့ အောင်မြင်အောင်လုပ်ရမဲ့ ကိစ္စက တ၀က်ရှုံးသွားပြီလေ ။
နောက်ပိုင်း ကျွန်မပြောင်းလဲကြည့်လိုက်တယ် ။ လူတွေကို စိတ်ထဲကနေ နှစ်နှစ်ကာကာကို ပြုံးပြတော့ အောင်မြင်တယ် ။ ကိုယ့်ကိုပိုခင်လာကြ ၊ ပိုချစ်လာကြတယ်လို့ ခံစားရလာတယ် ။ ကျွန်မက Bus stop မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် သိသိမသိသိ ရယ်ပြပြုံးပြလိုက်တတ်တယ် ။ ( အဲ.. ..အဲ မိန်းကလေးတွေကို ပြောတာနော် ) ။ အဲဒီခါကျတော့ သူတို့က ကိုယ့်ကို နှုတ်ဆက်ပြီး ဘယ်နိုင်ငံကလဲ စသည်ဖြင့် မေးတတ်ကြ နောက်ပိုင်း ဘယ်နေရာတွေ့တွေ့ မှတ်မိပြီး နှုတ်ဆက်တတ်ကြတယ် ။ (ဆိုးတာက ကျွန်မအကျင့်ပေါ့ ။ တခါနှစ်ခါလောက် မြင်ဖူးတဲ့သူကို မမှတ်မိတတ်ဘူး ။ ဘယ်နားမှာများ သိခဲ့တာပါလိမ့်လို့ ပြန်ပြန်စဉ်းစားနေရတယ် ။ အားနာစရာကောင်းတယ် ။

ကျွန်မပြောချင်တာက ဒီလိုနှစ်နှစ်ကာကာပြုံးပြလိုက်တော့ မိတ်ဆွေအပေါင်းအသင်းတိုးလာသလို ရန်သူ မုန်းသူဆိုတာလဲ နည်းသွားတာပေါ့ ။ ကျေးဇူးတင်ပါတယ် လို့ပဲ ပြောတဲ့အခါမှာ ဖြစ်ဖြစ် ၊ တောင်းပန်စကားဆိုတဲ့ အခါမှာ ဖြစ်ဖြစ် စိတ်ထဲကနေ စိတ်ပါဝင်စားစွာ ပြောဆို ပြုံးလိုက်တော့ ပိုကောင်းသွားမလားလို့ပါ ။ကျွန်မလဲ ကြိုးစားနေဆဲပါ ။ တခုခု အလိုမကျတိုင်း သက်ဆိုင်သူကော မသက်ဆိုင်သူတွေကိုပါ ရောပြီး စိတ်ဆိုးတတ် ၊ မျက်နှာစူပုတ်ပြီးနေတတ်ဆဲပါ ။

အဲဒီFwd မေလ်းထဲမှာ ရေးသားထားတာက....
ကလေးတယောက်ဟာ တနေ့ကို အကြိမ်လေးရာပြုံးတယ်
လူကြီးတယောက်အနေနဲ့ကတော့ တနေ့မှ ဆယ့်ငါးကြိမ်လောက်ပြုံးတယ်တဲ့ ။

အင်းပေါ့နော် ။ လူကြီးတစ်ယောက်အနေနဲ့ဖြင့် ကျောင်း အလုပ် အိမ်မှု့ကိစ္စ တခြား အဆင်မပြေမှု့ မျိုးစုံကိုကြုံတွေ့ခံစားရတော့ ကြာလာ အရယ်အပြုံးနည်းကုန်တာပေါ့ ။ ဒါပေမဲ့ ပြုံးရယ်လိုက်ခြင်းဇြင့် စိတ်ဖိစီးမှု့ဒဏ်တွေကို အနည်းနဲ့အများတော့ လျော့ပါးစေပါလိမ့်မယ် ။

ဒါကြောင့် ပိုပြီးနှစ်နှစ်ကာကာ ပြုံးပြရယ်ပြရအောင်လားနော် ။။။။။

(ကျွန်မ ပိုစ့်အသစ်တင်မယ်လို့ စဉ်းစားပေမဲ့ ဘယ်လိုမှ ခေါင်းထဲမှာ ရေးစရာထွက်မလာဘူး ဖြစ်နေတယ်လေ။ ဒါကြောင့် ကျွန်မ အရင်ပိုစ့်အဟောင်းလေးတွေ ပြန်ဖတ်ရင်း ဒီပိုစ့်လေးကို အရောက်မှာတော့ ပြန်လည်မျှဝေချင်တဲ့ စိတ်ဖြစ်လာတယ်။ ဒါပေမဲ့ အသစ်မဟုတ်ပဲ အဟောင်းလေးကိုပဲ ပြန်မျှဝေလိုက်ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျေနပ်ပေးကြပါနော်။)

13 comments:

mysterysnow said...

ငုံရေ
နှစ်နှစ်ကာကာ လာပြုံးပြတယ်နော်...
တကယ်ပြုံးတာနော် သိလား...
ဒီနေ့အတွက် ပထမဆုံးနဲ့ နောက်ဆုံးအပြုံးပဲ။
တို့က ပြုံးပြရမှာ ကပ်စေးနဲတယ် မပြုံးတတ်ဘူး..
စိတ်ပါရင်တော့ သွားတွေအကုန်ပေါ်အောင်ပဲ ရီတတ်တား)

Anonymous said...

ပြုံးပြီးဖတ်လိုက်ရတယ်... ဘာလို့ဆိုတော့ မငုံက အိမ်ပေါက်ဝကနေပြီး ပါးနှစ်ဘက်ကို နားရွက်ချိတ်မတတ် ပြုံးပြီး နှုတ်ဆက်နေလို့...

