ကြယ်တွေဆီ မော့ကြည့်ရင်း တောင်းဆုတစ်ခု တိုးတိုးလေး ရွတ်ဆိုမိတယ်။ ကြယ်တစ်ပွင့်တိုင်းအတွက် တောင်းဆုတစ်ခု မဟုတ်ခဲ့ပါ။ တောင်းဆုတစ်ခုအတွက် ကြယ်ပွင့်တိုင်းစီမှာပါ။ အဲဒီအချိန်မှာ ကြယ်လေးတွေ တစ်ပွင့်စီ တစ်ပွင့်စီ ကြွေကျသွားတာများ ကြယ်မိုးတွေ ရွာချလိုက်သလိုပဲ။ ပြီးတော့ မကြွေခင် အချင်းချင်း ပြောကြသေးတယ်။ ငါ့တောင်းဆုကို ပြည့်စေချင်လို့တဲ့။။။

16 comments:

Sein Lyan Tun said...

တောင်းဆုများ ပြည့်မယ်ဆိုရင်

ကြယ်ကြွေတာကိုပဲ တစ်ညလုံးထိုင်ကြည့်ပြီး ဆုတောင်းမိမယ်ထင်တယ် မငုံ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ပိုစ့်ကအရှည်ကြီးပဲ နားပြီးဖတ်ရတယ်း)

ကိုလူထွေး said...

ကြယ်စင်တွေလင်းလက်နေတာပဲ မြင်ချင်တာပါ မငုံ...

(ကန္တာရမိုးစက်များးဝ))

လင်းကြယ်ဖြူ said...

အင်း...ကြယ် တ္ဂေတဖြုတ်ဖြုတ်ကြေ္ဂတဲ့ အထဲမှာ လင်းကြယ်ဖြူ မပါပါရစေနဲ့ဦးနော်..
ခံစားချက်တ္ဂေကတော့ အတိုင်းသားမြင်နေရတယ်နော်..
ကောင်းတယ်ဗျိုးးးးး....

Anonymous said...

တောင်းဆုပြည့်ဖို့ ကြယ်ကြွေရတာ တဲ့လား ....
အတွေးနဲ့တင် ကြယ်တွေ အဆုပ်လိုက် အပွင့်လိုက် ....
ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့် ....
ခပ်ပြင်းပြင်းပြေးဆင်းလာလိုက်ကြတာ ....
ဒီအတိုင်းဆို ငါ့ကောင်းကင်မှာ ကြယ်တွေတောင် ကျန်ခဲ့ပါတော့မလား မသိ ....
နေဒေးသစ်။

မြူးလေး said...

မရေးးးးးးးးးးးးးးး
ကြယ်ကြွေ ရင်တောင်းဆုပြည့်တယ်လား
ဒါဆိုတောင်းတဲ့ဆုတိုင်းပြည့်စေသတည်းးးး
ဟီးးးဟီးဟီးးး

kiki said...

ကြယ်ကြွေချိန်မှာ လူတွေဆုတောင်းကြတယ် ..
ဘာညာ ဘာညာ ပြည့်ဝပါရစေဆိုတာ...
ဒီလိုဆုတွေပြည့်ရအောင်လို့ တော့
ကြယ်လေးတွေ မကြွေစေချင်ပါ..
နေပါစေတော့ လေ ကောင်းကင်ပေါ်မှာဘဲ.

ဗြဲ ဗြဲ ဗြဲ..

Unknown said...

ကြယ်လေးတွေက အတော်အလိုက်သိတာပဲနော်.....။

မေလေး said...

ကြယ်ကြွေမှ ဆုတောင်းပြည့်မယ်ဆို မမအတွက်ကြွေစေ...

တလနွန် said...

ကြယ်ကြွေညတိုင်း ဆုတောင်းမယ် ဆိုတဲ့ သီချင်းလေး ညည်းမိပြီး။။ မငုံ ရေ ဆုတောင်းတစ်ခုထဲနှင့် ကြယ်တွေ
အများကြီး ကြွေပါစေ။။

ခင်မင်ခြင်းနှင့်
တလနွန်

မငုံ said...

မငုံရဲ့ တောင်းဆုလေးအတွက် လာရောက်ပြီး ပြည့်စေဖို့ လာဆုတောင်းပေးတာ ကျေးဇူးနော့။

Anonymous said...

မိုးပေါ်မှာ ကြယ်တွေလဲ ကုန်သွားပါ့ဦးမယ်ဗျာ။
ဆုတောင်းမပြည့်တိုင်း ကြွေပေးရတာနဲ့ ဘာမှကျန်မှာ မဟုတ်ဘူး။ တကယ်ဆုတောင်း ပြည့်ချင်လား အဲဒါဆို ကိုယ်တိုင်လုပ်ယူ ..အဲဒါဆိုသေချာပြီ တောင်းသမျှဆုတွေ အကုန်ပြည့်မှာပါ။

မိုးခါး said...

တောင်းဆုတွေ ပြည့်ပါစေး)

kyalkalay said...

ကြယ်လေးက နောက်ဆုံးထွက်သက်ထိတောင် ပေးဆပ်တာလေ။ ဒါပေမဲ့ မငိုနဲ့။ သူကြွေရင် Angel ဖြစ်တတ်တယ်။

kyalkalay said...

A shooting Star across a brillant clear Night
But the onlysound i'll remeber Tonight
One star ever so Clear
Was only someone so sincere
It was you the name i shouted my dear
The one that was filled with such Fear
My shooting Star
Seemed so Far
As you started to Fade
I fell to my knee's and Prayed
Forever in my heart you'll forever stay
Bullet's or Star's they always shoot
Always in pursuit
Of breaking a heart either way
In my heart you'll always stay

မငုံ said...

ကြယ်ကလေးရေ. ကျေးဇူးတင်ပါတယ်ရှင့်။

Dream said...

အယ်....မိုက်တယ်..ကြွယ်ကြွေသောည ဖြစ်ကုန်ပြီ..... ဟိဟိ....

အာဝါးးးးးးးးးးးးးး

မအားတာနဲ့ မရောက်ဖြစ်ဘူး တီတီရေ...
အခု ရုံးကနေ လစ်လာခဲ့တယ်..ပြန်တော့မယ်..
တာ့တာ...

:)