စဖတ်ဖတ်ချင်းတော့ သြော် သူပုံမှန်ပြုံးတာပါလေလို့ထင်မိတယ်...

အလယ်လောက်ရောက်တော့လဲ သြော်.. ပြုံးတာ အရှိန်မသေသေးလို့နဲ့ တူတယ်လို့ ထင်နေတုန်း...

ပိုစ့်အဆုံးအထိ အဲဒီအတိုင်းပြုံးနေတော့ ကိုယ်လဲ လိုက်ပြုံးနေရတော့တာပေါ့...

အားးးးးးးးးး ပါးစောင်ကို ညောင်းရောပဲ


းဝ)

Anonymous said...

အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲ ဖြစ်ဖြစ် အကျိုးရှိတဲ့ ပို့စ်တစ်ခုကိုတော့ လက်ကမ်းကြိုရမှာပဲ ... တစ်ခုတော့ စိတ်ထဲမကောင်းဘူးပေါ့လေ ... Bus Stop မှာ ကောင်မလေးတွေကိုချည်းပဲ ချွင်းချက်ကြီးနဲ့ ပြုံးပြတယ် ဆိုတာကြီးတော့ .. အဟွင်းဟွင်း ... ဒီရင်ထဲ ခိုးလိုးခုလုကြီး ဖြစ်စေတယ်ကွယ် ... :D တစ်မျိုးမထင်ပါနဲ့ ... မပြုံးတတ်သူတစ်ယောက်ရဲ့ ပြုံးမျက်နှာထား တစ်ခုကို မြင်ဖူးခဲ့ချင်လို့ပါ ... အဟတ် :D ( မှတ်ချက် .. သူများရီသော ရီနည်းများနှင့်သာ ရီခဲ့ပါသည် ... ကိုယ်ပိုင်ရီနည်း မထွင်ရသေးပါ ) :D

မိုးစက်အိမ် said...

မဖူးပြောတာ မှန်တာပေါ. ... အြ့ပုံးလေးက
ပိုလူချစ်စေပါတယ်...နောက်တင်.မဲ.ကဗျာမှာ
တောင်ရေးထားပါတယ်...အမြီးပေါ.
အပြုံး တစ်ချက်က မုန်းရက်စရာမရှိဘူးတဲ. ...
ပျော်ရွှင်ပါစေ မအရေ

Sein Lyan Tun said...

မပြုံးဖြစ်တာကြာပြီး အပျိုကြီးရေးးး
အခုတော့ ပြုံးဖြစ်အောင်ပြုံးသွားသေးတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Anonymous said...

ever smile never die ဆိုလားဘဲ ကြားဖူးတာ
ဟဟ :P
လာဖတ်သွားတယ်ပါတယ် အမရေ အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

မငုံလေးရေ ဝေးကွာနေတဲ့ အပြုံးကို ပြန်ကောက်ပြီး ကြည်ကြည့်နူးနူးလေး ပြုံးသွားပါတယ်နော်။

တောင်ပေါ်သား said...

ဟား ဟား ဟား နှစ်နှစ်ကာကာ ပြုံးယုံမကဘူး အမရေ ရီပါ ရီသွားတယ် အဟားဟား ဘ၀မှာ လိုအပ်တဲ့ အပြုံးလေးတွေပါ ပျော်ရွှင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

kiki said...

ပြုံးမယ် .. ပြုံးမယ် ..ရယ်မယ်
ဟီးဟီး ဟားဟား ဟိုးဟိုး ။
အကြာကြီး ပြုံးနေရရင်လဲ ပါးညောင်းတယ်ကွယ်
ပါးမညောင်းအောင် ပြုံးတဲ့ နည်းလေးလဲ ပြောအုံး လေ....

သုဒြေ္န said...

ညီမလေးရေးတဲ့ ပိုစ်ကိုဖတ်ကြည့် ရင်း အကိုကိုယ်တိုင်လဲပြုံးဖြစ်တယ်ကျေးဇူးပါညီမလေး အကိုမှာအလုပ်များစိတ်ဖိစီးမှုတွေနဲ့ တခါတလေများ ပြုံးဖို့ တောင်မေ့ နေတဲ့ ကိုယ့် အဖြစ် ခုတော့  သိပြီ မေ့ လျှော့ နေတဲ့ ကိစ္စတခုကိုသတိပေးလိုက်သလို နှိုးစွပေးလို့ ညီမလေးကိုကျေးဇူးတင်မိတယ် ထာဝစဉ်ပြုံးပျော်ကြည်နူးနိုင်ပါစေညီမရေ ခင်တတ်တဲ့  အကိုသုဒြေ္န

မိုးခါး said...

:)
ညီမလည်း ခုနောက်ပိုင်းမှာ နှစ်နှစ်ကာကာပြုံးဖို့ ကြိုးစားနေပါတယ် ..း)
သူများက ကိုယ့်လာပြုံးပြရင်လည်း ဒါဟာ စိတ်ထဲက ပါမပါဆိုတာ ခံစားလို့ရတယ်လေ .. နော်
ပျော်ရွှင်ပါစေ

မြစ်ကျိုးအင်း said...

ပြုံးတော့တယ် ..ဒါပေမဲ့ လူရွေးပြီး ပြုံးတယ်...။
မဖတ်ရသေးရင် အသစ်ပဲလေ...။

ကိုလူထွေး said...

ကိုလူထွေးရဲ့ အော်ရေဂျင်နယ် ပိုစ့်တပုဒ်မှာ တွေ့ဖူးတယ်မဟုတ်လား...

မပြုံရတာကြာလို့ ဟန်ဆောင်ပြီးတောင် မပြုံးတတ်တော့ရှာဘူး...

ကိုလူထွေး